/
news/ကလေးများနှင့်ကျန်းမာရေး/မိခင်နို့နဲ့-ဓာတ်မတည့်သော-မွေးကင်းစကလေးများ

မိခင်နို့နဲ့ ဓာတ်မတည့်သော မွေးကင်းစကလေးများ

Category
ကလေးများနှင့်ကျန်းမာရေး

(Zawgyi)

    ကေလးတစ္ေယာက္မွာ အေမ့ႏို႔နဲ႔ ဓာတ္မတည့္ဘူးဆိုတာ အလြန္ရွားပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ အေမ့ႏို႔ကို မခံနိုင္တာ၊ ဓာတ္မတည့္တာမ်ိဳးေတြ ျဖစ္ေပၚလာတတ္ပါတယ္။ အမ်ားစုမွာေတာ့ အေမစားေသာက္ပံုကို ျပင္လုိက္တဲ့ာခါ ျပန္ေကာင္းသြားတတ္ၾကပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံ ရွားရွားပါးပါး အေမ့ႏို႔ကုိ ေကာင္းေကာင္းမေခ်ဖ်က္နိုင္တဲ့ ေရာဂါရွိေနတတ္ၾကပါတယ္။

>>    အေမ့ႏို႔နဲ႔ ဓာတ္မတည့္ပစၥည္းမ်ား
    ကေလးဟာ အေမစားတဲ့ အစားအေသာက္ေတြေၾကာင့္ အေမ့ႏို႔ကို ဓာတ္မတည့္ ျဖစ္တတ္ပါတယ္။ အမ်ားဆံုးျဖစ္ေလ့ရွိတာကေတာ့ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ားပဲ ျဖစ္ပါတယ္။ ကေလး ၂% မွ ၃% ခန္႔ဟာ ႏို႔မွာပါတဲ့ casein ပ႐ိုတင္းကို ဓာတ္မတည့္ျဖစ္တတ္ၿပီး ေလပြျခင္း၊ ဗိုက္နာျခင္း၊ ပါးစပ္နဲ႔ စအိုတစ္ဝိုက္မွာ အနီကြက္ထျခင္း၊ ဝမ္းေလွ်ာျခင္းနဲ႔ ဂ်ီက်ေနျခင္းမ်ား ျဖစ္ေလ့ရွိပါတယ္။ ကေလးနဲ႔ ဓာတ္မတည့္တတ္တဲ့ အျခားအစားအစာမ်ားကေတာ့ ေျမပဲနဲ႔ ပဲႏို႔တို႔ပဲ ျဖစ္ပါတယ္။

>>    ဓာတ္မတည့္ျခင္းအတြက္
    အေကာင္းဆံုးေသာ ေျဖရွင္းနည္းကေတာ့ ျဖစ္ေလ့ရွိတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ျခင္းပဲ ျဖစ္ပါတယ္။ ႏို႔ထြက္ပစၥည္းေတြေၾကာင့္ ျဖစ္တတ္တဲ့ ဓာတ္မတည့္မႈေတြမွာ ႏို႔၊ ခ်ိစ္၊ ဒိန္ခ်ဥ္၊ ေရခဲမုန္႔၊ ေထာပတ္နဲ႔ အျခားႏို႔ထြက္ပစၥည္းေတြကို ေရွာင္ၾကဥ္ရပါမယ္။ ဒီလိုေရွာင္ၾကဥ္ၿပီးေနာက္ ၂ ပတ္မွ ၄ ပတ္အၾကာမွာ ကေလးရဲ႕ေရာဂါလကၡဏာေတြ သက္သာလာပါတယ္။ မလြဲသာတဲ့အျဖစ္ကလြဲလို႔ အေမ့ႏို႔ကို လံုးဝမျဖတ္သင့္ပါဘူး။ ကေလးရဲ႕ ပထမအသက္ ၆ လအတြင္းမွာ ႀကီးထြားမႈကို အေထာက္အပံ့ျပဳတဲ့ အာဟာဓာတ္ေတြ အကုန္လံုးဟာ အေမ့ႏို႔ထဲမွာ ျပည့္ဝစြာပါဝင္ပါတယ္။ ကေလးအသက္ ၆ လေက်ာ္ရင္ေတာ့ ဓာတ္မတည့္တာ နည္းသြားတဲ့အတြက္ အေမဟာ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ျပန္စားနိုင္ပါၿပီ။

Ceelin 1

>>    Lactose ဓာတ္ကို မတည့္ျခင္း
    ေမြးကင္းစေတြမွာ ေတြ႕ႀကံဳတတ္တဲ့ ဓာတ္မတည့္မႈတစ္မ်ိဳးကေတာ့ ႏို႔ထဲမွာပါတဲ့ အခ်ိဳဓာတ္ Lactose ပဲျဖစ္ပါတယ္။ Lactose အခ်ိဳဓာတ္ဟာ အေမ့အစားအစာေတြကတစ္ဆင့္ အေမ့ႏို႔ထဲ ပါလာတာျဖစ္ပါတယ္။ ကေလးကိုယ္ထဲမွာ lactose ကို ေခ်ဖ်က္ဖို႔ လိုအပ္တဲ့ဓာတ္ ျပည့္ဝလံုေလာက္စြာ မပါဝင္တဲ့အတြက္ ျဖစ္ေလ့ရွိပါတယ္။ ယာယီျဖစ္စဥ္မ်ွသာျဖစ္တဲ့အတြက္ အေမ့ႏို႔ ဆက္တိုက္နိုင္ၿပီး အေမကိုယ္တိုင္လည္း ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ားကို ဆက္လက္စားသံုးနိုင္ပါတယ္။ တစ္ခါတစ္ရံ ရွားရွားပါးပါး မ်ိဳး႐ိုးလိုက္ေရာဂါရွိသူကေလးေတြမွာ lactose အစာေခ်အင္ဇိုင္းဓာတ္ကိုပါ အေမ့ႏို႔နဲ႔ ေရာတိုက္ရတတ္ပါတယ္။

>>    Galactose ဓာတ္မတည့္ျခင္း
    အေမ့ႏို႔ အခ်ိဳဓာတ္ျဖစ္တဲ့ Galactose ကို ဓာတ္မတည့္ျခင္း ျဖစ္ပါတယ္။ ကေလးရဲ႕အသည္းက ဒီ Galactose အခ်ိဳဓာတ္ကို မၿဖိဳခြဲနိုင္တဲ့အတြက္ ျဖစ္ေလ့ရွိပါတယ္။ ပ်ိဳ႕အန္တာ၊ ဝမ္းသြားတာ၊ ႀကီးထြားမႈႏႈန္း နည္းတာနဲ႔ ေမြးၿပီးရက္ အနည္းငယ္အတြင္း အသားဝါၿပီး လာေလ့ရွိပါတယ္။ ဒီလိုကေလးေတြမွာ ႐ိုး႐ိုးႏို႔ တိုက္လို႔မရတတ္ပါဘူး။ Galactose မပါဝင္တဲ့ အထူးႏို႔တစ္မ်ိဳးကိုသာ တိုက္ရပါမယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin 2

(Unicode)

    ကလေးတစ်ယောက်မှာ အမေ့နို့နဲ့ ဓာတ်မတည့်ဘူးဆိုတာ အလွန်ရှားပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အမေ့နို့ကို မခံနိုင်တာ၊ ဓာတ်မတည့်တာမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အများစုမှာတော့ အမေစားသောက်ပုံကို ပြင်လိုက်တဲ့ာခါ ပြန်ကောင်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ရှားရှားပါးပါး အမေ့နို့ကို ကောင်းကောင်းမချေဖျက်နိုင်တဲ့ ရောဂါရှိနေတတ်ကြပါတယ်။

>>    အမေ့နို့နဲ့ ဓာတ်မတည့်ပစ္စည်းများ
    ကလေးဟာ အမေစားတဲ့ အစားအသောက်တွေကြောင့် အမေ့နို့ကို ဓာတ်မတည့် ဖြစ်တတ်ပါတယ်။ အများဆုံးဖြစ်လေ့ရှိတာကတော့ နို့နဲ့နို့ထွက်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ကလေး ၂% မှ ၃% ခန့်ဟာ နို့မှာပါတဲ့ casein ပရိုတင်းကို ဓာတ်မတည့်ဖြစ်တတ်ပြီး လေပွခြင်း၊ ဗိုက်နာခြင်း၊ ပါးစပ်နဲ့ စအိုတစ်ဝိုက်မှာ အနီကွက်ထခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဂျီကျနေခြင်းများ ဖြစ်လေ့ရှိပါတယ်။ ကလေးနဲ့ ဓာတ်မတည့်တတ်တဲ့ အခြားအစားအစာများကတော့ မြေပဲနဲ့ ပဲနို့တို့ပဲ ဖြစ်ပါတယ်။

>>    ဓာတ်မတည့်ခြင်းအတွက်
    အကောင်းဆုံးသော ဖြေရှင်းနည်းကတော့ ဖြစ်လေ့ရှိတဲ့ အစားအစာတွေကို ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်မတည့်မှုတွေမှာ နို့၊ ချိစ်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ထောပတ်နဲ့ အခြားနို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီလိုရှောင်ကြဉ်ပြီးနောက် ၂ ပတ်မှ ၄ ပတ်အကြာမှာ ကလေးရဲ့ရောဂါလက္ခဏာတွေ သက်သာလာပါတယ်။ မလွဲသာတဲ့အဖြစ်ကလွဲလို့ အမေ့နို့ကို လုံးဝမဖြတ်သင့်ပါဘူး။ ကလေးရဲ့ ပထမအသက် ၆ လအတွင်းမှာ ကြီးထွားမှုကို အထောက်အပံ့ပြုတဲ့ အာဟာဓာတ်တွေ အကုန်လုံးဟာ အမေ့နို့ထဲမှာ ပြည့်ဝစွာပါဝင်ပါတယ်။ ကလေးအသက် ၆ လကျော်ရင်တော့ ဓာတ်မတည့်တာ နည်းသွားတဲ့အတွက် အမေဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပြန်စားနိုင်ပါပြီ။

>>    Lactose ဓာတ်ကို မတည့်ခြင်း
    မွေးကင်းစတွေမှာ တွေ့ကြုံတတ်တဲ့ ဓာတ်မတည့်မှုတစ်မျိုးကတော့ နို့ထဲမှာပါတဲ့ အချိုဓာတ် Lactose ပဲဖြစ်ပါတယ်။ Lactose အချိုဓာတ်ဟာ အမေ့အစားအစာတွေကတစ်ဆင့် အမေ့နို့ထဲ ပါလာတာဖြစ်ပါတယ်။ ကလေးကိုယ်ထဲမှာ lactose ကို ချေဖျက်ဖို့ လိုအပ်တဲ့ဓာတ် ပြည့်ဝလုံလောက်စွာ မပါဝင်တဲ့အတွက် ဖြစ်လေ့ရှိပါတယ်။ ယာယီဖြစ်စဉ်မျှသာဖြစ်တဲ့အတွက် အမေ့နို့ ဆက်တိုက်နိုင်ပြီး အမေကိုယ်တိုင်လည်း နို့နဲ့ နို့ထွက်ပစ္စည်းများကို ဆက်လက်စားသုံးနိုင်ပါတယ်။ တစ်ခါတစ်ရံ ရှားရှားပါးပါး မျိုးရိုးလိုက်ရောဂါရှိသူကလေးတွေမှာ lactose အစာချေအင်ဇိုင်းဓာတ်ကိုပါ အမေ့နို့နဲ့ ရောတိုက်ရတတ်ပါတယ်။

>>    Galactose ဓာတ်မတည့်ခြင်း
    အမေ့နို့ အချိုဓာတ်ဖြစ်တဲ့ Galactose ကို ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ ကလေးရဲ့အသည်းက ဒီ Galactose အချိုဓာတ်ကို မဖြိုခွဲနိုင်တဲ့အတွက် ဖြစ်လေ့ရှိပါတယ်။ ပျို့အန်တာ၊ ဝမ်းသွားတာ၊ ကြီးထွားမှုနှုန်း နည်းတာနဲ့ မွေးပြီးရက် အနည်းငယ်အတွင်း အသားဝါပြီး လာလေ့ရှိပါတယ်။ ဒီလိုကလေးတွေမှာ ရိုးရိုးနို့ တိုက်လို့မရတတ်ပါဘူး။ Galactose မပါဝင်တဲ့ အထူးနို့တစ်မျိုးကိုသာ တိုက်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)