သုက်ရည်ထဲမှာ သွေးပါနေတာ ပုံမှန်ပဲလား ?
အမျိုးသားတွေ အတူနေပြီးလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေပြီးလို့ပဲဖြစ်ဖြစ် သုက်လွှတ်တဲ့အခါ သုက်ရည်ထဲမှာ သွေးပါနေတာတွေ့ရင် အနည်းနဲ့အများတော့ ထိတ်လန့်သွားကြမှာပါပဲ။ ဒါဟာ ပုံမှန်အခြေအနေ ဖြစ်နိုင်သလားဆိုတော့ သွေးပါပြီဆိုကတည်းက ပုံမှန်မဟုတ်လို့ပါပဲ။ သုက်ရည်ထဲမှာ သွေးပါရတဲ့ အကြောင်းရင်းတွေကတော့ -
Oligocare IA 1

● နှပ်ညှစ်တဲ့အခါ သွေးကြောလေးတွေပေါက်ပြီး နှာခေါင်းသွေးလျှံသလိုပဲ သုက်လွှတ်တဲ့အခါ သွေးကြောလေးတွေကို ထိခိုက်မိလို့ သွေးယိုစိမ့်ခြင်း
● ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါလမ်းကြောင်းအောက်ပိုင်းမှာ ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ရာမှတစ်ဆင့် ထိခိုက်ဒဏ်ရာရခြင်း (ဥပမာ-ဆီးကျိတ်အသားစယူခြင်း၊ သားကြောဖြတ်ခြင်း)
● မျိုးပွားအင်္ဂါအဖွဲ့အစည်းမှု ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုခုကို ထိခိုက်မိခြင်း (ဥပမာ-ဝှေးစေ့၊ သုက်ပို့ပြွန်)
● မျိုးပွားအင်္ဂါလမ်းကြောင်းထဲသို့ ရောဂါပိုးဝင်ရောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Oligocare IA 2

သုက်ရည်ထဲမှာ သွေးပါတာဟာ ထိတ်လန့်စရာဆိုပေမယ့် ရောဂါကြီးကြီးမားမားကြောင့် ဖြစ်တာရှားပါတယ်။ တစ်ကြိမ်တစ်ခါလောက်ပဲ သွေးပါရုံနဲ့ ကင်ဆာဖြစ်နေပြီလို့ ပြောလို့မရပါဘူး။ ဒါပေမယ့်လည်း ပြဿနာကြီးကြီးမားမား မဟုတ်ဘူးဆိုတိုင်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ သုက်ရည်ထဲ သွေးပါတာပဲဖြစ်ဖြစ်၊ ရောဂါလက္ခဏာအသစ်တစ်ခု ခံစားရတာပဲဖြစ်ဖြစ် စိတ်ချရအောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ လိုအပ်ပါတယ်။