/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့-မျက်စိစောင်းနေလား

သားသားမီးမီးတို့ မျက်စိစောင်းနေလား

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးငယ်အများအပြားက မျက်စိစွေတတ်ကြပေမယ့် ကြီးလာရင် ပြန်ကောင်းသွားတတ်ပါတယ်။ မျက်စိစွေတဲ့အခါ မျက်လုံးတစ်ဖက်မှာ အမြင်အာရုံ အားနည်းတတ်ပါတယ်။ ကလေးအသက် ၆ လရောက်တဲ့အထိ တစ်ချိန်လုံး မျက်စိစွေနေရင် (သို့) ကလေးအသက် ၄ နှစ်အရွယ်မှာ တစ်ခါတလေ မျက်စိစွေပြီးတော့ ကလေး အမြင်အာရုံ အားနည်းတယ်လို့ထင်ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုပါတယ်။

          မွေးကင်းစကလေးငယ်တွေရဲ့ 15% လောက်က မျက်စိစွေတတ်ပြီးတော့ အသက် ၁ နှစ်မတိုင်ခင်မှာ သူ့ဘာသာသူ ပြန်ကောင်းသွားတတ်ပါတယ်။ ဒီကလေးတွေရဲ့ ၄% လောက်ကသာပဲ အသက် ၄ နှစ်အရွယ်မှာ မျက်စီစွေတတ်ပါတယ်။ မျက်စိစွေတာကို မကုဘဲထားရင် မျက်လုံးတစ်ဖက်မှာ အမြင်အာရုံ အားနည်းပါလိမ့်မယ်။ ပြီးတော့နောက်ပိုင်းမှာ မတော်တဆတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် တခြားမျက်လုံးတစ်ဖက် ပျက်စီးသွားရင် ၂ ဖက်လုံး အမြင်အာရုံ ဆုံးရှုံးသွားနိုင်ပါတယ်။

          မျက်လုံးရဲ့ လမ်းညွှန်ချက်တွေ ညီနေစေဖို့အတွက် မျက်လုံးလှုပ်ရှားမှုတွေကို ကြွက်သား ၆ ခုနဲ့ ထိန်းထားပါတယ်။ ဒီကြွက်သားတွေ သေသွားရင် မျက်လုံးစွေတတ်ပေမယ့် ဒါကအရမး်ရှားပါတယ်။ အဖြစ်များဆုံး အကြောင်းအရင်းကတော့ မျိုးရိုးလိုက်တာပါ။ မိသားစုထဲမှာ မျက်စိစွေတာရှိရင် ကလေးမွေးလာလို့ မျက်စီစွေရင်လည်း ဂရုစိုက်ပြီး စစ်ဆေးဖို့လိုပါတယ်။

          သိသိသာသာမျက်စိစွေတာက တန်းသိနိုင်ပေမယ့် မသိမသာလေး စွေတာက မိဘတွေကို သိဖို့ခက်စေပါတယ်။ တချို့ကလေးတွေက တစ်ချိန်လုံး မျက်စိစွေနေတတ်ပြီးတော့ တချို့ကျတော့ တစ်ခါတစ်လေမှ စွေတတ်ပါတယ်။

          မျက်စိစွေတဲ့အခါမှာ ပြဿနာအနေနဲ့ နှစ်ထပ်တွေမြင်တတ်ပါတယ်။ ကလေးက ဒီလိုနှစ်ထပ်မြင်တာတွေက အနှောက်အယှက် ဖြစ်လာတဲ့အခါမှာ စွေနေတဲ့မျက်စိနဲ့ လုံးဝမကြည့်တော့ဘဲ ထားတတ်ပါတယ်။ ဒီလိုမျက်လုံးတစ်ဖက် မသုံးတာ ကြာလာတဲ့အခါမှာ အမြင်အာရုံကို ထိခိုက်လာပါတယ်။ ဒါကို အချိန်မီ ပြန်မပြင်နိုင်ဘူးဆိုရင် ဒီမျက်လုံးရဲ့ အမြင်အာရုံက သိသိသာသာ ကျသွားပြီးတော့ မျက်လုံးတစ်ဖက် ကွယ်တဲ့အထိ ဖြစ်စေနို်င်ပါတယ်။

          ဆရာဝန်ကိုပြတဲ့အခါမှာ အသုံးမပြုဘဲထားတဲ့မျက်လုံးကို ပြန်သုံးဖို့အတွက် ကုထုံးတွေပေးပါလိမ့်မယ်။ ကလေးအသက် ၆ နှစ်အထိ ပြန်ပြင်လို့ရပါသေးတယ်။ အသက် ၇ နှစ်ကျော်သွားရင်တော့ ပြန်ပြင်ဖို့ တော်တော်ခက်သွားပြီးတော့ အမြင်အာရုံတစ်ဖက်ကို ဆုံးရှုံးရပါလိမ့်မယ်။

          ဒီလိုမျိုး မျက်လုံးတစ်ဖက်ကို သုံးအောင်ပြန်ပြင်ပြီးပြီး ဆိုရင်တော့ စောင်းနေတာကို ပြန်တည့်ရပါမယ်။ မျက်မှန်တပ်တာ၊ မျက်မှန်တပ်တာနဲ့ ခွဲစိတ်မှု နှစ်ခုပေါင်းပြီးတော့ ကုသဖို့လိုပါတယ်။

          မျက်စိစောင်းတာကို သောက်ဆေးနဲ့ ကုလို့မရပါဘူး။

 

>>    မိဘတွေအနေနဲ့ ဘာလုပ်ရမလဲ?

          ကိုယ့်ရဲ့ကလေးကို ဆရာဝန်နဲ့ ပြသပြီးတော့ စစ်ဆေးဖို့ လိုပါတယ်။

          ကလေးအသက် ၆ လကျော်တဲ့အထိ မျက်စိစွေနေတယ်ဆိုရင် ဆရာဝန်ပြပါ။ ကလေးအသက် ၄ နှစ်မှာ တစ်ခါတလေ မျက်စိစွေပြီးတော့ အမြင်အာရုံ အားနည်းတယ်လို့ထင်ရင် ဆရာဝန်ပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)