/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမြဲလိုလို-ပင်ပန်းနွမ်းနယ်နေတာ-ဆီးချိုသွေးချိုရောဂါကြောင့်လား

အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတာ ဆီးချိုသွေးချိုရောဂါကြောင့်လား ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါမှာဆိုရင် မကြာခဏဆိုသလို ပင်ပန်းနွယ်နယ်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမြဲလိုလို ပင်ပန်းနွမ်းနယ်တာနဲ့ပဲ ဆီးချိုသွေးချိုရောဂါရှိတယ်လို့ မပြောနိုင်ပါဘူးနော်။ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ သွေးပေါင်ကျဆေးတစ်ချို့ မှီဝဲနေရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Diabetone 1

ဆီးချိုသွေးချိုရောဂါမှာတော့ ပင်ပန်းနွမ်းနယ်ခြင်းအပြင်ကို ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ခဏခဏ ဗိုက်ဆာခြင်း၊ ကိုယ်အလေးချိန်ကျ​ခြင်း အစရှိတဲ့ လက္ခဏာတွေပါ တွဲဖြစ်တတ်ပါတယ်။ အသက်ကလည်း (၄၅) နှစ်နဲ့အထက်၊ ကိုယ်အလေးချိန်ကလည်းများ၊ ကိုယ်လက်လှုပ်ရှားမှုလည်းမရှိ၊ မျိုးရိုးထဲမှာလည်း ဆီးချိုရောဂါရာဇဝင်ရှိရင် ဖြစ်နိုင်ခြေ ပိုပြီးများပါတယ်။

Diabetone 2

ဒါကြောင့် မိမိတို့အနေနဲ့ အမြဲလိုလို ပင်ပန်းနွမ်းနယ်လေ့ရှိတယ်ဆိုရင် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို တစ်ချက်ပြန်စစ်ကြည့်ပါ။ ဖြစ်နိုင်ခြေလည်းများတယ်၊ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေလည်း တွဲရှိနေတယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါရှိတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကို ခံယူပေးသင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းနေ့တိုင်းလုပ်၊ ကျန်းမာရေးနဲ့အညီ စားသောက်ပြီးတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို ပုံမှန်မှီဝဲပေးသင့်ပါတယ်နော်။

(www.drmyanmar.com)