မနက်အစောတိုင်း ချောင်းထထဆိုးနေတတ်တာ ဘယ်လိုအကြောင်းတွေကြောင့်လဲ
ကလေးတွေ နေ့စဉ် မနက်အစော ၂ နာရီနဲ့ ၃ နာရီကြား သို့မဟုတ် မနက်ခြောက်နာရီလောက်မှာ ချောင်းတပာွတ်ပာွတ် ဆိုးပြီး နိုးလာတတ်လား။ အမြဲဖြစ်နေတတ်ရင်တော့ အကျိုးအကြောင်းလေးတွေ စဉ်းစားဖို့ လိုအပ်လာပါပြီ။
အိပ်ရေးပျက်လောက်အောင် ကလေးကို နိုးလာစေပြီး ချောင်းဆိုးစေတဲ့ အကြောင်းရင်းတွေက ဘာတွေကြောင့် ဖြစ်တတ်တာလဲ။
● မကောင်းတဲ့ လှုံဆော်မှုတစ်ခုခုရှိတဲ့အခါ နှာခေါင်းကနေ အကျိအချွဲတွေများများ ထွက်လာပါတယ်။ ဒီအရည်တွေဟာ နေ့ခင်းဘက်တွေမှာလည်း ထွက်ပေမယ့် သိပ်မသိသာဘဲ ညပိုင်း ပက်လက်အိပ်နေစဉ်မှာ လည်ချောင်းထဲကို တစက်စက် ကျလာပါတယ်။ အဲလိုကျလာတဲ့အခါ လည်ချောင်းထဲမှာ ယားလာပြီး တဟွတ်ဟွတ် ချောင်းဆိုးလာကာ အိပ်ရာကနေ နိုးလာပါတယ်။ အဲဒါကို သက်သာချင်ရင်တော့ ညဦးပိုင်းကတည်းက ရောင်ရမ်းတာ သက်သာတဲ့ဆေးတွေ ဓာတ်မတည့်လှုံ့ဆော်ပစ္စည်းတွေကို တားဆီးတဲ့ ဆေးဝါးတွေ သောက်သုံးကုသထားရမှာ ဖြစ်ပါတယ်။
● ဖုန်တွေ၊ အမှုန်တွေအပြည့်နဲ့ သန့်ရှင်းမှုမရှိတဲ့နေအိမ်၊ အိပ်ခန်းမှာ အိပ်စက်ရသူတွေ အနေနဲ့ ဖုန်တွေ၊ အမှုန်တွေဟာ လေပြွန်ကို လှုံ့ဆော်တဲ့အတွက် မနက်စောစော ရင်ကြပ် ချောင်းဆိုးတတ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် တံခါးတွေကို ဖွင့်လှစ်ပြီး ဆိုဖာတွေ၊ ကော်ဇောတွေကို အပြင်ထုတ်ခါပစ်ပါ။ ပန်ကာလေ အားပြင်းပြင်းဖွင့်ပြီး ဖုန်တွေကို လွင့်စင် သန့်ရှင်းစေသင့်ပါတယ်။
● လေပြွန်ရောင်ရောဂါကြောင့် ညပိုင်းမှာ လေပြွန်တွေထဲမှာ ချွဲတွေအရည်တွေ တဖြည်းဖြည်း စုလာပြီး မနက်စောစောမှာ ချောင်းထဆိုးလာပါတယ်။
Solmux Kids 1

မနက်စောစော ချောင်းထဆိုးတတ်ရင် ယေဘုယျအနေနဲ့ ဒါလေးတွေကိုု လိုက်နာပြီး ကလေးတွေကိုု လုုပ်ပေးပါ။
♦ ရေများများတိုုက်ပါ။ ရေများများသောက်ခြင်းဖြင့် သလိပ်ကျေပျက်နှုန်း မြန်ဆန်စေပါတယ်။
♦ အခန်းတွင်းမှာ ရေငွေ့လွှတ်စက်လေးတွေ ထားပါ။ Humidifier လို့ခေါ်ပြီး စူပါမားကတ်တွေမှာ ဝယ်လို့ရပါတယ်။
♦ ခေါင်းအုံး အနည်းငယ် မြင့်သိပ်ပါ။
♦ အသက် ၁ နှစ်အထက် ကလေးဆိုုရင် အိပ်ရာမဝင်ခင် ပျားရည် တစ်ဇွန်းနဲ့ ရေနွေးနွေးလေး တစ်ဖန်ခွက် တိုုက်ကျွေးပါ။ ချွဲကြေစေပါတယ်။ ပျားရည်က အသက် ၁ နှစ်အောက် ကလေးတွေကိုု လုုံးဝ တိုုက်လိုု့မရပါ။
♦ ဆေးအနေနဲ့ ချွဲကြေဆေး၊ ပူရှိန်းငုံဆေးလေးတွေကိုု မအိပ်ခင် ငုံသင့်၊ သောက်သုံးထားသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Solmux Kids 2

(Zawgyi)
ကေလးေတြ ေန႔စဥ္ မနက္အေစာ ၂ နာရီနဲ႔ ၃ နာရီၾကား သို႔မဟုတ္ မနက္ေျခာက္နာရီေလာက္မွာ ေခ်ာင္းတပာြတ္ပာြတ္ ဆိုးၿပီး နိုးလာတတ္လား။ အျမဲျဖစ္ေနတတ္ရင္ေတာ့ အက်ိဳးအေၾကာင္းေလးေတြ စဥ္းစားဖို႔ လိုအပ္လာပါၿပီ။
အိပ္ေရးပ်က္ေလာက္ေအာင္ ကေလးကို နိုးလာေစၿပီး ေခ်ာင္းဆိုးေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြေၾကာင့္ ျဖစ္တတ္တာလဲ။
● မေကာင္းတဲ့ လႈံေဆာ္မႈတစ္ခုခုရွိတဲ့အခါ ႏွာေခါင္းကေန အက်ိအခၽြဲေတြမ်ားမ်ား ထြက္လာပါတယ္။ ဒီအရည္ေတြဟာ ေန႔ခင္းဘက္ေတြမွာလည္း ထြက္ေပမယ့္ သိပ္မသိသာဘဲ ညပိုင္း ပက္လက္အိပ္ေနစဥ္မွာ လည္ေခ်ာင္းထဲကို တစက္စက္ က်လာပါတယ္။ အဲလိုက်လာတဲ့အခါ လည္ေခ်ာင္းထဲမွာ ယားလာၿပီး တဟြတ္ဟြတ္ ေခ်ာင္းဆိုးလာကာ အိပ္ရာကေန နိုးလာပါတယ္။ အဲဒါကို သက္သာခ်င္ရင္ေတာ့ ညဦးပိုင္းကတည္းက ေရာင္ရမ္းတာ သက္သာတဲ့ေဆးေတြ ဓာတ္မတည့္လႈံ႔ေဆာ္ပစၥည္းေတြကို တားဆီးတဲ့ ေဆးဝါးေတြ ေသာက္သုံးကုသထားရမွာ ျဖစ္ပါတယ္။
● ဖုန္ေတြ၊ အမႈန္ေတြအျပည့္နဲ႔ သန႔္ရွင္းမႈမရွိတဲ့ေနအိမ္၊ အိပ္ခန္းမွာ အိပ္စက္ရသူေတြ အေနနဲ႔ ဖုန္ေတြ၊ အမႈန္ေတြဟာ ေလႁပြန္ကို လႈံ႔ေဆာ္တဲ့အတြက္ မနက္ေစာေစာ ရင္ၾကပ္ ေခ်ာင္းဆိုးတတ္ပါတယ္။ တစ္ပတ္ကို ႏွစ္ႀကိမ္ခန႔္ တံခါးေတြကို ဖြင့္လွစ္ၿပီး ဆိုဖာေတြ၊ ေကာ္ေဇာေတြကို အျပင္ထုတ္ခါပစ္ပါ။ ပန္ကာေလ အားျပင္းျပင္းဖြင့္ၿပီး ဖုန္ေတြကို လြင့္စင္ သန႔္ရွင္းေစသင့္ပါတယ္။
● ေလႁပြန္ေရာင္ေရာဂါေၾကာင့္ ညပိုင္းမွာ ေလႁပြန္ေတြထဲမွာ ခၽြဲေတြအရည္ေတြ တျဖည္းျဖည္း စုလာၿပီး မနက္ေစာေစာမွာ ေခ်ာင္းထဆိုးလာပါတယ္။
မနက္ေစာေစာ ေခ်ာင္းထဆိုးတတ္ရင္ ေယဘုယ်အေနနဲ႔ ဒါေလးေတြကိုု လိုက္နာၿပီး ကေလးေတြကိုု လုုပ္ေပးပါ။
♦ ေရမ်ားမ်ားတိုုက္ပါ။ ေရမ်ားမ်ားေသာက္ျခင္းျဖင့္ သလိပ္ေက်ပ်က္ႏႈန္း ျမန္ဆန္ေစပါတယ္။
♦ အခန္းတြင္းမွာ ေရေငြ႕လႊတ္စက္ေလးေတြ ထားပါ။ Humidifier လို႔ေခၚၿပီး စူပါမားကတ္ေတြမွာ ဝယ္လို႔ရပါတယ္။
♦ ေခါင္းအုံး အနည္းငယ္ ျမင့္သိပ္ပါ။
♦ အသက္ ၁ ႏွစ္အထက္ ကေလးဆိုုရင္ အိပ္ရာမဝင္ခင္ ပ်ားရည္ တစ္ဇြန္းနဲ႔ ေရေႏြးေႏြးေလး တစ္ဖန္ခြက္ တိုုက္ေကၽြးပါ။ ခၽြဲေၾကေစပါတယ္။ ပ်ားရည္က အသက္ ၁ ႏွစ္ေအာက္ ကေလးေတြကိုု လုုံးဝ တိုုက္လိုု႔မရပါ။
♦ ေဆးအေနနဲ႔ ခၽြဲေၾကေဆး၊ ပူရွိန္းငုံေဆးေလးေတြကိုု မအိပ္ခင္ ငုံသင့္၊ ေသာက္သုံးထားသင့္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























