/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေအတွက်-lysine-လိုအပ်သလား

ကလေးတွေအတွက် Lysine လိုအပ်သလား?

Category
ကလေးများနှင့်ကျန်းမာရေး

Lysine ဆိုတာဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အမိုင်နိုအက်စစ်ဖြစ်လို့ ကလေးတိုင်းအတွက် လိုအပ်ပါတယ်။

>>  သားသားမီးမီးတို့အတွက် Lysine ရဲ့ အကျိုးကျေးဇူးတွေကတော့ -
●  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ကူညီပေးတယ်။
●  စွမ်းအင်ရရှိစေတယ်။
●  ကိုလက်စထရောပမာဏကို လျော့နည်းစေတယ်။
●  ကော်လဂျင်ထုတ်လုပ်မှုကို ကူညီပေးတယ်။
●  ကယ်လ်ဆီယမ်စုပ်ယူမှုကို ကူညီပေးခြင်းဖြင့် အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။

Nutroplex 1

>>  ဒီလိုအကျိုးကျေးဇူးတွေရှိတဲ့ Lysine ကိုသာ ခန္ဓာကိုယ်အတွက် လုံလုံလောက်လောက် မရရှိဘူးဆိုရင် -
●  နုံးခြင်း
●  မူးဝေခြင်း
●  ပျို့ခြင်း
●  အစားအသောက်ပျက်ခြင်း
●  ကြီးထွားမှုနှောင့်နှေးခြင်း
●  သွေးအားနည်းခြင်း
အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

Nutroplex 2

ဒါကြောင့် သားသားမီးမီးတို့ကို Lysine ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ များများကျွေးပေးသင့်ပါတယ်။ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး အစရှိတဲ့ အသားဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ကျွေးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Lysine ပမာဏကို ရရှိနိုင်ပါတယ်။ အကယ်၍ ကလေးဟာ သက်သတ်လွတ်စားတယ်ဆိုရင်၊ ပဲစားရတာကို မကြိုက်ဘူးဆိုရင်တော့ Lysine ဓာတ် လို၊ မလိုကို ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်ခဲ့ရင် ဖြည့်စွက်အားဆေးတွေကို တိုက်ကျွေးပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)