/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ဗိုက္ႀကီးသည္ေမေမကို-ၾကင္နာပါ၊-ကူညီပါ-ေဖေဖတို႔ေရ

ဗိုက္ႀကီးသည္ေမေမကို ၾကင္နာပါ၊ ကူညီပါ ေဖေဖတို႔ေရ

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ကိုယ္ဝန္ေဆာင္ရတယ္ဆိုတာက တကယ္ကိုခက္ခဲတဲ့ကာလပါ။ ဒီအခ်ိန္မွာ ခင္ပြန္းက ဝိုင္းဝန္းကူညီေပး၊နားလည္မႈေပးမွ ေပ်ာ္ရႊင္ၿပီးေတာ့ သက္ေတာင့္သက္သာျဖတ္သန္းႏိုင္မွာပါ။ အမ်ိဳးသားအမ်ားစုက ဇနီးသည္ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဘာေတြလုပ္ေပးရမယ္ဆိုတာကိုမသိဘဲနဲ႔ ကိုယ့္ရဲ႕ဇနီးသည္အလိုအပ္ဆံုးအခ်ိန္ေတြမွာ အေဝးကိုေရာက္ေနတာျဖစ္ျဖစ္၊ မသိလိုက္မသိဘာသာနဲ႔လ်စ္လ်ဴရႈေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ဒါေၾကာင့္လည္း ေဖေဖတို႔အတြက္ ကိုယ္ဝန္ေဆာင္ဇနီးသည္ကို ျပဳစုေစာင့္ေရွာက္နည္းေတြကို ေဝမွ်ေပးခ်င္ပါတယ္။

>> ကိုယ္ဝန္ေဆာင္ဇနီးသည္ကိုဘယ္လိုဂရုတစိုက္ျပဳစုေစာင့္ေရွာက္ၾကမလဲ

♦ ဇနီးသည္က ကိုယ္ဝန္ရွိေနၿပီလို႔ေျပာတဲ့အခါမွာ ေသခ်ာဂရုတစိုက္တုန္႔ျပန္မႈေပးဖို႔လိုပါတယ္။

ကေလးေလးယူဖို႔စိတ္ကူးမရွိေသးတဲ့အခ်ိန္မွာ ကိုယ္ဝန္ရွိေနၿပီဆိုတဲ့သတင္းေလးၾကားလိုက္ရတဲ့အခ်ိန္မွာ ဘာမွမခံစားရသလိုမ်ိဳးမျဖစ္ဖို႔လိုပါတယ္။ ဒီမွာ စိတ္ပ်က္သြားတဲ့၊ တုန္လႈပ္ၿပီးေတာ့မ်က္ရည္က်တာ၊ စိတ္ရႈပ္သြားတဲ့အမူအရာေတြနဲ႔ ဘာလို႔မ်ားတားေဆးမသံုးရတာလဲလို႔ ေမးလိုက္တာမ်ိဳးေတြ လံုးဝမလုပ္သင့္ပါဘူး။ ဒီကိုယ္ဝန္ေဆာင္ခ်ိန္ ၉ လအတြင္းမွာ ဇနီးသည္ကို ယံုၾကည္မႈရွိရွိနဲ႔ ျဖတ္သန္းေစၿပီးေတာ့ ကိုယ့္ကိုယ္ကိုလည္း ဖခင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ စိတ္ဆံုးျဖတ္ထားဖုိ႔လိုပါတယ္။

Obimin 1

♦ ကို္ယ္ဝန္ေဆာင္နဲ႔ပတ္သက္တဲ့စာအုပ္ေလးေတြရွာဖတ္ၾကည့္ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ေတြဘယ္လိုခံစားရတယ္ဆိုတာကို ပိုၿပီးသိထားမွသာ ဇနီးသည္ကို ကိုယ္ခ်င္းစာစိတ္ျဖစ္ၿပီးေတာ့ ဘယ္လိုမ်ိဳးအကူအညီေတြေပးရမယ္ဆိုတာကိုသိမွာပါ။ စာအုပ္္ေတြကေတာ့အမ်ားႀကီးပါပဲ။ ဒီထဲကမွ ကိုယ္ဝန္ေဆာင္ခ်ိန္တစ္ဆင့္ခ်င္းစီမွာ ကိုယ့္ရဲ႕ဇနီးသည္ကဘယ္လိုခံစားရတယ္ဆိုတာကို ေျပာျပေပးတဲ့စာအုပ္မ်ိဳးေလးေတြဖတ္ပါ။ ကေလးေလးႀကီးထြားပံုအဆင့္ဆင့္ကိုလည္း စာအုပ္ေတြထဲမွာေရးထားမွာပါ။

♦ ဆရာဝန္ဆီကို ကိုယ္ဝန္သြားျပတဲ့အခါေတြမွာလည္း ဇနီးသည္နဲ႔အတူအေဖာ္လိုက္ေပးပါ။

ဒီလိုလုပ္ေပးတာက ရည္ရြယ္ခ်က္ ၃ ခုရွိပါတယ္။ ပထမဆံုးနဲ႔အေရးႀကီးဆံုးအခ်က္ကေတာ့ ဒါက ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လံုး သူမနဲ႔အတူရွိေနေပးတယ္ဆိုတာျပသၿပီးေတာ့ ဇနီးသည္ကို အားတက္ေစပါတယ္။ ဒုတိယအခ်က္အေနနဲ႔ ကိုယ့္ဇနီးသည္ရဲ႕ကိုယ္ဝန္နဲ႔ပတ္သက္တဲ့အေျခအေနေတြကိုသိထားၿပီးေတာ့ ကူညီၿပီးေတာ့ျပင္ဆင္ေပးလို႔ရပါတယ္။ ဒီေတာ့ ဆရာဝန္ျပတဲ့အခါမွာ ဆရာဝန္မွာတာေတြကိုေသခ်ာမွတ္ထားဖို႔လိုတယ္ေနာ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ိဳးသမီးေတြက စိတ္ေတြအရမ္းလႈပ္ရွားေနေတာ့ မမွတ္မိတာေတြျဖစ္ႏိုင္တဲ့အတြက္ ကိုယ္က ကူမွတ္ေပးၿပီးေတာ့ ေဘးနားကေန လိုအပ္တာေတြကိုသတိေပးေနလို႔ရပါတယ္။ ေနာက္ဆံုးအေနနဲ႔ေတာ့ USG ရိုက္တဲ့အခ်ိန္မွာ ကေလးေလးရဲ႕ပံုရိပ္ေလးကိုျမင္ရၿပီးေတာ့ သူ႔ရဲ႕ႏွလံုးခုန္သံေလးကို ၾကားရတာက ကေလးနဲ႔ ဖခင္ၾကားက ေမတၲာကိုပိုၿပီးခိုင္ၿမဲေစပါတယ္။

♦ ကိုယ္ဝန္ေဆာင္ဇနီးသည္ရဲ႕ စိတ္ဖိစီးမႈေတြေလ်ာ့နည္းေစဖို႔ ကူညီေပးပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုတာက စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာပါ ႏွစ္မ်ိဳးလံုးမွာ ဖိအားေတြ၊ အေျပာင္းအလဲေတြမ်ားပါတယ္။ ဒီေတာ့ ဇနီးသည္အေပၚမွာ မလိုအပ္တဲ့ဖိအားေတြမသက္ေရာက္ေစဖို႔ ဂရုစိုက္ေပးပါ။ ဇနီးသည္အနားယူႏိုင္ဖို႔အတြက္ အိမ္အလုပ္ေလးေတြကိုတာဝန္ယူၿပီးေတာ့လုပ္ေပးတာမ်ိဳးလုပ္ေပးပါ။

♦ ကိုယ္ဝန္ေဆာင္ကို ေကာင္းေကာင္းအိပ္ေပ်ာ္ေအာင္ ကူညီေပးပါ။

ကိုယ္ဝန္လရင့္လာတာနဲ႔အမွ် ေနရတာ၊ အိပ္ရတာေတြ သက္ေတာင့္သက္သာမျဖစ္ေတာ့ပါဘူး။ ပက္လက္လွန္အိပ္တဲ့အခါမွာ ကေလးရဲ႕အေလးခ်ိန္က မိခင္ရဲ႕ေက်ာရိုးေပၚ၊ ေနာက္ေက်ာႂကြက္သားေတြေပၚ၊ အူနဲ႔ ေသြးေၾကာမႀကီးေတြေပၚမွာသက္ေရာက္ေနတဲ့အတြက္ေၾကာင့္ နာက်င္မႈေတြ၊ ေသြးလွည့္ပတ္မႈမေကာင္းတာ၊ အိပ္မေပ်ာ္တာေတြကိုျဖစ္ေစပါတယ္။ ဒါ့အျပင္ကေလးလႈပ္တာကလည္း ရွိေသးေတာ့ အိပ္ေပ်ာ္ဖို႔ခက္တာေပါ့။ ဒီလိုအခ်ိန္မွာ အိပ္ေပ်ာ္ဖို႔ကူညီေပးႏုိင္တဲ့အခ်က္ေလးေတြကေတာ့ -

  • ကိုယ္ဝန္ေဆာင္ကို ေဘးေစာင္းအိပ္ခိုင္းၿပီးေတာ့ ဖက္လံုးကိုခြထားေစျခင္းျဖင့္ အိပ္ရတာကို သက္ေတာင့္သက္သာျဖစ္ေစပါတယ္။
  • အိပ္မေပ်ာ္ခင္ေလးမွာ ေနာက္ေက်ာေလးကို ပြတ္သပ္ေပးပါ။
  • ေဆးဘက္ဝင္ လက္ဖက္ရည္ေလးေတြက စိတ္ေရာကိုယ္ပါ သက္သာရာရေစပါတယ္။
  • ေပြ႔ဖက္ေပးပါ။

♦ ကိုယ္ဝန္ေဆာင္ဇနီးသည္အေပၚစိတ္ရွည္ပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ စိတ္ေတြကလည္း အတက္အက်မ်ား၊ ခံစားလြယ္ေစပါတယ္။ တစ္ခ်ိဳ႕ေန႔ေတြမွာ ေပ်ာ္ရႊင္ေနၿပီးေတာ့ တစ္ခ်ိဳ႕ေန႔က်ေတာ့လည္း ဘာအေၾကာင္းမွမရွိဘဲ စိတ္အားငယ္ၿပီးေတာ့ ငိုခ်င္ငိုေနတတ္ပါတယ္။ ဒီအခ်ိန္မွာ ခင္ပြန္းသည္ရဲ႕ စိတ္ရွည္သည္းခံမႈကအရမ္းအေရးႀကီးပါတယ္။

ကိုယ္ဝန္ရင့္လာတာနဲ႔အမွ် ဆီးကလည္းမၾကာခဏသြားရေသးတယ္။ ဒီလိုအခ်ိန္ေတြမွာ ခင္ပြန္းေတြအေနနဲ႔ ကိုယ့္ရဲ႕ဇနီးသည္ကို ဒီလိုမ်ိဳးေတြကူညီေပးလို႔ရတယ္ေနာ္။

နားလည္မႈေပးပါ။ တစ္ေနရာရာသြားေနရင္း ဇနီးသည္က ဆီးသြားခ်င္လို႔ လမ္းမွာ၊ ဓာတ္ဆီဆိုင္လိုေနရာမွာရပ္ခိုင္းရင္ မၿငိဳျငင္ပါနဲ႔။ အိမ္မွာဆိုရင္လည္း ညဘက္ဆီးထသြားရင္လမ္းေၾကာင္းရွင္းေနေစဖို႔ အိမ္သာသြားတဲ့လမ္းတစ္ေလွ်ာက္ကို ရွင္းေနေအာင္ထားေပးပါ။

Obimin 2

♦ ကိုယ္ကိုယ္တိုင္က ကိုယ္ဝန္ေဆာင္ေနရသလိုမ်ိဳးျပဳမူေပးပါ။

ကိုယ္ဝန္ေဆာင္လိုက္နာရမယ့္အျပဳအမူေတြ၊ ေရွာင္ရမွာေတြကို ဇနီးသည္နဲ႔အတူ ခင္ပြန္းကပါေရာၿပီးေတာ့ အတူလိုက္ျပဳမူေပးျခင္းအားျဖင့္ ဒါက စိတ္ခြန္အားကိုရေစပါတယ္။ မိခင္နဲ႔ကေလးအတြက္ ေမြးဖြားရတာလြယ္ေစဖို႔ ကိုယ္ဝန္ေဆာင္ေလ့က်င့္ခန္းလုပ္ဖို႔အရမ္းအေရးႀကီးတဲ့အတြက္ ဇနီးသည္ကိုတြဲၿပီးေတာ့လမ္းေလွ်ာက္ေပးတာမ်ိဳး သင္တန္းအတူသြားတက္တာမ်ိဳးေလးေတြလုပ္ေပးပါ။

♦ သူမက အရမ္းလွေနၿပီးေတာ့ အရမ္းခ်စ္ေၾကာင္းလည္းေျပာေပးပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ိဳးသမီးေတြရဲ႕ ကိုယ္အခ်ိဳးအဆက လံုးဝေျပာင္းလဲသြားမွာျဖစ္တဲ့အတြက္ေၾကာင့္ ခင္ပြန္းရဲ႕ လွတယ္လို႔ေျပာတဲ့ စကားေလးနဲ႔ ခ်စ္တယ္လို႔ေျပာေပးတာက စိတ္ခ်မ္းသာေက်နပ္မႈကိုေပးစြမ္းႏိုင္ပါတယ္။

♦ ကိုယ္ဝန္ေဆာင္ေတြႀကံဳရတတ္တဲ့ ပ်ိဳ႕အန္တာေတြျဖစ္တဲ့အခါမွာလည္း ကူညီေပးပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မစားခ်င္မေသာက္ခ်င္၊ ဘာစားစားပ်ိဳ႕အန္တတ္တာက ခံရအဆိုးဆံုးပါပဲ။ ဒီလိုခံစားခ်က္က ကိုယ္ဝန္တစ္လေလာက္ကေနၿပီးေတာ့ ကိုယ္ဝန္ ၁၂ပတ္ ၁၄ ပတ္ေလာက္အထိၾကာတတ္ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ကိုယ္ဝန္ေဆာင္တစ္ေလွ်ာက္လံုး ဒီလကၡဏာေတြႀကံဳရတတ္ပါတယ္။ ဒီေတာ့ ဒါေတြကိုသက္သာေစဖို႔ အိမ္တြင္းနည္းလမ္းေလးတြ တစ္ခုၿပီးတစ္ခုရွာၿပီးေတာ့ ႀကိဳးစားၾကည့္ေပးပါ။

ကိုယ္ဝန္ေဆာင္ရတယ္ဆိုတာ အထူးသျဖင့္သက္ဦးကိုယ္ဝန္ေတြဆိုရင္ အရမ္းကိုစိတ္လႈပ္ရွားၿပီးေတာ့ စိုးရြံ႕ၾကပါတယ္။ ကိုယ့္ရဲ႕ကေလးေလးမွအဆင္ေျပရဲ႕လား၊ ကေလးေမြးရင္ဘယ္လိုေနမလဲမသိဘူး၊ ခြဲေမြးရမွာလား၊ ရိုးရိုးေမြးရမွာလား၊ မိခင္ေကာင္းတစ္ေယာက္မွျဖစ္ပါ့မလားဆိုၿပီး စိုးရိမ္မႈေပါင္းမ်ားစြာနဲ႔ရင္ဆိုင္ေနၾကရတာပါ။ ဒီေတာ့ကိုယ့္ရဲ႕ဇနီးသည္က တစ္ခုခုကို စိုးရိမ္ေနတယ္ဆိုရင္ ခင္ပြန္းသည္အေနနဲ႔စာေတြဖတ္ၿပီးေတာ့ႏွစ္သိမ့္အားေပးေပးလို႔ရပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

ကိုယ်ဝန်ဆောင်ရတယ်ဆိုတာက တကယ်ကိုခက်ခဲတဲ့ကာလပါ။ ဒီအချိန်မှာ ခင်ပွန်းက ဝိုင်းဝန်းကူညီပေး၊နားလည်မှုပေးမှ ပျော်ရွှင်ပြီးတော့ သက်တောင့်သက်သာဖြတ်သန်းနိုင်မှာပါ။ အမျိုးသားအများစုက ဇနီးသည်ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေလုပ်ပေးရမယ်ဆိုတာကိုမသိဘဲနဲ့ ကိုယ့်ရဲ့ဇနီးသည်အလိုအပ်ဆုံးအချိန်တွေမှာ အဝေးကိုရောက်နေတာဖြစ်ဖြစ်၊ မသိလိုက်မသိဘာသာနဲ့လျစ်လျူရှုနေတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါကြောင့်လည်း ဖေဖေတို့အတွက် ကိုယ်ဝန်ဆောင်ဇနီးသည်ကို ပြုစုစောင့်ရှောက်နည်းတွေကို ဝေမျှပေးချင်ပါတယ်။

>> ကိုယ်ဝန်ဆောင်ဇနီးသည်ကိုဘယ်လိုဂရုတစိုက်ပြုစုစောင့်ရှောက်ကြမလဲ

♦ ဇနီးသည်က ကိုယ်ဝန်ရှိနေပြီလို့ပြောတဲ့အခါမှာ သေချာဂရုတစိုက်တုန့်ပြန်မှုပေးဖို့လိုပါတယ်။

ကလေးလေးယူဖို့စိတ်ကူးမရှိသေးတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းလေးကြားလိုက်ရတဲ့အချိန်မှာ ဘာမှမခံစားရသလိုမျိုးမဖြစ်ဖို့လိုပါတယ်။ ဒီမှာ စိတ်ပျက်သွားတဲ့၊ တုန်လှုပ်ပြီးတော့မျက်ရည်ကျတာ၊ စိတ်ရှုပ်သွားတဲ့အမူအရာတွေနဲ့ ဘာလို့များတားဆေးမသုံးရတာလဲလို့ မေးလိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒီကိုယ်ဝန်ဆောင်ချိန် ၉ လအတွင်းမှာ ဇနီးသည်ကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းစေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် စိတ်ဆုံးဖြတ်ထားဖို့လိုပါတယ်။

♦ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့စာအုပ်လေးတွေရှာဖတ်ကြည့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေဘယ်လိုခံစားရတယ်ဆိုတာကို ပိုပြီးသိထားမှသာ ဇနီးသည်ကို ကိုယ်ချင်းစာစိတ်ဖြစ်ပြီးတော့ ဘယ်လိုမျိုးအကူအညီတွေပေးရမယ်ဆိုတာကိုသိမှာပါ။ စာအုပ်တွေကတော့အများကြီးပါပဲ။ ဒီထဲကမှ ကိုယ်ဝန်ဆောင်ချိန်တစ်ဆင့်ချင်းစီမှာ ကိုယ့်ရဲ့ဇနီးသည်ကဘယ်လိုခံစားရတယ်ဆိုတာကို ပြောပြပေးတဲ့စာအုပ်မျိုးလေးတွေဖတ်ပါ။ ကလေးလေးကြီးထွားပုံအဆင့်ဆင့်ကိုလည်း စာအုပ်တွေထဲမှာရေးထားမှာပါ။

♦ ဆရာဝန်ဆီကို ကိုယ်ဝန်သွားပြတဲ့အခါတွေမှာလည်း ဇနီးသည်နဲ့အတူအဖော်လိုက်ပေးပါ။

ဒီလိုလုပ်ပေးတာက ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ ဒါက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး သူမနဲ့အတူရှိနေပေးတယ်ဆိုတာပြသပြီးတော့ ဇနီးသည်ကို အားတက်စေပါတယ်။ ဒုတိယအချက်အနေနဲ့ ကိုယ့်ဇနီးသည်ရဲ့ကိုယ်ဝန်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုသိထားပြီးတော့ ကူညီပြီးတော့ပြင်ဆင်ပေးလို့ရပါတယ်။ ဒီတော့ ဆရာဝန်ပြတဲ့အခါမှာ ဆရာဝန်မှာတာတွေကိုသေချာမှတ်ထားဖို့လိုတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက စိတ်တွေအရမ်းလှုပ်ရှားနေတော့ မမှတ်မိတာတွေဖြစ်နိုင်တဲ့အတွက် ကိုယ်က ကူမှတ်ပေးပြီးတော့ ဘေးနားကနေ လိုအပ်တာတွေကိုသတိပေးနေလို့ရပါတယ်။ နောက်ဆုံးအနေနဲ့တော့ USG ရိုက်တဲ့အချိန်မှာ ကလေးလေးရဲ့ပုံရိပ်လေးကိုမြင်ရပြီးတော့ သူ့ရဲ့နှလုံးခုန်သံလေးကို ကြားရတာက ကလေးနဲ့ ဖခင်ကြားက မေတ္တာကိုပိုပြီးခိုင်မြဲစေပါတယ်။

♦ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ စိတ်ဖိစီးမှုတွေလျော့နည်းစေဖို့ ကူညီပေးပါ။

ကိုယ်ဝန်ဆောင်ချိန်ဆိုတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်မျိုးလုံးမှာ ဖိအားတွေ၊ အပြောင်းအလဲတွေများပါတယ်။ ဒီတော့ ဇနီးသည်အပေါ်မှာ မလိုအပ်တဲ့ဖိအားတွေမသက်ရောက်စေဖို့ ဂရုစိုက်ပေးပါ။ ဇနီးသည်အနားယူနိုင်ဖို့အတွက် အိမ်အလုပ်လေးတွေကိုတာဝန်ယူပြီးတော့လုပ်ပေးတာမျိုးလုပ်ပေးပါ။

♦ ကိုယ်ဝန်ဆောင်ကို ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးပါ။

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ နေရတာ၊ အိပ်ရတာတွေ သက်တောင့်သက်သာမဖြစ်တော့ပါဘူး။ ပက်လက်လှန်အိပ်တဲ့အခါမှာ ကလေးရဲ့အလေးချိန်က မိခင်ရဲ့ကျောရိုးပေါ်၊ နောက်ကျောကြွက်သားတွေပေါ်၊ အူနဲ့ သွေးကြောမကြီးတွေပေါ်မှာသက်ရောက်နေတဲ့အတွက်ကြောင့် နာကျင်မှုတွေ၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ အိပ်မပျော်တာတွေကိုဖြစ်စေပါတယ်။ ဒါ့အပြင်ကလေးလှုပ်တာကလည်း ရှိသေးတော့ အိပ်ပျော်ဖို့ခက်တာပေါ့။ ဒီလိုအချိန်မှာ အိပ်ပျော်ဖို့ကူညီပေးနိုင်တဲ့အချက်လေးတွေကတော့ -

•      ကိုယ်ဝန်ဆောင်ကို ဘေးစောင်းအိပ်ခိုင်းပြီးတော့ ဖက်လုံးကိုခွထားစေခြင်းဖြင့် အိပ်ရတာကို သက်တောင့်သက်သာဖြစ်စေပါတယ်။

•      အိပ်မပျော်ခင်လေးမှာ နောက်ကျောလေးကို ပွတ်သပ်ပေးပါ။

•      ဆေးဘက်ဝင် လက်ဖက်ရည်လေးတွေက စိတ်ရောကိုယ်ပါ သက်သာရာရစေပါတယ်။

•      ပွေ့ဖက်ပေးပါ။

♦ ကိုယ်ဝန်ဆောင်ဇနီးသည်အပေါ်စိတ်ရှည်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တွေကလည်း အတက်အကျများ၊ ခံစားလွယ်စေပါတယ်။ တစ်ချို့နေ့တွေမှာ ပျော်ရွှင်နေပြီးတော့ တစ်ချို့နေ့ကျတော့လည်း ဘာအကြောင်းမှမရှိဘဲ စိတ်အားငယ်ပြီးတော့ ငိုချင်ငိုနေတတ်ပါတယ်။ ဒီအချိန်မှာ ခင်ပွန်းသည်ရဲ့ စိတ်ရှည်သည်းခံမှုကအရမ်းအရေးကြီးပါတယ်။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆီးကလည်းမကြာခဏသွားရသေးတယ်။ ဒီလိုအချိန်တွေမှာ ခင်ပွန်းတွေအနေနဲ့ ကိုယ့်ရဲ့ဇနီးသည်ကို ဒီလိုမျိုးတွေကူညီပေးလို့ရတယ်နော်။

နားလည်မှုပေးပါ။ တစ်နေရာရာသွားနေရင်း ဇနီးသည်က ဆီးသွားချင်လို့ လမ်းမှာ၊ ဓာတ်ဆီဆိုင်လိုနေရာမှာရပ်ခိုင်းရင် မငြိုငြင်ပါနဲ့။ အိမ်မှာဆိုရင်လည်း ညဘက်ဆီးထသွားရင်လမ်းကြောင်းရှင်းနေစေဖို့ အိမ်သာသွားတဲ့လမ်းတစ်လျှောက်ကို ရှင်းနေအောင်ထားပေးပါ။

♦ ကိုယ်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်နေရသလိုမျိုးပြုမူပေးပါ။

ကိုယ်ဝန်ဆောင်လိုက်နာရမယ့်အပြုအမူတွေ၊ ရှောင်ရမှာတွေကို ဇနီးသည်နဲ့အတူ ခင်ပွန်းကပါရောပြီးတော့ အတူလိုက်ပြုမူပေးခြင်းအားဖြင့် ဒါက စိတ်ခွန်အားကိုရစေပါတယ်။ မိခင်နဲ့ကလေးအတွက် မွေးဖွားရတာလွယ်စေဖို့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလုပ်ဖို့အရမ်းအရေးကြီးတဲ့အတွက် ဇနီးသည်ကိုတွဲပြီးတော့လမ်းလျှောက်ပေးတာမျိုး သင်တန်းအတူသွားတက်တာမျိုးလေးတွေလုပ်ပေးပါ။

♦ သူမက အရမ်းလှနေပြီးတော့ အရမ်းချစ်ကြောင်းလည်းပြောပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်အချိုးအဆက လုံးဝပြောင်းလဲသွားမှာဖြစ်တဲ့အတွက်ကြောင့် ခင်ပွန်းရဲ့ လှတယ်လို့ပြောတဲ့ စကားလေးနဲ့ ချစ်တယ်လို့ပြောပေးတာက စိတ်ချမ်းသာကျေနပ်မှုကိုပေးစွမ်းနိုင်ပါတယ်။

♦ ကိုယ်ဝန်ဆောင်တွေကြုံရတတ်တဲ့ ပျို့အန်တာတွေဖြစ်တဲ့အခါမှာလည်း ကူညီပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မစားချင်မသောက်ချင်၊ ဘာစားစားပျို့အန်တတ်တာက ခံရအဆိုးဆုံးပါပဲ။ ဒီလိုခံစားချက်က ကိုယ်ဝန်တစ်လလောက်ကနေပြီးတော့ ကိုယ်ဝန် ၁၂ပတ် ၁၄ ပတ်လောက်အထိကြာတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ဒီလက္ခဏာတွေကြုံရတတ်ပါတယ်။ ဒီတော့ ဒါတွေကိုသက်သာစေဖို့ အိမ်တွင်းနည်းလမ်းလေးတွ တစ်ခုပြီးတစ်ခုရှာပြီးတော့ ကြိုးစားကြည့်ပေးပါ။

ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ အထူးသဖြင့်သက်ဦးကိုယ်ဝန်တွေဆိုရင် အရမ်းကိုစိတ်လှုပ်ရှားပြီးတော့ စိုးရွံ့ကြပါတယ်။ ကိုယ့်ရဲ့ကလေးလေးမှအဆင်ပြေရဲ့လား၊ ကလေးမွေးရင်ဘယ်လိုနေမလဲမသိဘူး၊ ခွဲမွေးရမှာလား၊ ရိုးရိုးမွေးရမှာလား၊ မိခင်ကောင်းတစ်ယောက်မှဖြစ်ပါ့မလားဆိုပြီး စိုးရိမ်မှုပေါင်းများစွာနဲ့ရင်ဆိုင်နေကြရတာပါ။ ဒီတော့ကိုယ့်ရဲ့ဇနီးသည်က တစ်ခုခုကို စိုးရိမ်နေတယ်ဆိုရင် ခင်ပွန်းသည်အနေနဲ့စာတွေဖတ်ပြီးတော့နှစ်သိမ့်အားပေးပေးလို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)