/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကိုယ္ဝန္လမေစ့ဘဲေမြးဖြားရျခင္းရဲ႕အေၾကာင္းအရင္းမ်ားႏွင့္လကၡဏာမ်ား၊

ကိုယ္ဝန္လမေစ့ဘဲေမြးဖြားရျခင္းရဲ႕အေၾကာင္းအရင္းမ်ားႏွင့္လကၡဏာမ်ား၊ ဘယ္လိုကာကြယ္ၾကမလဲ?

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

>> လမေစ့ဘဲေမြးတယ္ဆိုတာ ဘာလဲ

ကိုယ္ဝန္ ၃၇ ပတ္မတိုင္မီမွာ သားအိမ္ၾကံဳ႕ၿပီး သားအိမ္ေခါင္းအဝက်ယ္လာကာ ေမြးဖြားျခင္းကို လမေစ့ဘဲ ေမြးတယ္လို႔ေခၚပါတယ္။ အခ်ိန္အေပၚမူတည္ၿပီး အမ်ိဳးအစားေတြခြဲျခားႏိုင္ပါတယ္။

• ကိုယ္ဝန္ ၂၈ ပတ္မတိုင္မီ - အလြန္အမင္းလမေစ့

• ၂၈ ပတ္ - ၃၂ ပတ္         - အလြန္လမေစ့

• ၃၂ ပတ္ - ၃၇ ပတ္         - အတန္အသင့္လမေစ့

>> လမေစ့ဘဲကေလးေမြးရျခင္းရဲ႕အေၾကာင္းအရင္းေတြကဘာေတြလဲ?

1. အလိုအေလ်ာက္လမေစ့ဘဲေမြးဖြားျခင္း - ဒါကေတာ့ ဘာမွၾကိဳတင္စီစဥ္မႈမရွိဘဲနဲ႔ ကိုယ္ဝန္ ၃၇ ပတ္မတိုင္မီ ကေလးေမြးသြားျခင္းျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့ အေၾကာင္းအရင္းမွန္ကိုမသိရေပမယ့္ ေရာဂါပိုးဝင္ျခင္း (သို႔) ေရာင္ရမ္းျခင္းေတြက ဒါကိုအားေပးပါတယ္။

2. က်န္းမာေရးအေျခအေနအရလိုအပ္ေသာေၾကာင့္ လမေစ့ဘဲေမြးရျခင္း - ကိုယ္ဝန္ဆိပ္တက္ျခင္းကဲ့သို႔ေသာ အေျခအေနမ်ိဳးမွာ ဆရာဝန္က ေဆးသြင္းၿပီး ကိုယ္ဝန္ေစာေစာေမြးေစဖို႔ ညႊန္ၾကားပါတယ္။ သို႔ေသာ္လည္း ျဖစ္ႏိုင္ရင္ေတာ့ ကိုယ္ဝန္ကို လမေစ့ဘဲမေမြးေစဖို႔ တတ္ႏိုင္သမွ် အခ်ိန္ဆြဲၿပီး အျခားကုထံုးေတြနဲ႔ထိန္းထားေလ့ရွိပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ မိခင္ေရာ ကေလးကိုပါ အနီးကပ္ေစာင့္ၾကပ္ၾကည့္ရႈထားဖို႔လိုပါတယ္။ တကယ္လို႔ ကိုယ္ဝန္ကိုဆက္ထိန္းထားလို႔မရေတာ့ဘူး ေမြးဖို႔လိုအပ္လာၿပီဆိုရင္ေတာ့ ကေလးရဲ႕ကိုယ္တြင္းအဂၤါေတြရင့္သန္ဖို႔အတြက္ Steroid ေဆးထိုးေပးၿပီးမွ ေမြးဖြားေပးပါတယ္။

3. က်န္းမာေရးအေျခအေနေၾကာင့္မဟုတ္ဘဲ လမေစ့ဘဲေမြးဖြားျခင္း - ဒါကေတာ့ အေရးေပၚအေျခအေနမဟုတ္ဘဲနဲ႔ ေဆးသြင္းၿပီးေမြးဖြားျခင္း (သို႔) ခြဲေမြးျခင္းကိုေျပာတာပါ။ ဒီလိုမ်ိဳးလမေစ့ဘဲေမြးဖြားျခင္းမ်ိဳးက ျပဳလုပ္ဖို႔ညႊန္ၾကားထားျခင္းမရွိပါဘူး။ ေလ့လာမႈေတြအရ ကိုယ္ဝန္ ၃၇ ပတ္-၃၈ ပတ္ၾကားမွာ ေဆးသြင္းၿပီးေမြးဖြားထားတဲ့ကေလးေတြက ၃၉ ပတ္ေနာက္မွေမြးတဲ့ လေစ့တဲ့ကေလးေတြနဲ႔ယွဥ္ရင္ က်န္းမာေရးမေကာင္းဘူးလို႔ေတြ႕ရွိရပါတယ္။

လမေစ့ဘဲေမြးဖြားျခင္းက အခ်ိန္မေရြးျဖစ္လာနိုင္ၿပီး ျပင္ဆင္ဖို႔အခ်ိန္ရခ်င္မွရပါလိမ့္မယ္။ လေစ့ဘဲေမြးႏိုင္ေခ်ေတြကို သိထားဖို႔လိုပါတယ္။

Obimin 1

>> ဘယ္သူေတြမွာ လမေစ့ဘဲေမြးႏိုင္ေခ်မ်ားသလဲ?

ေအာက္ပါအခ်က္မ်ားမွ တစ္ခ်က္ (သို႔) တစ္ခ်က္ထက္ပိုၿပီး ကိုက္ညီမႈရွိပါက လမေစ့ဘဲေမြးဖြားႏိုင္ေခ်မ်ားပါတယ္။

• ကိုယ္ဝန္ေဆာင္မတိုင္မီက အဝလြန္ျခင္း (သို႔) ပိန္လြန္းျခင္း

• ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈစနစ္တက်မရွိျခင္း

• ခႏၶာကိုယ္ပိုင္းဆိုင္ရာဖိစီးမႈမ်ားေသာအလုပ္မ်ား

• ကိုယ္ဝန္ေဆာင္စဥ္ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ မူးယစ္ေဆးသံုးစြဲျခင္း

• ဆီးခ်ိဳ၊ ေသြးတိုး စသည္တို႔ကိုမထိန္းခ်ဳပ္ႏိုင္ျခင္း၊ ကိုယ္ဝန္ေဆာင္စဥ္ေသြးတိုးျခင္း၊  (သို႔) သိုင္းရြိဳက္ကဲ့သို႔ေသာ ေရာဂါမ်ားမိခင္တြင္ရွိျခင္း

• ကေလးတြင္ ေမြးရာပါခ်ိဳ႕ယြင္းခ်က္အခ်ိဳ႕ရွိျခင္း

• ခႏၶာကိုယ္ျပင္ပတြင္ သေႏၶေအာင္ထားေသာကိုယ္ဝန္မ်ား

• ၂ မႊာႏွင့္အထက္ကိုယ္ဝန္မ်ား

• ေသြးခဲျခင္းဆိုင္ရာျပသနာမ်ား

• ေရမႊာေရ မ်ားလြန္းျခင္း (သို႔) နည္းျခင္း

• ေမြးလမ္းေၾကာင္းပိုးဝင္ျခင္း၊ မိန္းမကိုယ္လမ္းေၾကာင္းႏွင့္မဆိုင္ေသာပိုးဝင္ျခင္းမ်ား (ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ အဆုတ္ေရာင္ေရာဂါ၊ အူအတက္ေရာင္ျခင္း)

• ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းႏွင့္ လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ား

• အရင္က ခြဲေမြးဖူးေသာကိုယ္ဝန္မ်ားတြင္ သားအိမ္ကြဲထြက္သြားျခင္း

• သားအိမ္အသားလံုးခြဲထုတ္ျခင္း

• မ်ိဳးပြားျခင္းႏွင့္ဆိုင္ေသာအဂၤါမ်ားပံုမမွန္ျခင္း ( သားအိမ္ေခါင္းတိုျခင္း သို႔ ကိုယ္ဝန္ေမြးခါနီး ၃ လတြင္မွ သားအိမ္ေခါင္းတိုရမယ့္အစား ဒုတိယသံုးလပတ္ကတည္းက သားအိမ္ေခါင္းတိုလာျခင္း)

• အခ်င္းေရွ႔ေရာက္ျခင္း

• အရင္က လမေစ့ဘဲေမြးဖူးျခင္း

• ေနာက္ဆံုးကိုယ္ဝန္ၿပီးေနာက္ ၆ လအတြင္းကိုယ္ဝန္ထပ္ရျခင္း

• အသက္ ၁၈ ႏွစ္ေအာက္ႏွင့္ ၃၅ ႏွစ္အထက္အမ်ိဳးသမီးမ်ား

• ေနထိုင္မႈႏွင့္ ပတ္ဝန္းက်င္္ဆုိင္ရာအခ်က္မ်ား

• ပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ားႏွင့္ထိေတြ႕ျခင္း

• အိမ္တြင္းအၾကမ္းဖက္မႈမ်ား၊ လိင္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈမ်ားႏွင့္ ပတ္ဝန္းက်င္ေထာက္ပံ့မႈမရွိျခင္း

ဒီအခ်က္ေတြနဲ႔ကိုက္ညီမႈမ်ားေလေလ လမေစ့ဘဲေမြးဖြားႏိုင္ေခ်မ်ားေလျဖစ္ကာ ဒါဟာ ကေလးအတြက္မေကာင္းပါဘူး။

လမေစ့ဘဲေမြးဖြားႏုိင္မယ့္လကၡဏာေတြကိုေစာေစာသိၿပီး ျပသနာေတြကိုအခ်ိန္မီေဖာ္ထုတ္ႏိုင္ခဲ့မယ္ဆိုရင္ အထက္ပါေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစႏုိင္ပါတယ္။

Obimin 2

>> လမေစ့ဘဲေမြးဖြားျခင္း၏လကဏာမ်ား

• ေမြးလမ္းေၾကာင္းမွအရည္အဆင္းမ်ားျခင္း

• မိန္းမကိုယ္မွဆင္းေသာအရည္မ်ားေျပာင္းလဲျခင္း (အရည္၊ အခၽြဲ (သို႔) ေသြးဆင္းျခင္း)

• မိန္းမကိုယ္မွေသြးဆင္းျခင္း (သို႔) ေသြးနည္းနည္းဆီထြက္ျခင္း

• ဝမ္းဗိုက္ေအာက္ပိုင္းနာျခင္း

• ဝမ္းေလွ်ာသည္ျဖစ္ေစ၊ မေလွ်ာဘဲျဖစ္ေစ ဗုိက္ရစ္ၿပီးနာျခင္း

• သားအိမ္ေနရာတြင္ တစ္ခုခုဖိထားသလိုခံစားရျခင္း

• ခါးကိုက္ျခင္း

• ဗိုက္မနာဘဲ သားအိမ္မၾကာခဏၾကံဳ႕ျခင္း

• ေရဆင္းျခင္း

ေသြးဆင္းျခင္းကဲ့သို႔ေသာလကၡဏာေတြက ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လံုးႀကံဳလာရတဲ့လကၡဏာနဲ႔တူႏိုင္ပါတယ္။ ဒါေပမယ့္ လမေစ့ဘဲေမြးခ်င္လို႔ ေသြးဆင္းတာက ေရဆင္းျခင္း (သို႔) ဗိုက္နာျခင္းေတြနဲ႔အတူ ပန္းေရာင္ (သို႔) ေသြးရဲရဲေတြဆင္းလာႏိုင္ပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

>> လမစေ့ဘဲမွေးတယ်ဆိုတာ ဘာလဲ

ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမှာ သားအိမ်ကြုံ့ပြီး သားအိမ်ခေါင်းအဝကျယ်လာကာ မွေးဖွားခြင်းကို လမစေ့ဘဲ မွေးတယ်လို့ခေါ်ပါတယ်။ အချိန်အပေါ်မူတည်ပြီး အမျိုးအစားတွေခွဲခြားနိုင်ပါတယ်။

• ကိုယ်ဝန် ၂၈ ပတ်မတိုင်မီ - အလွန်အမင်းလမစေ့

• ၂၈ ပတ် - ၃၂ ပတ်  - အလွန်လမစေ့

• ၃၂ ပတ် - ၃၇ ပတ်  - အတန်အသင့်လမစေ့

>> လမစေ့ဘဲကလေးမွေးရခြင်းရဲ့အကြောင်းအရင်းတွေကဘာတွေလဲ?

1. အလိုအလျောက်လမစေ့ဘဲမွေးဖွားခြင်း - ဒါကတော့ ဘာမှကြိုတင်စီစဉ်မှုမရှိဘဲနဲ့ ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ ကလေးမွေးသွားခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းမှန်ကိုမသိရပေမယ့် ရောဂါပိုးဝင်ခြင်း (သို့) ရောင်ရမ်းခြင်းတွေက ဒါကိုအားပေးပါတယ်။

2. ကျန်းမာရေးအခြေအနေအရလိုအပ်သောကြောင့် လမစေ့ဘဲမွေးရခြင်း - ကိုယ်ဝန်ဆိပ်တက်ခြင်းကဲ့သို့သော အခြေအနေမျိုးမှာ ဆရာဝန်က ဆေးသွင်းပြီး ကိုယ်ဝန်စောစောမွေးစေဖို့ ညွှန်ကြားပါတယ်။ သို့သော်လည်း ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်ကို လမစေ့ဘဲမမွေးစေဖို့ တတ်နိုင်သမျှ အချိန်ဆွဲပြီး အခြားကုထုံးတွေနဲ့ထိန်းထားလေ့ရှိပါတယ်။ ဒီလိုအချိန်မှာတော့ မိခင်ရော ကလေးကိုပါ အနီးကပ်စောင့်ကြပ်ကြည့်ရှုထားဖို့လိုပါတယ်။ တကယ်လို့ ကိုယ်ဝန်ကိုဆက်ထိန်းထားလို့မရတော့ဘူး မွေးဖို့လိုအပ်လာပြီဆိုရင်တော့ ကလေးရဲ့ကိုယ်တွင်းအင်္ဂါတွေရင့်သန်ဖို့အတွက် Steroid ဆေးထိုးပေးပြီးမှ မွေးဖွားပေးပါတယ်။

3. ကျန်းမာရေးအခြေအနေကြောင့်မဟုတ်ဘဲ လမစေ့ဘဲမွေးဖွားခြင်း - ဒါကတော့ အရေးပေါ်အခြေအနေမဟုတ်ဘဲနဲ့ ဆေးသွင်းပြီးမွေးဖွားခြင်း (သို့) ခွဲမွေးခြင်းကိုပြောတာပါ။ ဒီလိုမျိုးလမစေ့ဘဲမွေးဖွားခြင်းမျိုးက ပြုလုပ်ဖို့ညွှန်ကြားထားခြင်းမရှိပါဘူး။ လေ့လာမှုတွေအရ ကိုယ်ဝန် ၃၇ ပတ်-၃၈ ပတ်ကြားမှာ ဆေးသွင်းပြီးမွေးဖွားထားတဲ့ကလေးတွေက ၃၉ ပတ်နောက်မှမွေးတဲ့ လစေ့တဲ့ကလေးတွေနဲ့ယှဉ်ရင် ကျန်းမာရေးမကောင်းဘူးလို့တွေ့ရှိရပါတယ်။

လမစေ့ဘဲမွေးဖွားခြင်းက အချိန်မရွေးဖြစ်လာနိုင်ပြီး ပြင်ဆင်ဖို့အချိန်ရချင်မှရပါလိမ့်မယ်။ လစေ့ဘဲမွေးနိုင်ချေတွေကို သိထားဖို့လိုပါတယ်။

>> ဘယ်သူတွေမှာ လမစေ့ဘဲမွေးနိုင်ချေများသလဲ?

အောက်ပါအချက်များမှ တစ်ချက် (သို့) တစ်ချက်ထက်ပိုပြီး ကိုက်ညီမှုရှိပါက လမစေ့ဘဲမွေးဖွားနိုင်ချေများပါတယ်။

• ကိုယ်ဝန်ဆောင်မတိုင်မီက အဝလွန်ခြင်း (သို့) ပိန်လွန်းခြင်း

• ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုစနစ်တကျမရှိခြင်း

• ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖိစီးမှုများသောအလုပ်များ

• ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း

• ဆီးချို၊ သွေးတိုး စသည်တို့ကိုမထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း၊  (သို့) သိုင်းရွိုက်ကဲ့သို့သော ရောဂါများမိခင်တွင်ရှိခြင်း

• ကလေးတွင် မွေးရာပါချို့ယွင်းချက်အချို့ရှိခြင်း

• ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ထားသောကိုယ်ဝန်များ

• ၂ မွှာနှင့်အထက်ကိုယ်ဝန်များ

• သွေးခဲခြင်းဆိုင်ရာပြသနာများ

• ရေမွှာရေ များလွန်းခြင်း (သို့) နည်းခြင်း

• မွေးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်လမ်းကြောင်းနှင့်မဆိုင်သောပိုးဝင်ခြင်းများ (ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ အူအတက်ရောင်ခြင်း)

• ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ

• အရင်က ခွဲမွေးဖူးသောကိုယ်ဝန်များတွင် သားအိမ်ကွဲထွက်သွားခြင်း

• သားအိမ်အသားလုံးခွဲထုတ်ခြင်း

• မျိုးပွားခြင်းနှင့်ဆိုင်သောအင်္ဂါများပုံမမှန်ခြင်း ( သားအိမ်ခေါင်းတိုခြင်း သို့ ကိုယ်ဝန်မွေးခါနီး ၃ လတွင်မှ သားအိမ်ခေါင်းတိုရမယ့်အစား ဒုတိယသုံးလပတ်ကတည်းက သားအိမ်ခေါင်းတိုလာခြင်း)

• အချင်းရှေ့ရောက်ခြင်း

• အရင်က လမစေ့ဘဲမွေးဖူးခြင်း

• နောက်ဆုံးကိုယ်ဝန်ပြီးနောက် ၆ လအတွင်းကိုယ်ဝန်ထပ်ရခြင်း

• အသက် ၁၈ နှစ်အောက်နှင့် ၃၅ နှစ်အထက်အမျိုးသမီးများ

• နေထိုင်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ

• ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့်ထိတွေ့ခြင်း

• အိမ်တွင်းအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ပတ်ဝန်းကျင်ထောက်ပံ့မှုမရှိခြင်း

ဒီအချက်တွေနဲ့ကိုက်ညီမှုများလေလေ လမစေ့ဘဲမွေးဖွားနိုင်ချေများလေဖြစ်ကာ ဒါဟာ ကလေးအတွက်မကောင်းပါဘူး။

လမစေ့ဘဲမွေးဖွားနိုင်မယ့်လက္ခဏာတွေကိုစောစောသိပြီး ပြသနာတွေကိုအချိန်မီဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် အထက်ပါနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။

>> လမစေ့ဘဲမွေးဖွားခြင်း၏လက္ခဏာများ

• မွေးလမ်းကြောင်းမှအရည်အဆင်းများခြင်း

• မိန်းမကိုယ်မှဆင်းသောအရည်များပြောင်းလဲခြင်း (အရည်၊ အချွဲ (သို့) သွေးဆင်းခြင်း)

• မိန်းမကိုယ်မှသွေးဆင်းခြင်း (သို့) သွေးနည်းနည်းဆီထွက်ခြင်း

• ဝမ်းဗိုက်အောက်ပိုင်းနာခြင်း

• ဝမ်းလျှောသည်ဖြစ်စေ၊ မလျှောဘဲဖြစ်စေ ဗိုက်ရစ်ပြီးနာခြင်း

• သားအိမ်နေရာတွင် တစ်ခုခုဖိထားသလိုခံစားရခြင်း

• ခါးကိုက်ခြင်း

• ဗိုက်မနာဘဲ သားအိမ်မကြာခဏကြုံ့ခြင်း

• ရေဆင်းခြင်း

သွေးဆင်းခြင်းကဲ့သို့သောလက္ခဏာတွေက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးကြုံလာရတဲ့လက္ခဏာနဲ့တူနိုင်ပါတယ်။ ဒါပေမယ့် လမစေ့ဘဲမွေးချင်လို့ သွေးဆင်းတာက ရေဆင်းခြင်း (သို့) ဗိုက်နာခြင်းတွေနဲ့အတူ ပန်းရောင် (သို့) သွေးရဲရဲတွေဆင်းလာနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)