/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/သက္ႀကီးကိုယ္ဝန္

သက္ႀကီးကိုယ္ဝန္

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

အသက္​၃၅ႏွစ္​​ေက်ာ္​မွ ကိုယ္​ဝန္​​ေဆာင္​သူ သက္​ႀကီးကုိယ္​ဝန္​လို႔ ​ေခၚၿပီး အႏၲရာယ္​မ်ားတဲ့ကိုယ္​ဝန္​လည္​း ျဖစ္​ပါတယ္​။ အသက္​၃၅ႏွစ္​​ေက်ာ္​မွ ကိုယ္​ဝန္​​ေဆာင္​ရတာဟာ မလြယ္​ကူလွပါဘူး။ အမ်ိဳးသမီး​ေတြဟာ အသက္​ႀကီးလာတာနဲ႔အမွ် ကိုယ္​ဝန္​​ေဆာင္​ဖို႔ ခဲယဥ္​းလာတတ္​ၾကၿပီး အထူးသျဖင္​့ အသက္​၃၅ႏွစ္​​ေက်ာ္​လာရင္​ ပိုပိုခဲယဥ္​းလာတတ္​ၾကပါတယ္​။

 

 >> အသက္​၃၅ႏွစ္​​ေက်ာ္​မွက​ေလးယူလို႔ရမလား?

 

အသက္​၃၅ႏွစ္​​ေက်ာ္​လာတဲ့အခါ က​ေလးရဖို႔ အခြင္​့အလမ္​း နည္​းပါးလာတဲ့အျပင္​ က​ိုယ္​ဝန္​ရွိလာတဲ့အခါမွာလည္​း က​ေလးမွာ ​ေဒါင္​း​ေရာဂါစု(Down’s syndrome)နဲ႔ အျခာ​း​ေမြးရာပါခ်ိဳ႕ယြင္​းခ်က္​​ေတြ ပါလာတတ္​သလို အ​ေမ့မွာလည္​း ​ကိုယ္​ဝန္​​ေဆာင္​​ေသြးတိုး၊ ​ေသြးဆိပ္​တက္​၊ ဆီးခ်ိဳနဲ႔ အျခား​ေနာက္​ဆက္​တြဲ​ေတြ အမ်ားႀကီးျဖစ္​လာႏုိင္​ပါတယ္​။

 

>> က​ေလး​ေဒါင္​း​ေရာဂါစုျဖစ္​ဖု႔ိ ဘယ္​​ေလာက္​အခြင္​့အလမ္​းရွိသလဲ?

 

အသက္​ႀကီးလာတာနဲ႔အမွ် မိဘ​ေတြ​ေၾကာက္​ၾကတဲ့ ဉာဏ္​ရည္​ခ်ိဳ႕တဲ့တဲ့ ​ေဒါငး္​​ေရာဂါစု ျဖစ္​ႏႈန္​းပိုမ်ားလာပါတယ္​။ အသက္​၂၀အ႐ြယ္​ကိုယ္​ဝန္​​ေဆာင္​ ၁၀,၀၀၀ မွာ ၁​ေယာက္​သာ​ေမြးနိုင္​​ေပမယ္​့ အသက္​၃၅ႏွစ္​အ႐ြယ္​ ကိုယ္​ဝန္​​ေဆာင္​ ၁,၀၀၀ မွာ ၃​ေယာက္​​ေမြးနိုင္​ၿပီး အသက္​၄၀အ႐ြယ္​ကိုယ္​ဝန္​​ေဆာင္​ ၁၀၀ မွာ ၃​ေယာက္​​ေမြးနို္​င္​ပါတယ္​။

Obimin 1

>> အသက္​၃၅ႏွစ္​​ေက်ာ္​ၿပီး​ေနာက္​ က​ေလးရနိုင္​​ေအာင္​ ဘာ​ေတြလုပ္​နိုင္​မလဲ?

 

အသက္​ႀကီးလာ​ေလ​ေလ က​ေလးရဖို႔ အခြင္​့အလမ္​းနညး္​​ေလ​ေလဆို​ေပမယ္​့ လံုးလံုးမျဖစ္​နိုင္​တာ​ေတာ့မဟုတ္​ပါဘူး။ ဒီအသက္​မွာ ကိုယ္​ဝန္​​ေဆာင္​နိုင္​ဖို႔ ပထမဆံုးမ​ေကာင္​းတဲ့အက်င္​့​ေတြျဖစ္​တဲ့ အရက္​၊ ​ေဆးလိပ္​၊ မူးယစ္​ေဆး​ေတြကို ​ေရွာင္​ရွားရပါမယ္​။ ​ေနာက္​ ရာသီရက္​​ေတြမွန္​ဖို႔လည္း အ​ေရးႀကီးပါတယ္​။ ရာသီမွန္​ခဲ့ရင္​ သားဥ​ေႂကြမယ္​့ရက္​ကို ခန္​႔မွန္​းနိုင္​ၿပီး အတူ​ေနျခင္​းျဖင္​့ ကုိယ္​ဝန္​ရ​နိုင္​​ေျခမ်ား​ေစပါတယ္​။

ဒါ​ေတြအျပင္​ ​ေလ့က်င္​့ခန္​းမွန္​မွန္​လုပ္​ျခင္​း၊ ကိုယ္​အ​ေလးခ်ိန္​ထိန္​းသိမ္​းျခင္​း၊ သ​ေႏၶ​ေအာင္​​ေစတဲ့ အစားအ​ေသာက္​​ေတြစား​ေပးျခင္​း စတဲ့နည္​းလမ္​း​ေတြကလည္​း က​ေလးရ​ေစဖို႔ အ​ေထာက္​အကူျပဳပါတယ္​။ ​ေယာဂ​ေဆာ့ျခင္​းကလည္​း ​ေကာင္​းပါတယ္​။ ကိုယ္​ခႏၶာက်န္​းမာ​ေရးတင္​မကပါဘူး။ စိတ္​က်န္​းမာ​ေရးကိုပါ အထူးဂရုျပဳရပါမယ္​။

ဒီလိုႀကိဳးစား​ေနပါလ်က္​နဲ႔ က​ေလးမရနိုင္​ရင္​ အမ်ိဳးသားရဲ႕ သုတ္​ပိုးအ​ေရအတြက္​နဲ႔ အျခားအခ်က္​​ေတြကို လိုက္​ရွာသင္​့ပါတယ္​။

 

>> ဘယ္​​ေနာက္​ဆက္​တြဲ​ေတြကို​ေစာင္​့ၾကည္​့ရမလဲ?

 

အသက္​ႀကီးမွကိုယ္​ဝန္​​ေဆာင္​ျခင္​းဟာ ​ေနာက္​ဆက္​တြဲဆိုးက်ိဳး​ေတြ အင္​မတန္​မ်ားပါတယ္​။ ကိုယ္​ဝန္​ပ်က္​က်နိုင္​​ေျခမ်ားသလို ​ေနရာမွားသ​ေႏၶတည္​တာမ်ိဳးလည္​း ျဖစ္​ႏုိင္​ပါတယ္​။ လမျပည္​့ဘဲက​ေလး​ေမြးတာမ်ဳးိလည္​း ျဖစ္​တတ္​ပါတယ္​။ ​ေသြးဆိပ္​တက္​ျခင္​း၊ ကိုယ္​ဝန္​​ေဆာင္​ဆီးခ်ိဳ​ေရာဂါ​ေတြ၊ ​ေရႁမြာရည္​နည္​းျခင္​းနဲ႔ အခ်င္​း​ေရွ႕​ေရာက္​ျခင္​း​ေတြလည္​း ျဖစ္​နိုင္​ပါ​ေသးတယ္​။

ဒါ​ေၾကာင္​့ အသက္​၃၅ႏွစ္​​ေက်ာ္​မွ ကိုယ္​ဝန္​​ေဆာင္​ခဲ့ရင္​ ဆရာဝန္​ၫႊန္​ၾကားသမ်ွ လိုက္​နာၿပီး က်န္​းမာ​ေရးနဲ႔ညီၫြတ္​​ေအာင္​​ေန၊ ျဖစ္​တတ္​တဲ့​ေနာက္​ဆက္​တြဲ​ေတြကို ​ေသခ်ာသတိထား​ေစာင္​့ၾကည္​့ပါက ​ေပါင္​ျပည္​့လ​ေစ့ က်န္​းမာ​တဲ့သားသားမီးမီး​ေလး​ေတြကို ​ေမြးထုတ္နိုင္​မွာ ဧကန္​မုခ်ပဲျဖစ္​ပါတယ္​။​

 

www.drmyanmar.com

Obimin 2

(Unicode)

အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူ သက်ကြီးကိုယ်ဝန်လို့ ခေါ်ပြီး အန္တရာယ်များတဲ့ကိုယ်ဝန်လည်း ဖြစ်ပါတယ်။ အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရတာဟာ မလွယ်ကူလှပါဘူး။ အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်ဖို့ ခဲယဉ်းလာတတ်ကြပြီး အထူးသဖြင့် အသက်၃၅နှစ်ကျော်လာရင် ပိုပိုခဲယဉ်းလာတတ်ကြပါတယ်။

 

 >> အသက်၃၅နှစ်ကျော်မှကလေးယူလို့ရမလား?

 

အသက်၃၅နှစ်ကျော်လာတဲ့အခါ ကလေးရဖို့ အခွင့်အလမ်း နည်းပါးလာတဲ့အပြင် ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ကလေးမှာ ဒေါင်းရောဂါစု(Down’s syndrome)နဲ့ အခြားမွေးရာပါချို့ယွင်းချက်တွေ ပါလာတတ်သလို အမေ့မှာလည်း ကိုယ်ဝန်ဆောင်သွေးတိုး၊ သွေးဆိပ်တက်၊ ဆီးချိုနဲ့ အခြားနောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

 

>> ကလေးဒေါင်းရောဂါစုဖြစ်ဖု့ိ ဘယ်လောက်အခွင့်အလမ်းရှိသလဲ?

 

အသက်ကြီးလာတာနဲ့အမျှ မိဘတွေကြောက်ကြတဲ့ ဉာဏ်ရည်ချို့တဲ့တဲ့ ဒေါင်းရောဂါစု ဖြစ်နှုန်းပိုများလာပါတယ်။ အသက်၂၀အရွယ်ကိုယ်ဝန်ဆောင် ၁၀,၀၀၀ မှာ ၁ယောက်သာမွေးနိုင်ပေမယ့် အသက်၃၅နှစ်အရွယ် ကိုယ်ဝန်ဆောင် ၁,၀၀၀ မှာ ၃ယောက်မွေးနိုင်ပြီး အသက်၄၀အရွယ်ကိုယ်ဝန်ဆောင် ၁၀၀ မှာ ၃ယောက်မွေးနိုင်ပါတယ်။

 

>> အသက်၃၅နှစ်ကျော်ပြီးနောက် ကလေးရနိုင်အောင် ဘာတွေလုပ်နိုင်မလဲ?

 

အသက်ကြီးလာလေလေ ကလေးရဖို့ အခွင့်အလမ်းနည်းလေလေဆိုပေမယ့် လုံးလုံးမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒီအသက်မှာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ပထမဆုံးမကောင်းတဲ့အကျင့်တွေဖြစ်တဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေကို ရှောင်ရှားရပါမယ်။ နောက် ရာသီရက်တွေမှန်ဖို့လည်း အရေးကြီးပါတယ်။ ရာသီမှန်ခဲ့ရင် သားဥကြွေမယ့်ရက်ကို ခန့်မှန်းနိုင်ပြီး အတူနေခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေများစေပါတယ်။

ဒါတွေအပြင် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ သန္ဓေအောင်စေတဲ့ အစားအသောက်တွေစားပေးခြင်း စတဲ့နည်းလမ်းတွေကလည်း ကလေးရစေဖို့ အထောက်အကူပြုပါတယ်။ ယောဂဆော့ခြင်းကလည်း ကောင်းပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးတင်မကပါဘူး။ စိတ်ကျန်းမာရေးကိုပါ အထူးဂရုပြုရပါမယ်။

ဒီလိုကြိုးစားနေပါလျက်နဲ့ ကလေးမရနိုင်ရင် အမျိုးသားရဲ့ သုတ်ပိုးအရေအတွက်နဲ့ အခြားအချက်တွေကို လိုက်ရှာသင့်ပါတယ်။

 

>> ဘယ်နောက်ဆက်တွဲတွေကိုစောင့်ကြည့်ရမလဲ?

 

အသက်ကြီးမှကိုယ်ဝန်ဆောင်ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးတွေ အင်မတန်များပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်ခြေများသလို နေရာမှားသန္ဓေတည်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လမပြည့်ဘဲကလေးမွေးတာမျုးိလည်း ဖြစ်တတ်ပါတယ်။ သွေးဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါတွေ၊ ရေမြွာရည်နည်းခြင်းနဲ့ အချင်းရှေ့ရောက်ခြင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ခဲ့ရင် ဆရာဝန်ညွှန်ကြားသမျှ လိုက်နာပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်နေ၊ ဖြစ်တတ်တဲ့နောက်ဆက်တွဲတွေကို သေချာသတိထားစောင့်ကြည့်ပါက ပေါင်ပြည့်လစေ့ ကျန်းမာတဲ့သားသားမီးမီးလေးတွေကို မွေးထုတ်နိုင်မှာ ဧကန်မုချပဲဖြစ်ပါတယ်။

 

www.drmyanmar.com