မွေးကင်းစကလေးငယ်များတွင် ဖြစ်လေ့ရှိသော အသားဝါရောဂါအကြောင်း
မွေးကင်းစကလေးငယ်တွေကို ပြုစုစောင့်ရှောက်သူအနေနဲ့ အနီးကပ် သေချာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အဓိက သေချာစောင့်ကြည့်ရမယ့် အချက်တစ်ချက်ကတော့ အသားဝါပဲ ဖြစ်ပါတယ်။ မွေးကင်းစကလေးအများစုမှာ အသားဝါတတ်တာ ပုံမှန်ပဲဖြစ်ပေမယ့်လည်း ပုံမှန်ထက် ပိုလာပြီဆိုရင်တော့ ကုသမှုအဆင့်ဆင့် လိုအပ်ပါတယ်။
>> မွေးကင်းစကလေးငယ်တွေမှာ ဖြစ်လေ့ရှိသော အသားဝါ
ကလေးမွေးပြီး ၂-၃ ရက်သား အရွယ်မှာ အသားဝါတာကို အသားဝါတယ်လို့ ခေါ်ပါတယ်။ အသားဝါတာကို အရေပြားနဲ့ မျက်လုံးရဲ့ အဖြူသားမှာ ကြည့်ပါတယ်။ ဒါက ကလေးရဲ့သွေးထဲမှာ bilirubin တွေ မြင့်တက်လို့ ဖြစ်ပါတယ်။ အသားဝါတာက မျက်နှာမှာ အရင်စပြီး နောက် ကိုယ်လုံးမှ ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်မောင်းနဲ့ ခြေထောက်ဆီကို ရွေ့သွားပါတယ်။
အသားဝါတာက သဘာဝအလင်းရောင်အောက်မှာ ကြည့်ရင် အကောင်းဆုံးဖြစ်ပြီး အသားအရေ မည်းနက်တဲ့ကလေးတွေမှာဆိုရင် ခွဲခြားရ ခက်ပါတယ်။ အသားဝါတယ်လို့ သံသယရှိတာနဲ့ ကလေးရဲ့သွေးထဲက bilirubin ပမာဏကို စစ်ဆေးရပါမယ်။
Ceelin 1
>> ဘာကြောင့် အသားဝါရသလဲ?
အဖြစ်များဆုံး အသားဝါအမျိုးအစားကတော့ ဇီဝကမ္မသဘောအရ အသားဝါခြင်းဖြစ်ပြီး မွေးကင်းစကလေး ၆၀% လောက်က သူတို့ရဲ့ ပထမ ၇ ရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ဒါက bilirubin မြင့်တက်လို့ဖြစ်တာဖြစ်ပြီး bilirubin ဆိုတာကတော့ သွေးနီဥတွေ ပုံမှန်ပြိုကွဲတဲ့ဖြစ်စဉ်အတွင်းမှာ ထွက်လာတာဖြစ်ပြီး အသည်းကနေပြီး စွန့်ထုတ်ပေးပါတယ်။
ကလေးရဲ့အသည်းက သွေးထဲက bilirubin တွေကို စွန့်ထုတ်ပေးဖို့အတွက် လုံလောက်စွာ အစွမ်းမရှိသေးတဲ့အတွက် အသားဝါရပါတယ်။ ကလေး ကြီးလာပြီး သွေးနီဆဲလ်ပမာဏ နည်းသွားတဲ့အခါမှာ ကလေးအပေါ်မှာ ဘာအကျိုးသက်ရောက်မှှုမှမရှိဘဲ အသားဝါတာ ပျောက်သွားပါလိမ့်မယ်။ ဒါက ကလေးမွေးပြီး ၁-၂ ပတ်လောက်မှာ ဖြစ်ပွားပါတယ်။
အသားဝါစေတဲ့ အခြားအကြောင်းအရင်းတွေကတော့ -
● ကလေးရဲ့သွေးနဲ့ အမေရဲ့သွေး ဓာတ်မတည့်ခြင်းကြောင့် သွေးနီဥတွေကနေ bilirubin ထွက်တာ များစေပါတယ်။
● လမစေ့ဘဲ မွေးခြင်း
● သွေးခဲခြင်းဆိုင်ရာပြဿနာများ (သို့) အခြားသွေးပြဿနာများကဲ့သို့သော ကျန်းမာရေးအခြေအနေများ
● ကလေးမွေးဖွားစဉ်မှာ အလွန်အကျွံ ညိုမည်းစွဲခြင်း
● မိခင်နို့တိုက်ရာတွင် အခက်အခဲများ ရှိခြင်း
>> အသားဝါရောဂါ၏ လက္ခဏာများ
လက္ခဏာတွေကတော့ အသားနှင့် မျက်လုံးများဝါခြင်း ဖြစ်ပါတယ်။ အသားဝါတာ အရမ်းပြင်းထန်ပါက ကလေးက အရမ်းအိပ်နေပြီး နို့တိုက်ရ ခက်ပါတယ်။
>> အသားဝါတာ အန္တရာယ် ရှိပါသလား?
အသားဝါတာကို ကုသမှု မခံယူဘဲနဲ့ bilirubin က 25 mg ထက် ပိုများပါက ဦးနှောက်လေဖြတ်ခြင်း၊ နားမကြားခြင်းနဲ့ အချို့သော ဦးနှောက်ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အသားဝါတာ တစ်ခုတည်းက ကလေးအတွက် အန္တရာယ်မရှိပေမယ့်လည်း ဒါက အခြားရောဂါတွေရဲ့ လက္ခဏာဖြစ်တယ်ဆိုရင်တော့ ပြဿနာ ရှိပါတယ်။
သိပ်မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ကလေးက အရမ်းအိပ်တာဖြစ်ပြီး ဒီအခါမှာ ကလေး ကောင်းကောင်း နို့မစို့တော့တဲ့အတွက် အသားဝါတာကို ပိုဆိုးစေပါတယ်။
Ceelin 2
>> အသားဝါရောဂါကို ဘယ်လိုကုသမလဲ?
ကျန်းမာပြီး လစေ့မွေးတဲ့ ကလေးအများစုမှာ အသားဝါတာက ကုသစရာမလိုဘဲနဲ့ သူ့အလိုလို ပျောက်ကင်းသွားလေ့ ရှိပါတယ်။ မကြာခဏ နို့တိုက်ပေးနေဖို့ပဲ လိုပါတယ်။ ကလေးရဲ့သွေးထဲမှာရှိတဲ့ bilirubin ပမာဏ၊ ကလေးအသက် စတာတွေအပေါ် မူတည်ပြီး ကုသမှုအမျိုးမျိုး ရှိပါတယ်။
အသားဝါရောဂါ ကုထုံးတွေကတော့ -
● ဝမ်းမကြာခဏ သွားစေဖို့အတွက် နို့မကြာခဏ တိုက်ပေးပါ။ ဝမ်းသွားခြင်းက ခန္ဓာကိုယ်ထဲရှိ bilirubin တွေကို စွန့်ထုတ်ဖို့အတွက် အထောက်အကူ ပြုပါတယ်။
● အလင်းပြခြင်း - ဒါကတော့ အလင်းပြပြီး ကလးရဲ့အရေပြားက bilirubin တွေကို ဖြိုခွဲတာပါ။
● အချို့သော ကျန်းမာရေး စောင့်ရှောက်သူတွေက ကလေးကို နေရောင်ခြည် သွယ်ဝိုက်ရရှိစေတဲ့ ပြတင်းပေါက်နားမှာထားခြင်းက အပျော့စား အသားဝါခြင်းအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။
● အသားဝါရောဂါ အရမ်းပြင်းထန်တယ် ဆိုရင်တော့ သွေးသွင်းခြင်း (သို့) သွေးလဲ ကုသတဲ့ ကုထုံးတွေ ခံယူဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
>> အသားဝါရောဂါ၏ လက်ခဏာမြား
>> အသားဝါတာ အန်တရာယျ ရှိပါသလား?
Dr. Mya Myo Myo Swe (www.drmyanmar.com)





























