ခဏခဏ ရန်ဖြစ်ချင်နေတဲ့ စိတ်ကြီးသူကလေးလေးကို ဘယ်လိုချော့မလဲ
ကလေးတွေစိတ်အရမ်းကြီးတဲ့အခါ ရန်ဖြစ်တဲ့အခါ တခြားကလေးကိုသွားဆော်တဲ့အခါ ရှင်းရခက်တဲ့ မိခင်တွေအတွက် အကြံပြု ချက်လေးတွေ ဖတ်ကြည့်နော်။
စိတ်အရမ်းကြီး ဒေါသထွက်တယ်ဆိုတာ သူတို့မှာအကြောင်းရှိပါတယ်။ သူတို့အကြောင်း လိမ်ပြောတာမကြိုက်ဘူး။ ထားခဲ့ခံရတာမကြိုက်ဘူး။ ခဏခဏဆူခံရတာ သူတို့်လုပ်သမျှ ပိတ်ပင်ခံရတာမကြိုက်ဘူး။
သူတို့လေးတွေ စိတ်တိုတဲ့အခါ..လူကြီးတွေလိုပဲ တကိုယ်လုံးတုန်လာတယ် လက်သီးတွေဆုပ်မယ် မျက်နှာတွေရဲလာမယ်..
အဲဒီအခါ သူတခုခုစိတ်အနှောင့်အယှက်ဖြစ်နေပြီ ဝမ်းနည်းနေပြီ ထသောင်းကျန်းတော့မယ်ဆိုတဲ့ အန္တရာယ်အရိပ်အရောင်ကိုမြင်တာနဲ့ လျစ်လျူမရှုပဲ ချက်ချင်းရှင်းပါ။ ဒီလိုအန္တရာယ်ကိုမြင်တဲ့အခါ ကလေးကို ချော့ပါ၊ အကျိုးအကြောင်းမေးပါ။ သူစိတ်ဘာကြောင့်တိုလဲနားထောင်ပေးပါ။ အမှန်အမှားမဝေဖန်ပါနဲ့။ အရင်ဆုံး သူပြောသမျှလေးသာ နားထောင်ပေးပါ။
Ceelin Plus 1

ဘေးကသူငယ်ချင်းကိုဆော်မယ့်အစား သူမကျေနပ်တာကိုအော်ပြောခွင့်ပေးပါ။ ဒီတော့ ဒေါသက စကားထဲကနေဖွင့်ထုတ်လိုက်တော့ လက်မပါတော့ဘူးပေါ့။ သူအော်နေချိန်မှာ မဟန့်တားပါနဲ့။ သူ့ဒေါသကိုဖွင့်ထုတ်ခွင့်မပေးရင်စိတ်နာနာနဲ့ အနီးကအတန်းဖော်ကစားဖော်ကို ကောင်းကောင်းဆော်ပစ်ထုပစ် ဆွဲဆိတ်ပစ်ပါလိမ့်မယ်။ သူငယ်ချင်းကို မကျေနပ်တာထက် သူစိတ်တိုတာကို အကြောင်းပြချက်မရှိ ပတ်ရမ်းတာပေါ့၊ ရမ်းတာက တခြားကလေးဖြစ်နေရင်တော့ ပြသနာကြီးဖို့ မိဘချင်းရှင်းဖို့သာပြင်ပေတော့မေမေတို့ရေ။
ကလေးလေးတွေစိတ်ကြီးတဲ့အခါ အရေးအကြီးဆုံးက အပြစ်မတင်ပါနဲ့ သူနဲ့ပြိုင်မအော်ပါနဲ့၊ သူ့နားကိုကပ်သွားပြီး သူပြောတာနားထောင်ပါ။ သူ့ဒေါသကိုလက်ခံနားလည်ပေးပါ။ တခြားကလေးကိုသွားမမဲစေအောင် တခြားကစားဖော်တွေကိုဝေးဝေးခေါ်သွားပါ။ သူတို့လေးတွေစိတ်ကြီးရင် လူကြီးထက်ဆိုးတတ်တယ်နော်။ စိတ်ကောက်တတ်သလို ဝမ်းနည်းဒေါသလည်း ထွက်တတ်သေးတယ်။ မေမေဖေဖေတို့က လျစ်လျူမရှုဘဲသူ့ခံစားချက်အလေးထားနားလည်တဲ့ပုံစံလေးနဲ့ ဂရုစိုက်စကားပြောဆုံးမပေးဖို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin Plus 2

(Unicode)






























