အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအာရုံ ထိခိုက်သွားနိုင်တဲ့ အကြောင်းရင်းတွေ
၂၀၁၀ ခုနှစ် တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့ ကမ်ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ် အသုံးပြုခဲ့တဲ့ အားရပါးရ အသံထွက်အောင် မှုတ်ရတဲ့ လည်တံရှည်တူရိယာ ဝိစီတွေဟာ အသံလှိုင်းအင်အား ၁၂၀၀ ဒက်စီဘယ်ထိရှိပြီး ကြားရသူကို ဆယ်မိနစ်အတွင်း တစ်သက်တာ အကြားအာရုံ ထိခိုက်ဆုံးရှုံးစေပါသတဲ့။
လူငယ်တွေဟာ အခုခေတ်မှာ နားကြပ်၊ စပီကာ၊ ကေတီဗွီ၊ စတိတ်ရှိုးပွဲတွေ ပျော်ပွဲရွှင်ပွဲတွေကို မကြာခဏ သွားကြရင်း အလွန်ကျယ်လောင်တဲ့ အသံပမာဏကို ထိတွေ့နားဆင်ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအားရုံ ဆုတ်ယုတ်ဖွယ် ရှိနေပါတယ်။
နေ့စဉ် နားကြပ်တွေ၊ နားအုပ်ထားရတဲ့ အသံလုံနားကြပ်တွေကို ဆယ်မိနစ်ကနေ နာရီဝက်အတွင်း နေ့စဉ်နားဆင်မယ်ဆိုရင် နေ့လကြာလာတာနဲ့အမျှ အသံကြားနိုင်စွမ်း ထိခိုက်ပျက်ပြားလာပါတယ်။
MP3 တွေ၊ ဖုန်းတွေနဲ့ နားထောင်တဲ့အခါ Safe အတိုင်းအတာကို ဖုန်းက သတ်မှတ်ပြီး ပိုတင်မိတဲ့အခါ အမြဲသတိပေးလေ့ရှိပါတယ်။ အဲဒီထက် အနည်းငယ်တောင်လျှော့ပြီး နားထောင်သင့်ကြောင်း ပညာရှင်များက သတိပေးထားပါတယ်။
Nutroplex 1
နောက်တစ်မျိုးက ဆိုင်မှာ ခေါင်းလျှော်တာ ဝါသနာပါသူ အမျိုးသမီးလေးတွေပါ၊ ခေါင်းလျှော်ရည်ဆိုင်မှာ ခေါင်းလျှော်ရင်း နားဆေးတဲ့ အလေ့အထ ခေတ်စားနေပါတယ်။ ပြဿနာက နားဆေးရင်း ဂွမ်းလိပ်လေးတွေနဲ့ ထည့်သွင်းသန့်စင်တဲ့အခါ နားထဲက ဂွမ်းစတွေ ရေတွေ၊ အညစ်အကြေးတွေ ကျန်နေနိုင်ပါတယ်။ ဒါ့့အပြင် မကြာခဏ ရေဝင်တဲ့အခါ မူလရှိနေတဲ့ နားဖာချေးတွေ ပွတက်လာပြီး နားပေါက် ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးလေးတွေအနေနဲ့ ခေါင်းလျှော်တဲ့အခါ နားထဲကို ရေမဝင်စေဖို့ရယ်၊ မလိုအပ်ရင် နားဆေးတာ မပြုလုပ်ဖို့ရယ်တွေ ဖြစ်ပါတယ်။ ရေမသန့်လို့၊ ရေကျန်လို့၊ အခန့်မသင့်ဘဲ နားစည်ပိုးဝင်တဲ့အခါ ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအာရုံ ထိခိုက်နိုင်စွမ်း ရှိနေလို့ ဖြစ်ပါတယ်။
အသက််ငယ်ရွယ်စဉ်မှာ ရရှိနိုင်တဲ့ ဖြစ်သွားနိုင်တဲ့ နောက်ဆက်တွဲတွေကတော့ အများကြီးပါပဲ။ အကြားအာရုံဟာ ထိန်းသိမ်းရမယ့် အစိတ်အပိုင်း ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုခုကြောင့် တစ်သက်တာ နားအာရုံ ထိခိုက်တဲ့အခါ မိမိတစ်သက်လုံး ဒီဒုက္ခကို ခံသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နားကို တတ်နိုင်သလောက် ဂရုစိုက်ပေးပြီး ဆူညံသံတွေ၊ နားကြပ်တွေ ကျယ်ကျယ်လောင်လောင် ဂီတသံတွေနဲ့ တတ်နိုင်သလောက် ဝေးဝေးနေဖို့ ဖြစ်ပါတယ်။ နားထဲကို ရေမဝင်စေဖို့ရယ်၊ ကလစ်ကော်တာ၊ ထိုးသွင်းတာတွေကိုပါ ရှောင်ရှားခြင်းဖြင့် နားကို ဂရုတစိုက်ရှိသင့်ကြောင်း အကြံပြု ဆွေးနွေးလိုက်ပါတယ်နော်။
Nutroplex 2
(Unicode)






























