/
news/ကလေးများနှင့်ကျန်းမာရေး/သားသားလေးတို့ရဲ့-လိင်တံအရေပြားထိပ်ကို-ဘယ်လိုသန့်ရှင်းပေးကြမလဲ

သားသားလေးတို့ရဲ့ လိင်တံအရေပြားထိပ်ကို ဘယ်လိုသန့်ရှင်းပေးကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          တစ်​ချို့မိဘ​တွေဟာ သား​ယောကျၤား​လေး​မွေးလာတာနဲ့ လိင်​တံထိပ်​အ​ရေပြား​မြှေးကို ဖြတ်​​တောက်​ပစ်​​လေ့ရှိ​ပေမယ်​့ တစ်​ချို့မိဘ​တွေက​တော့ မဖြတ်​ပစ်​တတ်​ပါဘူး။ ဒီအ​ရေပြား​မြှေး​လေး​ဟာ လိင်​တံထိပ်​ကို ဖုံးအုပ်​​ပေးထားပါတယ်​။ မဖြတ်​ထားတဲ့က​လေး​တွေမှာ ​နောက်​ဆက်​တွဲဆိုးကျိုး​တွေ မဖြစ်​ရ​လေ​အောင်​ အ​ရေပြားထိခိုက်​မှုနည်​းတဲ့ ဆပ်​ပြာနဲ့​ရေကိုသုံးကာ ​ဆေး​ကြော​ပေးသင်​့ပါတယ်​။ ဂွမ်​း​တွေ၊ သန်​့စင်​​ဆေးရည်​​တွေ​တော့သ​ုံးဖို့ မလိုပါဘူး။

Ceelin 1

          မွေးခါစက​လေး​တွေရဲ့ အ​ရေပြား​မြှေးကို ​နောက်​ပြန်​ဆွဲလှန်​လို့ မရ​သေးပါဘူး။ ဒါ​ကြောင်​့ ဖြည်​းဖြည်​းသက်​သာကိုင်​တွယ်​ပြီး ​နောက်​ကိုအတင်​းဆွဲမလှန်​မိ​စေဖို့ သတိထားပါ။ အတင်​းဆွဲလှန်​ခြင်​းက နာကျင်​​စေတာ၊ ပြဲသွား​စေတာ၊ ​သွေးထွက်​​စေတာမျိုး​တွေ ဖြစ်​​စေနိုင်​ပါတယ်​။

          က​လေးဆီးသွားစဉ်​မှာ ဒီအ​မြှေးပါးမှာ ဆီး​တွေနဲ့ ​ဘောလုံးကြီးလို​ဖောင်​းကားလာခဲ့ရင်​​ သို့မဟုတ်​ အ​မြှေးပါး ​နီရဲ၊ယားယံ၊​ရောင်​ရမ်​းလာခဲ့ရင်​ ဆရာဝန်​နဲ့ အလျင်​အမြန်​ တိုင်​ပင်​​ဆွေး​နွေးသင်​့ပါတယ်​။

Ceelin 2

          က​လေးကြီးလာတာနဲ့အမျှ ဒီအ​မြှေးပါးဟာ ကျင်​​ချောင်​းထိပ်​က​နေ တစ်​ဖြည်​းဖြည်​းကွာလာတတ်​ပါတယ်​။ ဒါ​ကြောင်​့ အ​မြှေးပါးကို ​နောက်​သို့အလွယ်​တကူဆွဲလှန်လာနိုင်​ပါတယ်​။ ဒီလိုဆွဲလှန်​လာနိုင်​တာနဲ့ အ​မြှေးပါး​အောက်​ကိုပါ ​သေချာ​ဆေး​ကြော​ပေးဖို့လိုပါတယ်​။ မေမေတို့ သိထားရမယ့် အချက်လေးတွေကတော့ -

• အ​မြှေးပါးကို တတ်​နိုင်​သမျှ ဖြည်​းညှင်​းစွာဆွဲလှန်​ပါ။

• အ​မြှေးပါး​အောက်​ကို ဆပ်​ပြာအ​ပျော့စားနဲ့ ​ရေနဲ့သုံးပြီး သန်​့ရှင်​းပါ။

• ​သေချာ​ဆေး​ကြောပြီး ​ခြောက်​​သွေ့​အောင်​ထားပါ။

 

          က​လေးကိုလည်း ​ကြီးလာတဲ့အချိန်​မှာအကျင်​့ဖြစ်​​နေ​အောင်​ ​သေ​သေချာချာ​လေ့ကျင်​့သင်​ကြား​ပေးထားသင်​့ပါတယ်​။

 

Dr. Emerald (www.drmyanmar.com)