အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်း (Testosterone) ကို မှီဝဲပေးသင့်သလား ?
အသက်ကြီးလာတဲ့အခါ တစ်ချို့အမျိုးသားတွေဟာ ပြန်လည်ငယ်ရွယ်ချင်ကြလို့၊ ငယ်ငယ်ကလို စွမ်းဆောင်ရည် ပြန်တက်ချင်လို့ဆိုပြီး ကျားဟော်မုန်း ထိုးဆေး၊ သောက်ဆေးတွေကို မှီဝဲတတ်ကြပါတယ်။ ဒီလိုမှီဝဲဖို့ တကယ်လိုအပ်ရဲ့လားဆိုတာ တစ်ချက်လောက် ကြည့်လိုက်ရအောင်နော်။
ကျားဟော်မုန်း (Testosterone) ဆိုတာ ဘာလဲ ?
ကျားဟော်မုန်း (Testosterone) ဆိုတာ အဓိကအားဖြင့် ဝှေးစေ့ကနေထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကတော့
♦ အရိုးသိပ်သည်းဆကို ကောင်းမွန်စေခြင်း
♦ ကြွက်သားထုထည်နဲ့ သန်မာမှုကို ကောင်းမွန်စေခြင်း
♦ မျက်နှာနဲ့ ခန္ဓာကိုယ်ရှိ အမွှေးအမျှင်တွေကို သန်စေခြင်း
♦ သွေးနီဥထုတ်လုပ်မှုကို အားပေးခြင်း
♦ လိင်စိတ်ဆန္ဒကို ကောင်းမွန်စေခြင်း
♦ သုက်ပိုးထုတ်လုပ်မှုကို အားပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Oligocare IA 1

အသက်အရွယ်ရလာတဲ့အခါ ကျားဟော်မုန်း လျော့နည်းနိုင်သလား ?
မြီးကောင်ပေါက်အရွယ်နဲ့ လူငယ်ဘဝအစောပိုင်းအရွယ်မှာ သွေးတွင်းကျားဟော်မုန်းပမာဏဟာ အမြင့်ဆုံးဖြစ်ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း လျော့နည်းလာပါတယ်။
ကျားဟော်မုန်းနည်းတဲ့အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်သလဲ ?
♦ လိင်ပိုင်းဆိုင်ရာပြောင်းလဲမှု - လိင်စိတ်အဆ္ဒလျော့နည်းခြင်း၊ လိင်တံထောင်မတ်ရန် ခက်ခဲခြင်း၊ ကလေးရနိုင်ခြေ နည်းပါးခြင်း
♦ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု - ကြွက်သားသိမ်ပြီး အဆီများလာခြင်း၊ အရိုးသိပ်သည်းဆနည်းခြင်း၊ ရင်သားစူလာခြင်း၊ အမွှေးအမျှင်များ နည်းပါးလာခြင်း
♦ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု - အာရုံမစိုက်နိုင်ခြင်း၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း
အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
Oligocare IA 2

ကျားဟော်မုန်းနည်းတဲ့လက္ခဏာတွေရှိရင် ကျားဟော်မုန်းမှီဝဲသင့်ပါသလား ?
ကျားဟော်မုန်းနည်းတာဟာ အသက်ကြီးလို့ ဖြစ်တာလား၊ ရောဂါကြောင့် ဖြစ်တာလားဆိုတာကို အရင်ခွဲခြားဖို့ လိုအပ်ပါတယ်။ ကျားဟော်မုန်းထုတ်ပေးတဲ့ ဝှေးစေ့ (သို့) ကျားဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ Pituitary gland မှာ ပြဿနာရှိတဲ့အခါ ပုံမှန်ပမာဏကို မထုတ်လုပ်နိုင်တာကြောင့် ဒီလိုပြဿနာတွေရှိမှသာ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကျားဟော်မုန်းကို မှီဝဲပေးသင့်ပါတယ်။ ဒီလိုပြဿနာတွေ မရှိခဲ့ရင်တော့ ကျားဟော်မုန်းနည်းတာဟာ အသက်ကြီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ သဘာဝဖြစ်စဥ်တစ်ခုဖြစ်လို့
♦ ကိုယ်အလေးချိန်လျှော့ချခြင်း
♦ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
♦ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းသီးသန့်၊ အစေ့အဆံတွေ များများစားခြင်း
♦ တာရှည်ခံအစားအသောက်တွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေကို ချင့်ချိန်စားသုံးခြင်း
♦ ဆေးလိပ်ဖြတ်ခြင်း
♦ အရက်ကို ချင့်ချိန်သောက်သုံးခြင်း
♦ အမျိုးသားကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ့် ဗီတာမင်နဲ့ သတ္တုဓာတ်များပါဝင်တဲ့ ဖြည့်စွက်ဆေးဝါးများ သောက်သုံးခြင်း
အစရှိတဲ့ နည်းလမ်းတွေနဲ့သာ ကိုယ့်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးသင့်ပါတယ်။