ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ဖျားနာခြင်းများ
မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေ နေမကောင်းတာကို မကြည့်ချင်၊ မမြင်ချင်ပေမယ့် ကြီးပြင်းလာတဲ့အချိန် တောက်လျှောက်မှာ ကလေးတွေ ဖျားတာနာတာ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ရင်ကြပ်၊ ရေကျောက်၊ အဖျား စသဖြင့် မျိုးစုံကိုကြုံတွေ့ရမှာပါ။
၁။ ရေကျောက်
ခန္ဓာကိုယ်မှာ အနီကွက်တွေ တစ်ပြင်လုံးထပြီး ဖျားနာတတ်ပါတယ်။ အနီစက်ကနေ အရည်ကြည်ဖု၊ ဒီကနေ အနာဖေးဖြစ်ပြီး ကွာကျသွားပါတယ်။ တစ်ခါဖြစ်ပြီးရင်တော့ တစ်သက်စာ ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဖြစ်တာ အသက်ငယ်လေလေ၊ ရောဂါအားပျော့လေလေပါ။ ကလမိုင်းလိုရှင်းလေး လိမ်းပေးပြီး ပါရာစီတမောလေး သောက်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။
၂။ ပန်းနာရင်ကြပ်
တချို့ကလေးတွေမှာ ပန်းနာရင်ကြပ် ဖြစ်တတ်ကြပါတယ်။ အသက်ရှူလမ်းကြောင် းပိတ်ဆို့ပြီး ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ တစ်ရွှီရွှီမြည်တာတွေ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်က ဓာတ်မတည့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါကိုကာကွယ်ဖို့ မလွယ်ပေမယ့် ရင်ထထမကြပ်အောင်တော့ မေမေဖေဖေတို့က စောင့်ကြည့်ဖို့ လိုပါတယ်။ အချိန်ကြာတာနဲ့အမျှ ပျောက်ကင်းသွားကြတာမျိုးလည်း ရှိပါတယ်။
၃။ အအေးမိခြင်း၊ တုပ်ကွေးမိခြင်း
အအေးမိတုပ်ကွေးဟာ အမျိုးပေါင်း ၂၀၀ ကျော်သော ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်နိုင်တာမို့ ကာကွယ်ဆေးထိုးပြီး ဗိုင်းရပ်စ်ပေါင်းစုံကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နှာရည်ကျတာ၊ နှာချေတာ၊ ခေါင်းကိုက်တာ၊ နုံးတာ၊ အဖျားတက်တာ၊ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ဆိုရင် ၁ ပတ်၊ ၁၀ ရက်လောက်အတွင်း ပျောက်သွားတတ်တာမို့ သက်သာအောင် ဆေးတိုက်တာလောက်ပဲ လုပ်ပေးရင်ရပါပြီ။
၄။ ကြက်ညှာချောင်းဆိုး
ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်း စတာတွေနဲ့ လာနိုင်ပါတယ်။ ချောင်းဆိုးပြီးနောက်မှာ တရွှီရွှီမြည်တာ၊ အန်တာတွေ ဖြစ်တတ်ပြီး ၃ လလောက်ထိ ကြာနိုင်ပါတယ်။ ကူးစက်လွယ်တာမို့ ပိုးသတ်ဆေး ရက်ပြည့်တဲ့အထိ ကလေးကို တစ်သီးတစ်သန့် ခွဲထားဖို့လိုပါတယ်။
Biogesic for kids IA 1
၅။ အထက်လန်အောက်လျှော
အူလမ်းကြောင်းမှာ ပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းလျှောတာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ ပျို့ချင်တာတွေ ဖြစ်တတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တတ်တာမို့ အရည်များများ တိုက်ပေးဖို့ လိုပါတယ်။
၆။ Fifth disease လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုး
ဗိုင်းရပ်စ်ရောဂါအပျော့စားတစ်မျိုး ဖြစ်ပါတယ်။ မျက်နှာမှာ အနီကွက်ကလေးတွေ စပေါ်လာပြီး လက်မောင်းတွေ၊ ပေါင်တွေ၊ တင်ပါးတွေထိကို ပျံ့နှံ့လာတတ်ပါတယ်။ ပါးလေးပေါ်မှာ နီရဲနေတတ်ပါတယ်။ ကူးစက်တတ်ပေမယ့် သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။
၇။ ခြေလက်ပါးစပ်ရောဂါ/ခွာနလျှာနာရောဂါ
နာမည်မှာအတိုင်းပဲ ပါးစပ်၊ လက်၊ ခြေတွေမှာ အရည်ကြည်ဖုလေးတွေ ပေါ်လာတာပါ။ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဖျားငွေ့ငွေ့လေး ရှိတတ်ပါတယ်။ ကလေး ကောင်းကောင်းမစားနိုင်တာမို့ ဝါးရလွယ်တဲ့ အစာပျော့ပျော့လေးတွေ ကျွေးပေးပါ။
၈။ Scarlet fever လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါ
ဒီရောဂါဟာ အဖျားငွေ့ငွေ့၊ လည်ချောင်းနာတာနဲ့ ချိုင်းကနေစပြီး ပေါင်ခြံကြား၊ လည်ပင်းနဲ့ ကိုယ်ပါမကျန်ပြန့်တဲ့ အနီကွက်တွေနဲ့ လာတတ်ပါတယ်။ အရေလန်တာကြောင့် လျှာကြီး နီနီကြမ်းကြမ်းဖြစ်တာကို စတော်ဘယ်ရီလျှာလို့ တင်စားခေါ်ပါတယ်။ ရောဂါပိုးရှိသူတစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးရာကနေ ကူးစက်တတ်ပါတယ်။
ဒီလို အဖျားရောဂါတွေက ကာကွယ်ဖို့ ကလေးကို ရေကျောက်၊ ဆုံဆို့နာ စသဖြင့် ကာကွယ်ဆေးတွေ ထိုးပေးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် လက်ကို ဆပ်ပြာနဲ့ မကြာမကြာဆေးဖို့၊ ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ဖို့ စတဲ့ အခြေခံကျန်းမာရေး အလေ့အကျင့်လေးတွေကို သင်ကြားပေးထားသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ေမေမေဖေဖတို႔အေနနဲ႔ သားသားမီးမီးေလးေတြ ေနမေကာင္းတာကို မၾကည့္ခ်င္၊ မျမင္ခ်င္ေပမယ့္ ႀကီးျပင္းလာတဲ့အခ်ိန္ ေတာက္ေလွ်ာက္မွာ ကေလးေတြ ဖ်ားတာနာတာ မလြဲမေသြ ႀကဳံေတြ႕ရမွာပါပဲ။ ရင္ၾကပ္၊ ေရေက်ာက္၊ အဖ်ား စသျဖင့္ မ်ိဳးစုံကိုႀကဳံေတြ႕ရမွာပါ။
၁။ ေရေက်ာက္
ခႏၶာကိုယ္မွာ အနီကြက္ေတြ တစ္ျပင္လုံးထၿပီး ဖ်ားနာတတ္ပါတယ္။ အနီစက္ကေန အရည္ၾကည္ဖု၊ ဒီကေန အနာေဖးျဖစ္ၿပီး ကြာက်သြားပါတယ္။ တစ္ခါျဖစ္ၿပီးရင္ေတာ့ တစ္သက္စာ ကာကြယ္ၿပီးသား ျဖစ္ပါတယ္။ ျဖစ္တာ အသက္ငယ္ေလေလ၊ ေရာဂါအားေပ်ာ့ေလေလပါ။ ကလမိုင္းလိုရွင္းေလး လိမ္းေပးၿပီး ပါရာစီတေမာေလး ေသာက္ေပး႐ုံနဲ႔ သက္သာႏိုင္ပါတယ္။
၂။ ပန္းနာရင္ၾကပ္
တခ်ိဳ႕ကေလးေတြမွာ ပန္းနာရင္ၾကပ္ ျဖစ္တတ္ၾကပါတယ္။ အသက္ရႉလမ္းေၾကာင္ းပိတ္ဆို႔ၿပီး ေခ်ာင္းဆိုးတာ၊ အသက္ရႉၾကပ္တာ၊ တစ္႐ႊီ႐ႊီျမည္တာေတြ ျဖစ္တတ္ပါတယ္။ ပတ္ဝန္းက်င္က ဓာတ္မတည့္တာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေရာဂါကိုကာကြယ္ဖို႔ မလြယ္ေပမယ့္ ရင္ထထမၾကပ္ေအာင္ေတာ့ ေမေမေဖေဖတို႔က ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ အခ်ိန္ၾကာတာနဲ႔အမွ် ေပ်ာက္ကင္းသြားၾကတာမ်ိဳးလည္း ရွိပါတယ္။
၃။ အေအးမိျခင္း၊ တုပ္ေကြးမိျခင္း
အေအးမိတုပ္ေကြးဟာ အမ်ိဳးေပါင္း ၂၀၀ ေက်ာ္ေသာ ဗိုင္းရပ္စ္ပိုးေတြေၾကာင့္ ျဖစ္ႏိုင္တာမို႔ ကာကြယ္ေဆးထိုးၿပီး ဗိုင္းရပ္စ္ေပါင္းစုံကို ကာကြယ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ႏွာရည္က်တာ၊ ႏွာေခ်တာ၊ ေခါင္းကိုက္တာ၊ ႏုံးတာ၊ အဖ်ားတက္တာ၊ လည္ေခ်ာင္းနာတာေတြ ျဖစ္တတ္ပါတယ္။ ပုံမွန္ဆိုရင္ ၁ ပတ္၊ ၁၀ ရက္ေလာက္အတြင္း ေပ်ာက္သြားတတ္တာမို႔ သက္သာေအာင္ ေဆးတိုက္တာေလာက္ပဲ လုပ္ေပးရင္ရပါၿပီ။
၄။ ၾကက္ညႇာေခ်ာင္းဆိုး
ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ၿပီး ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာရည္က်ျခင္း စတာေတြနဲ႔ လာႏိုင္ပါတယ္။ ေခ်ာင္းဆိုးၿပီးေနာက္မွာ တ႐ႊီ႐ႊီျမည္တာ၊ အန္တာေတြ ျဖစ္တတ္ၿပီး ၃ လေလာက္ထိ ၾကာႏိုင္ပါတယ္။ ကူးစက္လြယ္တာမို႔ ပိုးသတ္ေဆး ရက္ျပည့္တဲ့အထိ ကေလးကို တစ္သီးတစ္သန႔္ ခြဲထားဖို႔လိုပါတယ္။
၅။ အထက္လန္ေအာက္ေလွ်ာ
အူလမ္းေၾကာင္းမွာ ပိုးဝင္တာေၾကာင့္ ျဖစ္တတ္ပါတယ္။ ဝမ္းေလွ်ာတာ၊ အန္တာ၊ ဗိုက္ေအာင့္တာ၊ ပ်ိဳ႕ခ်င္တာေတြ ျဖစ္တတ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္တတ္တာမို႔ အရည္မ်ားမ်ား တိုက္ေပးဖို႔ လိုပါတယ္။
၆။ Fifth disease လို႔ေခၚတဲ့ ဗိုင္းရပ္စ္ေရာဂါတစ္မ်ိဳး
ဗိုင္းရပ္စ္ေရာဂါအေပ်ာ့စားတစ္မ်ိဳး ျဖစ္ပါတယ္။ မ်က္ႏွာမွာ အနီကြက္ကေလးေတြ စေပၚလာၿပီး လက္ေမာင္းေတြ၊ ေပါင္ေတြ၊ တင္ပါးေတြထိကို ပ်ံ႕ႏွံ႔လာတတ္ပါတယ္။ ပါးေလးေပၚမွာ နီရဲေနတတ္ပါတယ္။ ကူးစက္တတ္ေပမယ့္ သူ႔အလိုလို ေပ်ာက္ကင္းႏိုင္ပါတယ္။
၇။ ေျခလက္ပါးစပ္ေရာဂါ/ခြာနလွ်ာနာေရာဂါ
နာမည္မွာအတိုင္းပဲ ပါးစပ္၊ လက္၊ ေျခေတြမွာ အရည္ၾကည္ဖုေလးေတြ ေပၚလာတာပါ။ ကူးစက္တတ္တဲ့ ဗိုင္းရပ္စ္ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အဖ်ားေငြ႕ေငြ႕ေလး ရွိတတ္ပါတယ္။ ကေလး ေကာင္းေကာင္းမစားႏိုင္တာမို႔ ဝါးရလြယ္တဲ့ အစာေပ်ာ့ေပ်ာ့ေလးေတြ ေကြၽးေပးပါ။
၈။ Scarlet fever လို႔ေခၚတဲ့ ဘက္တီးရီးယားေရာဂါ
ဒီေရာဂါဟာ အဖ်ားေငြ႕ေငြ႕၊ လည္ေခ်ာင္းနာတာနဲ႔ ခ်ိဳင္းကေနစၿပီး ေပါင္ၿခံၾကား၊ လည္ပင္းနဲ႔ ကိုယ္ပါမက်န္ျပန႔္တဲ့ အနီကြက္ေတြနဲ႔ လာတတ္ပါတယ္။ အေရလန္တာေၾကာင့္ လွ်ာႀကီး နီနီၾကမ္းၾကမ္းျဖစ္တာကို စေတာ္ဘယ္ရီလွ်ာလို႔ တင္စားေခၚပါတယ္။ ေရာဂါပိုးရွိသူတစ္ေယာက္ေယာက္က ႏွာေခ်၊ ေခ်ာင္းဆိုးရာကေန ကူးစက္တတ္ပါတယ္။
ဒီလို အဖ်ားေရာဂါေတြက ကာကြယ္ဖို႔ ကေလးကို ေရေက်ာက္၊ ဆုံဆို႔နာ စသျဖင့္ ကာကြယ္ေဆးေတြ ထိုးေပးဖို႔ မေမ့ပါနဲ႔။ ဒါ့အျပင္ လက္ကို ဆပ္ျပာနဲ႔ မၾကာမၾကာေဆးဖို႔၊ ေခ်ာင္းဆိုး၊ ႏွာေခ်ရင္ လက္နဲ႔အုပ္ဖို႔ စတဲ့ အေျခခံက်န္းမာေရး အေလ့အက်င့္ေလးေတြကို သင္ၾကားေပးထားသင့္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























