/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကိုယ္ဝန္ေဆာင္ႏွင့္-ဆီးခ်ိဳေရာဂါအေၾကာင္း-သိေကာင္းစရာ

ကိုယ္ဝန္ေဆာင္ႏွင့္ ဆီးခ်ိဳေရာဂါအေၾကာင္း သိေကာင္းစရာ

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

          ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္တတ္တဲ့ " သေႏၶေဆာင္ခ်ိန္ ဆီးခ်ိဳေရာဂါ " ဆိုတာ ကေလးေရာ မိခင္မွာပါ ဆိုးဝါးတဲ့အက်ိဳးဆက္ေတြျဖစ္ေစတာမို႔ ဘယ္လိုကာကြယ္ၾကည့္ရင္ ေကာင္းမလဲဆိုတာေလး ဗဟုသုတ ဖတ္ၾကည့္ေနာ္။ က်န္းက်န္းမာမာေလး ေမြးဖြားလာဖို႔က မိခင္တိုင္းရဲ႕ ရည္မွန္းခ်က္မို႔ သိတန္တာေလးေတြ သိထားေတာ့ သတိထား အေရးတယူ ဂ႐ုစိုက္ေပးလို႔ရတာေပါ့။

 

>>    သေႏၶေဆာင္ခ်ိန္ ဆီးခ်ိဳေရာဂါဆိုတာ ဘာလဲ?

          အရင္က က်န္းက်န္းမာမာ႐ွိေနၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္မွ ေကာက္ကာငင္ကာ ဆီးခ်ိဳ စတက္လာတာ ျဖစ္ပါတယ္။

 

>>    ဘယ္လိုကိုယ္ဝန္ေဆာင္ေတြ ျဖစ္တတ္သလဲ?

●        ကိုယ္ဝန္မေဆာင္ခင္ကတည္းက အဝလြန္ေနသူေတြ

●        ကိုယ္ဝန္႐ွိလာၿပီးမွ ကိုုယ္အေလးခ်ိန္ တစ္ဟုန္တိုး တက္လာသူေတြ

●        သေႏၶေဆာင္ခ်ိန္ ဆီးခ်ိဳေရာဂါမ်ိဳး႐ိုး႐ွိသူေတြ

●        အလႈပ္အ႐ွားနည္းသူေတြ

●        ဗိုက္အဆီပိုေတြ စုေနသူေတြမွာ အမ်ားဆံုး ျဖစ္ေလ့႐ွိပါတယ္။

Obimin 1

>>    သူ႔ရဲ႕ အက်ိဳးဆက္ေတြက ဘာေတြလဲ?

●        ေရမႊာေရ မ်ားတာ

●        ကေလး အရမ္းႀကီးထြားေနတာ

●        ေမြးရခက္တာ

●        ေမြးၿပီးခ်င္း ဆီးခ်ိဳ ထိုးက်တာ

●        အသားဝါတာ

●        ကေလး အဖတ္မတင္တာ

●        စိတ္က်ေရာဂါ

●        ကိုုယ္ဝန္ဆိပ္တက္ေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။

 

>>    မျဖစ္ေအာင္ ကာကြယ္လို႔ရသလား?

          မ်ိဳး႐ိုးဗီဇေတြေၾကာင့္ျဖစ္တဲ့ " သေႏၶေဆာင္ခ်ိန္ ဆီးခ်ိဳေရာဂါ " ဟာ ေ႐ွာင္လို႔မရေပမယ့္ တျခားျပဳျပင္လို႔ရတာေတြ ႐ွိေနပါေသးတယ္။

●        က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစားအစာကို ေရြးခ်ယ္စားေသာက္တာ

●        လႈပ္လႈပ္႐ွား႐ွားေနတာ

●        လမ္းေလွ်ာက္တာ

●        အဝမလြန္ေစဖို႔ အဆီအအိမ့္ ေ႐ွာင္တာေတြ ျဖစ္ပါတယ္။

          ေနာက္ၿပီး ကိုယ္ဝန္မေဆာင္ခင္ မိမိကိုယ္မိမိ အဝမလြန္ေစဖို႔ ထိန္းခ်ဳပ္ျခင္း၊ ကေလးယူဖို႔ ဆံုးျဖတ္လိုက္တာနဲ႔ က်န္းမာသြက္လက္ဖို႔ ေလ့က်င့္ခန္းယူျခင္း၊ ဝိတ္ခ်ျခင္းေတြကလည္း ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္ပါတယ္။

          ဒီေနရာမွာ အား႐ွိေအာင္ အစားအေသာက္၊ အဆီအဆိမ့္ေတြ တြန္းစားတာနဲ႔ အသီးအႏွံနဲ႔ ပ႐ိုတင္းဓာတ္ကိုသာ အဓိကထား စားသံုးတာ မတူပါဘူး။ ဝလို႔အား႐ွိတယ္လို႔ ယူဆတာဟာ မမွန္ကန္တဲ့ အသိျဖစ္ၿပီး က်စ္လ်စ္ၿပီး သန္မာေနတာကမွ တကယ့္က်န္းမာျခင္းျခင္းအစစ္ ျဖစ္ပါတယ္။

          ကိုယ္ဝန္႐ွိၿပီလို႔ ဆိုလိုက္တာနဲ႔ ဆီးခ်ိဳစစ္ေဆးျခင္း၊ အခါအားေလ်ာ္စြာ ေသြးေပါင္ခ်ိန္ျခင္းေတြ ျပဳလုပ္ၿပီး ဆီးခ်ိဳေရာဂါကို ႀကိဳတင္သိ႐ွိထားသလို ဝိတ္ေလွ်ာ့ျခင္း၊ လမ္းေလွ်ာက္ျခင္းေတြ ျပဳလုပ္ၿပီး  ကာကြယ္ႏိုင္သေလာက္ ကာကြယ္ထားသင့္ပါတယ္ေနာ္။

www.drmyanmar.com

Obimin 2

(Unicode)

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ " သန္ဓေဆောင်ချိန် ဆီးချိုရောဂါ " ဆိုတာ ကလေးရော မိခင်မှာပါ ဆိုးဝါးတဲ့အကျိုးဆက်တွေဖြစ်စေတာမို့ ဘယ်လိုကာကွယ်ကြည့်ရင် ကောင်းမလဲဆိုတာလေး ဗဟုသုတ ဖတ်ကြည့်နော်။ ကျန်းကျန်းမာမာလေး မွေးဖွားလာဖို့က မိခင်တိုင်းရဲ့ ရည်မှန်းချက်မို့ သိတန်တာလေးတွေ သိထားတော့ သတိထား အရေးတယူ ဂရုစိုက်ပေးလို့ရတာပေါ့။

>>    သန္ဓေဆောင်ချိန် ဆီးချိုရောဂါဆိုတာ ဘာလဲ?
    အရင်က ကျန်းကျန်းမာမာရှိနေပြီး ကိုယ်ဝန်ဆောင်ချိန်မှ ကောက်ကာငင်ကာ ဆီးချို စတက်လာတာ ဖြစ်ပါတယ်။

>>    ဘယ်လိုကိုယ်ဝန်ဆောင်တွေ ဖြစ်တတ်သလဲ?
●    ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်နေသူတွေ
●    ကိုယ်ဝန်ရှိလာပြီးမှ ကိုုယ်အလေးချိန် တစ်ဟုန်တိုး တက်လာသူတွေ
●    သန္ဓေဆောင်ချိန် ဆီးချိုရောဂါမျိုးရိုးရှိသူတွေ
●    အလှုပ်အရှားနည်းသူတွေ
●    ဗိုက်အဆီပိုတွေ စုနေသူတွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။

>>    သူ့ရဲ့ အကျိုးဆက်တွေက ဘာတွေလဲ?
●    ရေမွှာရေ များတာ
●    ကလေး အရမ်းကြီးထွားနေတာ
●    မွေးရခက်တာ
●    မွေးပြီးချင်း ဆီးချို ထိုးကျတာ
●    အသားဝါတာ
●    ကလေး အဖတ်မတင်တာ
●    စိတ်ကျရောဂါ
●    ကိုုယ်ဝန်ဆိပ်တက်ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။

>>    မဖြစ်အောင် ကာကွယ်လို့ရသလား?
    မျိုးရိုးဗီဇတွေကြောင့်ဖြစ်တဲ့ " သန္ဓေဆောင်ချိန် ဆီးချိုရောဂါ " ဟာ ရှောင်လို့မရပေမယ့် တခြားပြုပြင်လို့ရတာတွေ ရှိနေပါသေးတယ်။
●    ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ရွေးချယ်စားသောက်တာ
●    လှုပ်လှုပ်ရှားရှားနေတာ
●    လမ်းလျှောက်တာ
●    အဝမလွန်စေဖို့ အဆီအအိမ့် ရှောင်တာတွေ ဖြစ်ပါတယ်။
    နောက်ပြီး ကိုယ်ဝန်မဆောင်ခင် မိမိကိုယ်မိမိ အဝမလွန်စေဖို့ ထိန်းချုပ်ခြင်း၊ ကလေးယူဖို့ ဆုံးဖြတ်လိုက်တာနဲ့ ကျန်းမာသွက်လက်ဖို့ လေ့ကျင့်ခန်းယူခြင်း၊ ဝိတ်ချခြင်းတွေကလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
    ဒီနေရာမှာ အားရှိအောင် အစားအသောက်၊ အဆီအဆိမ့်တွေ တွန်းစားတာနဲ့ အသီးအနှံနဲ့ ပရိုတင်းဓာတ်ကိုသာ အဓိကထား စားသုံးတာ မတူပါဘူး။ ဝလို့အားရှိတယ်လို့ ယူဆတာဟာ မမှန်ကန်တဲ့ အသိဖြစ်ပြီး ကျစ်လျစ်ပြီး သန်မာနေတာကမှ တကယ့်ကျန်းမာခြင်းခြင်းအစစ် ဖြစ်ပါတယ်။
    ကိုယ်ဝန်ရှိပြီလို့ ဆိုလိုက်တာနဲ့ ဆီးချိုစစ်ဆေးခြင်း၊ အခါအားလျော်စွာ သွေးပေါင်ချိန်ခြင်းတွေ ပြုလုပ်ပြီး ဆီးချိုရောဂါကို ကြိုတင်သိရှိထားသလို ဝိတ်လျှော့ခြင်း၊ လမ်းလျှောက်ခြင်းတွေ ပြုလုပ်ပြီး  ကာကွယ်နိုင်သလောက် ကာကွယ်ထားသင့်ပါတယ်နော်။

www.drmyanmar.com