/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ငယ်ရွယ်နုပျိုစေမယ့်-အစားအစာများ

ငယ်ရွယ်နုပျိုစေမယ့် အစားအစာများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

       အသက်အရွယ်ရလာတာနဲ့အမျှ လူသားတွေအားလုံးဟာ စိတ်ဓာတ်တွေရင့်ကျက်လာမယ် တဖြည်းဖြည်းနဲ့ မသိမသာအိုဇာလာကြမှာအမှန်ပါပဲ။ ဒါပေမယ့် မိမိစားသောက်တဲ့အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်တတ်မယ်ဆိုရင်တော့ ဇရာကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်နိုင်မှာဖြစ်ပြီး ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်သွင်ပြင်နဲ့သွက်လက်တက်ကြွနေတဲ့ ကိုယ်ဟန်ကို ပိုင်ဆိုင်နိုင်မှာပါ။

1.  ငါး

          ငါးမှာပါတဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်တဲ့ အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးအတွက်ကောင်းစေတဲ့အပြင် ရင်သားကင်ဆာဖြစ်နိုင်ချေမှ လျော့ချပေးပါတယ်။ ငါးစားခြင်းကြောင့် လူကိုနုပျိုစေပါတယ်။

2. သံလွင်ဆီ

          အစားအစာတွေကို သံလွင်ဆီသုံးပြီးချက်ပြုတ်စားရုံနဲ့ ဆဲလ်တွေကိုပျက်စီးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ဟန့်တားပေးနိုင်တဲ့ အင့်တီအောက်ဆီးဒင့်ကို အပြည့်အ၀ရရှိစေနိုင်ပြီး ဇရာအိုရောဂါတွေဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အသားအရေကိုကြည်လင်စေတာကြောင့် မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

3.  ချောကလက်

          ချောကလက်ဟာ အိုမင်းခြင်းကိုဟန့်တားပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။ သွေးကြောဆိုင်ရာလုပ်ဆောင်ချက်တွေကောင်းမွန်စေတာကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါနဲ့ ကျောက်ကပ်ရောဂါဖြစ်ခြင်းမှ ကင်းေ၀းစေပါတယ်။ လိုအပ်တာထက်ပိုပြီးစားသုံးမိပါက နှလုံးထိခိုက်စေနိုင်တာကြောင့် အတိုင်းအဆနဲ့စားပေးသင့်ပါတယ်။

4.  ဒိန်ချဉ်

          ဒိန်ချဉ်မှာပါ၀င်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကြောင့် အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ဒိန်ချဉ်နဲ့ပေါင်းတင်ပါက မျက်နှာပြင်ပေါ်ကအရေးအကြောင်းတွေလျော့နည်းစေပါတယ်။

5.  ဘလူးဘယ်ရီသီး

          အရသာလည်းရှိ အာဟာရလည်းပြည့်၀တဲ့ ဘလူးဘယ်ရီသီးနေ့စဉ်စားပေးခြင်းကြောင့် အသက်ကြီးသူတွေအနေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ဟန်ချက်ညီအောင်ကောင်းစွာထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ အရွယ်တင်နုပျိုဖို့အတွက် မဖြစ်မနေစားပေးဖို့လိုအပ်ပါတယ်။

6.  အခွံမာသီး

          အခွံမာသီးမှာပါ၀င်တဲ့အဆီဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗီတာမင်၊ မင်နရယ်လ်နဲ့ အင်တီအောက်ဆီးဒင့် ပါ၀င်တာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောလ်တွေလျော့ကျစေပါတယ်။ အမြင်အာရုံကိုလည်းတိုးတက်ကောင်းမွန်စေတဲ့အပြင် အိုမင်းမှုလက္ခဏာတွေကို လျော့ချပေးပါတယ်။

7.  ၀ိုင်အနီ

          ၀ိုင်ဟာ alcohol မျိုးနွယ်စုထဲမှာ အပါအ၀င်ဖြစ်ပေမယ့် ကျန်းမာရေးအတွက်မဖြစ်မနေသောက်ပေးသင့်ပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အရွယ်မတိုင်ခင်အိုမင်ခြင်းမှကင်းေ၀းစေပါတယ်။ ဆေးအဖြစ်သာသောက်သင့်ပြီး အလွန်အကျွံသောက်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

8.  မုန်လာဥဝါ

          မုန်လာဥဝါမှာပါ၀င်တဲ့ အယ်လ်ဖာ၊ ဘီတာကယ်ရိုတင်းဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်နိုင်ချေမှလျော့ချပေးပါတယ်။ ကယ်ရိုတင်းဓာတ်ပြည့်နှက်နေတာကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဝါကို နေ့စဉ်အစားအစာထဲမှာ ဖြည့်စွက်စားသုံးဖို့ မမေ့သင့်ပါဘူး။

9.  နေကြာစေ့

          နေကြာစေ့ဟာ ဗီတာမင် E ရနိုင်တဲ့ အကောင်းဆုံးရင်းမြစ်ဖြစ်ပါတယ်။ ဗီတာမင် E ဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုဓာတ်ပြယ်စေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေမှ လျော့ချပေးနိုင်တဲ့အပြင် သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ချေွးထွက် လွန်ပြီး ပူနွေးခြင်းမှသက်သာပျောက်ကင်းစေပါတယ်။ အရေပြားကိုတင်းရင်းစေပြီး နူးညံ့စေတာကြောင့် အိုမင်းခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

10.               ဆီးသီးခြောက်

          တချို့အသီးခြောက်တွေဟာ အသီးစိုတွေထက် ကျန်းမာရေးပိုကောင်းစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဆီးသီးခြောက်ကိုစားပေးခြင်းဖြင့် ၀မ်းချုပ်ခြင်းမှသက်သာစေတဲ့အပြင် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပြီး အရွယ်မတိုင်အိုမင်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

CMS (www.drmyanmar.com)