/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကေလးေမြးေတာ့မယ္ဆိုတာ-ဘယ္လိုသိႏိုင္မလဲ

ကေလးေမြးေတာ့မယ္ဆိုတာ ဘယ္လိုသိႏိုင္မလဲ?

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

က​ေလး​ေမြး​ေတာ့မယ္​ဆိုတဲ့ လကၡဏာရပ္​​ေတြက​ေတာ့...

 

​ေမြးမယ္​့ရက္​နီးကပ္​လာသူ​ေတြပဲျဖစ္​ျဖစ္​၊ ​ေမြးရက္​​ေက်ာ္​​ေနသူ​ေတြပဲျဖစ္​ျဖစ္​ က​ေလး​ေမြးခ်င္​လာရင္​ ဘယ္​လို​ေတြျဖစ္​လာမယ္​ဆိုတာကို သိခ်င္​​ေနၾကမွာ​ေပါ့​ေနာ္​။ ကိုယ္​ဝန္​​ေဆာင္​​ေတြကိုယ္​ႏႈိက္​က တစ္​ဦးနဲတစ္​ဦးမတူညီသလို က​ေလး​ေမြးပံုက​လည္​း တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ မတူညီနိုင္​ဘူး။

 

က​ေလး​ေမြးခ်င္​လာၿပီဆိုရင္​

 

1. က​ေလး​ေခါင္​းစိုက္​ျခင္​း

 

အမ်ိဳးသမီး​ေတြ က​ေလး​ေခါင္​းစိုက္​တဲ့အ​ေၾကာငး္​ ​ေျပာ​ေျပာ​ေနၾကတာ ၾကားဖူးၾကမွာ​ေပါ့။ က​ေလး​ေမြးခါနီးအခ်ိန္​မွာ က​ေလး​ေလးဟာ တင္​ပါးဆံု​ေအာက္​ပိုင္​းကို ​ေ႐ြ႕လာတတ္​တယ္​။ ဒါကို က​ေလး​ေခါင္​းစိုက္​တယ္​လို႔ ​ေခၚတယ္​။

 

ဒီလိုက​ေလး​ေခါင္​းစိုက္​လာတဲ့အခါ ဆီးအိမ္​နဲ႔ သားအိမ္​​ေခါင္​း​ေပၚ လာဖိတာ​ေၾကာင္​့ ခဏခဏဆီးသြားခ်င္​လာလိမ္​့မယ္​။

 

2. သားအိမ္​​ေခါင္​းပြင္​့ၿပီး​ေပ်ာ့လာျခင္​း

 

သားအိမ္​​ေခါင္​းကို စစ္​​ေဆးျခင္​းျဖင္​့ အ​ေျခအ​ေနဘယ္​လိုရွိသလဲဆိုတာကို ဆရာဝန္​က သိနိုင္​တယ္​။ ကိုယ္​ဝန္​​ေနာက္​ပိုင္​းကာလ​ေတြ​ေရာက္​မွ စမ္​းသပ္​တာမ်ားပါတယ္​။ ဒီအခ်ိန္​မ်ိဳးမွာ သားအိမ္​​ေခါင္​းပြင္​့ဟက်ယ္​လာၿပီး ပါးလာ၊ ဆန္​႔လာတာ​ေပါ့။

 

တစ္​ခ်ိဳ႕အမ်ိဳးသမီး​ေတြဆိုရင္​ သားအိမ္​​ေခါင္​းစင္​တီမီတာအနည္​းငယ္​​ေလာက္​ ပြင္​့ဟလာ​ေပမယ္​့ က​ေလးမ​ေမြး​ခ်င္​​ေသးဘဲ ​ေအး​ေအး​ေဆး​ေဆးသြားလာလႈပ္​ရွားနိုင္​​ေသးတယ္​။ ဘယ္​လိုပဲျဖစ္​ျဖစ္​​ေပါ့။ သားအိမ္​​ေခါင္​းပြင္​့ဟလာၿပီဆိုရင္​ ​ေမြးခါနီးလာၿပီလို႔ ​ေျပာလု႔ိရတယ္​။

Obimin 1

3. အျဖဴ အဆင္​းမ်ားျခင္​း

 

၃၇ပတ္​နဲ႔ အပတ္​၄၀ၾကားမွာ သားအိမ္​​ေခါင္​းခြၽဲ​ေလး​ေတြ ဆင္​းဆင္​းလာတာကို​ေတြ႕နိုင္​တယ္​။ ​ဒီအခြၽဲ​ေတြက ဘတ္​တီးရီးယားပိုးမြား​ေတြ က​ေလးဆီမဝင္​ရ​ေလ​ေအာင္​ ကာကြယ္​​ေပးထားပါတယ္။

 

သားအိမ​္​​ေခါင္​းက်ယ္​လာၿပီး ပြင္​့ဟလာခ်ိန္​မွာ ဆင္​းလာတာမ်ားတယ္​။ ခြၽဲ​ေတြအျပင္​ ​ေသြး​စစ​ေတြလည္​း ဆင္​းလာတတ္​တယ္​။ မၾကာခင္​​ေမြ​း​ေတာ့မယ္​ဆုိတာ သိနိုင္​​ေပမယ္​့ က​ေလး​ေမြးဖို႔ ရက္​သတၱပတ္​နည္​းနည္​း ​ေစာင္​့ရတတ္​တယ္​။

 

4. သားအိမ္​ညႇစ္​ျခင္​း

 

သားအိမ္​ညွစ္​အားလည္​း ပိုမ်ားၿပီး ပိုျပင္​းလာတတ္​တယ္​။ ဒီလိုက​ေလးမ​ေမြးခင္​ သားအိမ္​ညႇစ္​တာကို ​ေဆးပညာအသံုးအရ Braxton -Hicks contractionsလို႔​ေခၚၿပီး က​ေလးမ​ေမြးခင္​ အစမ္​းညႇစ္​ၾကည့္​တာလို႔ ​ေျပာနိုင္​တယ္​။ နာလည္​းမနာ၊ ပံုလည္​းမမွန္​ဘူး။

 

တကယ္​လို႔ သားအိမ္​​ညႇစ္​တာ ပိုျပင္​း၊ ပိုနာလာၿပီး ​ထမင္​းစား၊ ​ေရ​ေသာက္​၊ လွဲအိပ္​​လိုက္​ရံုနဲ႔ မ​ေပ်ာက္​​ေတာ့ဘူးဆိုရင္​ တကယ္​​ေမြးခ်င္​လို႔ ညႇစ္​တာျဖစ္​နိုင္​တယ္​။ တစ္​ခါတစ္​ခါနာတဲ့အႀကိမ္​​ေရၾကား အခ်ိန္​ကိုမွတ္​ထားပါ။ တစ္​ခါနဲ႔တစ္​ခါနာတာ ၃မိနစ္​က​ေန ၅မိနစ္​​ေလာက္​ထိပဲ ျခား​ေတာ့တယ္​ဆိုရင္​ ဆရာဝန္​ကိ​ု​ေျပာပါ​ေတာ့။

 

5. ​ေရႁမြာ​ရည္​​ေပါက္​ျခင္​း

 

​ေရႁမြာရည္​​ေပါက္​ၿပီး က​ေလးခ်က္​ခ်င္​း​ေမြး​ေတာ့မွာလားလို႔ မလန္​႔ၾကနဲ႔ဦး​ေနာ္​။ ၈-၁၀%​ေသာ အမ်ိဳးသမီး​ေတြမွာသာ တကယ္​က​ေလးမ​ေမြးခ်င္​​ေသးဘဲ ​ေရႁမြာရည္​​ေပါက္​တတ္​တယ္​။

 

​ေရႁမြာရည္​​ေတြ​ေဝါခနဲဆင္​းလာတာပဲျဖစ္​ျဖစ္​၊ ​တစ္​​ေတာက္​​ေတာက္​​ေလာက္​ဆင္​း​ေနတာပဲျဖစ္​ျဖစ္​ တစ္​ျခားလကၡဏာ​ေတြကို လိုက္​ရွာၾကည့္​ပါ။ ​ေမြးခါနီးအခ်ိန္​ျဖစ္​နိုင္​တယ္​။ တကယ္​လို႔ လျပည့္​​ေနၿပီဆိုရင္​ ၂၄နာရီအတြင္​း က​ေလး​ေမြးပါလိမ္​့မယ္​။

Obimin 2

ကိုယ္​့ခႏၶာကိုယ္​ကိုနား​ေထာင္​ပါ။

 

အမ်ိဳးသမီးတစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ က​ေလး​ေမြးပံု​ေမြးနည္​း၊ ဆိုးပံုဆိုးနည္​း မတူတတ္​ၾကဘူး။ က​ေလး​ေမြးခါနီးကိုယ္​့ခႏၶာကိုယ္​အ​ေျပာင္​းအလဲ​ေတြကို လိုက္​ၾကည့္​ၿပီး တစ္​ခုခုအသစ္​အဆန္​းျဖစ္​လာတယ္​၊ ပံုမမွန္​ျဖစ္​လာတယ္​ဆိုရင္​ သတိထားပါ။

 

အ​ေပၚမွာ​ေျပာခဲ့တဲ့လကၡဏာအ​ေတာ္​မ်ားမ်ားရွိလာ​ေပမယ္​့ က​ေလး​ေမြးဖို႔ အခ်ိန္​နည္​းနည္​းၾကာနိုင္​​ေသးတာမ်ိဳးလည္​း ရွိနိုင္​တယ္​။ ​ေရႁမြာရည္​​ေပါက္​သြားၿပီဆိုရင္​​ေတာ့ နာရီပိုငး္​အတြင္​းမွာ ​ေမြးရပါမယ္​။

 

မ​ေသမ​ေခ်ာမ​ေရမရာျဖစ္​​ေနတယ္​လို႔ ထင္​​ရ​ေပမယ္​့ တကယ္​က​ေလး​ေမြး​ေတာ့မယ္​ဆိုရင္​ သားဦးမိခင္​​ေတြမွာ ၁၂နာရီက​ေန ၂၄နာရီ​ေလာက္​အထိ ၾကာနိုင္​တယ္​။ ​ေမြးခါနီး​ေမ​ေမ​ေတြအားလံုးလည္​း အ​ဆင္​​ေျပ​ေျပ​ေခ်ာ​ေခ်ာ​ေမြ႕​ေမြ႕​​ေမြးဖြားနိုင္​ပါ​ေစလို႔ ဆု​ေတာင္​း​ေပးလိုက္​ပါတယ္​​ေနာ္​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

ကလေးမွေးတော့မယ်ဆိုတဲ့ လက္ခဏာရပ်တွေကတော့...

 

မွေးမယ့်ရက်နီးကပ်လာသူတွေပဲဖြစ်ဖြစ်၊ မွေးရက်ကျော်နေသူတွေပဲဖြစ်ဖြစ် ကလေးမွေးချင်လာရင် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို သိချင်နေကြမှာပေါ့နော်။ ကိုယ်ဝန်ဆောင်တွေကိုယ်နှိုက်က တစ်ဦးနဲတစ်ဦးမတူညီသလို ကလေးမွေးပုံကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ဘူး။

 

ကလေးမွေးချင်လာပြီဆိုရင်

 

1. ကလေးခေါင်းစိုက်ခြင်း

 

အမျိုးသမီးတွေ ကလေးခေါင်းစိုက်တဲ့အကြောင်း ပြောပြောနေကြတာ ကြားဖူးကြမှာပေါ့။ ကလေးမွေးခါနီးအချိန်မှာ ကလေးလေးဟာ တင်ပါးဆုံအောက်ပိုင်းကို ရွေ့လာတတ်တယ်။ ဒါကို ကလေးခေါင်းစိုက်တယ်လို့ ခေါ်တယ်။

 

ဒီလိုကလေးခေါင်းစိုက်လာတဲ့အခါ ဆီးအိမ်နဲ့ သားအိမ်ခေါင်းပေါ် လာဖိတာကြောင့် ခဏခဏဆီးသွားချင်လာလိမ့်မယ်။

 

2. သားအိမ်ခေါင်းပွင့်ပြီးပျော့လာခြင်း

 

သားအိမ်ခေါင်းကို စစ်ဆေးခြင်းဖြင့် အခြေအနေဘယ်လိုရှိသလဲဆိုတာကို ဆရာဝန်က သိနိုင်တယ်။ ကိုယ်ဝန်နောက်ပိုင်းကာလတွေရောက်မှ စမ်းသပ်တာများပါတယ်။ ဒီအချိန်မျိုးမှာ သားအိမ်ခေါင်းပွင့်ဟကျယ်လာပြီး ပါးလာ၊ ဆန့်လာတာပေါ့။

 

တစ်ချို့အမျိုးသမီးတွေဆိုရင် သားအိမ်ခေါင်းစင်တီမီတာအနည်းငယ်လောက် ပွင့်ဟလာပေမယ့် ကလေးမမွေးချင်သေးဘဲ အေးအေးဆေးဆေးသွားလာလှုပ်ရှားနိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သားအိမ်ခေါင်းပွင့်ဟလာပြီဆိုရင် မွေးခါနီးလာပြီလို့ ပြောလု့ိရတယ်။

 

3. အဖြူ အဆင်းများခြင်း

 

၃၇ပတ်နဲ့ အပတ်၄၀ကြားမှာ သားအိမ်ခေါင်းချွဲလေးတွေ ဆင်းဆင်းလာတာကိုတွေ့နိုင်တယ်။ ဒီအချွဲတွေက ဘတ်တီးရီးယားပိုးမွားတွေ ကလေးဆီမဝင်ရလေအောင် ကာကွယ်ပေးထားပါတယ်။

 

သားအိမ်ခေါင်းကျယ်လာပြီး ပွင့်ဟလာချိန်မှာ ဆင်းလာတာများတယ်။ ချွဲတွေအပြင် သွေးစစတွေလည်း ဆင်းလာတတ်တယ်။ မကြာခင်မွေးတော့မယ်ဆိုတာ သိနိုင်ပေမယ့် ကလေးမွေးဖို့ ရက်သတ္တပတ်နည်းနည်း စောင့်ရတတ်တယ်။

 

4. သားအိမ်ညှစ်ခြင်း

 

သားအိမ်ညှစ်အားလည်း ပိုများပြီး ပိုပြင်းလာတတ်တယ်။ ဒီလိုကလေးမမွေးခင် သားအိမ်ညှစ်တာကို ဆေးပညာအသုံးအရ Braxton -Hicks contractionsလို့ခေါ်ပြီး ကလေးမမွေးခင် အစမ်းညှစ်ကြည့်တာလို့ ပြောနိုင်တယ်။ နာလည်းမနာ၊ ပုံလည်းမမှန်ဘူး။

 

တကယ်လို့ သားအိမ်ညှစ်တာ ပိုပြင်း၊ ပိုနာလာပြီး ထမင်းစား၊ ရေသောက်၊ လှဲအိပ်လိုက်ရုံနဲ့ မပျောက်တော့ဘူးဆိုရင် တကယ်မွေးချင်လို့ ညှစ်တာဖြစ်နိုင်တယ်။ တစ်ခါတစ်ခါနာတဲ့အကြိမ်ရေကြား အချိန်ကိုမှတ်ထားပါ။ တစ်ခါနဲ့တစ်ခါနာတာ ၃မိနစ်ကနေ ၅မိနစ်လောက်ထိပဲ ခြားတော့တယ်ဆိုရင် ဆရာဝန်ကိုပြောပါတော့။

 

5. ရေမြွာရည်ပေါက်ခြင်း

 

ရေမြွာရည်ပေါက်ပြီး ကလေးချက်ချင်းမွေးတော့မှာလားလို့ မလန့်ကြနဲ့ဦးနော်။ ၈-၁၀%သော အမျိုးသမီးတွေမှာသာ တကယ်ကလေးမမွေးချင်သေးဘဲ ရေမြွာရည်ပေါက်တတ်တယ်။

 

ရေမြွာရည်တွေဝေါခနဲဆင်းလာတာပဲဖြစ်ဖြစ်၊ တစ်တောက်တောက်လောက်ဆင်းနေတာပဲဖြစ်ဖြစ် တစ်ခြားလက္ခဏာတွေကို လိုက်ရှာကြည့်ပါ။ မွေးခါနီးအချိန်ဖြစ်နိုင်တယ်။ တကယ်လို့ လပြည့်နေပြီဆိုရင် ၂၄နာရီအတွင်း ကလေးမွေးပါလိမ့်မယ်။

 

ကိုယ့်ခန္ဓာကိုယ်ကိုနားထောင်ပါ။

 

အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် ကလေးမွေးပုံမွေးနည်း၊ ဆိုးပုံဆိုးနည်း မတူတတ်ကြဘူး။ ကလေးမွေးခါနီးကိုယ့်ခန္ဓာကိုယ်အပြောင်းအလဲတွေကို လိုက်ကြည့်ပြီး တစ်ခုခုအသစ်အဆန်းဖြစ်လာတယ်၊ ပုံမမှန်ဖြစ်လာတယ်ဆိုရင် သတိထားပါ။

 

အပေါ်မှာပြောခဲ့တဲ့လက္ခဏာအတော်များများရှိလာပေမယ့် ကလေးမွေးဖို့ အချိန်နည်းနည်းကြာနိုင်သေးတာမျိုးလည်း ရှိနိုင်တယ်။ ရေမြွာရည်ပေါက်သွားပြီဆိုရင်တော့ နာရီပိုင်းအတွင်းမှာ မွေးရပါမယ်။

 

မသေမချောမရေမရာဖြစ်နေတယ်လို့ ထင်ရပေမယ့် တကယ်ကလေးမွေးတော့မယ်ဆိုရင် သားဦးမိခင်တွေမှာ ၁၂နာရီကနေ ၂၄နာရီလောက်အထိ ကြာနိုင်တယ်။ မွေးခါနီးမေမေတွေအားလုံးလည်း အဆင်ပြေပြေချောချောမွေ့မွေ့မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)