/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ဦးနှောက်အတွက်အကျိုးပြုသော-ဆေးဖက်ဝင်အပင်များနှင့်

ဦးနှောက်အတွက်အကျိုးပြုသော ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

1. နံနံပင်နှင့် စမုန်ဖြူ

         ဒီအပင်တွေမှာပါဝင်တဲ့ apigenin ဆိုတဲ့ဓာတ်တစ်မျိုးက အာရုံကြောဆဲလ်တွေအကြား ဆက်သွယ်မှုနဲ့ ဦးနှောက်ဆဲလ်ဖြစ်ပေါ်လာမှုတွေကို ကောင်းစေပါတယ်။

2. နနွင်း

        ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ macrophage လို့ခေါ်တဲ့ ခုခံအားဆဲလ်တွေက အပြင်ကဝင်လာတဲ့အရာတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာတော့ ဒီခုခံအားဆဲလ်တွေက သူတို့ရဲ့ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ နနွင်းထဲမှာပါဝင်တဲ့ ဓာတ်ပစ္စည်းအချို့က အယ်လ်ဇိုင်းမားဝေဒနာရှင်ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ အမှုန်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ထပ်ပြီးသေချာသိဖို့လိုအပ်တဲ့အချက်ကတော့ နနွင်းဘယ်လောက်ပုံမှန်စားပေးရင် ဒီလိုအကျိုးကျေးဇူးရရှိနိုင်မလဲဆိုတာပါ။

3. ကြက်သွန်ဖြူ

        ကြက်သွန်ဖြူက သွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်း၊ မှတ်ဉာဏ်ကို တိုးတက်စေခြင်း၊ Alzheimer’s ရောဂါကို ကာကွယ်ပေးခြင်း စတဲ့အစွမ်းသတ္တိတွေ ရှိပါတယ်။

4. ပူစီနံ (ပူဒီနာ)

        လက်ဖက်ရည်ကြမ်းထဲကို ပူစီနံ (ပူဒီနာ) ထည့်သောက်ပေးခြင်းဖြင့် အလုပ်လုပ်နိုင်စွမ်း၊ ကြာရှည်မှတ်ဉာဏ်နဲ့ လန်းဆန်းတက်ကြွခြင်း စတာတွေကို တိုးတက်လာစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)