/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သက်ကြီးရွယ်အိုများတွင်-သွေးအားနည်းရောဂါဖြစ်ပွားပါက

သက်ကြီးရွယ်အိုများတွင် သွေးအားနည်းရောဂါဖြစ်ပွားပါက ဆေးရုံတက်ရောက်နှုန်း၊ ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးမှုနှုန်းတို့မြင့်မားလေ့ရှိ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          သွေးအားနည်းခြင်းဆိုတာ ပြင်းထန်သော်လည်း ကုသ၍ရနိုင်တဲ့ကျန်းမာရေး အခြေအနေတွေကို ဖော်ပြနိုင်တဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့် သွေးအားနည်းခြင်း ဆိုတာ သွေးနီဥပမာဏကျဆင်းခြင်းလို့ သတ်မှတ်ကြပေမယ့်လည်း အခြားတိုင်းတာမှုတွေဖြစ်တဲ့ သံဓာတ်ပါဝင်တဲ့ထူးခြားပစ္စည်းတစ်ခု (haemoglobin) နဲ့ သွေးနီဥ (Haemocrit) အချို့တို့ကို အသုံးပြုပြီးတော့လည်း သွေးနီဥပမာဏကိုခန့်မှန်းလေ့ရှိကြပါတယ်။

          အသက် 65 နှစ်အထက် သက်ကြီးရွယ်အိုများတွင် သွေးအားနည်းရခြင်းအကြောင်းအရင်းမှာ ငယ်ရွယ်သူများတွင်ဖြစ်လေ့ရှိသော ဖြစ်စဉ်များနှင့်မတူညီကြပေ။ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနဲ့ ဓာတ်ခွဲခန်းတွင် အဖြေရှာခြင်းတို့ကို သေချာစွာပြုလုပ်၍ ရောဂါ ရှာဖွေသင့်ပါတယ်။ သက်ကြီးသူများတွင် သွေးအားနည်းရသော အကြောင်းအရင်းအမျိုးမျိုးရှိပြီး ကုသနည်းမှာလည်းရောဂါပေါ်မူတည်၍ ကွဲပြားပါတယ်။

          သွေးရောဂါအထူးကုဆရာဝန်နှင့်တိုင်ပင်ကာ သွေးတွင်းချဉ်ဆီဖောက်၍ အသားစယူခြင်းကိုပြုလုပ်ပြီး အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်၏အကူအညီကိုရယူ၍ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အူမကြီးမှန်ပြောင်းကြည့်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

          သက်ကြီးရွယ်အိုများတွင် သွေးအားနည်းရောဂါဖြစ်ပွားပါက ဆေးရုံတက်ရောက်နှုန်း၊ ရောဂါဖြစ်ပွားနှုန်းနဲ့   သေဆုံးမှုနှုန်းတို့မြင့်မားလေ့ရှိကြောင်းကို သမားတော်များကပြောကြားထားပါတယ်။

          သွေးအားနည်းရောဂါကုသရာမှာ အရေးကြီးဆုံးကတော့ အလွယ်တကူကုသလို့ရနိုင်တဲ့အခြေအနေ (ဥပမာ - သံဓာတ်နည်းခြင်း၊ ဗီတာမင် B ဓာတ်ချို့တဲ့ခြင်း၊ ဖောလစ်ချို့တဲ့ခြင်း) တွေကို တတ်နိုင်သမျှ အမြန်ဆုံးသိရှိနိုင်ဖို့ပါပဲ။ သွေးအားနည်းရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေနဲ့ ရောဂါဇစ်မြစ်ကိုရှာဖွေ တာတွေအပြင် သွေးအားပြန်လည်ဖြည့်တင်းဖို့ လိုတယ်ဆိုတာလည်းမမေ့ထားသင့်ပါဘူး။

          သက်ကြီးရွယ်အိုတွေမှာ သွေးအားနည်းခြင်းကိုကုသတဲ့ဆေးတွေဟာလည်း ဖြစ်စေတဲ့အကြောင်း အရင်းပေါ်မူတည်ပြီး မတူညီပါဘူး။ ဘာကြောင့်မှန်းမသိဘဲဖြစ်တဲ့ သွေးအားနည်းခြင်းအတွက်ကတော့ ဘာကုသမှုပေးရမယ်ဆိုတာ တိတိကျကျမရှိပါဘူး။ သွေးနီဥထုတ်လုပ်မှုအားကောင်းစေတဲ့ ဆေးတွေနဲ့ အာဟာရဖြည့်စွက်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

          အာဟာရချို့တဲ့တာကြောင့် သွေးအားနည်းတာမဟုတ်ရင်တော့ အစားအသောက်နဲ့ပတ်သက်ပြီး ဘာမျှညွှန်ကြားချက် မပေးထားပါဘူး။

                   သက်ကြီးရွယ်အိုတွေမှာ သွေးအားနည်းခြင်းကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာတွေပေါ်ပေါက် လာမှသာ လှုပ်ရှားမှုကန့်သတ်ခြင်းကို အကြံပေးသင့်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)