ကလေးတွေ လည်ချောင်းယားယံပြီး ချောင်းဆိုးနေသလား
လည်ချောင်းယားယံတာဟာ လည်ချောင်းနာတာနဲ့ယှဉ်လိုက်ရင် သိပ်မဆိုးပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လက္ခဏာတစ်ရပ်ပါ။ လည်ချောင်းယားယံစေတဲ့ ချွဲသလိပ်၊ ဖုန့်မှုန့် စတာတွေ လည်ချောင်းထဲရှိနေတဲ့အခါ
ခန္ဓာကိုယ်က ချောင်းဆိုးလိုက်ခြင်းဖြင့် ဒီအရာတွေကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့လည်း ချောင်းဆိုးတာဟာ လည်ချောင်းယားယံစေတဲ့အရာတွေကို အမြဲတမ်းတော့ ဖယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး။
Atussin Kids 1

>> ဘာကြောင့် လည်ချောင်းယားယံရတာလဲ?
များသောအားဖြင့်တော့ ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ ပန်းဝတ်မှုန် စတဲ့ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာတွေကို ရှူမိလို့ ဖြစ်ရတာပါ။ ရောဂါတွေကြောင့်ဆိုရင်တော့ အသံအိုးရောင်ခြင်း၊ ထိပ်ကပ်နာ၊ လည်ချောင်းနာခြင်း၊ ပန်းနာရင်ကြပ် စတာတွေကြောင့်ဖြစ်ပြီး ရေဓာတ်ခန်းခြောက်နေရင်လည်း လည်ချောင်းယားပြီး ချောင်းဆိုးတတ်ပါတယ်။
>> ကလေးတွေ လည်ချောင်းယားပြီး ချောင်းဆိုးတာကို သက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ?
လည်ချောင်းယားပြီး ချောင်းဆိုးတာဟာ များသောအားဖြင့် အန္တရာယ်မရှိတတ်တာကြောင့် အိမ်တွင်းနည်းလမ်းလေးတွေနဲ့ပဲ သက်သာအောင်လုပ်ပေးလို့ ရပါတယ်။
● ရေနွေးနွေးလေးထဲကို သံပုရာရည်ညှစ်ပြီး ဒါမှမဟုတ် ပျားရည်ထည့်ပြီး တိုက်ပါ။
● စွပ်ပြုတ်ပူပူလေး တိုက်ပါ။
● ငုံဆေးငုံပေးပါ။
● ရေများများတိုက်ပါ။
Atussin Kids 2

● ကလေးအိပ်တဲ့အခါ Humidifier ဖွင့်ပေးထားပါ။
● ကလေးကို ကောင်းကောင်း အနားယူစေပါ။
● ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
● လည်ချောင်းယားယံပြီး ချောင်းဆိုးတာဟာ သုံးပတ်နဲ့အထက် ကြာနေပြီဆိုရင်
● လည်ချောင်းယားယံတာအပြင် ဖျားခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း၊ အကျိတ်ရောင်ခြင်းတွေပါ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















