/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/အသက္-၃၅-ႏွစ္ေက်ာ္-ဗိုက္ဗိုက္တို႔-သိမွတ္စရာမ်ား

အသက္ ၃၅ ႏွစ္ေက်ာ္ ဗိုက္ဗိုက္တို႔ သိမွတ္စရာမ်ား

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

          အခုေခတ္မွာ အသက္ႀကီးမွ ကေလးယူတာ ထံုးစံလို ျဖစ္လာတယ္။ ဒီေတာ့ အသက္ႀကီးမွ ကေလးယူတာ ဘာေတြျဖစ္ႏိုင္သလဲဆိုတာ သိဖုိ႔ လိုလာၿပီေပါ့။

 

>>    အသက္ ၃၅ ႏွစ္ေက်ာ္တဲ့အခါ ...

          အသက္ ၃၀ ေက်ာ္ေပမယ့္ ကေလးကို က်န္းက်န္းမာမာ ေမြးႏိုင္တဲ့အေမေတြ အမ်ားႀကီးပါ။ ဒါေပမဲ့ အသက္ ၃၅ ႏွစ္ ေက်ာ္လာရင္ေတာ့ အႏၱရာယ္နည္းနည္း ရွိလာတယ္။ လူတိုင္းကိုေတာ့ မဆိုလိုပါဘူး။

 

1.      မ်ိဳးပြားႏိုင္စြမ္း က်လာျခင္း

          အမ်ိဳးသမီးေတြမွာ ေမြးကတည္းက တစ္သက္တာရွိရမယ့္ သားဥေတြ ပါလာၿပီးသားပါ။ အသက္ တျဖည္းျဖည္း ႀကီးလာတဲ့အခါ သားဥေတြ ကုန္ကုန္လာတာေၾကာင့္ ကေလးရႏိုင္ေျခ နည္းလာတယ္။ အမ်ိဳးသားေတြမွာလည္း အလားတူပါပဲ။

 

2.      မ်ိဳး႐ိုးဗီဇ မွားယြင္းမႈမ်ား

          အသက္ႀကီးလာရင္ ေမြးလာမယ့္ကေလးမွာ မ်ဳိး႐ိုးဗီဇ ပံုမမွန္တာေတြ ပိုျဖစ္လာႏိုင္တယ္။ ဥပမာ - ေဒါင္းေရာဂါစုလိုမ်ိဳးေပါ့။ ဒါဟာ ခ႐ိုမိုစုန္းလို႔ေခၚတဲ့ မ်ိဳး႐ိုးဗီဇနံပါတ္ေတြ ပံုမမွန္ျဖစ္လာလို႔ပါပဲ။

          မ်ိဳး႐ိုးဗီဇေတြ ေပါင္းစပ္ရာမွာ မွားယြင္းသြားတာေၾကာင့္ ျဖစ္တတ္ပါတယ္။

 

3.      ကိုယ္ဝန္ပ်က္က်ျခင္း

          အေမ အသက္ႀကီးလာေလေလ ကိုယ္ဝန္ပ်က္က်ႏိုင္ေျခ မ်ားေလေလပါ။ အမ်ိဳးသမီးရဲ႕ သားဥအရည္အေသြး တျဖည္းျဖည္း က်လာလို႔ပါ။

Obimin 1

4.      ကေလး အေသေမြးျခင္း

          အသက္ငယ္တဲ့ ကိုယ္ဝန္ေဆာင္ေတြထက္စာရင္ ကေလး အေသေမြးႏႈန္း ပိုမ်ားလာတယ္။ အထူးသျဖင့္ အသက္ ၃၅ ႏွစ္ေက်ာ္ သားဦးသေႏၶေတြမွာ ပိုေတြ႕ရတတ္တယ္။ ဘာေၾကာင့္ ဒီလိုျဖစ္ရတယ္ ဆိုတာေတ့ာ မသိေသးပါဘူး။

 

5.      တျခားျဖစ္ႏိုင္တာေတြကေတာ့ -

●        ကိုယ္ဝန္ေဆာင္ဆီးခ်ိဳ

●        အခ်င္း ေရွ႕ေရာက္ျခင္း

●        ကေလးတင္ပါးဆံုပိုင္း ျဖစ္ေနျခင္း

●        အေရးေပၚ ခြဲေမြးရျခင္း

●        ေမြးၿပီး ေသြးသြန္ျခင္း

●        ကေလး လမေစ့ျခင္း

●        ကေလး ေပါင္မျပည့္ျခင္း

          ၿပီးေတာ့ အသက္ ၄၀ နဲ႔အထက္မွာ ကိုယ္ဝန္ေဆာင္သူ အမ်ိဳသမီးေတြဟာ ေလျဖတ္ေလျဖန္း၊ ႏွလံုးေသြးေၾကာပိတ္ေရာဂါေတြ ပိုျဖစ္ႏိုင္တာကို ေတြ႕ရတယ္။ သက္ႀကီးကိုယ္ဝန္ေဆာင္ေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးတြင္းကိုလက္စထေရာ မ်ားတာေတြနဲ႔ သက္ဆိုင္ေနတယ္။

          ဒီလိုေနာက္ဆက္တြဲေတြ ရွိတတ္ေပမယ့္ အသက္ ၃၅ ႏွစ္ေက်ာ္တဲ့ ေမေမ ေတာ္ေတာ္မ်ားမ်ားဟာ ပံုမွန္ကိုယ္ဝန္ေဆာင္ႏိုင္ၿပီး က်န္းမာႀကံ့ခိုင္တဲ့ သားသားမီးမီးေလးေတြ ေမြးဖြားႏိုင္ၾကတာေၾကာင့္ သူမ်ားေတြထက္ ဂ႐ုစိုက္ဖို႔ လိုေပမယ့္ စိတ္မပူပါနဲ႔လို႔ ေျပာပါရေစေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Obimin 2

(Unicode)

    အခုခေတ်မှာ အသက်ကြီးမှ ကလေးယူတာ ထုံးစံလို ဖြစ်လာတယ်။ ဒီတော့ အသက်ကြီးမှ ကလေးယူတာ ဘာတွေဖြစ်နိုင်သလဲဆိုတာ သိဖို့ လိုလာပြီပေါ့။

>>    အသက် ၃၅ နှစ်ကျော်တဲ့အခါ ...
    အသက် ၃၀ ကျော်ပေမယ့် ကလေးကို ကျန်းကျန်းမာမာ မွေးနိုင်တဲ့အမေတွေ အများကြီးပါ။ ဒါပေမဲ့ အသက် ၃၅ နှစ် ကျော်လာရင်တော့ အန္တရာယ်နည်းနည်း ရှိလာတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။

1.    မျိုးပွားနိုင်စွမ်း ကျလာခြင်း
    အမျိုးသမီးတွေမှာ မွေးကတည်းက တစ်သက်တာရှိရမယ့် သားဥတွေ ပါလာပြီးသားပါ။ အသက် တဖြည်းဖြည်း ကြီးလာတဲ့အခါ သားဥတွေ ကုန်ကုန်လာတာကြောင့် ကလေးရနိုင်ခြေ နည်းလာတယ်။ အမျိုးသားတွေမှာလည်း အလားတူပါပဲ။

2.    မျိုးရိုးဗီဇ မှားယွင်းမှုများ
    အသက်ကြီးလာရင် မွေးလာမယ့်ကလေးမှာ မျိုးရိုးဗီဇ ပုံမမှန်တာတွေ ပိုဖြစ်လာနိုင်တယ်။ ဥပမာ - ဒေါင်းရောဂါစုလိုမျိုးပေါ့။ ဒါဟာ ခရိုမိုစုန်းလို့ခေါ်တဲ့ မျိုးရိုးဗီဇနံပါတ်တွေ ပုံမမှန်ဖြစ်လာလို့ပါပဲ။
    မျိုးရိုးဗီဇတွေ ပေါင်းစပ်ရာမှာ မှားယွင်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။

3.    ကိုယ်ဝန်ပျက်ကျခြင်း
    အမေ အသက်ကြီးလာလေလေ ကိုယ်ဝန်ပျက်ကျနိုင်ခြေ များလေလေပါ။ အမျိုးသမီးရဲ့ သားဥအရည်အသွေး တဖြည်းဖြည်း ကျလာလို့ပါ။

4.    ကလေး အသေမွေးခြင်း
    အသက်ငယ်တဲ့ ကိုယ်ဝန်ဆောင်တွေထက်စာရင် ကလေး အသေမွေးနှုန်း ပိုများလာတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်ကျော် သားဦးသန္ဓေတွေမှာ ပိုတွေ့ရတတ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာတေ့ာ မသိသေးပါဘူး။

5.    တခြားဖြစ်နိုင်တာတွေကတော့ -
●    ကိုယ်ဝန်ဆောင်ဆီးချို
●    အချင်း ရှေ့ရောက်ခြင်း
●    ကလေးတင်ပါးဆုံပိုင်း ဖြစ်နေခြင်း
●    အရေးပေါ် ခွဲမွေးရခြင်း
●    မွေးပြီး သွေးသွန်ခြင်း
●    ကလေး လမစေ့ခြင်း
●    ကလေး ပေါင်မပြည့်ခြင်း
    ပြီးတော့ အသက် ၄၀ နဲ့အထက်မှာ ကိုယ်ဝန်ဆောင်သူ အမျိုသမီးတွေဟာ လေဖြတ်လေဖြန်း၊ နှလုံးသွေးကြောပိတ်ရောဂါတွေ ပိုဖြစ်နိုင်တာကို တွေ့ရတယ်။ သက်ကြီးကိုယ်ဝန်ဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စထရော များတာတွေနဲ့ သက်ဆိုင်နေတယ်။
    ဒီလိုနောက်ဆက်တွဲတွေ ရှိတတ်ပေမယ့် အသက် ၃၅ နှစ်ကျော်တဲ့ မေမေ တော်တော်များများဟာ ပုံမှန်ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ကြတာကြောင့် သူများတွေထက် ဂရုစိုက်ဖို့ လိုပေမယ့် စိတ်မပူပါနဲ့လို့ ပြောပါရစေနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)