/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ဗိုက္ခြဲေမြးတဲ့-ေမေမတို႔အတြက္-နလန္ထခ်ိန္

ဗိုက္ခြဲေမြးတဲ့ ေမေမတို႔အတြက္ နလန္ထခ်ိန္ ပိုျမန္ေစမယ့္နည္းလမ္းေကာင္းမ်ား

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

၁။ ထၿပီးလမ္​​းေလ်ာက္​ပါ။

​            ေမြးၿပီးၿပီးခ်င္​းလမ္​းထ​ေလ်ာက္​ဖို႔ဆိုတာ မျဖစ္​နိုင္​ဘူးလို႔ ထင္​ရ​ေပမယ္​့ ​ေစာ​ေစာစီးစီးလမ္​း​ေလ်ာက္​ျခင္​းဟာ အျမန္​ဆံုးသက္​သာ​ေစနိုင္​တယ္​။ ၁၂နာရီအတြင္​း​ေစာ​ေစာလမ္​း​ေလ်ာက္​၊ စား​ေသာက္​တာဟာ အစာ​ေျခစနစ္​ကိုလည္​း ျမန္​ျမန္​ျပန္​​ေကာင္​း​ေစပါတယ္​။

 

၂။ သက္​သာ​ေအာင္​​ေနပါ။

အ​ေရးႀကီးဆံုးက အနာသက္​သာဖို႔ပဲ။ နာ​ေနရင္​ မလႈပ္​ခ်င္​မရွားခ်င္ ​ျဖစ္​​ေနတတ္​တယ္​။ အနာသက္​သာ​ေနရင္​​ေတာ့ ​ေစ​ာ​ေစာစီးစိိးထနိုင္​လႈပ္​နိုင္ပါ​လိမ္​့မယ္​။ ​ေဆးရံုဆင္​းတဲ့အခါမွာလည္​း နည္​းနည္​းနာတာအတြက္​ ဆရာ၀န္ရဲ႕ညႊန္ၾကားခ်က္အတိုင္း အကိုက္အခဲေပ်ာက္ေဆး ေသာက္​လို႔ရပါတယ္​။ ၿပီး​ေတာ့ က​ေလး​ေမြးၿပီးၿပီးခ်င္​း​မွာ မိန္​းမကိုယ္​က​ေန ​ေသြး​ေတြဆင္​း​ေနတတ္​တယ္​။ ပိုး​ေတြမဝင္​​ေအာင္​ သန္​႔ရွငး္​တဲ့လစဥ္​သံုး​ေတြခံ​ေပးဖို႔လိုမယ္​​ေနာ္​။

 

၃။ ျဖည္​းျဖည္​းခ်င္​းစား​ေပး​ေသာက္​​ေပးပါ။

ျဖည္​းျဖည္း​ခ်င္​းစီစား​ေပး​ေသာက္​​ေပးဖို႔လည္​း အ​ေရးႀကီးတယ္​​ေနာ္​။ ဗိုက္​ဆာ၊ ​ေရဆာတာနဲ႔ စား​ေသာက္​လို႔ရတယ္​။ ဒီလိုစား​ေသာက္​​ေပးတာကလည္​း အ​စာ​ေျခစနစ္​ကို အျမန္​ဆံုးနာလန္​ျပန္​ထ​ေစတယ္​။

Obimin 1

၄။ က​ေလးထိန္​းဖို႔အကူအညီယူပါ။

က​ေလး​ေမြးၿပီးအမ်ိဳးသမီး​တိုင္​းဟာ အကူအညီအ​ေထာက္​အပံ့လိုအပ္​တယ္​။ က​ေလးနို႔တိုက္​ခ်ိန္​ၾကားထဲ​ေကာင္​း​ေကာင္းအနားယူ​ေပးဖို႔ လိုတယ္​။

 

၅။ ခ်ဳပ္​ရိုးကိုသန္​႔​​ေန​ေအာင္​ထားရမယ္​။

​ေန႔တိုင္​းခ်ဳပ္​ရိုးကို​ေသခ်ာ​ေဆး​ေၾကာၿပီး ​ေျခာက္​​ေသြ႕​ေအာင္​ထား​ေပးပါ။ အက်ႌပြပြ၊ ​ခ်ည္သားအတြင္​း ခံကို ဝတ္​​ေပးပါ။

 

၆။ အိမ္​ျပန္​​ေရာက္​တာနဲ႔ ျဖည္​းျဖည္​းခ်င္း လုပ္​လု႔ိရတာ​ေလး​ေတြ လုပ္​​ေပးပါ။

ခြဲ​ေမြးၿပီးရင္​ ​ေဆးရံုမွာ၃ ရက္ကေန ၇ ရက္​​ေလာက္​ ​ေနရတတ္​တယ္​။ ​ေဆးရံုဆင္​းတာနဲ႔ လႈပ္လႈပ္​ရွားရွား​ေနဖုိ႔လိုတယ္​။

​ေန႔တိုင္​းလမ္း​ေလ်ာက္​တာလိုမ်ိဳး ​ေပါ့​ေပါ့ပါပါးလႈပ္​ရွားမႈမ်ိဳး လုပ္​ဖို႔လိုတယ္​။ ဒါ​ေပမယ္​့ အလြန္​အကြၽံ​ေတာ့ မလုပ္​မိ​ေစနဲ႔​ေပါ့။

က​ေလးကုိခ်ီၿပီးျမႇူတာ၊ ထိန္​းတာမ်ိဳးလုပ္​နိင္​​ေပမယ္​့ ကား​ေမာင္​းတာ၊ ​ေလ့က်င္​့ခန္​းလုပ္​တာ၊ က​ေလးထက္​ပို​ေလးတာမ်ိဳး​ေတြမတာသယ္​တာ၊ အမ်ိဳးသားနဲ႔အတူ​ေနတာမ်ိဳး​ေတြ​ေတာ့ လုပ္​လို႔မရ​ေသးဘူး​ေနာ္​။

ကိုယ္​ကိုယ္​တိုိင္​အဆင္သင့္​ျဖစ္​ၿပီး သက္​​ေသာင္​့သက္​သာရွိ​ေတာ့မွ ျဖည္​းျဖည္​းခ်င္​းလုပ္​​ေပးပါ။ ၆ပတ္​​ေက်ာ္​​ေ​ေလာက္​မွ ရတာမ်ားပါတယ္​။

 

၇။ တစ္​ခုခုစိတ္​ပူတယ္​ဆိုရင္​ ဆရာဝန္​နဲ႔တိုင္​ပင္​ပါ။

အရမ္​းနာလာတာ၊ ဆီးထြက္​က်တာ၊ မိန္းမကိုယ္​​က​ေသြးဆင္​းမ်ားတာ၊ ခ်ဳပ္​ရိုး​ေရာင္​​ေနတာ​ေတြရွိရင္​ ဆရာဝန္​နဲ႔ခ်က္​ခ်င္​းျပပါ။

အကယ္​၍ လႈပ္​လႈပ္​ရ​ွားရွားလုပ္​ဖု႔ိ အဆင္​သင္​့မျဖစ္​​ေသးဘူးဆိုရင္​လည္​း ၆ပတ္​ၾကာရက္​ခ်ိန္​းမွာ ဆရာဝန္​နဲ႔ တိုင္​ပင္​လို႔ရပါတယ္​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Obimin 2

(Unicode)

၁။ ထပြီးလမ်းလျောက်ပါ။

          မွေးပြီးပြီးချင်းလမ်းထလျောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် စောစောစီးစီးလမ်းလျောက်ခြင်းဟာ အမြန်ဆုံးသက်သာစေနိုင်တယ်။ ၁၂နာရီအတွင်းစောစောလမ်းလျောက်၊ စားသောက်တာဟာ အစာခြေစနစ်ကိုလည်း မြန်မြန်ပြန်ကောင်းစေပါတယ်။

 

၂။ သက်သာအောင်နေပါ။

အရေးကြီးဆုံးက အနာသက်သာဖို့ပဲ။ နာနေရင် မလှုပ်ချင်မရှားချင် ဖြစ်နေတတ်တယ်။ အနာသက်သာနေရင်တော့ စောစောစီးစိးထနိုင်လှုပ်နိုင်ပါလိမ့်မယ်။ ဆေးရုံဆင်းတဲ့အခါမှာလည်း နည်းနည်းနာတာအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ပြီးတော့ ကလေးမွေးပြီးပြီးချင်းမှာ မိန်းမကိုယ်ကနေ သွေးတွေဆင်းနေတတ်တယ်။ ပိုးတွေမဝင်အောင် သန့်ရှင်းတဲ့လစဉ်သုံးတွေခံပေးဖို့လိုမယ်နော်။

 

၃။ ဖြည်းဖြည်းချင်းစားပေးသောက်ပေးပါ။

ဖြည်းဖြည်းချင်းစီစားပေးသောက်ပေးဖို့လည်း အရေးကြီးတယ်နော်။ ဗိုက်ဆာ၊ ရေဆာတာနဲ့ စားသောက်လို့ရတယ်။ ဒီလိုစားသောက်ပေးတာကလည်း အစာခြေစနစ်ကို အမြန်ဆုံးနာလန်ပြန်ထစေတယ်။

 

၄။ ကလေးထိန်းဖို့အကူအညီယူပါ။

ကလေးမွေးပြီးအမျိုးသမီးတိုင်းဟာ အကူအညီအထောက်အပံ့လိုအပ်တယ်။ ကလေးနို့တိုက်ချိန်ကြားထဲကောင်းကောင်းအနားယူပေးဖို့ လိုတယ်။

 

၅။ ချုပ်ရိုးကိုသန့်နေအောင်ထားရမယ်။

နေ့တိုင်းချုပ်ရိုးကိုသေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပေးပါ။ အင်္ကျီပွပွ၊ ချည်သားအတွင်း ခံကို ဝတ်ပေးပါ။

 

၆။ အိမ်ပြန်ရောက်တာနဲ့ ဖြည်းဖြည်းချင်း လုပ်လု့ိရတာလေးတွေ လုပ်ပေးပါ။

ခွဲမွေးပြီးရင် ဆေးရုံမှာ၃ ရက်ကနေ ၇ ရက်လောက် နေရတတ်တယ်။ ဆေးရုံဆင်းတာနဲ့ လှုပ်လှုပ်ရှားရှားနေဖို့လိုတယ်။

နေ့တိုင်းလမ်းလျောက်တာလိုမျိုး ပေါ့ပေါ့ပါပါးလှုပ်ရှားမှုမျိုး လုပ်ဖို့လိုတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မလုပ်မိစေနဲ့ပေါ့။

ကလေးကိုချီပြီးမြှူတာ၊ ထိန်းတာမျိုးလုပ်နိင်ပေမယ့် ကားမောင်းတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကလေးထက်ပိုလေးတာမျိုးတွေမတာသယ်တာ၊ အမျိုးသားနဲ့အတူနေတာမျိုးတွေတော့ လုပ်လို့မရသေးဘူးနော်။

ကိုယ်ကိုယ်တိုင်အဆင်သင့်ဖြစ်ပြီး သက်သောင့်သက်သာရှိတော့မှ ဖြည်းဖြည်းချင်းလုပ်ပေးပါ။ ၆ပတ်ကျော်ေလောက်မှ ရတာများပါတယ်။

 

၇။ တစ်ခုခုစိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

အရမ်းနာလာတာ၊ ဆီးထွက်ကျတာ၊ မိန်းမကိုယ်ကသွေးဆင်းများတာ၊ ချုပ်ရိုးရောင်နေတာတွေရှိရင် ဆရာဝန်နဲ့ချက်ချင်းပြပါ။

အကယ်၍ လှုပ်လှုပ်ရှားရှားလုပ်ဖု့ိ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း ၆ပတ်ကြာရက်ချိန်းမှာ ဆရာဝန်နဲ့ တိုင်ပင်လို့ရပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)