/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကေလးေမြးကာနီးၿပီလားဆိုတာ-ဘယ္လိုသိႏိုင္သလဲ

ကေလးေမြးကာနီးၿပီလားဆိုတာ ဘယ္လိုသိႏိုင္သလဲ

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ရုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြထဲမွာေတာ့ ကေလးေမြးရတာအရမ္းျမန္ၿပီးေတာ့ ဇာတ္ဆန္ပါတယ္။ အေမက ဗိုက္နာလာၿပီးတာနဲ႔ ကေလးထြက္လာေတာ့တာပဲ။ တကယ့္လက္ေတြ႕ဘဝမွာေတာ့ ဒီေလာက္မျမန္ပါဘူး။ ေမြးဖို႔အခ်ိန္ၾကာပါတယ္။ ၿပီးေတာ့ ေမြးခါနီးအေစာပိုင္းလကၡဏာေတြဆိုရင္ သိပ္ေတာင္မသိသာပါဘူး။ ဒီေတာ့ ေမြးကာနီးမွာျပတတ္တဲ့လကၡဏာေလးေတြကိုေမေမေတြသိထားဖို႔ ေျပာျပခ်င္ပါတယ္။

1. Effacement - သားအိမ္ေခါင္းပါးလာျခင္း

မေမြးခင္မွာဆိုရင္သားအိမ္ရဲ႕ေအာက္ပိုင္းမွာရွိတဲ့သားအိမ္ေခါင္းက 3.5-4 cm ရွည္ပါတယ္။ ေမြးခါနီးလာတဲ့အခါမွာ သားအိမ္ေခါင္းက ေပ်ာ့လာမယ္၊ တုိလာမယ္ ပါးလာပါမယ္။ ဒီအခ်ိန္မွာ မအီမသာခံစားရမယ့္ သားအိမ္ကပံုမွန္မဟုတ္တဲ့ ညွစ္တာေတြခံစားရမယ္ ဒါမွမဟုတ္လည္း ဘာမွခံစားခ်င္မွလည္းခံစားရပါမယ္။

သားအိမ္ေခါင္းပါးလာတာကို ေဆးပညာအရဆိုရင္ေတာ % နဲ႔ေျပာပါတယ္။ 0% ဆိုရင္ သားအိမ္ေခါင္းက အနည္းဆံုးေတာ့ 2 cm ေလာက္ရွည္ေသးၿပီးေတာ့ထူေနပါေသးတယ္။ ရိုးရိုးေမြးဖို႔ဆိုရင္ မေမြးခင္မွာ သားအိမ္ေခါင္းက 100% ပါးၿပီးတိုလာရပါမယ္။

2. Dilatation- သားအိမ္ေခါင္းပြင့္ျခင္း

ေမြးခါနီးေနာက္ထပ္လကၡဏာတစ္ခုကေတာ့ သားအိမ္ေခါင္းပြင့္လာတာပါ။ သားအိမ္ေခါင္းပြင့္တာကို ဆရာဝန္၊ ဆရာမ၊ သားဖြားဆရာမေတြက cm န႔ဲတိုင္းပါတယ္။ 0cm  ဆိုရင္ လံုးဝမပြင့္ေသးဘူး။ 10 cm ဆိုရင္ သားအိမ္ေခါင္းအျပည့္ပြင့္ၿပီလို႔ေျပာတာပါ။ ပထမပိုင္းမွာေတာ့ သားအိမ္ေခါင္းအေျပာင္းအလဲကေနွးေပမယ့္လည္း ေမြးကာနီးလာတာနဲ႔အမွ်ပိုျမန္လာပါတယ္။

Obimin 1

3. မိန္းမကိုယ္မွအခၽြဲဆင္းတာပိုမ်ားလာျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သားအိမ္ထဲကိုဘက္တီးရီးယားပိုးေတြမဝင္ေအာင္ကာကြယ္ဖို႔အတြက္ သားအိမ္ေခါင္းအဝမွာ အခၽြဲပ်စ္ပ်စ္ေတြနဲ႔ပိတ္ဆို႔ထားပါတယ္။ ေမြးခါနီးလေတြေရာက္ရင္ ဒီအခၽြဲေတြက ေမြးလမ္းေၾကာင္းထဲကိုထြက္လာတဲ့အတြက္ ပန္းေရာင္ (သို႔) ေသြးေရာင္နည္းနည္းလႊမ္းတဲ့ (သို႔) အၾကည္ေရာင္ ခၽြဲေတြပိုဆင္းလာတတ္ပါတယ္။ ဒီလိုခၽြဲေတြဆင္းတာက မေမြးခင္ ရက္အေတာ္ၾကာကတည္းကျဖစ္ႏုိင္သလို ေမြးခါနီးမွလည္းျဖစ္ႏိုင္ပါတယ္။

** ေသြးဆင္းမ်ားတာကေတာ့ ျပသနာတစ္ခုခုေၾကာင့္ျဖစ္ႏုိ္င္တဲ့အတြက္ ဆရာဝန္၊ ဆရာမနဲ႔ျပသပါ။

4. အားအင္မ်ားျပည့္ဝလာျခင္း

မနက္ခင္းမွာ အားအင္ေတြအျပည့္နဲ႔ အိမ္မွာစားစရာေတြအျပည့္ဝယ္ျဖည့္ခ်င္တဲ့စိတ္၊ ကေလးအတြက္ အဝတ္အစားေရာင္စံုေလးေတြဝယ္ခ်င္တဲ့စိတ္နဲ႔ႏိုးထလာတတတ္ပါတယ္။ ဒါကေတာ့ မိခင္ေတြရဲ႕အာရံုရမႈပါ။ ဒီလိုစိတ္က ကို္ယ္ဝန္ေဆာင္ဘယ္အခ်ိန္မွာမဆိုေပါၚလာႏိုင္ေပမယ့္လည္း အခ်ိဳ႕မိခင္ေတြအတြက္ ဒါက ေမြးခါနီးတဲ့လကၡဏာတစ္ခုပါ။ လုပ္ရမွာေတြကိုလုပ္ပါ။ ဒါေပမယ့္အားအကုန္မသံုးလုိက္ပါနဲ႔၊ ေမြးဖြားတဲ့အခ်ိန္မွာအားသံုးဖို႔ခ်န္ထားပါဦး။

5. ကေလးေအာက္ဆင္းလာတယ္လို႔ခံစားရျခင္း

ကေလးေခါင္းက သားအိမ္အရိုးကြင္းထဲကိုလာစိုက္တဲ့အခါမွာ ဗိုက္ထဲမွာေပါ့သြားသလိုခံစားရတတ္ပါတယ္။ ဒီလိုေျပာင္းလဲမႈမ်ိဳးကို ေမြးခါနီး ရက္သတၲပတ္အနည္းငယ္ကေနၿပီးေတာ့ နာရီအနည္းငယ္အတြင္းခံစားရေလ့ရွိပါတယ္။

6. ေရမႊာေပါက္ျခင္း

ကေလးေလး မိခင္ဗိုက္ထဲမွာရွိတဲ့အခ်ိန္မွာ ေရမႊာေရေတြအျပည့္ရွိတဲ့ေရမႊာအိတ္နဲ႔ကေလးကို ကာကြယ္ေပးထားပါတယ္။ ေမြးဖို႔စလာၿပီ (သို႔) ေမြးေတာ့မယ္ဆိုရင္ ေရမႊာအိတ္အေျမွးပါးေပါက္ထြက္ၿပီးေတာ့ ေရေတြထြက္က်လာတာကိုေရမႊာေပါက္တယ္လို႔ ေခၚပါတယ္။ ေရမႊာေပါက္ၿပီဆိုရင္ မိန္းမကိုယ္ကေနၿပီးေတာ့ ေရေတြတစ္စက္စက္ဆင္းလာတာ (သို႔) ေရပြက္ခနဲဆင္းလာတာမ်ိဳးကိုခံစားရပါလိမ့္မယ္။ ေရမႊာေရဆင္းတာလား ဆီးထြက္တာလာ္း မေသခ်ာဘူးဆိုရင္ေတာ့ ေဆးခန္းအျမန္သြားလိုက္ပါ။

ေရမႊာေပါက္ထြက္သြားၿပီဆိုရင္ေတာ့ အခ်ိန္ကအေရးႀကီးလာပါၿပီ။ ေရမႊာေပါက္ခ်ိန္ၾကာလာတဲအ့ခါမွာ ကေလးေရာမိခင္ပါ ေရာဂါပိုးဝင္ႏိုင္ေခ်မ်ားပါတယ္။ သူ႔ဟာသူဗိုက္မနာေသးဘူးဆိုရင္ ဆရာဝန္က ဗိုက္နာဖုိ႔အတြက္ ေဆးသြင္းပါလိမ့္မယ္။

Obimin 2

7. ဗိုက္နာစိပ္လာျခင္း

ေမြးဖြားခါနီးလေတြမွာ သားအိမ္ၾကံဳ႕ၿပီးေတာ့နာတာကို တစ္ခါတစ္ေလခံစားရပါလိမ့္မယ္။ ဒါေတြကို Braxton Hicks contractions လို႔ေခၚပါတယ္။ Braxton Hicks contractions နဲ႔ ေမြးခါနီးလို႔အမွန္တကယ္ဗိုက္နာတာနဲ႔ကို ခြဲျခားတတ္ဖုိ႔လိုပါတယ္။

• ဗိုက္နာတာ ပံုမွန္ပဲလား - ဆိုလိုတာကေတာ့ ဗိုက္နာတာစတဲ့အခ်န္ကေနျ႔ီေးတာ့ ေနာက္တစ္ခါထပ္နာတဲ့အခ်ိန္ကိုမွတ္ထားပါ။ နာတာကပံုမွန္ျဖစ္ေနၿပီးေတာ့ ပိုပိုတိုးလာတယ္ စိပ္လာတယ္ဆိုရင္ ဒါက ေမြးကာနီးလို႔နာတာပါ။

• တစ္ခါနာရင္ဘယ္ေလာက္ၾကာလဲ - ဗိုက္တစ္ခါနာရင္ဘယ္ေလာက္ၾကာလဲဆိုတာကိုမွတ္ထားၾကည့္ပါ။ ဗိုက္တကယ္နာတာက 30-70 စကၠန္႔ေလာက္ၾကပါတယ္။

• ဗိုက္နာတာ ရပ္သြားသလား - တကယ္ဗိုက္နာတယ္ဆိုရင္ ဘယ္လိုပံဳစံနဲ႔ပဲေနေန၊ ဘာလႈပ္ရွားမႈပဲလုပ္လုပ္ ဆက္ၿပီးနာေနမွာပါပဲ။ တကယ္နာတာမဟုတ္ဘူးဆိုရင္ လမ္းေလွ်ာက္လိုက္ရင္၊ နားလိုက္ရင္ (သို႔) ပံုုစံတစ္ခုခုေျပာင္းလိုက္ရင္ နာတာရပ္သြားပါလိမ့္မယ္။

တကယ္ေမြးခါနီးမဟုတ္ဘဲျဖစ္တတ္တာေတြလည္းရွိပါတယ္။

ဘာေၾကာင့္ကေလးေမြးတာကိုပိုလႈ႔ံေဆာ္လည္းဆိုတာကို ဘယ္သူမွအတိအက်မသိသလို တစ္ေယာက္နဲ႔တစ္ေယာက္အေတြ႕အၾကံဳေတြလည္းမတူၾကပါဘူး။ တစ္ခါတစ္ေလဆိုရင္ ဘယ္အခ်ိန္ေမြးမယ္ဆိုတာ ေျပာဖို႔ခက္ပါတယ္။ ေမြးခါနီးၿပီးလား မနီးေသးဘူးလားဆိုတာမေသခ်ာရင္ ကိုယ့္ရဲ႕ဆရာဝန္ကို ဖုန္းဆက္ေမးဖို႔ မေၾကာက္ပါနဲ႔။ ကိုယ္ဝန္ ၃၇ ပတ္မတိုင္ခင္မွာ ေမြးဖို႔လကၡဏာေတြျပလာတယ္ဆိုရင္ (သို႔) ေရ၊ ေသြးတစ္ခုခုဆင္းတယ္ဆိုရင္ ဆရာဝန္၊ ဆရာမနဲ႔တိုင္ပင္ပါ။

တကယ္ေမြးခါနီးမဟုတ္ဘဲနဲ႔ ေဆးရံုသြားမိတာကလည္း ရွက္စရာမလိုပါဘူး။ ဒါက ျဖစ္ေလ့ရွိတဲ့ အေျခအေနတစ္ခုပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲမှာတော့ ကလေးမွေးရတာအရမ်းမြန်ပြီးတော့ ဇာတ်ဆန်ပါတယ်။ အမေက ဗိုက်နာလာပြီးတာနဲ့ ကလေးထွက်လာတော့တာပဲ။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလောက်မမြန်ပါဘူး။ မွေးဖို့အချိန်ကြာပါတယ်။ ပြီးတော့ မွေးခါနီးအစောပိုင်းလက္ခဏာတွေဆိုရင် သိပ်တောင်မသိသာပါဘူး။ ဒီတော့ မွေးကာနီးမှာပြတတ်တဲ့လက္ခဏာလေးတွေကိုမေမေတွေသိထားဖို့ ပြောပြချင်ပါတယ်။

1. Effacement - သားအိမ်ခေါင်းပါးလာခြင်း

မမွေးခင်မှာဆိုရင်သားအိမ်ရဲ့အောက်ပိုင်းမှာရှိတဲ့သားအိမ်ခေါင်းက 3.5-4 cm ရှည်ပါတယ်။ မွေးခါနီးလာတဲ့အခါမှာ သားအိမ်ခေါင်းက ပျော့လာမယ်၊ တိုလာမယ် ပါးလာပါမယ်။ ဒီအချိန်မှာ မအီမသာခံစားရမယ့် သားအိမ်ကပုံမှန်မဟုတ်တဲ့ ညှစ်တာတွေခံစားရမယ် ဒါမှမဟုတ်လည်း ဘာမှခံစားချင်မှလည်းခံစားရပါမယ်။

သားအိမ်ခေါင်းပါးလာတာကို ဆေးပညာအရဆိုရင်တော % နဲ့ပြောပါတယ်။ 0% ဆိုရင် သားအိမ်ခေါင်းက အနည်းဆုံးတော့ 2 cm လောက်ရှည်သေးပြီးတော့ထူနေပါသေးတယ်။ ရိုးရိုးမွေးဖို့ဆိုရင် မမွေးခင်မှာ သားအိမ်ခေါင်းက 100% ပါးပြီးတိုလာရပါမယ်။

2. Dilatation- သားအိမ်ခေါင်းပွင့်ခြင်း

မွေးခါနီးနောက်ထပ်လက္ခဏာတစ်ခုကတော့ သားအိမ်ခေါင်းပွင့်လာတာပါ။ သားအိမ်ခေါင်းပွင့်တာကို ဆရာဝန်၊ ဆရာမ၊ သားဖွားဆရာမတွေက cm နဲ့တိုင်းပါတယ်။ 0cm  ဆိုရင် လုံးဝမပွင့်သေးဘူး။ 10 cm ဆိုရင် သားအိမ်ခေါင်းအပြည့်ပွင့်ပြီလို့ပြောတာပါ။ ပထမပိုင်းမှာတော့ သားအိမ်ခေါင်းအပြောင်းအလဲကနှေးပေမယ့်လည်း မွေးကာနီးလာတာနဲ့အမျှပိုမြန်လာပါတယ်။

3. မိန်းမကိုယ်မှအချွဲဆင်းတာပိုများလာခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ထဲကိုဘက်တီးရီးယားပိုးတွေမဝင်အောင်ကာကွယ်ဖို့အတွက် သားအိမ်ခေါင်းအဝမှာ အချွဲပျစ်ပျစ်တွေနဲ့ပိတ်ဆို့ထားပါတယ်။ မွေးခါနီးလတွေရောက်ရင် ဒီအချွဲတွေက မွေးလမ်းကြောင်းထဲကိုထွက်လာတဲ့အတွက် ပန်းရောင် (သို့) သွေးရောင်နည်းနည်းလွှမ်းတဲ့ (သို့) အကြည်ရောင် ချွဲတွေပိုဆင်းလာတတ်ပါတယ်။ ဒီလိုချွဲတွေဆင်းတာက မမွေးခင် ရက်အတော်ကြာကတည်းကဖြစ်နိုင်သလို မွေးခါနီးမှလည်းဖြစ်နိုင်ပါတယ်။

** သွေးဆင်းများတာကတော့ ပြသနာတစ်ခုခုကြောင့်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်၊ ဆရာမနဲ့ပြသပါ။

4. အားအင်များပြည့်ဝလာခြင်း

မနက်ခင်းမှာ အားအင်တွေအပြည့်နဲ့ အိမ်မှာစားစရာတွေအပြည့်ဝယ်ဖြည့်ချင်တဲ့စိတ်၊ ကလေးအတွက် အဝတ်အစားရောင်စုံလေးတွေဝယ်ချင်တဲ့စိတ်နဲ့နိုးထလာတတတ်ပါတယ်။ ဒါကတော့ မိခင်တွေရဲ့အာရုံရမှုပါ။ ဒီလိုစိတ်က ကိုယ်ဝန်ဆောင်ဘယ်အချိန်မှာမဆိုပေါါ်လာနိုင်ပေမယ့်လည်း အချို့မိခင်တွေအတွက် ဒါက မွေးခါနီးတဲ့လက္ခဏာတစ်ခုပါ။ လုပ်ရမှာတွေကိုလုပ်ပါ။ ဒါပေမယ့်အားအကုန်မသုံးလိုက်ပါနဲ့၊ မွေးဖွားတဲ့အချိန်မှာအားသုံးဖို့ချန်ထားပါဦး။

5. ကလေးအောက်ဆင်းလာတယ်လို့ခံစားရခြင်း

ကလေးခေါင်းက သားအိမ်အရိုးကွင်းထဲကိုလာစိုက်တဲ့အခါမှာ ဗိုက်ထဲမှာပေါ့သွားသလိုခံစားရတတ်ပါတယ်။ ဒီလိုပြောင်းလဲမှုမျိုးကို မွေးခါနီး ရက်သတ္တပတ်အနည်းငယ်ကနေပြီးတော့ နာရီအနည်းငယ်အတွင်းခံစားရလေ့ရှိပါတယ်။

6. ရေမွှာပေါက်ခြင်း

ကလေးလေး မိခင်ဗိုက်ထဲမှာရှိတဲ့အချိန်မှာ ရေမွှာရေတွေအပြည့်ရှိတဲ့ရေမွှာအိတ်နဲ့ကလေးကို ကာကွယ်ပေးထားပါတယ်။ မွေးဖို့စလာပြီ (သို့) မွေးတော့မယ်ဆိုရင် ရေမွှာအိတ်အမြှေးပါးပေါက်ထွက်ပြီးတော့ ရေတွေထွက်ကျလာတာကိုရေမွှာပေါက်တယ်လို့ ခေါ်ပါတယ်။ ရေမွှာပေါက်ပြီဆိုရင် မိန်းမကိုယ်ကနေပြီးတော့ ရေတွေတစ်စက်စက်ဆင်းလာတာ (သို့) ရေပွက်ခနဲဆင်းလာတာမျိုးကိုခံစားရပါလိမ့်မယ်။ ရေမွှာရေဆင်းတာလား ဆီးထွက်တာလာ်း မသေချာဘူးဆိုရင်တော့ ဆေးခန်းအမြန်သွားလိုက်ပါ။

ရေမွှာပေါက်ထွက်သွားပြီဆိုရင်တော့ အချိန်ကအရေးကြီးလာပါပြီ။ ရေမွှာပေါက်ချိန်ကြာလာတဲအ့ခါမှာ ကလေးရောမိခင်ပါ ရောဂါပိုးဝင်နိုင်ချေများပါတယ်။ သူ့ဟာသူဗိုက်မနာသေးဘူးဆိုရင် ဆရာဝန်က ဗိုက်နာဖို့အတွက် ဆေးသွင်းပါလိမ့်မယ်။

7. ဗိုက်နာစိပ်လာခြင်း

မွေးဖွားခါနီးလတွေမှာ သားအိမ်ကြုံ့ပြီးတော့နာတာကို တစ်ခါတစ်လေခံစားရပါလိမ့်မယ်။ ဒါတွေကို Braxton Hicks contractions လို့ခေါ်ပါတယ်။ Braxton Hicks contractions နဲ့ မွေးခါနီးလို့အမှန်တကယ်ဗိုက်နာတာနဲ့ကို ခွဲခြားတတ်ဖို့လိုပါတယ်။

• ဗိုက်နာတာ ပုံမှန်ပဲလား - ဆိုလိုတာကတော့ ဗိုက်နာတာစတဲ့အချန်ကနြေ့ီေးတာ့ နောက်တစ်ခါထပ်နာတဲ့အချိန်ကိုမှတ်ထားပါ။ နာတာကပုံမှန်ဖြစ်နေပြီးတော့ ပိုပိုတိုးလာတယ် စိပ်လာတယ်ဆိုရင် ဒါက မွေးကာနီးလို့နာတာပါ။

• တစ်ခါနာရင်ဘယ်လောက်ကြာလဲ - ဗိုက်တစ်ခါနာရင်ဘယ်လောက်ကြာလဲဆိုတာကိုမှတ်ထားကြည့်ပါ။ ဗိုက်တကယ်နာတာက 30-70 စက္ကန့်လောက်ကြပါတယ်။

• ဗိုက်နာတာ ရပ်သွားသလား - တကယ်ဗိုက်နာတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ပဲနေနေ၊ ဘာလှုပ်ရှားမှုပဲလုပ်လုပ် ဆက်ပြီးနာနေမှာပါပဲ။ တကယ်နာတာမဟုတ်ဘူးဆိုရင် လမ်းလျှောက်လိုက်ရင်၊ နားလိုက်ရင် (သို့) ပုံစံတစ်ခုခုပြောင်းလိုက်ရင် နာတာရပ်သွားပါလိမ့်မယ်။

တကယ်မွေးခါနီးမဟုတ်ဘဲဖြစ်တတ်တာတွေလည်းရှိပါတယ်။

ဘာကြောင့်ကလေးမွေးတာကိုပိုလှုံ့ဆော်လည်းဆိုတာကို ဘယ်သူမှအတိအကျမသိသလို တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံတွေလည်းမတူကြပါဘူး။ တစ်ခါတစ်လေဆိုရင် ဘယ်အချိန်မွေးမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ မွေးခါနီးပြီးလား မနီးသေးဘူးလားဆိုတာမသေချာရင် ကိုယ့်ရဲ့ဆရာဝန်ကို ဖုန်းဆက်မေးဖို့ မကြောက်ပါနဲ့။ ကိုယ်ဝန် ၃၇ ပတ်မတိုင်ခင်မှာ မွေးဖို့လက္ခဏာတွေပြလာတယ်ဆိုရင် (သို့) ရေ၊ သွေးတစ်ခုခုဆင်းတယ်ဆိုရင် ဆရာဝန်၊ ဆရာမနဲ့တိုင်ပင်ပါ။

တကယ်မွေးခါနီးမဟုတ်ဘဲနဲ့ ဆေးရုံသွားမိတာကလည်း ရှက်စရာမလိုပါဘူး။ ဒါက ဖြစ်လေ့ရှိတဲ့ အခြေအနေတစ်ခုပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)