ကွန်ပျူတာ၊ ဖုန်းနှင့် တက်ဘလက်များကို ကလေးများ အန္တရာယ်ကင်းစွာသုံးနိုင်စေဖို့
• ကွန်ပြူတာကို အများသုံးတဲ့နေရာမှာထားခြင်းဖြင့် ကလေးသုံးနေတာ ကြည့်နေတာကို စောင့်ကြည့်နိုင်ပါတယ်။ ကလေးရဲ့အခန်းထဲမှာမထားပေးပါနဲ့။
• ကလေးငယ်တွေနဲ့ e-mail အကောင့်တွေမျှဝေသုံးစွဲခြင်းဖြင့် ဘယ်သူတွေက စာပို့တယ်ဆိုတာကို စောင့်ကြည့်နိုင်ပါတယ်။
• ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ အင်တာနက်သုံးနိုင်တဲ့နည်းတွေ သင်ပေးထားပါ။ အင်တာနက်သုံးတဲ့အခါမှာ လိပ်စာ၊ ဖုန်းနံပါတ်၊ ကျောင်းနာမည်၊ ကျောင်းတည်နေရာတွေအပါအဝင် ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို မဖော်ပြဖို့ဆိုတဲ့ စည်းမျဉ်းကိုလိုက်နာဖို့ ဆွေးနွေးထားပါ။
• Facebook သုံးတတ်တဲ့ကလေးဆိုရင်လည်း ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေနဲ့ Friend မလုပ်ထားဖို့ မှာထားပါ။
• Facebook မှာ မိမိကလေးနဲ့ Friend လုပ်ထားဖို့ မမေ့ပါနဲ့။
• မိဘကလည်း အလျဉ်းသင့်လျှင် သင့်သလို သူ့ရဲ့ Facebook (သို့) တခြား Social Media Site တွေမှာ ကိုယ့်ကလေး ဘာတွေတင်တတ်လဲ၊ ဘာတွေ share တတ်လဲဆိုတာ စောင့်ကြပ်ကြည့်ရှုပါ။
• ကလေးရဲ့အကြိုက်ဆုံး Website တွေ၊ Blog တွေကို bookmark လုပ်ထားပါ။ ကလေးက လွယ်လွယ်ကူကူကြည့်နိုင်ပြီး အခြားမလိုအပ်တဲ့နေရာတွေကို မကြည့်ဖြစ်တော့ပါဘူး။
• ကလေးနဲ့ အင်တာနက်အတူသုံးပြီး အင်တာနက်ပေါ်က အမူအကျင့်တွေအကြောင်း သင်ပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























