ချွဲသလိပ်တွေထွက်ပြီး ချောင်းတွေဆိုးနေပါသလား
(Zawgyi)
အေအးမိ၊ လည္ေခ်ာင္းနာၿပီးတဲ့ေနာက္မွာ ခြၽဲသလိပ္ေတြထြက္ၿပီးေတာ့ ေခ်ာင္းဆိုးႏိုင္ပါတယ္။ ဒီေခ်ာင္းက မနက္ပိုင္းေတြမွာ ပိုဆိုးတတ္ပါတယ္။ အေအးမိ၊ ေခ်ာင္းဆိုးတာေတြက အမ်ားအားျဖင့္ ဗိုင္းရပ္စ္ပိုးေၾကာင့္ အျဖစ္မ်ားပါတယ္။
ခြၽဲသလိပ္ေတြထြက္ ေခ်ာင္းဆိုးတာက တစ္ခါတေလက်ေတာ့လည္း အေအးမိလို႔မဟုတ္ဘဲနဲ႔ ပန္းနာရင္ၾကပ္၊ ႏွလံုးမေကာင္းျခင္း၊ နာတာရွည္ ေလျပြန္ေရာင္ျခင္းေတြေၾကာင့္လည္း ျဖစ္ႏို္င္ပါတယ္။ ေခ်ာင္းဆိုးတာ တာရွည္ၾကာေလေလ ေနာက္ကြယ္မွာ ပိုၿပီးျပင္းထန္တဲ့အေၾကာင္းရွိလို႔ ျဖစ္ႏိုင္ေလေလပါပဲ။ ေဆးလိပ္ေငြ႔အၿမဲ႐ွဴေနရတဲ့ ကေလးေတြ၊ ကိုယ္ခံအားနည္းတဲ့သူေတြမွာ ပိုၿပီးေတာ့ ျပင္းထန္တဲ့ ေနာက္ဆက္တြဲျပႆနာေတြ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။
>> ေအာက္ပါအခ်က္ေတြ ႀကံဳေတြ႕ရရင္ေတာ့ ေဆးခန္းသြားျပပါ။
● အသက္ ၂ ႏွစ္ေအာက္ကေလးမွာ ေခ်ာင္းဆိုးခြၽဲပါျခင္း
● ေခ်ာင္းဆိုးေသြးပါျခင္း
● အေရာင္ပါတဲ့ခြၽဲသလိပ္မ်ား ထြက္ျခင္း အထူးသျဖင့္ ပန္းေရာင္အျမႇဳပ္ေတြ (သို႔) အစိမ္းပုတ္ေရာင္
● ကိုယ္ပူႀကီးလွ်င္
● ေခ်ာင္းေျခာက္ဆုိးေနရာကေနၿပီးေတာ့ ခြၽဲသလိပ္ေတြ ထြက္ေခ်ာင္းဆိုးရင္
● ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရွဴရင္ အသံျမည္ျခင္း၊ အသက္ရွဴရခက္ခဲျခင္း၊ ကိုယ္ပူျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္း၊ ေခါင္းအၿမဲကိုက္ေနျခင္း၊ နာကိုက္ျခင္း စတဲ့လကၡဏာေတြ ခံစားရရင္
● ျပင္းထန္တဲ့ တုပ္ေကြးလကၡဏာေတြကို ႐ုတ္တရက္ ခံစားရရင္ (ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္ပူျခင္း)
● ေခ်ာင္းဆိုးခြၽဲပါတာက ၅ ရက္ထက္ ပိုၾကာလာရင္ (သို႔) ပိုဆိုးလာရင္
● ေဆးေတြကို ဓာတ္မတည့္တာေတြရွိရင္
Solmux Kids 1

>> အိမ္တြင္းကုထံုးမ်ား
● ေႏြးေႏြးေထြးေထြးေနပါ၊ အနားယူပါ၊ ေရမ်ားမ်ား ေသာက္ပါ။
● ကေလးႀကီးေတြမွာဆိုရင္ ဆားေရေႏြးနဲ႔ တစ္မိနစ္ခန္႔ၾကာေအာင္ ပလုတ္က်င္းေပးပါ။ တစ္ေန႔ကို ၃ ႀကိမ္ ပလုတ္က်င္းပါ။ လကၡဏာေတြကို သက္သာေစႏိုင္ပါတယ္။
● ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးရင္ရတဲ့ ေရေႏြးေငြ႕ေတြက ခြၽဲေတြ ေပ်ာ္လာေစၿပီးေတာ့ ခြၽဲေတြကို ပိုၿပီးလြယ္လြယ္ထြက္လာေစပါတယ္။
● ႏွာေခ် ေခ်ာင္းဆိုးတဲ့အခါေတြမွာ ပါးစပ္ကို ဖံုးအုပ္ခိုင္းထားပါ။ ၿပီးေတာ့ လက္ကို ေသခ်ာေဆးေပးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Solmux Kids 2

(Unicode)
အအေးမိ၊ လည်ချောင်းနာပြီးတဲ့နောက်မှာ ချွဲသလိပ်တွေထွက်ပြီးတော့ ချောင်းဆိုးနိုင်ပါတယ်။ ဒီချောင်းက မနက်ပိုင်းတွေမှာ ပိုဆိုးတတ်ပါတယ်။ အအေးမိ၊ ချောင်းဆိုးတာတွေက အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။
ချွဲသလိပ်တွေထွက် ချောင်းဆိုးတာက တစ်ခါတလေကျတော့လည်း အအေးမိလို့မဟုတ်ဘဲနဲ့ ပန်းနာရင်ကြပ်၊ နှလုံးမကောင်းခြင်း၊ နာတာရှည် လေပြွန်ရောင်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ တာရှည်ကြာလေလေ နောက်ကွယ်မှာ ပိုပြီးပြင်းထန်တဲ့အကြောင်းရှိလို့ ဖြစ်နိုင်လေလေပါပဲ။ ဆေးလိပ်ငွေ့အမြဲရှူနေရတဲ့ ကလေးတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြီးတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ချေပိုများပါတယ်။
>> အောက်ပါအချက်တွေ ကြုံတွေ့ရရင်တော့ ဆေးခန်းသွားပြပါ။
● အသက် ၂ နှစ်အောက်ကလေးမှာ ချောင်းဆိုးချွဲပါခြင်း
● ချောင်းဆိုးသွေးပါခြင်း
● အရောင်ပါတဲ့ချွဲသလိပ်များ ထွက်ခြင်း အထူးသဖြင့် ပန်းရောင်အမြှုပ်တွေ (သို့) အစိမ်းပုတ်ရောင်
● ကိုယ်ပူကြီးလျှင်
● ချောင်းခြောက်ဆိုးနေရာကနေပြီးတော့ ချွဲသလိပ်တွေ ထွက်ချောင်းဆိုးရင်
● ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရင် အသံမြည်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ကိုယ်ပူခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခေါင်းအမြဲကိုက်နေခြင်း၊ နာကိုက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရရင်
● ပြင်းထန်တဲ့ တုပ်ကွေးလက္ခဏာတွေကို ရုတ်တရက် ခံစားရရင် (ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း)
● ချောင်းဆိုးချွဲပါတာက ၅ ရက်ထက် ပိုကြာလာရင် (သို့) ပိုဆိုးလာရင်
● ဆေးတွေကို ဓာတ်မတည့်တာတွေရှိရင်
>> အိမ်တွင်းကုထုံးများ
● နွေးနွေးထွေးထွေးနေပါ၊ အနားယူပါ၊ ရေများများ သောက်ပါ။
● ကလေးကြီးတွေမှာဆိုရင် ဆားရေနွေးနဲ့ တစ်မိနစ်ခန့်ကြာအောင် ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ် ပလုတ်ကျင်းပါ။ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
● ရေနွေးနွေးလေးနဲ့ ရေချိုးပေးရင်ရတဲ့ ရေနွေးငွေ့တွေက ချွဲတွေ ပျော်လာစေပြီးတော့ ချွဲတွေကို ပိုပြီးလွယ်လွယ်ထွက်လာစေပါတယ်။
● နှာချေ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်ကို ဖုံးအုပ်ခိုင်းထားပါ။ ပြီးတော့ လက်ကို သေချာဆေးပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























