/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-အဖျားကြီးရင်-မပေါ့ကြပါနဲ့

ကလေးတွေ အဖျားကြီးရင် မပေါ့ကြပါနဲ့

Category
ကလေးများနှင့်ကျန်းမာရေး

" အေသင်..မလှုပ်နဲ့တော့.. ရပ်စမ်း... အမေကြောက်လာပြီ.. မောင်ရေ.. မာမီရေ..လာကြပါဦး...  သားငယ်တက်သွားပြီ "

 

သူမအော်လည်းအော်..  သားကြီးကငို... သူမရင်တွေ တအားခုန်သွားပြီး မူးမေ့လဲမတတ်ပါပဲ။ တုန်တုန်ယင်ယင်နဲ့သားငယ်ကိုဘေးစောင်းပေးလိုက်ပြီး ဘာလုပ်ရမှန်းမသိတော့ပါဘူး.. သားကိုပြန်ပွေ့ယူလိုက်တော့ သားက အသက်မရှိသလိုပျော့ဖတ်နေခဲ့ပြီ။ 

------------------------

Cool Feel 1

မယ်ရီလင်ဟာ အသက် ၂ နှစ်အရွယ် နဲ့ ၈ နှစ်အရွယ်သားနှစ်ဦးရဲ့ မိခင်ဖြစ်ပါတယ်။ သားနှစ်ယောက်လုံးက ပြိုင်တူနေမကောင်းဖြစ်ကြတော့ မေမေလည်း ပင်ပန်းနေပြီလေ..အေဒင်အဖျားကျသွားတော့ အငယ်ကောင် အေသင် အဖျားတွေပြန်တက်လာပါတယ်။ တိုင်းကြည့်လိုက်တော့ ၁၀၂ ဒီဂရီ... အိုး.. သားငယ် အသားတွေကပူကျက်နေတာပဲ။ သူအီနေပြီး အမေကို အားကိုးစွာ ဖက်တွယ်ထားရှာပါတယ်။

 

ရုတ်တရက်ကြီး သားငယ်ရဲ့တကိုယ်လုံးဟာ ကွေးသွားပြီး နတ်ဝင်သလို တဆတ်ဆတ်ယမ်းခါလာပါတယ်။ သူမရင်တွေ တအားခုန်သွားပြီး မူးမေ့လဲမတတ်ပါပဲ။ မျက်လုံးတွေကလန်လို့။  သားငယ်လေး တက်နေပြီ။

 

" အေသင်..မလှုပ်နဲ့တော့.. ရပ်စမ်း... အမေကြောက်လာပြီ.. မောင်ရေ.. လာပါဦး...  သားငယ်တက်သွားပြီ "

 

သူမအော်လည်းအော်..  သားကြီးကငို... တုန်တုန်ယင်ယင်နဲ့သားကို ဘေးစောင်းပေးလိုက်ပြီး ဘာလုပ်ရမှန်းမသိတော့ပါဘူး.. သားကိုပြန်ပွေ့ယူလိုက်တော့ သားက အသက်မရှိသလိုပျော့ဖတ်နေခဲ့ပြီ။ 

 

" ဟင်.. ငါ့သား အသက်မရှူတော့ဘူး.. "

 

သားရေ.. သူမ ချက်ချင်း သား ရင်ဘတ်ဖိနှိပ်ပြီး နှလုံးကိုနှိုးပါတယ်။..သားက ခုထိငြိမ်သက်နေဆဲ။ သူအသက်ပြန်ရှုလာပြီ။ ငါဘာလုပ်ရမလဲ။ ငါ့သားမသေရဘူး။ 

 

သားကို ပွေ့ယူလိုက်ပြီး ကားသော့ကို ကောက်ယူ သားကြီးကို ကားထဲကိုထည့်..သူမတုန်တုန်ယင်ယင်နဲ့ ကားမောင်းထွက်ပါတော့တယ်။ တကယ်တော့ သူမတခါမှ ကားကောင်းကောင်းမောင်းခဲ့သူမဟုတ်ပါဘူး။ သားဇောနဲ့ ဆေးရုံဘယ်လိုရောက်လာလည်း မမှတ်မိတော့။ 

 

" သားကို ကယ်ပါ..." သူမအသံတွေတုန်နေတယ်။ ကလေးတွေ အဖေရောက်လာပြီ။ သူမ သူ့ကိုမှီပြီး ချုန်းပွဲချငိုချလိုက်တယ်။

 

သားက သတိရလာပေမယ့် ဆေးရုံထဲမှာ တညတည်းကို နောက်ထပ် သုံးကြိမ်ထပ်တက်ပြန်ပါတယ်။ မိခင်နဲ့ဖခင်အတွက်တော့ ငရဲခန်းမြင်ရသလိုပါပဲ။

 

နောက်တရက်မှာ အေသင်လေးကို ဦးနှောက်ဓာတ်မှန်ရိုက်ခဲ့ကြပါတယ်။ သွေးဖောက်စစ်ဆေးတာအကုနိပြုလုပ်ပြီးနောက် ရိုးရိုး ဗိုင်းရပ်စ်အဖျားလို့ ပဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် မေမေတယောက် ဒီရိုးရိုးအဖျားကို အထင်မသေးရဲတော့ပါဘူး။ သူမဘဝမှာ သားနဲ့ပတ်သတ်လို့ ဘာအမှားအယွင်းမှ မကြုံချင်တော့ပါ။

Cool Feel 2

ဒါ့ကြောင့် ကလေးအဖျားကြီးရင်…….

 

  • • ရေပတ်နိုင်နိုင်တိုက်ပါ
  • • အဖျားကျဆေးရည်တိုက်ပါ
  • • ပွပွချောင်ချောင် ချည်ထည်လေးတွေ ဝတ်ထားပေးပါ
  • • ဓာတ်ဆားရည်တိုက်ပါ
  • • အဖျားမကျရင် ဆေးရုံဆေးခန်းချက်ချင်းပြေးပါ

 

ကလေးတွေ အသက်ရှူမြန်တာ၊ ခက်တာ၊ မောတာ၊ အစားမဝင်တာတွေ၊ အဖျားရက်ကြာတာတွေရှိတဲ့အခါ ဆေးရုံတက်ဖို့လိုအပ်ပါတယ်။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)


------------------------












