/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/စိတ္ဖိစီးမႈျဖစ္ရင္-ကေလးေစာေမြးတတ္သလား

စိတ္ဖိစီးမႈျဖစ္ရင္ ကေလးေစာေမြးတတ္သလား

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္တတ္တဲ့လကၡဏာေတြကိုရင္ဆိုင္ျဖတ္သန္းေနရတာေတာင္မွ စိတ္ပင္ပန္းပါတယ္။ ဒီအခ်ိန္မွာ စိတ္ဖိစီးမႈျဖစ္လာၿပီးဆိုရင္ေတာ့ ပိုဆိုးပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိတ္ဖိစီးမႈေတြရင္ဆိုင္ရတာက တကယ္ခက္ခဲတယ္ဆိုေပမယ့္လည္း ၾကိဳးစားၿပီးေတာ့ စိတ္ကိုေျဖေလွ်ာ့ပါ။ စိတ္ဖိစီးမႈ အထူးသျဖင့္ ကာလၾကာရွည္စြာစိတ္ဖိစီးေနတာက လမရင့္ေသးဘဲကေလးေမြးတာ၊ ကေလးေသးေသးေလးေမြးတာေတြျဖစ္ႏို္င္ေခ်မ်ားေစပါတယ္။

>> စိတ္ဖိစီးမႈႏွင့္ ကေလးေစာေမြးျခင္း

ကေလးေမြးဖြားဖို႔အစျပဳတဲ့ျဖစ္စဥ္က ရႈပ္ေထြးၿပီးနားလည္ရခက္ပါတယ္။ ဒီျဖစ္စဥ္ထဲမွာဆိုရင္ မိခင္ေရာ ကေလးေရာရဲ႕ ေဟာ္မုန္းေတြ၊ စနစ္ေတြေရာယွက္ပါဝင္ပါတယ္။ ၿပီးေတာ့ ဘယ္အခ်ိန္ေမြးမယ္ဆိုတာလည္း အတိအက်ခန္႔မွန္းရတာအရမ္းခက္ပါတယ္။ ဒီလိုရႈပ္ေထြးတဲ့အတြက္ေၾကာင့္ သိပၸံပညာရွင္ေတြအေနနဲ႔ စိတ္ဖိစီးမႈေၾကာင့္ ကေလးေစာေမြးႏို္င္တယ္လို႔လည္း တထစ္ခ်မေျပာႏိုင္ပါဘူး။ ေလ့လာမႈေတြမွာေတာ့စိတ္ဖိစီးမႈမ်ားတဲ့အမ်ိဳးသမီးေတြက ကေလးေစာေမြးေလ့ရွိတာကိုေတြ႕ရတဲ့အတြက္ေၾကာင့္ စိတ္ဖိစီးမႈက ကေလးေစာေမြးႏိုင္ေခ်မ်ားတယ္လို႔ေတာ့ ေကာက္ခ်က္ခ်ထားပါတယ္။

စိတ္ဖိစီးမႈေတြမ်ားတဲ့အေျခအေနတစ္ခုမွာ ခႏၶာကိုယ္က နည္းလမ္းမ်ိဳးစံုနဲ႔ျပန္လည္တုန္႔ျပန္ပါတယ္။ ဥပမာေျပာရရင္ စိတ္ဖိစီးလာျပီဆိုရင္ ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးေပါင္ခ်ိန္ေတြတက္လာတယ္၊ ေဟာ္မုန္းေတြကလည္းတက္လိုက္က်လိုက္ျဖစ္ေနတယ္။ ဒီစိတ္ဖိစီးမႈက ယာယီလား၊ အၾကာႀကီးျဖစ္ေနတာလားဆိုတာကိုလည္း ခြဲျခားသိဖို႔အေရးႀကီးပါေသးတယ္။

Obimin 1

1.ယာယီစိတ္ဖိစီးမႈ - ခႏၶာကိုယ္ရဲ႕တုန္႔ျပန္မႈေတြကလည္းခဏတာပါပဲ။ ၿပီးရင္ပံုမွန္ျပန္ျဖစ္သြားပါတယ္။

2.ကာလရွည္ၾကာစိိတ္ဖိစီးမႈ - ဒီမွာဆိုရင္ေတာ့ ဆက္တိုက္စိတ္ဖိစီးမႈျဖစ္ေနတာလား၊ စိတ္ဖိစီးမႈက ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတာလားဆိုတာက စိတ္ရႈပ္စရာပါပဲ။ ဒီေတာ့ ခႏၶာကိုယ္ကလည္း ပံုမွန္အေျခအေနကိုဘယ္ေတာ့မွျပန္မေရာက္ေတာ့ပါဘူး။

ေျပာရမယ္ဆိုရင္ ခဏတာစိတ္ဖိစီးမႈေၾကာင့္ကေလးေစာေမြးႏို္င္ေခ်မမ်ားေစပါဘူး။ အမ်ိဳးသားနဲ႔ တစ္ခါတစ္ေလစကားမ်ားရန္ျဖစ္တာေတြ၊ ေဘေတြမေပးႏိုင္တာေတြက သိပ္ၿပီးျဖစ္ႏိုင္ေခ်မမ်ားေစပါဘူး။

ဒါေပမယ့္လည္း နာတာရွည္စိတ္ဖိစီးမႈေတြေၾကာင့္ေတာ့ ကေလးေစာေမြးႏိုင္ေခ်မ်ားပါတယ္။ ဒီစိတ္ဖိစီးမွႈေတြေၾကာင့္ ခႏၶာကိုယ္ရဲ႕ေသြးေၾကာစနစ္ေတြ၊ ေဟာ္မုန္းပမာဏေတြနဲ႔ ေရာ၈ါပိုးတိုက္ဖ်က္ႏိုင္စြမ္းေတြမွာ ၾကာရွည္ေျပာင္းလဲမႈေတြကို ျဖစ္ေပၚေစၿပီးေတာ့ ဒါေတြက ကေလးလမေစ့ခင္မွာ ေမြးႏိုင္ေခ်ကိုသြားၿပီးလႈံ႕ေဆာ္ေနပါတယ္။ ဥပမာ- လင္မယားကြာရွင္းျပတ္ဆဲျခင္း၊ ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္ေယာက္ေသဆံုးျခင္း၊ အၾကာႀကီးအလုပ္လက္မဲ့ျဖစ္ျခင္း၊ ကိုယ္ဝန္ေဆာင္နဲ႔ဆိုင္တဲ့စိုးရိမ္ပူပန္မႈ စတာေတြအားလံုးက ကေလးေစာေမြးႏိုင္ေခ်မ်ားေစတဲ့ နာတာရွည္စိတ္ဖိစီးမႈေတြပါပဲ။

>> ဒီေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိတ္ဖိစီးမႈေတြကိုဘယ္လိုေလွ်ာ့ခ်ၾကမလဲ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာေရာ မေဆာင္ခ်ိန္မွာပါ စိတ္ဖိစီးမႈကိုေလ်ာ့က်ေစတဲ့ အေကာင္းဆံုးနည္းလမ္းေတြရွိပါတယ္။

• အတိုင္ပင္ခံေဆြးေႏြးမႈခံယူျခင္း - ေလ့လာမႈေလးတစ္ခုအရ စိတ္ပိုင္းဆိုင္ရာ အတိုင္ပင္ခံေဆြးေႏြးမႈခံယူထားတဲ့ ကာလရွည္ၾကာစြာစိတ္ဖိစီးမႈခံစားေနရတဲ့မိခင္ေတြမွာ ကေလးေစာေမြးႏို္င္ေခ်နည္းတယ္လို႔ေတြ႕ရွိထားပါတယ္။

• ေလ့က်င့္ခန္းလုပ္ျခင္း - ေလ့က်င့္ခန္းလုပ္ျခင္းက စိတ္ဖိစီးမႈေတြကိုသက္သာေစဖို႔အေထာက္အကူျဖစ္ေစပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕ေလ့က်င့္ခန္းေတြက ကိုယ္ဝန္ေဆာင္အတြက္ မသင့္ေတာ္လို႔ မလုပ္ခင္မွာေတာ့ ဆရာဝန္ကိုေသခ်ာေမးၿပီးမွလုပ္ပါ။ ေရာဂက်င့္ျခင္းက ကိုယ္ဝန္ေဆာင္ေတြအတြက္ အက်ိဳးေက်းဇူးရွိၿပီးေတာ့ ကေလးေစာေမြးႏိုင္ေခ်ကိုလည္းေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ကိုယ္ဝန္ေဆာင္ေတြမွာလုပ္ဖို႔လည္း စိတ္ခ်ရပါတယ္။ ဒါေပေမယ့္လည္း ဆရာဝန္နဲ႔ေတာ့အရင္တိုင္ပင္ပါ။ တျခားအေနေနဲ႔ဆိုရင္ေတာ့ လမ္းအျမန္ေလွ်ာက္ျခ္ငး၊ ေရကူးျခင္း၊ ေလွကားတက္ျခင္းတို႔လုပ္ေပးလို႔ရပါတယ္။

• အျခားကုထံုးမ်ား - ႏွိပ္နယ္ေပးျခင္း၊ အပ္စိုက္ျခင္း၊ aromatherapy, hypnotherapy စတာေတြကလည္း စိတ္ဖိစီးမႈကိုေလ်ာ့က်ေစဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Obimin 2

(Unicode)

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့လက္ခဏာတွေကိုရင်ဆိုင်ဖြတ်သန်းနေရတာတောင်မှ စိတ်ပင်ပန်းပါတယ်။ ဒီအချိန်မှာ စိတ်ဖိစီးမှုဖြစ်လာပြီးဆိုရင်တော့ ပိုဆိုးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေရင်ဆိုင်ရတာက တကယ်ခက်ခဲတယ်ဆိုပေမယ့်လည်း ကြိုးစားပြီးတော့ စိတ်ကိုဖြေလျှော့ပါ။ စိတ်ဖိစီးမှု အထူးသဖြင့် ကာလကြာရှည်စွာစိတ်ဖိစီးနေတာက လမရင့်သေးဘဲကလေးမွေးတာ၊ ကလေးသေးသေးလေးမွေးတာတွေဖြစ်နိုင်ချေများစေပါတယ်။

>> စိတ်ဖိစီးမှုနှင့် ကလေးစောမွေးခြင်း

ကလေးမွေးဖွားဖို့အစပြုတဲ့ဖြစ်စဉ်က ရှုပ်ထွေးပြီးနားလည်ရခက်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာဆိုရင် မိခင်ရော ကလေးရောရဲ့ ဟော်မုန်းတွေ၊ စနစ်တွေရောယှက်ပါဝင်ပါတယ်။ ပြီးတော့ ဘယ်အချိန်မွေးမယ်ဆိုတာလည်း အတိအကျခန့်မှန်းရတာအရမ်းခက်ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့အတွက်ကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုကြောင့် ကလေးစောမွေးနိုင်တယ်လို့လည်း တထစ်ချမပြောနိုင်ပါဘူး။ လေ့လာမှုတွေမှာတော့စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေက ကလေးစောမွေးလေ့ရှိတာကိုတွေ့ရတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုက ကလေးစောမွေးနိုင်ချေများတယ်လို့တော့ ကောက်ချက်ချထားပါတယ်။

စိတ်ဖိစီးမှုတွေများတဲ့အခြေအနေတစ်ခုမှာ ခန္ဓာကိုယ်က နည်းလမ်းမျိုးစုံနဲ့ပြန်လည်တုန့်ပြန်ပါတယ်။ ဥပမာပြောရရင် စိတ်ဖိစီးလာပြီဆိုရင် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေတက်လာတယ်၊ ဟော်မုန်းတွေကလည်းတက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဒီစိတ်ဖိစီးမှုက ယာယီလား၊ အကြာကြီးဖြစ်နေတာလားဆိုတာကိုလည်း ခွဲခြားသိဖို့အရေးကြီးပါသေးတယ်။

1.ယာယီစိတ်ဖိစီးမှု - ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေကလည်းခဏတာပါပဲ။ ပြီးရင်ပုံမှန်ပြန်ဖြစ်သွားပါတယ်။

 

2.ကာလရှည်ကြာစိတ်ဖိစီးမှု - ဒီမှာဆိုရင်တော့ ဆက်တိုက်စိတ်ဖိစီးမှုဖြစ်နေတာလား၊ စိတ်ဖိစီးမှုက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလားဆိုတာက စိတ်ရှုပ်စရာပါပဲ။ ဒီတော့ ခန္ဓာကိုယ်ကလည်း ပုံမှန်အခြေအနေကိုဘယ်တော့မှပြန်မရောက်တော့ပါဘူး။

ပြောရမယ်ဆိုရင် ခဏတာစိတ်ဖိစီးမှုကြောင့်ကလေးစောမွေးနိုင်ချေမများစေပါဘူး။ အမျိုးသားနဲ့ တစ်ခါတစ်လေစကားများရန်ဖြစ်တာတွေ၊ ဘေတွေမပေးနိုင်တာတွေက သိပ်ပြီးဖြစ်နိုင်ချေမများစေပါဘူး။

ဒါပေမယ့်လည်း နာတာရှည်စိတ်ဖိစီးမှုတွေကြောင့်တော့ ကလေးစောမွေးနိုင်ချေများပါတယ်။ ဒီစိတ်ဖိစီးမှှုတွေကြောင့် ခန္ဓာကိုယ်ရဲ့သွေးကြောစနစ်တွေ၊ ဟော်မုန်းပမာဏတွေနဲ့ ရော၈ါပိုးတိုက်ဖျက်နိုင်စွမ်းတွေမှာ ကြာရှည်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီးတော့ ဒါတွေက ကလေးလမစေ့ခင်မှာ မွေးနိုင်ချေကိုသွားပြီးလှုံ့ဆော်နေပါတယ်။ ဥပမာ- လင်မယားကွာရှင်းပြတ်ဆဲခြင်း၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်သေဆုံးခြင်း၊ အကြာကြီးအလုပ်လက်မဲ့ဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ဆိုင်တဲ့စိုးရိမ်ပူပန်မှု စတာတွေအားလုံးက ကလေးစောမွေးနိုင်ချေများစေတဲ့ နာတာရှည်စိတ်ဖိစီးမှုတွေပါပဲ။

>> ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုဘယ်လိုလျှော့ချကြမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာရော မဆောင်ချိန်မှာပါ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတွေရှိပါတယ်။

•အတိုင်ပင်ခံဆွေးနွေးမှုခံယူခြင်း - လေ့လာမှုလေးတစ်ခုအရ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံဆွေးနွေးမှုခံယူထားတဲ့ ကာလရှည်ကြာစွာစိတ်ဖိစီးမှုခံစားနေရတဲ့မိခင်တွေမှာ ကလေးစောမွေးနိုင်ချေနည်းတယ်လို့တွေ့ရှိထားပါတယ်။

•လေ့ကျင့်ခန်းလုပ်ခြင်း - လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုတွေကိုသက်သာစေဖို့အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အချို့လေ့ကျင့်ခန်းတွေက ကိုယ်ဝန်ဆောင်အတွက် မသင့်တော်လို့ မလုပ်ခင်မှာတော့ ဆရာဝန်ကိုသေချာမေးပြီးမှလုပ်ပါ။ ရောဂကျင့်ခြင်းက ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးရှိပြီးတော့ ကလေးစောမွေးနိုင်ချေကိုလည်းလျော့ကျစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေမှာလုပ်ဖို့လည်း စိတ်ချရပါတယ်။ ဒါပေမေယ့်လည်း ဆရာဝန်နဲ့တော့အရင်တိုင်ပင်ပါ။ တခြားအနေနေဲ့ဆိုရင်တော့ လမ်းအမြန်လျှောက်ြခ်ငး၊ ရေကူးခြင်း၊ လှေကားတက်ခြင်းတို့လုပ်ပေးလို့ရပါတယ်။

•အခြားကုထုံးများ - နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ခြင်း၊ aromatherapy, hypnotherapy စတာတွေကလည်း စိတ်ဖိစီးမှုကိုလျော့ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)