/
news/ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး/ႏို႔တိုက္မိခင္က-အသီးအရြက္စားသမားဆိုရင္ေကာဘယ္လိုလုပ္မလဲ

ႏို႔တိုက္မိခင္က အသီးအရြက္စားသမားဆိုရင္ေကာဘယ္လိုလုပ္မလဲ?

Category
ကိုယ္၀န္ေဆာင္ႏွင့္က်န္းမာေရး

ႏို႔တိုက္မိခင္က အသီးအရြက္စားသမားျဖစ္တယ္ဆိုရင္ေတာ့ လိုအပ္တဲ့အာဟာရဓာတ္ေတြပါဝင္တဲ့ ဟင္းသီးဟင္းရြက္ေတြကို ေသခ်ာေရြးခ်ယ္စားဖို႔ အေရးႀကီးပါတယ္။ ဥပမာအားျဖင့္-

  • • သံဓာတ္၊ အသားဓာတ္နဲ႔ ကယ္ဆီယမ္ဓာတ္ၾကြယ္ဝတဲ့အစားအစာေတြေရြးစားပါ။

 

သံဓာတ္ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ ပဲ၊ ေကာက္ပဲသီးႏွံ၊ ျပဳျပင္မထားေသာအေစ့အဆန္မ်ား၊ အစိမ္းရင့္ေရာင္အရြက္မ်ား၊ သစ္သီးေျခာက္မ်ားစတာေတြျဖစ္ပါတယ္။ ခႏၶာကိုယ္မွ သံဓာတ္စုပ္ယူမႈအားေကာင္းေစဖို႔အတြက္ သံဓာတ္ၾကြယ္ဝတဲ့အစားအစာေတြကို ဗီတာမင္ C ပါဝင္တဲ့အစားအစာေတြနဲ႔ တြဲဖက္စားသံုးပါ။

အသားဓာတ္ရရွိဖို႔အတြက္ ဥႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ ပဲပိစပ္ျဖင့္လုပ္ထားေသာ အစားအစာမ်ားႏွင့္ အသားအစားထိုး ပဲအမ်ိဳးမ်ိုဳး၊ အခြံမာသီးမ်ား၊ အေစ့မ်ားႏွင့္ ေကာက္ပဲသီးႏွံမ်ား စတာေတြစားသံုးပါ။

ကယ္ဆီယမ္ဓာတ္အတြက္ အေကာင္းဆံုးအစားအစာ၇င္းျမစ္ေတြကေတာ့ ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား၊ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ားစတာေတြနဲ႔ ကယ္ဆီယမ္ဓာတ္ထည့္သြင္းထုတ္လုပ္ထားေသာ ေဖ်ာ္ရည္၊ ေကာက္ႏွံ၊ ပဲႏို႔၊ ဒိန္ခ်ဥ္၊ တို႔ဖူး စသည္တို႔ကို စားသံုးပါ။

Obimin 1

  • • အားေဆးေသာက္ပါ။

 

ဆရာဝန္က ဗီတာမင္ B12 ေန႔စဥ္ေသာက္ဖို႔ညြန္ၾကားပါလိမ့္မယ္။ ဗီတာမင္ B12 က တိရိစၧာန္ကေနအဓိကရတာျဖစ္တဲ့အတြက္ ဟင္းသီးဟင္းရြက္စားသူေတြမွာ လံုေလာက္စြာရဖို႔ခက္ပါတယ္။ ဗီတာမင္ B12 က ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အေရးႀကီးပါတယ္။ omega-3 လည္းေသာက္ဖို႔လိုပါတယ္။ ဗီတာမင္ D ထည့္သြင္းထုတ္လုပ္ထားတဲ့အစားအစာေတြျဖစ္တဲ့ ႏြားႏို႔နဲ႔ အခ်ိဳ႕ေသာေကာက္ပဲသီးႏွ့ေတြကို လံုေလာက္စြာမစားဘူးဆိုရင္ ဗီတာမင္ D အားေဆးလည္းေသာက္ဖို႔လိုပါတယ္။ ကေလးက ကယ္ဆီယမ္နဲ႔ ေဖာ့စ္ဖရပ္ေတြကို စုပ္ယူႏိုင္ဖို႔အတြက္ ဗီတာမင္ D ကိုလိုအပ္ပါတယ္။ ဗီတာမင္ D နည္းလြန္းရင္ ကေလးမွာ အရိုးေပ်ာ့ေရာဂါျဖစ္နိုင္ပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Obimin 2

(Unicode)

နို့တိုက်မိခင်က အသီးအရွက်စားသမားဖြစ်တယ်ဆိုရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာရွေးချယ်စားဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်-

• သံဓာတ်၊ အသားဓာတ်နဲ့ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေရွေးစားပါ။

 

သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့ ပဲ၊ ကောက်ပဲသီးနှံ၊ ပြုပြင်မထားသောအစေ့အဆန်များ၊ အစိမ်းရင့်ရောင်အရွက်များ၊ သစ်သီးခြောက်များစတာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ဗီတာမင် C ပါဝင်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးပါ။

အသားဓာတ်ရရှိဖို့အတွက် ဥနှင့် နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်ဖြင့်လုပ်ထားသော အစားအစာများနှင့် အသားအစားထိုး ပဲအမျိုးမျိုုး၊ အခွံမာသီးများ၊ အစေ့များနှင့် ကောက်ပဲသီးနှံများ စတာတွေစားသုံးပါ။

ကယ်ဆီယမ်ဓာတ်အတွက် အကောင်းဆုံးအစားအစာ၇င်းမြစ်တွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များစတာတွေနဲ့ ကယ်ဆီယမ်ဓာတ်ထည့်သွင်းထုတ်လုပ်ထားသော ဖျော်ရည်၊ ကောက်နှံ၊ ပဲနို့၊ ဒိန်ချဉ်၊ တို့ဖူး စသည်တို့ကို စားသုံးပါ။

 

• အားဆေးသောက်ပါ။

 

ဆရာဝန်က ဗီတာမင် B12 နေ့စဉ်သောက်ဖို့ညွန်ကြားပါလိမ့်မယ်။ ဗီတာမင် B12 က တိရိစ္ဆာန်ကနေအဓိကရတာဖြစ်တဲ့အတွက် ဟင်းသီးဟင်းရွက်စားသူတွေမှာ လုံလောက်စွာရဖို့ခက်ပါတယ်။ ဗီတာမင် B12 က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ omega-3 လည်းသောက်ဖို့လိုပါတယ်။ ဗီတာမင် D ထည့်သွင်းထုတ်လုပ်ထားတဲ့အစားအစာတွေဖြစ်တဲ့ နွားနို့နဲ့ အချို့သောကောက်ပဲသီးနှ့တွေကို လုံလောက်စွာမစားဘူးဆိုရင် ဗီတာမင် D အားဆေးလည်းသောက်ဖို့လိုပါတယ်။ ကလေးက ကယ်ဆီယမ်နဲ့ ဖော့စ်ဖရပ်တွေကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D ကိုလိုအပ်ပါတယ်။ ဗီတာမင် D နည်းလွန်းရင် ကလေးမှာ အရိုးပျော့ရောဂါဖြစ်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)