/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ကေလးေသးခံေၾကာင့္-အေရျပားအကြက္ထျခင္း

ကေလးေသးခံေၾကာင့္ အေရျပားအကြက္ထျခင္း

Category
ကေလးမ်ားႏွင့္က်န္းမာေရး

Diaper လို႔ေခၚတဲ့ ကေလးေသးခံေတြ ေဘာင္းဘီထုပ္ေလးေတြဟာ အဆင္ေျပတာေတာ့ အမွန္ပါပဲ။ သြားေလရာဝတ္ေပးထားၿပီး အလ်င္းသင့္သလိုလဲလွယ္ေပးလိုက္ရံုပါပဲ။ ဒါေပမယ့္အခန္႔မသင့္ရင္  အနီကြက္ေလးေတြထ အေရျပားေလးေတြ ပြန္းတတ္ပါတယ္။

ဒါ့ေၾကာင့္ ဒီလိုမ်ိဳး အေရျပားအနီကြက္ထတာ၊ အေရျပားပြန္းတာမ်ိဳးမျဖစ္ရေအာင္-

 

• Diaper ကို မၾကာခဏလဲလွယ္ေပးပါ။ ကေလးေသးစိုေနလား ဝမ္းသြားထားလားၾကည့္ပါ။ မၾကာခဏလဲေပးျခင္းျဖင့္ အေရျပားအလားဂ်စ္ထတာကို ကာကြယ္ႏိုင္ပါတယ္။ မလဲရင္ အေရျပားနဲ႔ၾကာ႐ွည္ထိေတြ႔ေနၿပီး ပြန္းလာတတ္လို႔ပါ။

• ဒိုက္ပါထဲက အေမႊးနံ႔ေတြ၊ လုပ္ထားတဲ့ပစၥည္းေတြနဲ႔ ဓာတ္မတည့္တာမ်ိဳးလဲ ျဖစ္ႏိုင္ပါတယ္။ ဒီအမ်ိဳးအစားသံုးၿပီး သိပ္မၾကာခင္အနီကြက္ေလးေတြထ အေရျပားေလးေတြပြန္းလာရင္ေတာ့ လက္႐ွိအမ်ိဳးအစားမွာသံုးထားတဲ့ကုန္ပစၥည္းနဲ႔ ဓာတ္မတည့္တာေသခ်ာေနပါၿပီ။

 

• ေနမေကာင္းလို႔ တိုက္တဲ့ ပဋိဇီဝေဆးေတြေၾကာင့္လည္း အကြက္ထတာယားတာ၊ အေရျပားရဲတက္လာတာေတြျဖစ္တတ္ပါတယ္။ ဒိုက္ပါေၾကာင့္မဟုတ္ဘဲ ကေလးကိုတိုက္ထားတဲ့ ေဆးေၾကာင့္ျဖစ္ေနမလား စဥ္းစားၾကဖို႔ပါ။

 

• တစ္ခါတေလမွာ အစားအေသာက္တစ္မ်ိဳးမ်ိဳးနဲ႔ ဓာတ္မတည့္ရင္လဲ အေရျပားမွာ အကြက္ထတတ္ပါတယ္။ ေသခ်ာသတိထားေစာင့္ၾကည့္ဖို႔လိုပါတယ္။

Ceelin Plus 1

ကေလးေသးခံေတြ ေဘာင္းဘီဒိုက္ပါေတြေၾကာင့္ အေရျပားအကြက္ထတဲ့အခါ 

 

• ကေလးေပါင္ဒါေတြမထည့္ပါနဲ႔

• ေတြ႔ကရာဆီေတြမလိမ္းပါနဲ႔

• ဆပ္ျပာေတြနဲ႔ေဆးပစ္ၿပီး ပြတ္တိုက္မပစ္ပါနဲ႔။

 

အေကာင္းဆံုးကေတာ့ကေလးကို ဒိုက္ပါဝတ္မေပးဘဲ အကြက္ေတြေျခာက္ၿပီး ေပ်ာက္သြားတဲ့အထိ ဒီတိုင္းေလးသာထားလိုက္ပါ။ ေဘာင္းဘီဒိုက္ပါလံုးဝဝတ္မေပးပါနဲ႔။ ကေလးကိုႏို႔ဆက္တိုက္ပါ။ ၆လေက်ာ္ျဖည့္စြက္စာစေကြၽးၿပီဆိုရင္ အစာအုပ္စုကို သတိထားၾကည့္ပါ။အေရျပားဓာတ္မတည့္စာေတြပါေနမွာစိုးတဲ့အတြက္ျဖစ္ပါတယ္။

 

ဆရာဝန္ျပသတဲ့အခါ လိမ္းေဆးေပးပါလိမ့္မယ္။ ဘူးအဖံုးအပိတ္နဲ႔လာတဲ့ လူးေဆးေတြဟာ အုန္းဆီ မုန္ညင္းဆီ သံလြင္ဆီေတြထက္ ပိုမိုေဘးကင္းပါတယ္။

 

အုန္းဆီတစက္ႏွစ္ေလာက္က သက္သာေစေပမယ့္ ေစ်းကြက္ထဲကအုန္းဆီေတြက အေမႊးနံ႔ထည့္ထားၿပီး ပိုးသတ္ထားလား၊ မသတ္ထားလား ေသခ်ာမသိႏိုင္တဲ့အတြက္ ေဘးကင္းတယ္လို႔မဆိုႏိုင္ပါဘူး။ 

 

ဒိုက္ပါအကြက္ေတြ အတြက္အေကာင္းဆံုးကုသမႈကေတာ့ ကေလးရဲ႕ ေပါင္ၿခံအေရျပားအကြက္ေတြေပ်ာက္ကင္းတဲ့အထိ ကေလးကို ဒိုက္ပါဝတ္မေပးဘဲ ဒီတိုင္းအလြတ္ေလးထားေပးဖို႔သာ အႀကံျပဳလိုပါတယ္။

www.drmyanmar.com

Ceelin Plus 2

(Unicode)

Diaper လို့ခေါ်တဲ့ ကလေးသေးခံတွေ ဘောင်းဘီထုပ်လေးတွေဟာ အဆင်ပြေတာတော့ အမှန်ပါပဲ။ သွားလေရာဝတ်ပေးထားပြီး အလျင်းသင့်သလိုလဲလှယ်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့်အခန့်မသင့်ရင်  အနီကွက်လေးတွေထ အရေပြားလေးတွေ ပွန်းတတ်ပါတယ်။

ဒါ့ကြောင့် ဒီလိုမျိုး အရေပြားအနီကွက်ထတာ၊ အရေပြားပွန်းတာမျိုးမဖြစ်ရအောင်-

 

• Diaper ကို မကြာခဏလဲလှယ်ပေးပါ။ ကလေးသေးစိုနေလား ဝမ်းသွားထားလားကြည့်ပါ။ မကြာခဏလဲပေးခြင်းဖြင့် အရေပြားအလားဂျစ်ထတာကို ကာကွယ်နိုင်ပါတယ်။ မလဲရင် အရေပြားနဲ့ကြာရှည်ထိတွေ့နေပြီး ပွန်းလာတတ်လို့ပါ။

 

• ဒိုက်ပါထဲက အမွှေးနံ့တွေ၊ လုပ်ထားတဲ့ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီအမျိုးအစားသုံးပြီး သိပ်မကြာခင်အနီကွက်လေးတွေထ အရေပြားလေးတွေပွန်းလာရင်တော့ လက်ရှိအမျိုးအစားမှာသုံးထားတဲ့ကုန်ပစ္စည်းနဲ့ ဓာတ်မတည့်တာသေချာနေပါပြီ။

 

• နေမကောင်းလို့ တိုက်တဲ့ ပဋိဇီဝဆေးတွေကြောင့်လည်း အကွက်ထတာယားတာ၊ အရေပြားရဲတက်လာတာတွေဖြစ်တတ်ပါတယ်။ ဒိုက်ပါကြောင့်မဟုတ်ဘဲ ကလေးကိုတိုက်ထားတဲ့ ဆေးကြောင့်ဖြစ်နေမလား စဉ်းစားကြဖို့ပါ။

 

• တစ်ခါတလေမှာ အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်ရင်လဲ အရေပြားမှာ အကွက်ထတတ်ပါတယ်။ သေချာသတိထားစောင့်ကြည့်ဖို့လိုပါတယ်။

 

 

ကလေးသေးခံတွေ ဘောင်းဘီဒိုက်ပါတွေကြောင့် အရေပြားအကွက်ထတဲ့အခါ

 

• ကလေးပေါင်ဒါတွေမထည့်ပါနဲ့

• တွေ့ကရာဆီတွေမလိမ်းပါနဲ့

• ဆပ်ပြာတွေနဲ့ဆေးပစ်ပြီး ပွတ်တိုက်မပစ်ပါနဲ့။

 

အကောင်းဆုံးကတော့ကလေးကို ဒိုက်ပါဝတ်မပေးဘဲ အကွက်တွေခြောက်ပြီး ပျောက်သွားတဲ့အထိ ဒီတိုင်းလေးသာထားလိုက်ပါ။ ဘောင်းဘီဒိုက်ပါလုံးဝဝတ်မပေးပါနဲ့။ ကလေးကိုနို့ဆက်တိုက်ပါ။ ၆လကျော်ဖြည့်စွက်စာစကျွေးပြီဆိုရင် အစာအုပ်စုကို သတိထားကြည့်ပါ။အရေပြားဓာတ်မတည့်စာတွေပါနေမှာစိုးတဲ့အတွက်ဖြစ်ပါတယ်။

 

ဆရာဝန်ပြသတဲ့အခါ လိမ်းဆေးပေးပါလိမ့်မယ်။ ဘူးအဖုံးအပိတ်နဲ့လာတဲ့ လူးဆေးတွေဟာ အုန်းဆီ မုန်ညင်းဆီ သံလွင်ဆီတွေထက် ပိုမိုဘေးကင်းပါတယ်။

 

အုန်းဆီတစက်နှစ်လောက်က သက်သာစေပေမယ့် ဈေးကွက်ထဲကအုန်းဆီတွေက အမွှေးနံ့ထည့်ထားပြီး ပိုးသတ်ထားလား၊ မသတ်ထားလား သေချာမသိနိုင်တဲ့အတွက် ဘေးကင်းတယ်လို့မဆိုနိုင်ပါဘူး။

 

ဒိုက်ပါအကွက်တွေ အတွက်အကောင်းဆုံးကုသမှုကတော့ ကလေးရဲ့ ပေါင်ခြံအရေပြားအကွက်တွေပျောက်ကင်းတဲ့အထိ ကလေးကို ဒိုက်ပါဝတ်မပေးဘဲ ဒီတိုင်းအလွတ်လေးထားပေးဖို့သာ အကြံပြုလိုပါတယ်။

www.drmyanmar.com