/
news/ကလေးများနှင့်ကျန်းမာရေး/ဒီလက္ခဏာတွေကို-သတိထားပေးနော်

ဒီလက္ခဏာတွေကို သတိထားပေးနော်

Category
ကလေးများနှင့်ကျန်းမာရေး

●  မှိန်းတာ
ကလေးက မှိန်းနေမယ်၊ သတိလစ်နေမယ်ဆို အမြန်ဆုံးဆေးရုံသွားပါ။ ကလေးဆိုတာ တက်တက်ကြွကြွ ဆော့ကစားနေရပါမယ်။ အဲလိုမဟုတ်ဘဲ နှိုးလို့မရ၊ မှိန်းနေတာ၊ ပုံမှန်ထက် ပိုပြီးငြိမ်နေတာ၊ အကြိုက်ဆုံးအရုပ်ကိုပါ စိတ်ဝင်စားမှုမရှိတော့တာ စတဲ့ လက္ခဏာမျိုးရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ရပါမယ်။ ဒီလိုလက္ခဏာတွေဟာ ခေါင်းကို ထိခိုက်မိ/ ပြုတ်ကျပြီးနောက်ပိုင်း ဖြစ်လာတာဆိုရင် ပိုပြီးအရေးကြီးပါတယ်။

●  အသက်ရှူတာ ပုံမှန်မဟုတ်တာ
ပြေးလွှားဆော့ထားတာမရှိဘဲ အသက်ရှူမြန်တာ၊ မောတာ၊ အသက်ရှူလိုက်ရင် အသံမြည်တာ စတာတွေရှိခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားပါ။ ချောင်းတွေ အရမ်းဆိုးနေတာ၊ ရင်ကျပ်တာ ဒါမှမဟုတ် လေပြွန်၊ အစာပြွန်မှာ တစ်ခုခု ပိတ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နှုတ်ခမ်း၊ လက်သည်းခြေသည်း၊ အရေပြားတွေပြာနေတာ၊ နှာခေါင်းထိပ်လေး ရှူံ့ပွပွဖြစ်ပြီး အသက်ရှူနေတာ၊ အသက်ရှူရင် ရင်ဘတ်ကနံရိုးတွေ ပေါ်လာတဲ့အထိ အားစိုက်ရှူရတာ စတဲ့ လက္ခဏာတွေကို သတိထားကြည့်ရပါမယ်။

●  ရေဓာတ်ခမ်းခြောက်တာ
ရေမသောက်လို့ပဲဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့၊ အန်လို့ပဲဖြစ်ဖြစ် ရေဓာတ် ခမ်းခြောက်နိုင်ပါတယ်။ ကလေးက အရမ်းဂျီကြမယ်၊ မှိန်းမယ်၊ ဆီးသွားနည်းမယ်၊ ဆီးရောင်ရင့်မယ်၊ ငိုရင် မျက်ရည်မထွက်တော့ဘူး၊ နှုတ်ခမ်းတွေ ခြောက်လာမယ်ဆိုရင် အရေးကြီးလို့ ဆေးရုံ အမြန်ဆုံးသွားပေးရပါမယ်။ သွားနေစဉ်မှာလည်း ရေ၊ ဓာတ်ဆား စတာတွေကို ဝင်အောင်တိုက်ပေးရပါမယ်။

●  ဖျားတာ
3 လအောက်ကလေးဆိုရင် အဖျား ဘယ်လောက်ပဲဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်း သွားပြဖို့ လိုအပ်ပါတယ်။ ငွေ့ငွေ့ဖျားတယ်ဆိုပြီး အိမ်မှာပဲ မကုသသင့်ပါဘူး။

Biogesic for kids IA 1

●  ခေါင်းကိုက်တာ၊ မူးလဲတာ
အရေးကြီးပါတယ်။ ခေါင်းကို ထိခိုက်ထားတာလဲရှိတဲ့အပြင် အန်တာ၊ အမြင်အာရုံဝေဝါးတာ၊ အလင်းရောင်ကို မကြည့်နိုင်တာ၊ ဆူညံသံတွေ မကြားနိုင်တာ စတာတွေရှိခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။ ကလေးက ခေါင်း မကြာခဏ ကိုက်တတ်တာ၊ အကြာကြီး ကိုက်တတ်တာ၊ ဇက်ခိုင်တာ၊ ဖျားတာနဲ့ ခေါင်းကိုက်တာ တွဲနေတာမျိုး စတာတွေရှိခဲ့ရင ်ဆရာဝန်နဲ့ သေချာစမ်းသပ်ကြည့်ဖို့လိုပါမယ်။

●  အရမ်းငိုတာ
သာမန်ငိုတာမျိုး မဟုတ်ဘဲ ဘယ်လိုမှချော့မရအောင် စူးစူးဝါးဝါးငိုတာ၊ ဖျားနေတာမျိုးရှိခဲ့ရင် ဆရာဝန်နဲ့ပြသပါ။ တစ်ချိန်တည်းမှာ ကလေးရဲ့ကိုယ်မှာ အနီစက်တွေရှိလား၊ အကောင်ကိုက်ထားတာရှိလား ရှာပါ၊ ညာဘက်ဗိုက်အခြမ်းနာနေတာ ရှိ၊ မရှိ စမ်းသပ်ကြည့်ပါ။

●  ဆီး ခဏခဏသွားပြီး ကိုယ်အလေးချိန်ကျတာ
ဆီး ခဏခဏသွားပြီး ကိုယ်အလေးချိန်ကျတာ၊ ရေငတ်တာ၊ နုန်းတာ စတဲ့လက္ခဏာတွေဟာ ကလေးဆီးချိုရဲ့လက္ခဏာ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

●  ဝမ်းလျှောတာ၊ အန်တာ
ကလေးတွေမှာ မကြာခဏ ဖြစ်တတ်ပေမယ့် ဖြစ်တာ ရက်ကြာလာပြီဆိုရင်တော့ ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဂန်နဲ့ အမြန်ဆုံးကုသရပါမယ်။ ဒါ့အပြင် ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါလား၊ ကတ္တရာစေးလို ဝမ်းအမည်းတွေ သွားလား စတာတွေကိုပါ သတိထားကြည့်ပေးရပါမယ်။

Dr. Htar (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

●  မွိန္းတာ
ကေလးက မွိန္းေနမယ္၊ သတိလစ္ေနမယ္ဆို အျမန္ဆုံးေဆး႐ုံသြားပါ။ ကေလးဆိုတာ တက္တက္ႂကြႂကြ ေဆာ့ကစားေနရပါမယ္။ အဲလိုမဟုတ္ဘဲ ႏႈိးလို႔မရ၊ မွိန္းေနတာ၊ ပုံမွန္ထက္ ပိုၿပီးၿငိမ္ေနတာ၊ အႀကိဳက္ဆုံးအ႐ုပ္ကိုပါ စိတ္ဝင္စားမႈမရွိေတာ့တာ စတဲ့ လကၡဏာမ်ိဳးရွိခဲ့ရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းတိုင္ပင္ရပါမယ္။ ဒီလိုလကၡဏာေတြဟာ ေခါင္းကို ထိခိုက္မိ/ ျပဳတ္က်ၿပီးေနာက္ပိုင္း ျဖစ္လာတာဆိုရင္ ပိုၿပီးအေရးႀကီးပါတယ္။

●  အသက္႐ွဴတာ ပုံမွန္မဟုတ္တာ
ေျပးလႊားေဆာ့ထားတာမရွိဘဲ အသက္႐ွဴျမန္တာ၊ ေမာတာ၊ အသက္႐ွဴလိုက္ရင္ အသံျမည္တာ စတာေတြရွိခဲ့ရင္ ဆရာဝန္ဆီ အျမန္ဆုံးသြားပါ။ ေခ်ာင္းေတြ အရမ္းဆိုးေနတာ၊ ရင္က်ပ္တာ ဒါမွမဟုတ္ ေလႁပြန္၊ အစာႁပြန္မွာ တစ္ခုခု ပိတ္ေနတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ႏႈတ္ခမ္း၊ လက္သည္းေျခသည္း၊ အေရျပားေတြျပာေနတာ၊ ႏွာေခါင္းထိပ္ေလး ႐ွဴံ႕ပြပြျဖစ္ၿပီး အသက္႐ွဴေနတာ၊ အသက္႐ွဴရင္ ရင္ဘတ္ကနံ႐ိုးေတြ ေပၚလာတဲ့အထိ အားစိုက္႐ွဴရတာ စတဲ့ လကၡဏာေတြကို သတိထားၾကည့္ရပါမယ္။

●  ေရဓာတ္ခမ္းေျခာက္တာ
ေရမေသာက္လို႔ပဲျဖစ္ျဖစ္၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္လို႔၊ အန္လို႔ပဲျဖစ္ျဖစ္ ေရဓာတ္ ခမ္းေျခာက္ႏိုင္ပါတယ္။ ကေလးက အရမ္းဂ်ီၾကမယ္၊ မွိန္းမယ္၊ ဆီးသြားနည္းမယ္၊ ဆီးေရာင္ရင့္မယ္၊ ငိုရင္ မ်က္ရည္မထြက္ေတာ့ဘူး၊ ႏႈတ္ခမ္းေတြ ေျခာက္လာမယ္ဆိုရင္ အေရးႀကီးလို႔ ေဆး႐ုံ အျမန္ဆုံးသြားေပးရပါမယ္။ သြားေနစဥ္မွာလည္း ေရ၊ ဓာတ္ဆား စတာေတြကို ဝင္ေအာင္တိုက္ေပးရပါမယ္။

●  ဖ်ားတာ
3 လေအာက္ကေလးဆိုရင္ အဖ်ား ဘယ္ေလာက္ပဲျဖစ္ျဖစ္ ေဆး႐ုံ၊ ေဆးခန္း သြားျပဖို႔ လိုအပ္ပါတယ္။ ေငြ႕ေငြ႕ဖ်ားတယ္ဆိုၿပီး အိမ္မွာပဲ မကုသသင့္ပါဘူး။

●  ေခါင္းကိုက္တာ၊ မူးလဲတာ
အေရးႀကီးပါတယ္။ ေခါင္းကို ထိခိုက္ထားတာလဲရွိတဲ့အျပင္ အန္တာ၊ အျမင္အာ႐ုံေဝဝါးတာ၊ အလင္းေရာင္ကို မၾကည့္ႏိုင္တာ၊ ဆူညံသံေတြ မၾကားႏိုင္တာ စတာေတြရွိခဲ့ရင္ ဆရာဝန္နဲ႔ အျမန္ဆုံးတိုင္ပင္ပါ။ ကေလးက ေခါင္း မၾကာခဏ ကိုက္တတ္တာ၊ အၾကာႀကီး ကိုက္တတ္တာ၊ ဇက္ခိုင္တာ၊ ဖ်ားတာနဲ႔ ေခါင္းကိုက္တာ တြဲေနတာမ်ိဳး စတာေတြရွိခဲ့ရင ္ဆရာဝန္နဲ႔ ေသခ်ာစမ္းသပ္ၾကည့္ဖို႔လိုပါမယ္။

●  အရမ္းငိုတာ
သာမန္ငိုတာမ်ိဳး မဟုတ္ဘဲ ဘယ္လိုမွေခ်ာ့မရေအာင္ စူးစူးဝါးဝါးငိုတာ၊ ဖ်ားေနတာမ်ိဳးရွိခဲ့ရင္ ဆရာဝန္နဲ႔ျပသပါ။ တစ္ခ်ိန္တည္းမွာ ကေလးရဲ႕ကိုယ္မွာ အနီစက္ေတြရွိလား၊ အေကာင္ကိုက္ထားတာရွိလား ရွာပါ၊ ညာဘက္ဗိုက္အျခမ္းနာေနတာ ရွိ၊ မရွိ စမ္းသပ္ၾကည့္ပါ။

●  ဆီး ခဏခဏသြားၿပီး ကိုယ္အေလးခ်ိန္က်တာ
ဆီး ခဏခဏသြားၿပီး ကိုယ္အေလးခ်ိန္က်တာ၊ ေရငတ္တာ၊ ႏုန္းတာ စတဲ့လကၡဏာေတြဟာ ကေလးဆီးခ်ိဳရဲ႕လကၡဏာ ျဖစ္ေနႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးျပသဖို႔ လိုအပ္ပါတယ္။

●  ဝမ္းေလွ်ာတာ၊ အန္တာ
ကေလးေတြမွာ မၾကာခဏ ျဖစ္တတ္ေပမယ့္ ျဖစ္တာ ရက္ၾကာလာၿပီဆိုရင္ေတာ့ ေရဓာတ္ခမ္းေျခာက္ေစတဲ့အျပင္ ပိုးဝင္တာေၾကာင့္လည္း ျဖစ္ႏိုင္တာေၾကာင့္ ဆရာဂန္နဲ႔ အျမန္ဆုံးကုသရပါမယ္။ ဒါ့အျပင္ ဝမ္းထဲမွာ ေသြးေတြ၊ ခြၽဲေတြပါလား၊ ကတၱရာေစးလို ဝမ္းအမည္းေတြ သြားလား စတာေတြကိုပါ သတိထားၾကည့္ေပးရပါမယ္။

Dr. Htar (www.drmyanmar.com)