/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ကေလးႏို႔တိုက္ခ်ိန္မွာ-ႀကံဳရေလ့ရွိတဲ့အခက္အခဲမ်ား

ကေလးႏို႔တိုက္ခ်ိန္မွာ ႀကံဳရေလ့ရွိတဲ့အခက္အခဲမ်ား

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ေဆးရံုမွာကေလးေလးကိုေမြးလာၿပီးတဲ့အခါ သူနာျပဳဆရာမကေစာင့္ေပးၿပီး ကေလးႏိုးလာၿပီဆိုရင္ ေသခ်ာႏို႔တိုက္ေပး ျပန္သိပ္ေပးေနတဲ့အေတြက္ ေမေမေတြအတြက္ အဆင္ေျပတာေပါ့။ အဲကေနၿပီးေတာ့ ၃-၄ ရက္ေလာက္ေနၿပီးေတာ့ ေဆးရံုကေနဆင္း အိမ္ကိုလည္းေရာက္ေရာ အဲဒီမွာစေတြ႕ေတာ့တာပါပဲ။ ကေလးေလးက ညဘက္ညဘက္ေတြႏိုးႏိုးေနၿပီးေတာ့ ခဏခဏလည္းငိုတာေတြ၊ တစ္ခါတစ္ေလႏို႔တိုက္ရတာအဆင္မေျပတာေတြ ႀကံဳရတတ္ပါတယ္။

>> ဒီအခ်ိန္မွာမိခင္ေတြ ႀကံဳရတတ္တဲ့ အခက္အခဲေလးေတြ

ကေလးႏို႔တိုက္ရလို႔ အိပ္ေရးပ်က္တာေတြအျပင္ ကေလးေမြးၿပီး ပထမသံုးရက္ေလာက္မွာ ႏို႔သီးေခါင္းေတြကလည္း နာတတ္ပါတယ္။ ဒီအဆင့္မွာ ကေလးက ေကာင္းေကာင္းႏို႔စို႔ရင္ေတာင္မွ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ ႏို႔သီးေခါင္းက တုန္႔ျပန္မႈေတြကမ်ားေနပါတယ္။ ဒါေပမယ့္လည္း ႏို႔သီးေခါင္းကြဲရင္၊ ေသြးေတြထြက္ရင္၊ အရည္ၾကည္ဖုေတြေပါက္လာရင္ေတာ့ ဆရာဝန္နဲ႔ျပသဖို႔လိုပါတယ္။

ဒီအခ်ိန္မွာ ႏို႔ရည္ၾကည္ကေနၿပီးေတာ့ ႏို႔ရည္အျဖစ္ေျပာင္းလာၿပီျဖစ္တဲ့အတြက္ နို႔ေတြလည္းပိုထြက္လာၿပီးေတာ့ ရင္သားေတြမွာျပည့္ၿပီးေလးလာသလိုခံစားရတတ္ပါတယ္။ ခဏခဏႏို႔တိုက္ေပးတာက ဒီခံစားခ်က္ကိုသက္သာေစပါလိမ့္မယ္။

Obimin 1

>> ဒီအခ်ိန္မွာ ကေလးေတြႀကံဳရတတ္တဲ့အခက္အခဲေလးေတြ

မိခင္ႏို႔စို႔တဲ့ကေလးငယ္တခ်ိဳ႕မွာ အသားဝါတတ္ပါတယ္။ ဒါေပမယ့္လည္း ေမြးၿပီးၿပီးခ်င္းပထမသံုးရက္မွာ တစ္ေန႔ကို ၈-၁၀ ႀကိမ္ေလာက္ႏို႔မၾကာခဏတိုက္ေပးမယ္ဆိုရင္ ကေလးအသားဝါၿပီးေတာ့ မီးျပရတာေတြကို ေလ်ာ့ေစပါတယ္။

ဒီအခ်ိန္မွာ ကေလးဖြံ႕ၿဖိဳးဖို႔အတြက္ ႏို႔ေကာင္းေကာင္းစို႔ဖို႔လိုတဲ့အတြက္ ကေလးက သူ႔ဟာသူနိုးလာၿပီးႏို႔မစို႔ဘူးဆိုရင္ ကေလးကိုႏႈိးႏႈိးၿပီး ႏို႔တိုက္ေပးဖို႔လိုပါတယ္။

ေမြးၿပီး ၃ ရက္ေလာက္ေနရင္ ႏို႔ရည္ၾကည္ကေနၿပီးေတာ့ ႏို႔ကအဝါေရာင္ေျပာင္းလာၿပီးေတာ့ ပိုၿပီးလည္းပ်စ္လာပါတယ္။ ဒီအခ်ိန္မွာႏို႔ပိုထြက္ေစဖို႔အတြက္ ကေလးကို ၂-၃ နာရီျခားတစ္ႀကိမ္တိုက္ေပးဖို႔လိုပါတယ္။ ကေလးစို႔ေလႏို႔ပိုထြက္ေလပါပဲ။ ႏို႔ပိုမထြက္လာဘူး၊ ႏို႔ေရာင္ေျပာင္းမလာဘူးဆိုရင္လည္း ဘာမွမစိုးရိမ္ပါနဲ႔။ ကေလးကိုပဲ ႏို႔ဆက္တိုက္ပါ။ ရက္အနည္းငယ္ၾကာလို႔မွ ဘာမွမေျပာင္းလာဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။

အရမ္းအေရးႀကီးတဲ့အခ်က္ကေတာ့ - ႏို႔သီးေခါင္းခြဲစိ္တ္မႈတစ္ခုခုလုပ္ထားတဲ့ မိခင္ေတြမွာ ႏို႔အျပည့္အဝထြက္မွာမဟုတ္ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Obimin 2

(Unicode)

ဆေးရုံမှာကလေးလေးကိုမွေးလာပြီးတဲ့အခါ သူနာပြုဆရာမကစောင့်ပေးပြီး ကလေးနိုးလာပြီဆိုရင် သေချာနို့တိုက်ပေး ပြန်သိပ်ပေးနေတဲ့အတွေက် မေမေတွေအတွက် အဆင်ပြေတာပေါ့။ အဲကနေပြီးတော့ ၃-၄ ရက်လောက်နေပြီးတော့ ဆေးရုံကနေဆင်း အိမ်ကိုလည်းရောက်ရော အဲဒီမှာစတွေ့တော့တာပါပဲ။ ကလေးလေးက ညဘက်ညဘက်တွေနိုးနိုးနေပြီးတော့ ခဏခဏလည်းငိုတာတွေ၊ တစ်ခါတစ်လေနို့တိုက်ရတာအဆင်မပြေတာတွေ ကြုံရတတ်ပါတယ်။

>> ဒီအချိန်မှာမိခင်တွေ ကြုံရတတ်တဲ့ အခက်အခဲလေးတွေ

ကလေးနို့တိုက်ရလို့ အိပ်ရေးပျက်တာတွေအပြင် ကလေးမွေးပြီး ပထမသုံးရက်လောက်မှာ နို့သီးခေါင်းတွေကလည်း နာတတ်ပါတယ်။ ဒီအဆင့်မှာ ကလေးက ကောင်းကောင်းနို့စို့ရင်တောင်မှ ဟော်မုန်းအပြောင်းအလဲတွေကြောင့် နို့သီးခေါင်းက တုန့်ပြန်မှုတွေကများနေပါတယ်။ ဒါပေမယ့်လည်း နို့သီးခေါင်းကွဲရင်၊ သွေးတွေထွက်ရင်၊ အရည်ကြည်ဖုတွေပေါက်လာရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

ဒီအချိန်မှာ နို့ရည်ကြည်ကနေပြီးတော့ နို့ရည်အဖြစ်ပြောင်းလာပြီဖြစ်တဲ့အတွက် နို့တွေလည်းပိုထွက်လာပြီးတော့ ရင်သားတွေမှာပြည့်ပြီးလေးလာသလိုခံစားရတတ်ပါတယ်။ ခဏခဏနို့တိုက်ပေးတာက ဒီခံစားချက်ကိုသက်သာစေပါလိမ့်မယ်။

>> ဒီအချိန်မှာ ကလေးတွေကြုံရတတ်တဲ့အခက်အခဲလေးတွေ

မိခင်နို့စို့တဲ့ကလေးငယ်တချို့မှာ အသားဝါတတ်ပါတယ်။ ဒါပေမယ့်လည်း မွေးပြီးပြီးချင်းပထမသုံးရက်မှာ တစ်နေ့ကို ၈-၁၀ ကြိမ်လောက်နို့မကြာခဏတိုက်ပေးမယ်ဆိုရင် ကလေးအသားဝါပြီးတော့ မီးပြရတာတွေကို လျော့စေပါတယ်။

ဒီအချိန်မှာ ကလေးဖွံ့ဖြိုးဖို့အတွက် နို့ကောင်းကောင်းစို့ဖို့လိုတဲ့အတွက် ကလေးက သူ့ဟာသူနိုးလာပြီးနို့မစို့ဘူးဆိုရင် ကလေးကိုနှိုးနှိုးပြီး နို့တိုက်ပေးဖို့လိုပါတယ်။

မွေးပြီး ၃ ရက်လောက်နေရင် နို့ရည်ကြည်ကနေပြီးတော့ နို့ကအဝါရောင်ပြောင်းလာပြီးတော့ ပိုပြီးလည်းပျစ်လာပါတယ်။ ဒီအချိန်မှာနို့ပိုထွက်စေဖို့အတွက် ကလေးကို ၂-၃ နာရီခြားတစ်ကြိမ်တိုက်ပေးဖို့လိုပါတယ်။ ကလေးစို့လေနို့ပိုထွက်လေပါပဲ။ နို့ပိုမထွက်လာဘူး၊ နို့ရောင်ပြောင်းမလာဘူးဆိုရင်လည်း ဘာမှမစိုးရိမ်ပါနဲ့။ ကလေးကိုပဲ နို့ဆက်တိုက်ပါ။ ရက်အနည်းငယ်ကြာလို့မှ ဘာမှမပြောင်းလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အရမ်းအရေးကြီးတဲ့အချက်ကတော့ - နို့သီးခေါင်းခွဲစိတ်မှုတစ်ခုခုလုပ်ထားတဲ့ မိခင်တွေမှာ နို့အပြည့်အဝထွက်မှာမဟုတ်ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)