/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သွေးပျစ်ခဲခြင်းအတွက်-အကောင်းဆုံး-သဘာ၀သွေးကျဲဆေးများ

သွေးပျစ်ခဲခြင်းအတွက် အကောင်းဆုံး သဘာ၀သွေးကျဲဆေးများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

            သွေးပျစ်ခဲခြင်းကြောင့် နှလုံးရောဂါ အဖြစ်များနိုင်ပြီး ခန္ဓာကိုယ်တွင်းကလီစာတွေနဲ့ တစ်သျှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး သဘာ၀သွေးကျဲဆေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)        တိရစာၦန်မှရတဲ့ အိုမီဂါ 3 အက်ဆစ်အဆီ (ဥပမာ - ငါး၊ အသည်း) တွေဟာ အကောင်းဆုံး သဘာ၀သွေးကျဲဆေး ဖြစ်ပါတယ်။

(၂)        အပင်မှရတဲ့ အိုမီဂါ 3 တွေကိုတော့ ခန္ဓာကိုယ်မှ အလွယ်တကူ မစုပ်ယူနိုင်ပေမယ့်လည်း သွေးပျစ်ခဲခြင်းအတွက်တော့ အလွန်ကောင်းမွန်တဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ နှမ်းဆီ၊ ထောပတ်သီး၊ မြေပဲ စတာတွေဟာ အိုမီဂါ ၃ ကြွယ်၀တဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။

(၃)        နောက်တစ်မျိုးကတော့ ဂျင်းပဲ ဖြစ်ပါတယ်။ ဂျင်းကို အကြော်၊ အသုတ်တွေထဲမှာ ထည့်စားလို့ရတဲ့အပြင် ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ ရပါသေးတယ်။

(၄)        သွေးခဲတဲ့သူတွေဟာ ပုံမှန်သူတွေထက် ရေကို သတိထားပြီး သေချာသောက်ပေးသင့်ပါတယ်။ ရေ လုံလုံလောက်လောက် မသောက်ပါက အဆမတန် သွေးပျစ်ခဲလာနိုင်ပါတယ်။

(၅)        ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ သစ်ကြမ်းပိုးခေါက်၊ ဇီယာစေ့၊ နနွင်းမှုန့် စတာတွေဟာလည်း သွေးကျဲစေနိုင်ပါတယ်။

(၆)        ဘယ်ရီသီးအပါအ၀င် အခြားသစ်သီးခြောက်တွေဖြစ်တဲ့ စပျစ်သီး၊ ဆီးသီး၊ ချယ်ရီသီးတွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ၀င်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက် အလွန်ပင် သင့်တော်ပါတယ်။

(၇)        လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလည်း သွေးလည်ပတ်မှု ကောင်းမွန်စေ၍ သွေးခဲခြင်းကို လျော့ကျစေနိုင် ပါ တယ်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးကို ပုံမှန်ပြုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။

(၈)        ဗီတာမင်ဘီ 6 က သွေးလွှတ်ကြောနံရံတွေကိုမာစေ၍ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အလွန်အကျွံသွေးခဲခြင်းကို သက်သာစေနိုင်ပါတယ်။ အစေ့အနှံတွေ၊ ကန်စွန်းဥနဲ့ ပဲပင်ပေါက်တွေဟာ ဗီတာမင်ဘီ 6 ကြွယ်၀စွာပါ၀င်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

            သဘာ၀သွေးကျဲစေတာတွေ ရှိသကဲ့သို့ပင် ဆန့်ကျင်ဘက်အနေနဲ့ သွေးခဲစေနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဗီတာမင် K ပါ၀င်တဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်ရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေဟာ သွေးခဲခြင်းဖြစ်စဉ်မှာ ပါ၀င်တာကြောင့် အနာကျက်မြန်စေပါတယ်။ ဗီတာမင်တွေထဲမှာ အရေးကြီးတဲ့ ဗီတာမင် K ဟာ သွေးကျဲဆေးတွေရဲ့ အစွမ်းအာနိသင်ကို ပျက်ပြယ်စေနိုင်တာကြောင့် ပုံမှန်စားသုံးသင့်တဲ့ ဗီတာမင် K ပမာဏကို ဆရာ၀န်နှင့် တိုင်ပင်၍ အကြံဉာဏ် ရယူသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)