/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသွေးချိုကြောင့်-ထုံကျဉ်ကိုက်ခဲခြင်းတွေအတွက်-အရေးပါတဲ့

ဆီးချိုသွေးချိုကြောင့် ထုံကျဉ်ကိုက်ခဲခြင်းတွေအတွက် အရေးပါတဲ့ ဗီတာမင် B12

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ဆီးချိုကြောင့် အာရုံကြောထိခိုက်တဲ့အခါ ခြေတွေ၊ လက်တွေမှာ ထုံကျဉ်နာကျင်တာမျိုး ဖြစ်လာတတ်ပါတယ်။ အရမ်းဆိုးလာတဲ့အခါ -

      ●   အာရုံခံစားမှုမရှိတော့ခြင်း

      ●    အနာမကျက်ခြင်း

      ●    ခြေချောင်းတွေ၊ ခြေထောက်တွေ ဖြတ်တောက်ရခြင်းတွေအထိ ဖြစ်တတ်ပါတယ်။

 

      ဆီးချိုကို ထိန်းညှိတဲ့အခါ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားသောက်ဖို့က အရေးပါပါတယ်။

      ဗီတာမင် B12 ကို အစားအသောက်အချို့ကနေလည်း ရရှိနိုင်ပြီး အာရုံကြောကိုကောင်းစေခြင်း၊ သွေးနီဥထုတ်လုပ်ပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင် B12 မလုံလောက်သူတွေမှာ အာရုံကြောပြဿနာတွေ ပိုကြုံတွေ့ရနိုင်ပါတယ်။

2023 Enervon-C IA 1

ဗီတာမင် B12 ကို လျော့နည်းစေနိုင်တဲ့ ဆေးတချို့ကတော့ -

      ●    ဆီးချိုထိန်းဆေးတစ်မျိုးဖြစ်တဲ့ Metformin

      ●    အစာအိမ်ဆေးတစ်မျိုးဖြစ်တဲ့ Proton pump inhibitors

      ●    အစာအိမ်ဆေးတစ်မျိုးဖြစ်တဲ့ histamine (H2) blockers စတာတွေပါပဲ။

 

      တချို့လေ့လာမှုတွေအရ ဗီတာမင် B12 က နာကျင်မှုနဲ့ ပုံမမှန်ခံစားမှုတွေကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။

2023 Enervon-C IA 2

      ဒါ့ကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဗီတာမင် B12 ပါဝင်တဲ့ အားဆေးတွေကို မှီဝဲပေးတာမျိုး၊ အစားအသောက်အနေနဲ့ဆိုရင်လည်း ဗီတာမင် B12 ကြွယ်ဝတဲ့ ငါး၊ အဆီမပါအသား စတာတွေကို စားသုံးပေးတာမျိုး လုပ်ပေးသင့်ပါတယ်နော်။

www.drmyanmar.com