/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ကေလးေတြကို-အသံတိတ္-ဒုကၡေပးေနတဲ့-ခဲဆိပ္သင့္ျခင္း

ကေလးေတြကို အသံတိတ္ ဒုကၡေပးေနတဲ့ ခဲဆိပ္သင့္ျခင္း

Category
ကေလးမ်ားႏွင့္က်န္းမာေရး

ခဲဆိပ္​သင့္ျခင္​းဟာ လူႀကီးမိဘ​ေတြနဲ႔ က​ေလးဆရာဝန္​​ေတြ သတိမမူမိတတ္​ၾကပဲ က​ေလး​ေတြကို အသံတိတ္​ ဒုကၡ​ေပး​ေနတဲ့ အရာတစ္​ခုပဲ ျဖစ္​ပါတယ္​။

 

>> ခဲဆိပ္​သင္​့ျခင္​း

 

ခဲပါတဲ့အရာ​ေတြကို စားမိဝါးမိျခင္​း၊ ရႈရႈိက္​မိျခင္​းတို႔​ေၾကာင္​့ ခဲဆိပ္​သင္​့​ေလ့ရွိပါတယ္​။ တစ္​ခါတစ္​ရံ မ်က္​စိနဲ႔​ေတာင္​ မျမင္​ရတဲ့ ခဲအမႈန္​အမႊား​ေတြ​ေၾကာင့္ အဆိပ္သင္​့တတ္​ပါ​ေသးတယ္​။ ​က​ေလး​ေတြမွာ နံရံ​သုတ္​ေဆး​ေတြမွာ ပါဝင္​တဲ့ ခဲမႈန္​​ေတြက​ေန ခဲဆိပ္​သင့္တာ အမ်ားဆံုးျဖစ္​ပါတယ္​။

ခဲဆိပ္​သင္​့ျခင္​းဟာ က​ေလး​ေတြမွာ ႀကီးထြားမႈ၊ အမူအက်င္​့နဲ႔ ​ေလ့လာသင္​ယူနိုင္​စြမ္​း​ေတြကို ​ေႏွာင္​့​ေႏွး​ေစနိုင္​တတ္​ပါတယ္​။ ခဲဆိပ္​ဟာ တစ္​ခ်ဳိ႕က​ေလး​ေတြမွာ မ​ေမြးခင္​ကတည္​းက ဒုကၡ​ေပးတတ္​ပါ​ေသးတယ္​။ ဒါ​ေၾကာင္​့ က​ေလးယူဖို႔ ႀကံရြယ္​ထားသူ​ေတြမွာ ခဲဆိပ္​ကို ​ေရွာင္​ၾကဥ္​ၾကဖို႔ အ​ေရးႀကီးလွပါတယ္​။

 

>> က​ေလးငယ္​​ေလ ပိုအ​ေရးႀကီး​ေလ

 

က​ေလးငယ္​​ေလး​ေတြဟာ ၾကမ္​းျပင္​မွာ ​လွဲ​ေလ်ာင္​း​ေမွာက္​၊တြားသြားရငး္​နဲ႔ လက္​စုပ္​တာ၊ ပစၥည္​း​ေတြ အရုပ္​​ေတြကို ပါးစပ္​ထဲ ထည္​့တာမ်ိဳး လုပ္​​ေလ့ရွိပါတယ္​။ ဒါ​ေၾကာင္​့ ခဲမႈန္​​ေတြ၊ သ​ေဘၤာေဆးအမႈန္​​ေတြ ပါးစပ္​ထဲဝင္​ၿပီး ခဲဆိပ္​သင့္​ဖို႔ အခြင္​့အလမ္​း ပိုမ်ားပါတယ္​။ ၾကးီထြားဆဲ ဖြံ႕ၿဖိဳးဆဲ က​ေလး​ေတြမွာ ခဲဓာတ္​အနည္​းငယ္​မ်ွနဲ႔ပင္​ ဒုကၡ​ေပးအႏၲရာယ္​​ေပးနိုင္​ပါတယ္​။

Ceelin 1

>> က​ေလး​ေတြ ခဲဆိပ္​မသင္​့​ေစရန္​

 

♦ ခဲအမႈန္​​ေတြကို ​ေသခ်ာ​ေဆး​ေၾကာပါ။

​၁၉၇၈အ​ေစာပိုင္​းကာလမွာ ေဆာက္ခဲ့တဲ့ အိမ္​​ေဟာင္​း​ေတြမွာ ​ေနထိုင္​သူ​ေတြျဖစ္​ခဲ့ရင္​ ခဲမႈန္​​ေတြကို ​ေသခ်ာ​ေဆး​ေၾကာသင္​့ပါတယ္​။

• က​ေလးလက္​နဲ႔ အရုပ္​​ေတြကို ပံုမွန္​ ​ေဆး​ေၾကာ​ေပးပါ။

• ၾကမ္​းျပင္​​ေတြနဲ႔ ျပတငး္​​ေပါက္​​ေဘာင္​​ေတြကို အဝတ္​စိုနဲ႔ ​ေသခ်ာ​ေဆးပါ။ ​ေဆးထားတဲ့ ​ေရဆိုး​ေတြကို အိမ္​သာက်င္​းထဲသာ သြန္​ပစ္​လိုက္​ပါ။ စားပြဲခင္​း၊ အိပ္​ရာခင္​း​ေတြကို ​ေသခ်ာဖုန္​ခါသင္​့ပါတယ္​။

 

♦ အိမ္​​ေဟာင္​း​ေတြကို ​ေသခ်ာျပဳျပင္​ပါ။

• ကြာ​ေနတဲ့​ေဆး​ေတြကို ပံုမွန္​ျပန္​သုတ္​ပါ။ အႏၲရာယ္​မျဖစ္​​ေစပဲ ဘယ္​လို​ေဆးသုတ္​သင္​့သလဲ ဆိုတာကို က်န္​းမာ​ေရးဌာနမွာ ​ေမးျမန္​းသင္​့ပါတယ္။ ​ေဆးသုတ္​ျပဳျပင္​​ေရးဌာန​ေတြမွာလည္​း အကူအညီ​ေတာင္​းနိုင္​ပါတယ္​။

• ဒီလို ျပဳျပင္​​ေနစဥ္​ ကိုယ္​ဝန္​​ေဆာင္​အမ်ိဳးသမီးမ်ားနဲ႔ က​ေလးသူငယ္​မ်ားကို ​ေဝး​ေဝး​ေန​ေစသင္​့ပါတယ္။​

​ေလးဘက္​တြားအ႐ြယ္​က​ေလးငယ္​မ်ားကို ​သုတ္​​ေဆးအပိုင္​းအစ​ေတြ၊ နံရံကပ္​​ေဆး​ေတြ၊ အမႈန္​အမႈိက္​​ေတြနဲ႔ စားျခင္​း၊ ​ေဆာ့ျခင္​းမျပဳ ​ေစရန္​ သတိျပဳ ​ေစာငျ္​့ကည္​့သင္​့ပါတယ္​။

• အိမ္​​ေတြမဝယ္​မငွားခင္​ အိမ္​ရွင္​ကို ခဲအ​ေၾကာင္​း ႀကိဳတင္​​ေမးျမန္​းထားသင့္ပါတယ္​။

Ceelin 2

အိမ္​ထဲမွာ ခဲနဲ႔ပတ္​သတ္​တဲ့အရာ​ေတြ မရွိပါ​ေစနဲ႔။

 

• က​ေလးအသံုးအ​ေဆာင္​၊ လက္​ဝတ္​လက္​စာ​း၊ ကစားစရာ​ေတြနဲ႔ အိမ္​​ေထာင္​ပရိ​ေဘာဂ​ေတြမွာ ခဲပါဝင္​တတ္​ပါတယ္​။ ခဲပါဝင္​တတ္​တဲ့ ပစၥည္​း​ေတြကို ​ေရွာင္​ၾကဥ္​သင္​့ပါတယ္​။ နိုင္​ငံရပ္​ျခားကလာတဲ့ ​ရိုးရာ​ေဆး​ေတြ၊ ​ေဆးဖက္​ဝင္​အပင္​​ေတြ၊ ဟင္​းခက္​အ​ေမြးအႀကိဳင္​​ေတြနဲ႔ အလွကုန္​ပစၥည္​း​ေတြမွာ ခဲပါဝင္​​​ေလ့ ရွိတတ္​ပါတယ္​။

• ခဲနဲ႔စပ္​ဆိုင္​တဲ့ အလုပ္​​ေတြကို ​ေသခ်ာသတိထား လုပ္​​ေဆာင္​ပါ။ အ​ေဆာက္​အဦးျပန္​လည္​ျပင္​ဆင္​ျခင္​း၊ ​ေရပိုက္​တပ္​ဆင္​ျပဳျပင္​ျခင္​း၊ ဖန္​ပစၥည္​းျပဳလုပ္​ျခင္​း၊ ခဲက်ည္​ဆန္​မ်ား၊ ခဲပိုက္​ကြန္​မ်ားအသံုးျပဳျခင္​း၊ သ​ေဘၤာ​ေဆးသုတ္​ျခင္​း၊ ​ပန္​းအိုးလုပ္​ငန္​းမ်ားနဲ႔ ခဲအ​ေရာင္​းအဝယ္​လုပ္​ငန္​းမ်ား ပါဝင္​ပါတယ္​။

• အိမ္​မျပန္​မီ ​ေရမိုးခ်ိဳးၿပီး အဝတ္​အစားမ်ား လဲပါ။

• အလုပ္​ၿပီးတာနဲ႔ လက္​​ေတြ၊ မ်က္​ႏွာ​ေတြကို ​ေဆး​ေၾကာပါ။

• အလုပ္​အဝတ္​အစားမ်ားကို သတ္​သတ္​​ေလ်ာ္​ပါ။

 

အစားအစာ​ေတြမွာ ခဲဓာတ္​မပါ​ဝင္​​ေစရန္

 

• ဘံု​ဘိုင္​​ေခါင္​း​ေရကို အသံုးမျပဳမီ ၁မိနစ္​ခန္​႔ ဖြင္​့ခ်ျခင္​းျဖင့္ ခဲပါဝင္​မႈနည္​း​ေစပါတယ္​။ ခ်က္​ျပဳတ္​ဖို႔၊ ​ေသာက္​သံုးဖို႔နဲ႔ က​ေလးနို႔ဘူး​ေဖ်ာ္​ဖို႔ ဘံုဘိုင္​​ေရကို ​ေရ​ေအးကိုသာ အသံုးျပဳသင္​့ပါတယ္​။

• ခဲမပါဝင္​တဲ့ ပန္​းကန္​ခြက္​​ေယာက္​​ေတြကိုသာ အသံုးျပဳသင္​့ပါတယ္​။လက္​တင္​အ​ေမရိက၊ ​အ​ေရွ႕အလယ္​ပိုင္​း၊ အိႏၵိယနဲ႔ တရုတ္​ျပည္​မွ အိုးခြက္​​ေတြမွာ ခဲပါဝင္​တတ္​ပါတယ္​။ ဖန္​ခြက္​​ေတြ၊ ​ေက်ာက္​​ေတြနဲ႔ ဒန္​ေတြမွာလည္​း ခဲပါဝင္​ပါတယ္​။

• ခဲ​ေရာ​ေႏွာပါဝင္​​ေနတဲ့ ​ေဆးဘက္​ဝင္​ ဟင္​းခတ္​အ​ေမြးအႀကိဳင္​မ်ားကိုလည္​း ​ေရွာင္​ၾကဥ္​သင္​့ပါတယ္​။

 

ခဲဓာတ္​ကိုကာကြယ္​နိုင္​ဖို႔ ကယ္​လ္​ဆီယမ္​၊ သံဓာတ္​နဲ႔ ဗီတာမင္​စီဓာတ္​ႂကြယ္​ဝတဲ့ အစားအစာမ်ားကို ​ေကြၽးပါ။

 

ကယ္​လ္​ဆီယမ္​ဓာတ္​မ်ားျပားတဲ့ နို႔၊ ခ်ိစ္​၊ ဒိန္​ခ်ဥ္​နဲ႔ ဟင္​းႏုႏြယ္​ရြက္​မ်ား၊ သံဓာတ္​ပါဝင္​တဲ့ ပဲသီး၊ အသား၊ ပဲ၊ ဟင္​းႏုႏြယ္​၊ ဥနဲ႔ ႏွံ​ေျပာင္​း၊ ဗီတာမင္​စီဓာတ္​ ျပည္​့ဝတဲ့ လိ​ေမၼာ္​သီး၊ လိ​ေမၼာ္ရည္​၊ ဂရိတ္​ဖရု၊ ခရမ္​းခ်ဥ္​သီးနဲ႔ ငရုပ္​ပြစိမ္​းတို႔ကို မ်ားမ်ား​ေကြၽးသင္​့ပါတယ္​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)

ခဲဆိပ်သင့်ခြင်းဟာ လူကြီးမိဘတွေနဲ့ ကလေးဆရာဝန်တွေ သတိမမူမိတတ်ကြပဲ ကလေးတွေကို အသံတိတ် ဒုက္ခပေးနေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

 

>> ခဲဆိပ်သင့်ခြင်း

 

ခဲပါတဲ့အရာတွေကို စားမိဝါးမိခြင်း၊ ရှုရှိုက်မိခြင်းတို့ကြောင့် ခဲဆိပ်သင့်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ မျက်စိနဲ့တောင် မမြင်ရတဲ့ ခဲအမှုန်အမွှားတွေကြောင့် အဆိပ်သင့်တတ်ပါသေးတယ်။ ကလေးတွေမှာ နံရံသုတ်ဆေးတွေမှာ ပါဝင်တဲ့ ခဲမှုန်တွေကနေ ခဲဆိပ်သင့်တာ အများဆုံးဖြစ်ပါတယ်။

ခဲဆိပ်သင့်ခြင်းဟာ ကလေးတွေမှာ ကြီးထွားမှု၊ အမူအကျင့်နဲ့ လေ့လာသင်ယူနိုင်စွမ်းတွေကို နှောင့်နှေးစေနိုင်တတ်ပါတယ်။ ခဲဆိပ်ဟာ တစ်ချို့ကလေးတွေမှာ မမွေးခင်ကတည်းက ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့် ကလေးယူဖို့ ကြံရွယ်ထားသူတွေမှာ ခဲဆိပ်ကို ရှောင်ကြဉ်ကြဖို့ အရေးကြီးလှပါတယ်။

 

>> ကလေးငယ်လေ ပိုအရေးကြီးလေ

 

ကလေးငယ်လေးတွေဟာ ကြမ်းပြင်မှာ လှဲလျောင်းမှောက်၊တွားသွားရင်းနဲ့ လက်စုပ်တာ၊ ပစ္စည်းတွေ အရုပ်တွေကို ပါးစပ်ထဲ ထည့်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ခဲမှုန်တွေ၊ သင်္ဘောဆေးအမှုန်တွေ ပါးစပ်ထဲဝင်ပြီး ခဲဆိပ်သင့်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကြးီထွားဆဲ ဖွံ့ဖြိုးဆဲ ကလေးတွေမှာ ခဲဓာတ်အနည်းငယ်မျှနဲ့ပင် ဒုက္ခပေးအန္တရာယ်ပေးနိုင်ပါတယ်။

 

>> ကလေးတွေ ခဲဆိပ်မသင့်စေရန်

 

♦ ခဲအမှုန်တွေကို သေချာဆေးကြောပါ။

၁၉၇၈အစောပိုင်းကာလမှာ ဆောက်ခဲ့တဲ့ အိမ်ဟောင်းတွေမှာ နေထိုင်သူတွေဖြစ်ခဲ့ရင် ခဲမှုန်တွေကို သေချာဆေးကြောသင့်ပါတယ်။

• ကလေးလက်နဲ့ အရုပ်တွေကို ပုံမှန် ဆေးကြောပေးပါ။

• ကြမ်းပြင်တွေနဲ့ ပြတင်းပေါက်ဘောင်တွေကို အဝတ်စိုနဲ့ သေချာဆေးပါ။ ဆေးထားတဲ့ ရေဆိုးတွေကို အိမ်သာကျင်းထဲသာ သွန်ပစ်လိုက်ပါ။ စားပွဲခင်း၊ အိပ်ရာခင်းတွေကို သေချာဖုန်ခါသင့်ပါတယ်။

 

♦ အိမ်ဟောင်းတွေကို သေချာပြုပြင်ပါ။

• ကွာနေတဲ့ဆေးတွေကို ပုံမှန်ပြန်သုတ်ပါ။ အန္တရာယ်မဖြစ်စေပဲ ဘယ်လိုဆေးသုတ်သင့်သလဲ ဆိုတာကို ကျန်းမာရေးဌာနမှာ မေးမြန်းသင့်ပါတယ်။ ဆေးသုတ်ပြုပြင်ရေးဌာနတွေမှာလည်း အကူအညီတောင်းနိုင်ပါတယ်။

• ဒီလို ပြုပြင်နေစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ကလေးသူငယ်များကို ဝေးဝေးနေစေသင့်ပါတယ်။

လေးဘက်တွားအရွယ်ကလေးငယ်များကို သုတ်ဆေးအပိုင်းအစတွေ၊ နံရံကပ်ဆေးတွေ၊ အမှုန်အမှိုက်တွေနဲ့ စားခြင်း၊ ဆော့ခြင်းမပြု စေရန် သတိပြု စောြင့်ကည့်သင့်ပါတယ်။

• အိမ်တွေမဝယ်မငှားခင် အိမ်ရှင်ကို ခဲအကြောင်း ကြိုတင်မေးမြန်းထားသင့်ပါတယ်။

 

♦ အိမ်ထဲမှာ ခဲနဲ့ပတ်သတ်တဲ့အရာတွေ မရှိပါစေနဲ့။

 

• ကလေးအသုံးအဆောင်၊ လက်ဝတ်လက်စား၊ ကစားစရာတွေနဲ့ အိမ်ထောင်ပရိဘောဂတွေမှာ ခဲပါဝင်တတ်ပါတယ်။ ခဲပါဝင်တတ်တဲ့ ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ နိုင်ငံရပ်ခြားကလာတဲ့ ရိုးရာဆေးတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခက်အမွေးအကြိုင်တွေနဲ့ အလှကုန်ပစ္စည်းတွေမှာ ခဲပါဝင်လေ့ ရှိတတ်ပါတယ်။

• ခဲနဲ့စပ်ဆိုင်တဲ့ အလုပ်တွေကို သေချာသတိထား လုပ်ဆောင်ပါ။ အဆောက်အဦးပြန်လည်ပြင်ဆင်ခြင်း၊ ရေပိုက်တပ်ဆင်ပြုပြင်ခြင်း၊ ဖန်ပစ္စည်းပြုလုပ်ခြင်း၊ ခဲကျည်ဆန်များ၊ ခဲပိုက်ကွန်များအသုံးပြုခြင်း၊ သင်္ဘောဆေးသုတ်ခြင်း၊ ပန်းအိုးလုပ်ငန်းများနဲ့ ခဲအရောင်းအဝယ်လုပ်ငန်းများ ပါဝင်ပါတယ်။

• အိမ်မပြန်မီ ရေမိုးချိုးပြီး အဝတ်အစားများ လဲပါ။

• အလုပ်ပြီးတာနဲ့ လက်တွေ၊ မျက်နှာတွေကို ဆေးကြောပါ။

• အလုပ်အဝတ်အစားများကို သတ်သတ်လျော်ပါ။

 

♦ အစားအစာတွေမှာ ခဲဓာတ်မပါဝင်စေရန်

 

• ဘုံဘိုင်ခေါင်းရေကို အသုံးမပြုမီ ၁မိနစ်ခန့် ဖွင့်ချခြင်းဖြင့် ခဲပါဝင်မှုနည်းစေပါတယ်။ ချက်ပြုတ်ဖို့၊ သောက်သုံးဖို့နဲ့ ကလေးနို့ဘူးဖျော်ဖို့ ဘုံဘိုင်ရေကို ရေအေးကိုသာ အသုံးပြုသင့်ပါတယ်။

• ခဲမပါဝင်တဲ့ ပန်းကန်ခွက်ယောက်တွေကိုသာ အသုံးပြုသင့်ပါတယ်။လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ တရုတ်ပြည်မှ အိုးခွက်တွေမှာ ခဲပါဝင်တတ်ပါတယ်။ ဖန်ခွက်တွေ၊ ကျောက်တွေနဲ့ ဒန်တွေမှာလည်း ခဲပါဝင်ပါတယ်။

• ခဲရောနှောပါဝင်နေတဲ့ ဆေးဘက်ဝင် ဟင်းခတ်အမွေးအကြိုင်များကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

 

♦ ခဲဓာတ်ကိုကာကွယ်နိုင်ဖို့ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ကျွေးပါ။

 

ကယ်လ်ဆီယမ်ဓာတ်များပြားတဲ့ နို့၊ ချိစ်၊ ဒိန်ချဉ်နဲ့ ဟင်းနုနွယ်ရွက်များ၊ သံဓာတ်ပါဝင်တဲ့ ပဲသီး၊ အသား၊ ပဲ၊ ဟင်းနုနွယ်၊ ဥနဲ့ နှံပြောင်း၊ ဗီတာမင်စီဓာတ် ပြည့်ဝတဲ့ လိမ္မော်သီး၊ လိမ္မော်ရည်၊ ဂရိတ်ဖရု၊ ခရမ်းချဉ်သီးနဲ့ ငရုပ်ပွစိမ်းတို့ကို များများကျွေးသင့်ပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)