/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆောင်းရာသီတွင်-ကျန်းမာရေးအတွက်-အသင့်တော်ဆုံး-အစားအစာများ-0

ဆောင်းရာသီတွင် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. သလဲသီး

          အန်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများတွင် နှလုံးဆီ ကို သွေးစီးဆင်းမှုကောင်းစေပါတယ်။

 

2. အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ

         ကိုက်လန်၊ ဂေါ်ဖီထုတ်၊ ဟင်းနုနွယ်ကဲ့သို့သော အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A, C, K တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် folate အရင်းအမြစ်ဖြစ်တဲ့အတွက် မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။

 

3. Citrus ပါဝင်သောသစ်သီးများ

         သံပရာသီး၊ လိမ္မောသီး၊ စပျစ်သီး စတဲ့ citrus ကြွယ်ဝတဲ့အသီးတွေက ဆောင်းရာသီမှာ အရည်အရွှမ်းဆုံးပါပဲ။ ဒီသစ်သီးတွေမှာ ဗီတာမင် C အပြည့်ပါဝင်ပြီး flavonoids လည်းကြွယ်ဝပါတယ်။ flavonoid က ကောင်းတဲ့ကိုလက်စရောတွေကိုအားပေးပြီး မကောင်းတဲ့ ကိုလက်စရောဓာတ် (LDL) နဲ့ အဆီတွေကို လျော့ကျစေပါတယ်။

 

3. အာလူး

         အာလူးက လူတွေကိုအကျိုးပြုတဲ့အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ ခုခံအားကောင်းစေတဲ့ အကောင်းဆုံးအာဟာရဓာတ် 2 မျိုးဖြစ်တဲ့ ဗီတာမင် C နဲ့ B6 ကြွယ်ဝတဲ့အပြင် မျိုးဆက်ပွားနိုင်တဲ့ အရွယ်အမျိုးသမီးများအတွက် အရေးကြီးတဲ့ folate လည်းကြွယ်ဝပါတယ်။ အမျှင်ဓာတ်လည်းပါဝင်ပါတယ်။

 

4. ဆောင်းရာသီထွက် သီးနှံများ

         ဖရုံသီး၊ သခွားမွှေးသီး၊ ဝက်သစ်ချသီး စတဲ့ရာသီထွက်အစားအစာတွေက ဆောင်းရာသီရဲ့အကောင်းဆုံး အစားအစာတွေဖြစ်ပါတယ်။ ဒီသီးနှံတွေမှာ ဗီတာမင် A, C, B6, K, ပိုတက်ဆီယမ် နဲ့ folate ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

Dr. Mya Myo Myo Swe  (www.drmyanmar.com)