/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ေမြးဖြားခ်ိန္ေတြ-သာယာဖို႔-ႀကိဳတင္ကာကြယ္ၾကပါစို႔

ေမြးဖြားခ်ိန္ေတြ သာယာဖို႔ ႀကိဳတင္ကာကြယ္ၾကပါစို႔..

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

မိခင္တေယာက္ျဖစ္လာေတာ့မယ္ဆိုတဲ့ခံစားခ်က္က ေမေမအေလာင္းအလ်ာေလးေတြကို တကယ့္ကို ထူးျခားရင္ခုန္ေစပါတယ္။ မၾကာခင္မိခင္ဘဝခံယူေတာ့မယ့္ကိ္ုယ္ဝန္သည္ေလးေတြကို တျခားမိခင္ေတြရဲ႕ ကိုယ္ေတြ ့ ျဖစ္ရပ္ေလးေတြနဲ႔ ယွဥ္လို႔ အသိပညာေပးပါရေစ။ 

 

• ဟန္ေလးဟာ ေမြးၿပီး တစ္ပတ္ေလာက္ေနေတာ့ ရင္ဘတ္ေတြေအာင့္ ေခါင္းေတြထိုးကိုက္ၿပီး ေနမရထိုင္မရျဖစ္လာပါတယ္၊ဆရာဝန္ျပသေဆြးေႏြးလိုက္တဲ့အခါ မီးဖြားၿပီးခ်ိန္မွာျဖစ္တဲ့ မီးတြင္းေသြးတက္ေရာဂါပါတဲ့။ ေသြးေပါင္ခ်ိန္ေဆာင့္တက္သြားၿပီး သူမဟာ အေရးေပၚဌာနမွာ ေဆးသြင္းကုသမႈယူခဲ့ရပါတယ္။ ကိုယ္ဝန္ဆိပ္တက္ ေရာဂါအေၾကာင္းသာမက မီးတြင္းေသြးတက္ပါျဖစ္တတ္ေၾကာင္း အသက္အႏၱရာယ္ပါနီးေၾကာင္း ႀကိဳတင္ဗဟုသုတ႐ွိထားသင့္တယ္ေနာ္။

 

• ေမြးၿပီး သံုးရက္အၾကာမွာ  အခ်င္းက်န္တာေၾကာင့္ ေသြးဆင္းတဲ့အျပင္ခ်မ္းဖ်ားေတြထလာတဲ့ ခင္ခင္တေယာက္ သားအိမ္ျခစ္ကုသမႈယူခဲ့ရပါတယ္။  ဖ်ားရင္ ေသြးဆင္းမ်ားရင္ မေပါ့ရဘူးေနာ္။

Obimin 1

• တေဝးတလံကေဆးရံုမွာ အပ္ထားတယ္။ ေမြးခါနီးေတာ့ သြားစရာယာဥ္အဆင့္သင့္မ႐ွိဘူး။ ျမေလးတေယာက္ နီးရာေဆးခန္းမွာပဲ အေရးေပၚေမြးလိုက္ရတယ္။ ကိုယ့္ကိုယ္ဝန္အပ္မယ္ဆိုရင္  သြားေရးလာေရးလြယ္ကူၿပီး အရာအားလံုးျပင္ဆင္စနစ္က်ေနမွ အဆင္သင့္ျဖစ္မယ္ေနာ္။ အေရးေပၚေမြးလိုက္ရရင္ ကိုယ့္ကိုယ္ဝန္အေၾကာင္း ဘာမွမသိတဲ့ေနရာမွာဆို ကုရတဲ့ဆရာဝန္ဆရာမအခက္ေတြ႔တာေပါ့။ နီးနီးနားနား မွာ ဗိုက္အပ္ေနာ္။ လေစ့ခါနီးရင္ ယာဥ္ရထား စီစဥ္ထား။

 

• သားဖြားဆရာမ ဆရာဝန္ကို နားေထာင္ေပးမယ့္သူ႐ွာပါ။ သိပ္အလုပ္႐ႈပ္လြန္းသူ။ မိမိေျပာသမွ် ျပႆနာေတြကိုနားမေထာင္ႏိုင္သူကို  တိုင္ပင္မိတဲ့အခါ ကိုယ္သိခ်င္တာလည္း မသိရ။ စိတ္လည္းညစ္ရပါတယ္။ ေမေလးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္အလြန္အကြၽံအန္ေနေပမယ့္ သူအပ္ထားတဲ့ ဆရာဝန္က သူ႔ကိုဂ႐ုမစိုက္ပဲ စိတ္မ႐ွည္ဘူးထင္မိေတာ့ မျပေတာ့ပဲ ေပေနခဲ့ရင္း ေဆးရံုေရာက္ရပါတယ္။ ကိုယ့္ျပသနာေတြနားေထာင္မယ့္ အခ်ိန္ေပးႏိုင္မယ့္ ကိုယ္စိတ္ေက်နပ္အားကိုးမယ့္ ဆရာဝန္ကို ေသခ်ာ ေရြးေနာ္။ 

 

• မသန္႔က နယ္မွာေနတာပါ။ ရြာနဲ႔ၿမိဳ႕ကနီးနီးေလး။ ကေလးထြားလို႔ ေမြးရခက္မွာမွန္းသိသိႀကီးနဲ႔ ရြာကဆရာမနဲ႔ဇြတ္ေမြးတယ္။ ေမြးခ်ိန္ၾကာၿပီး ကေလးကထြက္သြားေပမယ့္ ေသြးေတြတရေဟာသြန္တယ္။ ၿမိဳ႕ကို ခ်က္ခ်င္းတက္လာရၿပီး ေဆးရံုႀကီးကိုအေရးေပၚတင္လိုက္ရၿပီးေနာက္ ကုသမႈေပး  ေသြးပါသြင္းလိုက္ရတယ္။ ကံေကာင္းလို႔သားအိမ္မထုတ္ရတာ။ ဒီေတာ့ ဘာထူးေသးလဲ မမတို႔။  အစကတည္းက အႏၱရာယ္႐ွိတဲ့ကိုယ္ဝန္မွန္းသိရင္ စိတ္ခ်ေကာင္းမြန္တဲ့ ေနရာတေနရာမွာ စိတ္ခ်ရတဲ့ ကြၽမ္းက်င္သားဖြားမီးယပ္ဆရာဝန္နဲ႔  ေမြးလိုက္မယ္ဆိုရင္ ဘယ္ေလာက္ေတာင္ အ႐ွဴပ္ထုပ္ေတြ ေ႐ွာင္ၿပီးသား ျဖစ္မလဲေနာ္။ အခုေတာ့ အခ်ိန္ကုန္ေငြကုန္လူပန္းတာပါပဲ။

 

• ႐ိုး႐ိုးဆရာဝန္ထက္ သားဖြားမီးယပ္ဆရာဝန္ကေတာ့ ပိုမိုကြၽမ္းက်င္တာေပါ့။ အရပ္ထဲကဆရာဝန္က လိုအပ္လို႔ ဗိုက္ကို သားဖြားမီးယပ္ကိုျပပါလို႔ေျပာရင္ ဆရာပဲၾကည့္ေပးပါလို႔ ဇြတ္မေျပာပါနဲ႔။ ပညာ႐ွင္အခ်င္းခ်င္း လိုအပ္လို႔လႊဲအပ္ကုသတဲ့ေနရာကို ေရာက္ေအာင္သြားျပပါ။ကိုယ္ဝန္ေဆာင္ခ်ိန္ ေမြးဖြားခ်ိန္နဲ႔ ျပသနာအေထြေထြကို ေ႐ွာင္ၿပီးျဖစ္ပါလိမ့္မယ္။

 

• ေနာက္တခုက ကိုယ္ဝန္ေဆာင္နဲ႔ အာဟာရျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ေလးေတြ အာဟာရျပည့္ဝက်န္းမာေအာင္ဘာစားသင့္္လဲဆိုတာ ၾကည့္႐ႈေစာင့္ေ႐ွာက္ေနတဲ့ ဆရာဝန္ဆရာမ ကို တိုင္ပင္ပါ၊ အာဟာရျပည့္ဖို႔ သံဓာတ္အားေကာင္းဖို႔ ဘာေတြစားရမလဲဆိုတာ မိသားစုေရာ ကိ္ုယ္ဝန္ေဆာင္ေလးေရာသိရမယ္ေနာ္။

 

• ပ႐ိုတင္းအသားဓာတ္နဲ႔ သံဓာတ္ျပည့္ဝေအာင္စားေပးရမယ္ အစားအစာေတြက အမဲသား၊ ၾကက္သား၊ ၾကက္ဥ၊ ဘဲဥ၊ ဟင္းႏုႏြယ္၊ ကန္ဇြန္း၊ မုန္လာ၊ အာလူး၊ ကြာေစ့ေလွာ္၊ ေနၾကာေစ့၊ သံပရာ၊ ေ႐ွာက္သီး နဲ႔ ပဲအမ်ိဳးမ်ိဳး တို႔ျဖစ္ပါတယ္။

 

• ေနာက္ဆံုးအေနနဲ႔ ေမးခြန္းေမးပါ။ သားလားသမီးလားနဲ႔တင္ရပ္မသြားပါနဲ႔။  ဆရာဝန္ကိုဆရာမကို ေမးပါ။ ဒီကိုယ္ဝန္မွာ  ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ ဘာေတြ႐ွိႏိုင္လဲ။ ေသြးလိုအပ္တဲ့အခ်ိန္အဆင့္သင့္႐ွိပါ့မလား။ ေမြးရင္ဘာေတြၾကံဳႏိုင္လဲ။ ေမြးၿပီးတဲ့အခါ သတိထားရမွာ ဘာေတြလဲ ။ အခ်င္းေနရာမွန္လား။ ကေလးေနရာမွန္လား။ ဘယ္မွာေမြးရင္အဆင္ေျပမလဲ။ေစ့ေစ့စပ္စပ္ အကုန္တိုင္ပင္ေဆြးေႏြးထားျခင္းျဖင့္ မီးဖြားခ်ိန္မွာၾကံဳရမယ့္ ကသိကေအာင့္အရာေတြကို ေကာင္းေကာင္းေ႐ွာင္ႏိုင္ပါတယ္ေနာ္။

 

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Obimin 2

(Unicode)

မိခင်တယောက်ဖြစ်လာတော့မယ်ဆိုတဲ့ခံစားချက်က မေမေအလောင်းအလျာလေးတွေကို တကယ့်ကို ထူးခြားရင်ခုန်စေပါတယ်။ မကြာခင်မိခင်ဘဝခံယူတော့မယ့်ကိုယ်ဝန်သည်လေးတွေကို တခြားမိခင်တွေရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးတွေနဲ့ ယှဉ်လို့ အသိပညာပေးပါရစေ။

 

• ဟန်လေးဟာ မွေးပြီး တစ်ပတ်လောက်နေတော့ ရင်ဘတ်တွေအောင့် ခေါင်းတွေထိုးကိုက်ပြီး နေမရထိုင်မရဖြစ်လာပါတယ်၊ဆရာဝန်ပြသဆွေးနွေးလိုက်တဲ့အခါ မီးဖွားပြီးချိန်မှာဖြစ်တဲ့ မီးတွင်းသွေးတက်ရောဂါပါတဲ့။ သွေးပေါင်ချိန်ဆောင့်တက်သွားပြီး သူမဟာ အရေးပေါ်ဌာနမှာ ဆေးသွင်းကုသမှုယူခဲ့ရပါတယ်။ ကိုယ်ဝန်ဆိပ်တက် ရောဂါအကြောင်းသာမက မီးတွင်းသွေးတက်ပါဖြစ်တတ်ကြောင်း အသက်အန္တရာယ်ပါနီးကြောင်း ကြိုတင်ဗဟုသုတရှိထားသင့်တယ်နော်။

 

• မွေးပြီး သုံးရက်အကြာမှာ  အချင်းကျန်တာကြောင့် သွေးဆင်းတဲ့အပြင်ချမ်းဖျားတွေထလာတဲ့ ခင်ခင်တယောက် သားအိမ်ခြစ်ကုသမှုယူခဲ့ရပါတယ်။  ဖျားရင် သွေးဆင်းများရင် မပေါ့ရဘူးနော်။

 

• တဝေးတလံကဆေးရုံမှာ အပ်ထားတယ်။ မွေးခါနီးတော့ သွားစရာယာဉ်အဆင့်သင့်မရှိဘူး။ မြလေးတယောက် နီးရာဆေးခန်းမှာပဲ အရေးပေါ်မွေးလိုက်ရတယ်။ ကိုယ့်ကိုယ်ဝန်အပ်မယ်ဆိုရင်  သွားရေးလာရေးလွယ်ကူပြီး အရာအားလုံးပြင်ဆင်စနစ်ကျနေမှ အဆင်သင့်ဖြစ်မယ်နော်။ အရေးပေါ်မွေးလိုက်ရရင် ကိုယ့်ကိုယ်ဝန်အကြောင်း ဘာမှမသိတဲ့နေရာမှာဆို ကုရတဲ့ဆရာဝန်ဆရာမအခက်တွေ့တာပေါ့။ နီးနီးနားနား မှာ ဗိုက်အပ်နော်။ လစေ့ခါနီးရင် ယာဉ်ရထား စီစဉ်ထား။

 

• သားဖွားဆရာမ ဆရာဝန်ကို နားထောင်ပေးမယ့်သူရှာပါ။ သိပ်အလုပ်ရှုပ်လွန်းသူ။ မိမိပြောသမျှ ပြဿနာတွေကိုနားမထောင်နိုင်သူကို  တိုင်ပင်မိတဲ့အခါ ကိုယ်သိချင်တာလည်း မသိရ။ စိတ်လည်းညစ်ရပါတယ်။ မေလေးဟာ ကိုယ်ဝန်ဆောင်ချိန်အလွန်အကျွံအန်နေပေမယ့် သူအပ်ထားတဲ့ ဆရာဝန်က သူ့ကိုဂရုမစိုက်ပဲ စိတ်မရှည်ဘူးထင်မိတော့ မပြတော့ပဲ ပေနေခဲ့ရင်း ဆေးရုံရောက်ရပါတယ်။ ကိုယ့်ပြသနာတွေနားထောင်မယ့် အချိန်ပေးနိုင်မယ့် ကိုယ်စိတ်ကျေနပ်အားကိုးမယ့် ဆရာဝန်ကို သေချာ ရွေးနော်။

 

• မသန့်က နယ်မှာနေတာပါ။ ရွာနဲ့မြို့ကနီးနီးလေး။ ကလေးထွားလို့ မွေးရခက်မှာမှန်းသိသိကြီးနဲ့ ရွာကဆရာမနဲ့ဇွတ်မွေးတယ်။ မွေးချိန်ကြာပြီး ကလေးကထွက်သွားပေမယ့် သွေးတွေတရဟောသွန်တယ်။ မြို့ကို ချက်ချင်းတက်လာရပြီး ဆေးရုံကြီးကိုအရေးပေါ်တင်လိုက်ရပြီးနောက် ကုသမှုပေး  သွေးပါသွင်းလိုက်ရတယ်။ ကံကောင်းလို့သားအိမ်မထုတ်ရတာ။ ဒီတော့ ဘာထူးသေးလဲ မမတို့။  အစကတည်းက အန္တရာယ်ရှိတဲ့ကိုယ်ဝန်မှန်းသိရင် စိတ်ချကောင်းမွန်တဲ့ နေရာတနေရာမှာ စိတ်ချရတဲ့ ကျွမ်းကျင်သားဖွားမီးယပ်ဆရာဝန်နဲ့  မွေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အရှူပ်ထုပ်တွေ ရှောင်ပြီးသား ဖြစ်မလဲနော်။ အခုတော့ အချိန်ကုန်ငွေကုန်လူပန်းတာပါပဲ။

 

• ရိုးရိုးဆရာဝန်ထက် သားဖွားမီးယပ်ဆရာဝန်ကတော့ ပိုမိုကျွမ်းကျင်တာပေါ့။ အရပ်ထဲကဆရာဝန်က လိုအပ်လို့ ဗိုက်ကို သားဖွားမီးယပ်ကိုပြပါလို့ပြောရင် ဆရာပဲကြည့်ပေးပါလို့ ဇွတ်မပြောပါနဲ့။ ပညာရှင်အချင်းချင်း လိုအပ်လို့လွှဲအပ်ကုသတဲ့နေရာကို ရောက်အောင်သွားပြပါ။ကိုယ်ဝန်ဆောင်ချိန် မွေးဖွားချိန်နဲ့ ပြသနာအထွေထွေကို ရှောင်ပြီးဖြစ်ပါလိမ့်မယ်။

 

• နောက်တခုက ကိုယ်ဝန်ဆောင်နဲ့ အာဟာရဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လေးတွေ အာဟာရပြည့်ဝကျန်းမာအောင်ဘာစားသင့််လဲဆိုတာ ကြည့်ရှုစောင့်ရှောက်နေတဲ့ ဆရာဝန်ဆရာမ ကို တိုင်ပင်ပါ၊ အာဟာရပြည့်ဖို့ သံဓာတ်အားကောင်းဖို့ ဘာတွေစားရမလဲဆိုတာ မိသားစုရော ကိုယ်ဝန်ဆောင်လေးရောသိရမယ်နော်။

 

• ပရိုတင်းအသားဓာတ်နဲ့ သံဓာတ်ပြည့်ဝအောင်စားပေးရမယ် အစားအစာတွေက အမဲသား၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းနုနွယ်၊ ကန်ဇွန်း၊ မုန်လာ၊ အာလူး၊ ကွာစေ့လှော်၊ နေကြာစေ့၊ သံပရာ၊ ရှောက်သီး နဲ့ ပဲအမျိုးမျိုး တို့ဖြစ်ပါတယ်။

 

• နောက်ဆုံးအနေနဲ့ မေးခွန်းမေးပါ။ သားလားသမီးလားနဲ့တင်ရပ်မသွားပါနဲ့။  ဆရာဝန်ကိုဆရာမကို မေးပါ။ ဒီကိုယ်ဝန်မှာ  နောက်ဆက်တွဲအကျိုးဆက်တွေ ဘာတွေရှိနိုင်လဲ။ သွေးလိုအပ်တဲ့အချိန်အဆင့်သင့်ရှိပါ့မလား။ မွေးရင်ဘာတွေကြုံနိုင်လဲ။ မွေးပြီးတဲ့အခါ သတိထားရမှာ ဘာတွေလဲ ။ အချင်းနေရာမှန်လား။ ကလေးနေရာမှန်လား။ ဘယ်မှာမွေးရင်အဆင်ပြေမလဲ။စေ့စေ့စပ်စပ် အကုန်တိုင်ပင်ဆွေးနွေးထားခြင်းဖြင့် မီးဖွားချိန်မှာကြုံရမယ့် ကသိကအောင့်အရာတွေကို ကောင်းကောင်းရှောင်နိုင်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)