ကလေးကိုကြိုက်တာကျွေးသင့်သလား?
ကလေးကိုသူစားချင်တာသူရွေးစားမခိုင်းရင် ခေတ်မမီတဲ့ မေမေဖြစ်ပြီလား။
ရှင်းရှင်းဖြေရရင် ကလေးတွေကို စားချင်တာကိုယ်တိုင်ရွေးချယ်စားသောက်စေတာ မမှန်ပါဘူး။ ကလေးစားချင်တာကို သူ့ဟာသူပြောပိုင်ခွင့်တော့ရှိတာပေါ့။ ဒါပေမယ့် နောက်ဆုံးကျွေးသင့်မသင့်ဆိုတာကတော့ မေမေတို့ကပဲဆုံးဖြတ်ရမှာပါ။
ကလေးဘယ်လောက်စားတယ်၊ ဘာတွေရွေးစားတယ်ဆိုတာကတော့ မေမေတို့မတတ်နိုင်ပေမယ့် ကျွေးရမယ့်တာဝန်ကတော့ မေမေတို့တာဝန်ပါပဲ။
အတိုင်းအတာဘောင်တစ်ခုအတွင်းကရွေးချယ်ပါစေ။
ချေးများတတ်တဲ့ကလေးတစ်ယောက်ကို ထမင်းကျွေးရပြီဆိုရင် ဘောင်တစ်ခုအတွင်းကပဲ ကလေးကိုရွေးချယ်ပါစေ။ ကလေးကိုဘယ်ဟာတွေထဲက ဘာစားချင်တယ်ရွေး ဆိုတာမျိုးပဲဖြစ်သင့်တာပေါ့။ ကလေးက မေမေရေ၊ဖေဖေရေ ဒါချက်ပေးဆိုတာမျိုး မဖြစ်သင့်ပါဘူး။
Ceelin 1
ဥပမာအားဖြင့် မုန့်စားချိန်မှာဆိုရင် ဒိန်ချဉ်စားမလား၊ ချိစ်စားမလားရွေးစေတာမျိုးပေါ့။ ထမင်းစားချိန်မျိုးမှာလည်း ပုံမှန်မေမေတို့က ဟင်းနှစ်မျိုး၊ အသားတစ်မျိုးနဲ့စားလေ့ရှိတယ်ဆိုရင် အသားနဲ့ ဘယ်ဟင်းနဲ့စားမလဲ၊ ဟင်းနှစ်မျိုးလုံးနည်းနည်းစီစားမလား ရွေးစေတာမျိုးပေါ့။
အပြင်ထွက်စားရင်လည်း အတူတူပါပဲ။ ကလေးကိုရွေးချယ်ဖို့အမျိုးအစားတွေကို မေမေတို့ကပြောပြပါ။ ငါးသားလွှာစားမလား၊ ဆန်ပြုတ်စားမလား၊ တိုဖူးစားမလားစသဖြင့်ပေါ့။ ဈေးဝယ်ထွက်တဲ့အခါလည်း ကလေးကိုကိုယ်စားချင်တဲ့အသီးအရွက်မျိုးကို ရွေးစေလို့ရပါတယ်။
ကလေးကိုသာအားလုံးရွေးချယ်ခွင့်ပေးလိုက်ရင် ကလေးဆိုတာ သူကြိုက်တာတစ်မျိုးနှစ်မျိုးလောက်ကလွဲလို့ ကျန်တာစားတော့မှာမဟုတ်ပါဘူး။ ဒီလိုသာဆိုရင်တော့ ကလေးတွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေရတော့မှာမဟုတ်ပါဘူး။
ကလေးလေးကိုစားစေချင်ရင်….
မီးဖိုချောင်ထဲဝင်ကူပါစေ။
ကလေးကအရမ်းအစာချေးများနေရင် မီးဖိုချောင်မှာ ဟင်းချက်တာဝင်ကူပါစေ။ ထမင်းဟင်းချက်ရာမှာသူတို့ပါဝင်ပါရရင် စားဖို့ကိုလည်းပိုပြီးအားသန်လာပါတော့တယ်။ ကလေးတွေဆိုတာ အရင်ကမမြင်ဖူးတဲ့ အစားအသောက်အသစ်အဆန်းတွေကို စမ်းစားကြည့်ဖို့ရာ အင်မတန်ဝန်လေးကြတာပါ။ ဒီလိုမီးဖိုချောင်မှာဝင်ကူစေခြင်းဖြင့် ကလေးတွေကို မစားခင်ကတည်းကရင်းနှီးကျွမ်းဝင်သွားစေတာပေါ့။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်တွေ ဆေးကြောစေတာမျိုးပေါ့။
Ceelin 2
ထမင်းစားရတာပျော်စရာ။
အစားအသောက်ပြင်ဆင်တဲ့နေရာမှာလည်း အရောင်အစပ်ကလေးတွေ၊ ပုံသဏ္ဍာန်အမျိုးမျိုးတွေနဲ့ စိတ်ဝင်စားစရာ၊ စားချင်စရာဖြစ်အောင် လုပ်ပေးဖို့လိုပါတယ်။ ဟင်းခတ်အမွေအကြိုင်လေးတွေထည့်သွင်းချက်ပြုတ်ပေးတာကလည်း အရသာနဲ့ပြည့်စုံစေပါတယ်။
စားနေကျတစ်မျိုး၊ မစားနေကျတစ်မျိုး ပြင်ဆင်ပေးပါ။
ကလေးကိုထမင်းကျွေးတဲ့အခါ ကလေးစားနေကျအစားအသောက်အပြင် အသစ်အဆန်းတစ်မျိုးပါ ထည့်သွင်းပြင်ဆင်ပေးပါ။ အသစ်လေးလည်း နည်းနည်းမြည်းစမ်းပါစေ။
မိဘကိုယ်နှိုက်ကလည်းစံပြကောင်းဖြစ်ပါစေ။
ကလေးအသစ်အဆန်းလေးတွေစားဖို့ဆိုရင် မေမေတို့ကလည်းအတူစားပေးဖို့လိုတာပေါ့။ ကလေးအတွက်မေမေတို့ကအကောင်းဆုံးသော စံပြေတွပါပဲ။ မေမေတို့ပါလိုက်စားတာတွေ့ရင် ကလေးလည်းစားချင်လာမှာပါ။
နောက်ဆုံးပြောရမယ်ဆိုရင်တော့ ကလေးတွေကောင်းကောင်းကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအသောက်ကိုသေချာကျွေးဖို့လိုပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
ကေလးကိုႀကိဳက္တာေကြၽးသင့္သလား?
ကေလးကိုသူစားခ်င္တာသူေ႐ြးစားမခိုင္းရင္ ေခတ္မမီတဲ့ ေမေမျဖစ္ၿပီလား။
ရွင္းရွင္းေျဖရရင္ ကေလးေတြကို စားခ်င္တာကိုယ္တိုင္ေ႐ြးခ်ယ္စားေသာက္ေစတာ မမွန္ပါဘူး။ ကေလးစားခ်င္တာကို သူ႔ဟာသူေျပာပိုင္ခြင့္ေတာ့ရွိတာေပါ့။ ဒါေပမယ့္ ေနာက္ဆုံးေကြၽးသင့္မသင့္ဆိုတာကေတာ့ ေမေမတို႔ကပဲဆုံးျဖတ္ရမွာပါ။
ကေလးဘယ္ေလာက္စားတယ္၊ ဘာေတြေ႐ြးစားတယ္ဆိုတာကေတာ့ ေမေမတို႔မတတ္ႏိုင္ေပမယ့္ ေကြၽးရမယ့္တာဝန္ကေတာ့ ေမေမတို႔တာဝန္ပါပဲ။
အတိုင္းအတာေဘာင္တစ္ခုအတြင္းကေ႐ြးခ်ယ္ပါေစ။
ေခ်းမ်ားတတ္တဲ့ကေလးတစ္ေယာက္ကို ထမင္းေကြၽးရၿပီဆိုရင္ ေဘာင္တစ္ခုအတြင္းကပဲ ကေလးကိုေ႐ြးခ်ယ္ပါေစ။ ကေလးကိုဘယ္ဟာေတြထဲက ဘာစားခ်င္တယ္ေ႐ြး ဆိုတာမ်ိဳးပဲျဖစ္သင့္တာေပါ့။ ကေလးက ေမေမေရ၊ေဖေဖေရ ဒါခ်က္ေပးဆိုတာမ်ိဳး မျဖစ္သင့္ပါဘူး။
ဥပမာအားျဖင့္ မုန႔္စားခ်ိန္မွာဆိုရင္ ဒိန္ခ်ဥ္စားမလား၊ ခ်ိစ္စားမလားေ႐ြးေစတာမ်ိဳးေပါ့။ ထမင္းစားခ်ိန္မ်ိဳးမွာလည္း ပုံမွန္ေမေမတို႔က ဟင္းႏွစ္မ်ိဳး၊ အသားတစ္မ်ိဳးနဲ႔စားေလ့ရွိတယ္ဆိုရင္ အသားနဲ႔ ဘယ္ဟင္းနဲ႔စားမလဲ၊ ဟင္းႏွစ္မ်ိဳးလုံးနည္းနည္းစီစားမလား ေ႐ြးေစတာမ်ိဳးေပါ့။
အျပင္ထြက္စားရင္လည္း အတူတူပါပဲ။ ကေလးကိုေ႐ြးခ်ယ္ဖို႔အမ်ိဳးအစားေတြကို ေမေမတို႔ကေျပာျပပါ။ ငါးသားလႊာစားမလား၊ ဆန္ျပဳတ္စားမလား၊ တိုဖူးစားမလားစသျဖင့္ေပါ့။ ေဈးဝယ္ထြက္တဲ့အခါလည္း ကေလးကိုကိုယ္စားခ်င္တဲ့အသီးအ႐ြက္မ်ိဳးကို ေ႐ြးေစလို႔ရပါတယ္။
ကေလးကိုသာအားလုံးေ႐ြးခ်ယ္ခြင့္ေပးလိုက္ရင္ ကေလးဆိုတာ သူႀကိဳက္တာတစ္မ်ိဳးႏွစ္မ်ိဳးေလာက္ကလြဲလို႔ က်န္တာစားေတာ့မွာမဟုတ္ပါဘူး။ ဒီလိုသာဆိုရင္ေတာ့ ကေလးေတြအတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြရေတာ့မွာမဟုတ္ပါဘူး။
ကေလးေလးကိုစားေစခ်င္ရင္….
မီးဖိုေခ်ာင္ထဲဝင္ကူပါေစ။
ကေလးကအရမ္းအစာေခ်းမ်ားေနရင္ မီးဖိုေခ်ာင္မွာ ဟင္းခ်က္တာဝင္ကူပါေစ။ ထမင္းဟင္းခ်က္ရာမွာသူတို႔ပါဝင္ပါရရင္ စားဖို႔ကိုလည္းပိုၿပီးအားသန္လာပါေတာ့တယ္။ ကေလးေတြဆိုတာ အရင္ကမျမင္ဖူးတဲ့ အစားအေသာက္အသစ္အဆန္းေတြကို စမ္းစားၾကည့္ဖို႔ရာ အင္မတန္ဝန္ေလးၾကတာပါ။ ဒီလိုမီးဖိုေခ်ာင္မွာဝင္ကူေစျခင္းျဖင့္ ကေလးေတြကို မစားခင္ကတည္းကရင္းႏွီးကြၽမ္းဝင္သြားေစတာေပါ့။ ဥပမာအားျဖင့္ ဟင္းသီးဟင္း႐ြက္ေတြ ေဆးေၾကာေစတာမ်ိဳးေပါ့။
ထမင္းစားရတာေပ်ာ္စရာ။
အစားအေသာက္ျပင္ဆင္တဲ့ေနရာမွာလည္း အေရာင္အစပ္ကေလးေတြ၊ ပုံသ႑ာန္အမ်ိဳးမ်ိဳးေတြနဲ႔ စိတ္ဝင္စားစရာ၊ စားခ်င္စရာျဖစ္ေအာင္ လုပ္ေပးဖို႔လိုပါတယ္။ ဟင္းခတ္အေမြအႀကိဳင္ေလးေတြထည့္သြင္းခ်က္ျပဳတ္ေပးတာကလည္း အရသာနဲ႔ျပည့္စုံေစပါတယ္။
စားေနက်တစ္မ်ိဳး၊ မစားေနက်တစ္မ်ိဳး ျပင္ဆင္ေပးပါ။
ကေလးကိုထမင္းေကြၽးတဲ့အခါ ကေလးစားေနက်အစားအေသာက္အျပင္ အသစ္အဆန္းတစ္မ်ိဳးပါ ထည့္သြင္းျပင္ဆင္ေပးပါ။ အသစ္ေလးလည္း နည္းနည္းျမည္းစမ္းပါေစ။
မိဘကိုယ္ႏႈိက္ကလည္းစံျပေကာင္းျဖစ္ပါေစ။
ကေလးအသစ္အဆန္းေလးေတြစားဖို႔ဆိုရင္ ေမေမတို႔ကလည္းအတူစားေပးဖို႔လိုတာေပါ့။ ကေလးအတြက္ေမေမတို႔ကအေကာင္းဆုံးေသာ စံျပေတြပါပဲ။ ေမေမတို႔ပါလိုက္စားတာေတြ႕ရင္ ကေလးလည္းစားခ်င္လာမွာပါ။
ေနာက္ဆုံးေျပာရမယ္ဆိုရင္ေတာ့ ကေလးေတြေကာင္းေကာင္းႀကီးထြားဖြံ႕ၿဖိဳးဖို႔အတြက္ အစားအေသာက္ကိုေသခ်ာေကြၽးဖို႔လိုပါတယ္ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)




























