/
news/ကိုယ်ဝန်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ရေနွေးနဲ့ရေချိုးတာ-ကောင်းပါ့မလား
ကိုယ်ဝန်ဆောင်ချိန် ရေနွေးနဲ့ရေချိုးတာ ကောင်းပါ့မလား
Category
ကိုယ်ဝန်ဆောင်နှင့်ကျန်းမာရေး
အမေရိကန်က “မွေးရာပါချွတ်ယွင်းမှုများသုတေသနအဖွဲ့”ကတော့ ကိုယ်ဝန်ပထမပတ်တွေမှာ ကိုယ်အပူချိန် ၁၀၁ အထိ တက်လာတာဟာ သန္ဓေသားလေးကို ကိုယ်အဂါင်္မစုံမလင်ဖြစိဖို့ တွန်းပို့ပေးနေပါသတဲ့။
ဒီတော့ ရေနွေးနဲလည်းချိုးချင်အန္တရာယ်လည်း ကင်းချင်ရင်တော့ဘယ်လိုလုပ်ရင်ကောင်းမလဲ
Obimin 1
Obimin 2
(Unicode)
ကိုယ်ဝန်ဆောင်ချိန်မှာရေနွေးနဲ့ရေချိုးတာဟာ ကြွက်သားနာကျင်ကိုက်ခဲတာတွေကို အထူးသက်သာစေတဲ့အတွက် သိပ်ကောင်းတဲ့အကြံလို့ ထင်ရပါတယ်။
အမေရိကန်က “မွေးရာပါချွတ်ယွင်းမှုများသုတေသနအဖွဲ့”ကတော့ ကိုယ်ဝန်ပထမပတ်တွေမှာ ကိုယ်အပူချိန် ၁၀၁ အထိ တက်လာတာဟာ သန္ဓေသားလေးကို ကိုယ်အဂါၤမစုံမလင်ဖြစိဖို့ တွန်းပို့ပေးနေပါသတဲ့။
“သားဖွားမီးယပ်အထူးကုအဖွဲ့”ကတော့ကိုယ်ဝန်ဆောင်တိုင်းဟာကိုယ်အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် မကျော်သင့်ပါဘူးတဲ့။
ဒီတော့ ရေနွေးနဲ့လည်းချိုးချင်အန္တရာယ်လည်း ကင်းချင်ရင်တော့ဘယ်လိုလုပ်ရင်ကောင်းမလဲ
♦ ရေနွေးချိုးကန်နဲ့ရေပန်းရေနွေးဆို ရေနွေးချိုးကန်နဲ့ချိုးပါတဲ့၊ ရေနွေးချိုးကန်ထဲကရေနွေးကအေးသွားနိုင်တော့ကိုယ်ပူချိန်တက်ဖို့မရှိတော့ဖူးပေါ့။
♦ ရေပူချိန်ကိုခါတိုင်းချိုးနေကျထက်လျှော့ချလိုက်ပါ။ မနွေးတနွေးလေးအခြေအနေက မိမိရော သန္ဓေသားလေးအတွက်ပါအန္တရာယ်ကင်းစေမှာပါ။
♦ ရေနွေးဇလုံကို ရေနွေးတပုံး ရေအေးသုံးပုံးစပ်ပါ။ ရေနွေးကိုသူ့အချိန်အဆနဲ့သူ ကွက်တိစပ်ခြင်းဖြင့် သိပ်ပူပြီးကိုယ်ဝန်ထိခိုက်မှာကို ရှောင်နိုင်ပါတယ်။
♦ ရေကိုလက်ဖျားလေးနဲ့ထိကိုင်ကြည့်ပြီး အပူချိန်ကိုမဆုံးဖြတ်ပါနဲ့။ လက်မောင်းထိနှစ်ပြီး  ပူ၊ မပူစမ်းသပ်ပါ။ ကိုယ်တွင်းအပူခံစားမှုနဲ့လက်ခံစားမှုက မတူလို့ဖြစ်ပါတယ်။ လက်မောင်းထိနှစ်စစ်ဆေးပြီး နွေးနွေးလေးဆိုတာသေချာမှ ရေချိုးချပါ။
♦ ချိုးနေရင်းသိပ်ပူလာတယ်လို့ ခံစားရရင်ချက်ချင်းရပ်ပါ။ ရေအေးကိုဖွင့်ချလိုက်ပြီး ချက်ချင်းပြောင်းလဲမချိုးပါနဲ့။ မူးမေ့လဲတတ်ပါတယ်။ အိမ်သားကိုအကူအညီခေါ်ပြီးလက်ရှိရေနွေးရေဇလုံထဲကိုရေအေးထပ်စပ်ခိုင်းပါ။ တဖြည်းဖြည်းအေးလာမှ ဆက်ချိုးပါ။
♦ ရေနွေးချိုးချိန်ကိုဆယ်မိနစ်ထက်ပိုမကြာပါစေနဲ့။ ရေနွေးချိုးနေရင်း  မသက်မသာခံစားရရင်သတိပြုပြီး မိမိကိုယ်ကိုကာကွယ်နိုင်ပါစေနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)