/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကိုယ္ဝန္ေဆာင္နဲ႔-ေကာ္ဖီ

ကိုယ္ဝန္ေဆာင္နဲ႔ ေကာ္ဖီ

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ပင္​ပန္​းႏြမ္​းနယ္​လာတဲ့အခါ ​ေကာ္​ဖီပူပူ​ေလးတစ္​ခြက္​ ​ေသာက္​လိုက္​ခ်င္​စိတ္​ျဖစ္​​ေပၚလာတာဟာ လူတိုင္​းျဖစ္​​ေလ့ရွိတဲ့ ​ေတာင္​့တခ်က္​တစ္​ခုပဲ ျဖစ္​ပါတယ္​။ ​ေကာ္​ဖီဟာ စိတ္​ကိုလႈပ္​ရွားတက္​ႂကြ​ေစတတ္​တဲ့ အရာတစ္​ခုျဖစ္​တာ​ေၾကာင္​့ စြဲလန္​း တတ္​ပါတယ္​။ အိမ္​မွာ၊ အလုပ္​မွာ စိတ္​ဖိစီးမႈ​ေတြ မ်ားလာတဲ့အခါ​ ေကာ္​ဖီ​ေသာက္​ခ်င္​စိတ္​ကို လႈံ႕​ေဆာ္လာပါတယ္​။

ကိုယ္​ဝန္​​ေဆာင္​ခ်ိန္​မွာ ​ေကာ္​ဖီ​ေသာက္​သင္​့မ​ေသာက္​သင္​့ဟာ ကိုယ္​ဝန္​​ေဆာင္​အမ်ိဳးသမီးတိုင္​းရဲ႕ ဒြိဟဝိဝါဒတစ္​ခု ျဖစ္​လာပါတယ္​။ က​ေလးကိုလည္​း မထိခိုက္​​ေစခ်င္သလို ​ေကာ္​ဖီကိုလည္​း မျဖတ္​နိုင္​ ျဖစ္​တတ္​ပါတယ္​။

 

>> ​ေကာ္​ဖီ​ေသာက္​ျခင္​းဟာ ကိုယ္​ဝန္​ကို ဘယ္​လိုထိခိုက္​နိုင္​သလဲ?

 

၁။ ကဖိန္​းဓာတ္​

      ကဖိန္​းဓာတ္​ဟာ ​ေကာ္​ဖီရဲ႕အဓိကပါဝင္​ပစၥည္​း ျဖစ္​ၿပီး ႏွလံုးနဲ႔​ေသြး​ေၾကာ​ေတြကို ထိခိုက္​​ေစတတ္​သလို အမ်ားအျပား​ေသာက္​သံုးတဲ့အခါ ကင္​ဆာ​ေျပာင္းလဲမႈ​ေတြ ျဖစ္​​ေစလာနိုင္​ပါတယ္​။

 

၂။ Polyphenol

       Polyphenolဆိုတဲ့ဓာတ္​ဟာ ကိုယ္​ခႏၶာရဲ႕ သံဓာတ္​စုပ္​ယူနိုင္​စြမ္​းကို တားဆီး​ေပးၿပီး ​ေသြးအားနည္​း​ေစနိုင္​ပါတယ္​။

 

ဒီပစၥည္​းႏွစ္​မ်ိဳးဟာ ကိုယ္​ဝန္​​ေဆာင္​အမ်ိဳးသမီး​ေတြမွာ

• ကိုယ္​ဝန္​ပ်က္​က်​ေစျခင္း : ကိုယ္​ဝန္​အစပိုင္​းကာလ​ေတြမွာ ​ေကာ္​ဖီအမ်ားႀကီး​ေသာက္​ျခင္​းက ကိုယ္​ဝန္​ပ်က္​က်​ေစႏုိင္​ပါတယ္​။

• က​ေလးႀကီးထြားမႈႏႈန္​း​ေႏွး​ေစျခင္​း : ကိုယ္​ဝန္​​ေႏွာင္​းပိုင္​းကာလမွာ ​ေကာ္​ဖီအမ်ားအျပား​ေသာက္​ျခင္​းဟာ က​ေလးႀကီးထြားမႈကို ​ေႏွး​ေစနိုင္​ပါတယ္​။

• ​ေသြးအားနည္​းျခင္​း : ​ကိုယ္​ဝန္​​ေဆာင္​စဥ္ ​ေကာ္​ဖီ​ေသာက္​သံုးျခင္​းက ​ေသြးအားနည္​း​ေစနိုင္​ၿပီး ​ေသြးအားနည္​းျခင္​း​ေၾကာင္​့ က်န္​းမာ​ေရးဆိုးက်ိဳး​ေတြ၊ ​ေနာက္​ဆက္​တြဲ​ေတြ အမ်ားအျပားျဖစ္​လာ​ေစနိုင္​ပါတယ္​။

Obimin 1

>> ​ေကာ္​ဖီကို လံုးဝစြန္​႔လႊတ္​လိုက္​သင္​့သလား?

 

     မလိုပါဘူး။ ပံုမွန္​ပမာဏအတိုင္​းသာ​ေသာက္​မယ္​ဆိုရင္​ ​အႏၱရယ္ မရွိပါဘူး။ ကြၽမ္​းက်င္​သူ​ေတြက​ေတာ့ တစ္​​ေနကို ကဖိန္​း ဓာတ္​ ၂၀၀မီလီဂရမ္​ခန္​႔ (၂၀၀မီလီလီတာ ၂ခြက္​ခန္​႔) ​ေသာက္​သံုးႏိုင္​တယ္​လို႔ ဆိုၾကပါတယ္​။ ခြက္​ႀကီး​ေလ​ေလ ​ေကာ္​ဖီပိုမ်ား​ေလ ျဖစ္​တာ​ေၾကာင္​့ ​​ခြက္​ပမာဏကိုလည္​း ၾကည္​့သင္​့ပါတယ္​။

    ​ေကာ္​ဖီအမ်ိဳးအစားနဲ႔ ​ေဖ်ာ္​နည္​းကလည္​း အ​ေရးပါပါ​ေသးတယ္​။ ဒါ​ေၾကာင္​့ ​ကိုယ္​ဝန္​​ေဆာင္​ခ်ိန္​မွာ ​ေကာ္​ဖီ​ေသာက္​တဲ့အခါ

• ႏွပ္​​ေကာ္​ဖီထက္​ အသင္​့​ေဖ်ာ္​ကို ပို​ေသာက္သင္​့ပါတယ္​။

• ပံုမွန္ေကာ္​ဖီထက္​ ကဖိန္​းဓာတ္​မပါတဲ့​ေကာ္​ဖီကို ​ေ႐ြးခ်ယ္​ပါ။

• အၾကာႀကီးႏွပ္​ထားတဲ့ ​ေကာ္​ဖီမွာ ကဖိန္​းဓာတ္​ပိုမ်ားတာ​ေၾကာင္​့ ​ေရွာင္​ၾကဥ္​သင္​့ပါတယ္​။

 

>> ကဖိန္​းဓာတ္​ပါတဲ့​ အျခား​ေဖ်ာ္​ရည္ဘာရွိ​ေသးသလဲ?

 

လက္​ဖက္​ရည္​ : ​လက္​ဖက္​ရည္​မွာ ​ကဖိန္​းဓာတ္​အနည္​းငယ္​ပါပါတယ္​။ ဒါ​ေၾကာင္​့ အနည္​းငယ္​မွ်​ေသာက္​ျခင္​းက ဓာတ္​တိုးဆန္​႔က်င္​ပစၥည္​း​ေတြပါတာ​ေၾကာင္​့ အက်ိဳးရွိ​ေပမယ္​့ အမ်ားႀကီး​ေတာ့ မ​ေသာက္​သင္​့ပါဘူး။

 

ကိုလာ : ​ကုိလာမွာ ကဖိန္​းဓာတ္​အျပည္​့ပါတာ​ေၾကာင္​့ ​ေရွာင္​ရွားသင္​့ပါတယ္​။

 

ကာဗြန္​ပါတဲ့အခ်ိဳရည္​မ်ား : ဂတ္​စ္​ပါတဲ့အခ်ိဳ ရည္​​ေတြ၊ ဆိုဒါ​ေတြနဲ႔ ဘာအႏၲရာယ္​မွမရွိဘူးလို႔ထင္​ရတဲ့ သံပရာ​ဆိုဒါ​ရည္​​ေတြမွာ​ေတာင္​ ကဖိန္​းဓာတ္​​ေတြ ပါဝင္​​ေနတာ​ေၾကာင္​့ ဒီအခ်ိဳရည္​​ေတြ​ေသာက္​မယ္​့အစား သံပရာရည္​လတ္​လတ္​ဆတ္​ဆတ္​​ေသာက္​ပါ။

 

​ေခ်ာ့ကလက္​ : ​ေခ်႕ာကလက္​မွာလည္​း ကဖိန္​းဓာတ္​နည္​းနည္​းပါဝင္​တာ​ေၾကာင္​့ ​ေခ်ာ့ကလက္​ပါတဲ့ ​ေခ်ာ့ကလက္​​ေတာင္​့​ေတြ၊ သၾကားလံုး​ေတြ၊ ​ေရခဲမုန္​႔၊ ​ေပါင္​မုန္​႔ကိတ္​မုန္​႔​ေတြနဲ႔ ​ေခ်ာ့ကလက္​ပူ​ေတြကို ​ေရွာင္​ၾကဥ္​ရပါမယ္​။

 

အကိုက္​အခဲ​ေပ်ာက္​​ေဆး : ​အ​ေအးမိႏွ​ာ​ေစ​း အကိုက္​အခဲ​ေပ်ာက္​​ေဆး​ေတြမွာ အိပ္​ခ်င္​ငိုက္​ျမည္​းျခင္​း မျဖစ္​ရ​ေလ​ေအာင္​ ကဖိန္​းဓာတ္​ပါဝင္​တတ္​ပါတယ္​။ ဒါ​ေၾကာင္​့ ကိုယ္​ဝန္​​ေဆာင္​ခ်ိန္​မွာ ​ေရွာင္​ပါ။ ​ေဆးမ​ေသာက္​ခင္​မွာ ပါဝင္​ပစၥည္​း​ေတြကို ဖတ္​ရွဴ ၾကည္​့ပါ။ ျဖစ္​ႏုိင္​ရင္​ ​ေဆးဆိုင္​က​ေဆး​ေတြဝယ္​မ​ေသာက္​ပဲ ဆရာဝန္​နဲ႔ ျပသကာဆရာဝန္​ၫႊန္​ၾကားတ့ဲ​ေဆး​ေတြကိုသာ ​ေသာက္​သင္​့ပါတယ္​။

Obimin 2

>> အစားထိုး​ေသာက္​စရာဘာရွိသလဲ?

 

     ​ကိုယ္​ဝန္​​ေဆာင္​ခိ်န္​မွာ ​ေကာ္​ဖီကို လံုးဝျဖတ္​လိုက္​တာ ​အ​ေကာင္​းဆံုးျဖစ္​​ေပမယ္​့ မွ်မွ်တတ​ေသာက္​မယ္​ဆိုရင္​​ေတာ့ ​ေဘးမျဖစ္​တတ္​ပါဘူး။ ဒါ​ေပမယ္​့ ​ေကာ္​ဖီကို​ေလ်ာ့ခ်င္​တယ္​ ဒါမွမဟုတ္​ ျဖတ္​ခ်င္​တယ္​ဆိုရင္​ ကဖိန္​းနည္​းနည္​းနဲ႔ အစားထိုး​ေသာက္​စရာ​ေတြ ရွိပါတယ္​။

 

• လက္​ဖက္​ရည္္​စိမ္​း - လက္​ဖက္​ရည္​စိမ္​း​ေတြ၊ လက္​ဖက္​ရည္​ၾကမ္​း​ေတြမွာ ကဖိန္​းဓာတ္​အနည္​းငယ္​မွ်သာ ပါဝင္​ပါတယ္​။ ဒါ့အျပင္​ ႏွပ္​​ေသာက္​ရတာမ်ိဳးလည္​ မဟုတ္​တဲ့အတြက္​ ​ေကာင္​းပါတယ္​။

• အသင္​့​ေသာက္​​ေကာ္​ဖီ - ႏွပ္​​ေကာ္​ဖီထက္​ အသင္​့​ေသာက္​​ေကာ္​ဖီမႈန္​႔လက္ဖက္​ရည္​ဇြန္​ တစ္​ဝက္​နဲ႔ နို႔နဲ႔​ေဖ်ာ္​​ေသာက္​ျခင္​းက ပို​ေကာင္​းပါတယ္​။

• ကဖိန္​းဓာတ္​​ေလွ်ာ့​ေကာ္​ဖီ - ကဖိန္​းဓာတ္​အမ်ားႀကီး​ေလွ်ာ့ထားတဲ့ ​ေကာ္​ဖီ​ေတြကို ကိုယ္​ဝန္​​ေဆာင္​ခ်ိန္​မွာ ​ေသာက္​နိုင္​ပါတယ္​။

 

ဒါ​ေၾကာင္​့ အဆံုးသတ္​မွာ​ေတာ့ ​ကိုယ္​ဝန္​​ေဆာင္​ခ်ိန္​မွာ ​ေကာ္​ဖီ​ေသာက္​ျခင္​းဟာ မွားတာ​ေတာ့မဟုတ္​​ေပမယ္​့ ​ေလွ်ာ့ေသာက္​ဖို႔​ေတာ့ လိုပါလိမ္​့မယ္​။ သိခ်င္​တာရွိရင္​ ဆရာဝန္​နဲ႔တိုင္​ပင္​​ေမးျမန္​းပါ။ ​ေကာ္​ဖီအ​ေၾကာင္​းကို ​ေကာင္​း​ေကာင္​း​ေလ့လာၿပီး ကိုယ္​ဝန္​​ေဆာင္​ကာလ ၉လအတြင္​းမွာ ​ေကာ္​ဖီနဲ႔ ဘယ္​လိုျဖတ္​သန္​းမလဲဆိုတာကို သိရွိနိုင္​ၾကပါ​ေစ။

​ေပ်ာ္​႐ႊင္​ဖြယ္​ကိုယ္​ဝန္​​ေဆာင္​ကာလကို ပိုင္​ဆိုင္​နိုင္​ၾကပါ​ေစလို႔ ထပ္​ဆင္​့ဆု​ေတာင္​း​ေပးလိုက္​ပါတယ္​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ချင်စိတ်ဖြစ်ပေါ်လာတာဟာ လူတိုင်းဖြစ်လေ့ရှိတဲ့ တောင့်တချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကော်ဖီဟာ စိတ်ကိုလှုပ်ရှားတက်ကြွစေတတ်တဲ့ အရာတစ်ခုဖြစ်တာကြောင့် စွဲလန်း တတ်ပါတယ်။ အိမ်မှာ၊ အလုပ်မှာ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကော်ဖီသောက်ချင်စိတ်ကို လှုံ့ဆော်လာပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်သင့်မသောက်သင့်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းရဲ့ ဒွိဟဝိဝါဒတစ်ခု ဖြစ်လာပါတယ်။ ကလေးကိုလည်း မထိခိုက်စေချင်သလို ကော်ဖီကိုလည်း မဖြတ်နိုင် ဖြစ်တတ်ပါတယ်။

 

>> ကော်ဖီသောက်ခြင်းဟာ ကိုယ်ဝန်ကို ဘယ်လိုထိခိုက်နိုင်သလဲ?

 

၁။ ကဖိန်းဓာတ်

      ကဖိန်းဓာတ်ဟာ ကော်ဖီရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်ပြီး နှလုံးနဲ့သွေးကြောတွေကို ထိခိုက်စေတတ်သလို အများအပြားသောက်သုံးတဲ့အခါ ကင်ဆာပြောင်းလဲမှုတွေ ဖြစ်စေလာနိုင်ပါတယ်။

 

၂။ Polyphenol

       Polyphenolဆိုတဲ့ဓာတ်ဟာ ကိုယ်ခန္ဓာရဲ့ သံဓာတ်စုပ်ယူနိုင်စွမ်းကို တားဆီးပေးပြီး သွေးအားနည်းစေနိုင်ပါတယ်။

 

ဒီပစ္စည်းနှစ်မျိုးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ

• ကိုယ်ဝန်ပျက်ကျစေခြင်း : ကိုယ်ဝန်အစပိုင်းကာလတွေမှာ ကော်ဖီအများကြီးသောက်ခြင်းက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။

• ကလေးကြီးထွားမှုနှုန်းနှေးစေခြင်း : ကိုယ်ဝန်နှောင်းပိုင်းကာလမှာ ကော်ဖီအများအပြားသောက်ခြင်းဟာ ကလေးကြီးထွားမှုကို နှေးစေနိုင်ပါတယ်။

• သွေးအားနည်းခြင်း : ကိုယ်ဝန်ဆောင်စဉ် ကော်ဖီသောက်သုံးခြင်းက သွေးအားနည်းစေနိုင်ပြီး သွေးအားနည်းခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးတွေ၊ နောက်ဆက်တွဲတွေ အများအပြားဖြစ်လာစေနိုင်ပါတယ်။

 

>> ကော်ဖီကို လုံးဝစွန့်လွှတ်လိုက်သင့်သလား?

 

     မလိုပါဘူး။ ပုံမှန်ပမာဏအတိုင်းသာသောက်မယ်ဆိုရင် အန္တရယ် မရှိပါဘူး။ ကျွမ်းကျင်သူတွေကတော့ တစ်နေကို ကဖိန်း ဓာတ် ၂၀၀မီလီဂရမ်ခန့် (၂၀၀မီလီလီတာ ၂ခွက်ခန့်) သောက်သုံးနိုင်တယ်လို့ ဆိုကြပါတယ်။ ခွက်ကြီးလေလေ ကော်ဖီပိုများလေ ဖြစ်တာကြောင့် ခွက်ပမာဏကိုလည်း ကြည့်သင့်ပါတယ်။

    ကော်ဖီအမျိုးအစားနဲ့ ဖျော်နည်းကလည်း အရေးပါပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်တဲ့အခါ

• နှပ်ကော်ဖီထက် အသင့်ဖျော်ကို ပိုသောက်သင့်ပါတယ်။

• ပုံမှန်ကော်ဖီထက် ကဖိန်းဓာတ်မပါတဲ့ကော်ဖီကို ရွေးချယ်ပါ။

• အကြာကြီးနှပ်ထားတဲ့ ကော်ဖီမှာ ကဖိန်းဓာတ်ပိုများတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

 

>> ကဖိန်းဓာတ်ပါတဲ့ အခြားဖျော်ရည်ဘာရှိသေးသလဲ?

 

လက်ဖက်ရည် : လက်ဖက်ရည်မှာ ကဖိန်းဓာတ်အနည်းငယ်ပါပါတယ်။ ဒါကြောင့် အနည်းငယ်မျှသောက်ခြင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတာကြောင့် အကျိုးရှိပေမယ့် အများကြီးတော့ မသောက်သင့်ပါဘူး။

 

ကိုလာ : ကိုလာမှာ ကဖိန်းဓာတ်အပြည့်ပါတာကြောင့် ရှောင်ရှားသင့်ပါတယ်။

 

ကာဗွန်ပါတဲ့အချိုရည်များ : ဂတ်စ်ပါတဲ့အချို ရည်တွေ၊ ဆိုဒါတွေနဲ့ ဘာအန္တရာယ်မှမရှိဘူးလို့ထင်ရတဲ့ သံပရာဆိုဒါရည်တွေမှာတောင် ကဖိန်းဓာတ်တွေ ပါဝင်နေတာကြောင့် ဒီအချိုရည်တွေသောက်မယ့်အစား သံပရာရည်လတ်လတ်ဆတ်ဆတ်သောက်ပါ။

 

ချော့ကလက် : ချေ့ာကလက်မှာလည်း ကဖိန်းဓာတ်နည်းနည်းပါဝင်တာကြောင့် ချော့ကလက်ပါတဲ့ ချော့ကလက်တောင့်တွေ၊ သကြားလုံးတွေ၊ ရေခဲမုန့်၊ ပေါင်မုန့်ကိတ်မုန့်တွေနဲ့ ချော့ကလက်ပူတွေကို ရှောင်ကြဉ်ရပါမယ်။

 

အကိုက်အခဲပျောက်ဆေး : အအေးမိနှာစေး အကိုက်အခဲပျောက်ဆေးတွေမှာ အိပ်ချင်ငိုက်မြည်းခြင်း မဖြစ်ရလေအောင် ကဖိန်းဓာတ်ပါဝင်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ပါ။ ဆေးမသောက်ခင်မှာ ပါဝင်ပစ္စည်းတွေကို ဖတ်ရှူ ကြည့်ပါ။ ဖြစ်နိုင်ရင် ဆေးဆိုင်ကဆေးတွေဝယ်မသောက်ပဲ ဆရာဝန်နဲ့ ပြသကာဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာ သောက်သင့်ပါတယ်။

 

>> အစားထိုးသောက်စရာဘာရှိသလဲ?

 

     ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီကို လုံးဝဖြတ်လိုက်တာ အကောင်းဆုံးဖြစ်ပေမယ့် မျှမျှတတသောက်မယ်ဆိုရင်တော့ ဘေးမဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကော်ဖီကိုလျော့ချင်တယ် ဒါမှမဟုတ် ဖြတ်ချင်တယ်ဆိုရင် ကဖိန်းနည်းနည်းနဲ့ အစားထိုးသောက်စရာတွေ ရှိပါတယ်။

 

• လက်ဖက်ရည်စိမ်း - လက်ဖက်ရည်စိမ်းတွေ၊ လက်ဖက်ရည်ကြမ်းတွေမှာ ကဖိန်းဓာတ်အနည်းငယ်မျှသာ ပါဝင်ပါတယ်။ ဒါ့အပြင် နှပ်သောက်ရတာမျိုးလည် မဟုတ်တဲ့အတွက် ကောင်းပါတယ်။

• အသင့်သောက်ကော်ဖီ - နှပ်ကော်ဖီထက် အသင့်သောက်ကော်ဖီမှုန့်လက်ဖက်ရည်ဇွန် တစ်ဝက်နဲ့ နို့နဲ့ဖျော်သောက်ခြင်းက ပိုကောင်းပါတယ်။

• ကဖိန်းဓာတ်လျှော့ကော်ဖီ - ကဖိန်းဓာတ်အများကြီးလျှော့ထားတဲ့ ကော်ဖီတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်နိုင်ပါတယ်။

 

ဒါကြောင့် အဆုံးသတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်ခြင်းဟာ မှားတာတော့မဟုတ်ပေမယ့် လျှော့သောက်ဖို့တော့ လိုပါလိမ့်မယ်။ သိချင်တာရှိရင် ဆရာဝန်နဲ့တိုင်ပင်မေးမြန်းပါ။ ကော်ဖီအကြောင်းကို ကောင်းကောင်းလေ့လာပြီး ကိုယ်ဝန်ဆောင်ကာလ ၉လအတွင်းမှာ ကော်ဖီနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို သိရှိနိုင်ကြပါစေ။

ပျော်ရွှင်ဖွယ်ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)