/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ေမြးၿပီးေနာက္ပိုင္း-ေသြးသြန္ျခင္း

ေမြးၿပီးေနာက္ပိုင္း ေသြးသြန္ျခင္း

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

          ပ်မ္းမွ်အားျဖင့္ ကေလးတစ္ေယာက္ ႐ိုး႐ိုးေမြးရင္ အေမမွာ ေသြး လီတာ၀က္ (500 ml) ေလာက္ ဆံုးရႈံးတတ္ပါတယ္။ ခြဲေမြးရင္ေတာ့ တစ္လီတာ ေလာက္ ဆံုးရံႈးေလ့ရွိပါတယ္။ ဒါ့အျပင္ ေမြးၿပီး ၂၄ နာရီအတြင္း (သို႔) ေမြးၿပီး ၁၂ ပတ္ေလာက္ထိ ေသြးေတြ ဆင္းႏိုင္ပါတယ္။ ကေလးေမြးၿပီး ေသြးသြန္ရတဲ့ အေၾကာင္းအရင္းရဲ႕ 80% ေလာက္က သားအိမ္ႂကြက္သား တံု႔ျပန္မႈမရွိလို႔ ျဖစ္ရတာပါ။

          အခ်င္းက်ၿပီးေနာက္မွာ သားအိမ္ညႇစ္တာ အားနည္းၿပီးေတာ့ အခ်င္းနဲ႔ သားအိမ္ကို တြယ္ေပးထားတဲ့ ေသြးေၾကာေတြကို ေကာင္းေကာင္းမဖိႏိုင္တဲ့အခါမွာ ေသြးသြန္ေစပါတယ္။ ဒါဆိုရင္ ေသြးေပါင္က်တာ၊ ကိုယ္အဂၤါ အလုပ္မလုပ္ႏိုင္တာ၊ ေသြးလန္႔တာနဲ႔ အသက္ဆံုးရႈံးတာအထိေတာင္မွ ျဖစ္ႏုိင္ပါတယ္။

 

>>    အခ်ိဳ႕ေသာကိစၥရပ္ေတြက ေမြးၿပီး ေသြးသြန္တာကို ပိုဆိုးေစပါတယ္။ ဒါေတြကေတာ့ -

●        အခ်င္းေရွ႕ေရာက္ျခင္း

●        အႁမႊာကိုယ္ဝန္

●        သားအိမ္ အရမ္းႀကီးသြားျခင္း

●        ကိုယ္ဝန္ေဆာင္ ေသြးတိုးေရာဂါရွိျခင္း

●        ကေလးေမြးခ်ိန္ ၾကာျခင္း

●        ကေလးေမြးရာတြင္ ေလစုပ္၊ ညႇပ္ဆြဲ ေမြးရျခင္း

●        ေရာဂါပိုးဝင္ျခင္း

●        အဝလြန္ျခင္း တို႔ ျဖစ္ၾကပါတယ္။

Obimin 1

>>    ဆိုးက်ိဳးမ်ားေစႏိုင္တဲ့ အျခားက်န္းမာေရး အေျခအေနေတြကေတာ့ -

●        ေမြးဖြားစဥ္ သားအိမ္ေခါင္း၊ ေမြးလမ္းေၾကာင္း၊ သားအိမ္ေသြးေၾကာ ၿပဲသြားျခင္း

●        မိန္းမကိုယ္၊ ေမြးလမ္းေၾကာင္းတြင္ ေသြးခဲပိတ္ျခင္း

●        နဂိုတည္းက ေသြးခဲျခင္းဆိုင္ရာျပႆနာ ရွိျခင္း

●        သားအိမ္ေပါက္ထြက္ျခင္း  စတာေတြ ျဖစ္ပါတယ္။

 

>>    ကုသရာမွာေတာ့ ေသြးထြက္တာကို တတ္ႏိုင္သမွ် ျမန္ျမန္တိတ္သြားေအာင္လုပ္ဖို႔ လိုပါတယ္။ ေသြးတိတ္ေစဖို႔ -

●        ေဆးသြင္းျခင္း

●        သားအိမ္ကို ႏွိပ္နယ္ေပးျခင္း

●        အခ်င္း မက်ေသးရင္ က်လာေအာင္ ထုတ္ေပးျခင္း

●        ေသြးထြက္ေနတဲ့ ေသြးေၾကာမ်ားကို ခ်ည္ျခင္း

●        ခြဲစိတ္ျခင္း - ေသြးထြက္ေနရတဲ့ အေၾကာင္းအရင္းကို သိဖို႔အတြက္ ဗိုက္ကိုဖြင့္ၿပီးေတာ့ ရွာဖို႔ လိုႏိုင္ပါတယ္။ သားအိမ္ ထုတ္ပစ္ရတဲ့ အေျခအေနေတြလည္း ျဖစ္တတ္ပါတယ္။

www.drmyanmar.com

Obimin 2

(Unicode)

    ပျမ်းမျှအားဖြင့် ကလေးတစ်ယောက် ရိုးရိုးမွေးရင် အမေမှာ သွေး လီတာဝက် (500 ml) လောက် ဆုံးရှုံးတတ်ပါတယ်။ ခွဲမွေးရင်တော့ တစ်လီတာ လောက် ဆုံးရှုံးလေ့ရှိပါတယ်။ ဒါ့အပြင် မွေးပြီး ၂၄ နာရီအတွင်း (သို့) မွေးပြီး ၁၂ ပတ်လောက်ထိ သွေးတွေ ဆင်းနိုင်ပါတယ်။ ကလေးမွေးပြီး သွေးသွန်ရတဲ့ အကြောင်းအရင်းရဲ့ 80% လောက်က သားအိမ်ကြွက်သား တုံ့ပြန်မှုမရှိလို့ ဖြစ်ရတာပါ။
    အချင်းကျပြီးနောက်မှာ သားအိမ်ညှစ်တာ အားနည်းပြီးတော့ အချင်းနဲ့ သားအိမ်ကို တွယ်ပေးထားတဲ့ သွေးကြောတွေကို ကောင်းကောင်းမဖိနိုင်တဲ့အခါမှာ သွေးသွန်စေပါတယ်။ ဒါဆိုရင် သွေးပေါင်ကျတာ၊ ကိုယ်အင်္ဂါ အလုပ်မလုပ်နိုင်တာ၊ သွေးလန့်တာနဲ့ အသက်ဆုံးရှုံးတာအထိတောင်မှ ဖြစ်နိုင်ပါတယ်။

>>    အချို့သောကိစ္စရပ်တွေက မွေးပြီး သွေးသွန်တာကို ပိုဆိုးစေပါတယ်။ ဒါတွေကတော့ -
●    အချင်းရှေ့ရောက်ခြင်း
●    အမြွှာကိုယ်ဝန်
●    သားအိမ် အရမ်းကြီးသွားခြင်း
●    ကိုယ်ဝန်ဆောင် သွေးတိုးရောဂါရှိခြင်း
●    ကလေးမွေးချိန် ကြာခြင်း
●    ကလေးမွေးရာတွင် လေစုပ်၊ ညှပ်ဆွဲ မွေးရခြင်း
●    ရောဂါပိုးဝင်ခြင်း
●    အဝလွန်ခြင်း တို့ ဖြစ်ကြပါတယ်။

>>    ဆိုးကျိုးများစေနိုင်တဲ့ အခြားကျန်းမာရေး အခြေအနေတွေကတော့ -
●    မွေးဖွားစဉ် သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း၊ သားအိမ်သွေးကြော ပြဲသွားခြင်း
●    မိန်းမကိုယ်၊ မွေးလမ်းကြောင်းတွင် သွေးခဲပိတ်ခြင်း
●    နဂိုတည်းက သွေးခဲခြင်းဆိုင်ရာပြဿနာ ရှိခြင်း
●    သားအိမ်ပေါက်ထွက်ခြင်း  စတာတွေ ဖြစ်ပါတယ်။

>>    ကုသရာမှာတော့ သွေးထွက်တာကို တတ်နိုင်သမျှ မြန်မြန်တိတ်သွားအောင်လုပ်ဖို့ လိုပါတယ်။ သွေးတိတ်စေဖို့ -
●    ဆေးသွင်းခြင်း
●    သားအိမ်ကို နှိပ်နယ်ပေးခြင်း
●    အချင်း မကျသေးရင် ကျလာအောင် ထုတ်ပေးခြင်း
●    သွေးထွက်နေတဲ့ သွေးကြောများကို ချည်ခြင်း
●    ခွဲစိတ်ခြင်း - သွေးထွက်နေရတဲ့ အကြောင်းအရင်းကို သိဖို့အတွက် ဗိုက်ကိုဖွင့်ပြီးတော့ ရှာဖို့ လိုနိုင်ပါတယ်။ သားအိမ် ထုတ်ပစ်ရတဲ့ အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။

www.drmyanmar.com