/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ဂ်ဳိက္သိုးဆိုတာ-ဘာလဲ

ဂ်ဳိက္သိုးဆိုတာ ဘာလဲ

Category
ကေလးမ်ားႏွင့္က်န္းမာေရး

          ဝက္သက္၊ ဂ်ိဳက္သိုး၊ ေရေက်ာက္ဆိုတာေတြဟာ ကေလးရွိတဲ့ ေမေမတို႔တိုင္းအတြက္ စိတ္ညစ္စရာေရာဂါေတြပါပဲေနာ္။ ဒါတင္မကေသးဘူး။ ကိုယ္ဝန္ေဆာင္ေမေမေတြအတြက္လည္း ဂ်ိဳက္သိုးဆိုတာ အိပ္မက္ဆိုးတစ္ခုပါပဲ။ ဒီေတာ့ ဒီေဆာင္းပါးေလးမွာ ေမေမတို႔ မသိမျဖစ္ သိသင့္တဲ့ ဂ်ိဳက္သိုးေရာဂါအေၾကာင္းေလး ေဆြးေႏြးေပးထားပါတယ္။

          ဂ်ဳိက္သိုးဆိုတာ ကေလးေတြမွာ အျဖစ္မ်ားတဲ့ ဗိုင္းရပ္စ္ေရာဂါပိုး အေပ်ာ့စားတစ္မ်ိဳးပါ။ ျဖစ္ၿပီဆုိရင္ ကေလးမွာ အဖ်ားေလး တေငြ႕ေငြ႕ ၃၈°C ေလာက္ ဖ်ားေလ့ရွိတယ္။

          ဂ်ိဳက္သိုးရဲ႕ တျခားလကၡဏာေတြကေတာ့ အနီေရာင္ အစက္အစက္ေတြ ေပၚလာတာ၊ အက်ိတ္ေတြ ေရာင္လာတာ၊ အေအးမိသလို ေငြ႕ေငြ႕ေလးဖ်ား၊ ေခါင္းကိုက္ၿပီး ႏွာရည္ ေတာက္ေတာက္က်တာေတြ ျဖစ္တတ္တယ္။

          ဂ်ဳိက္သိုး ကူးစက္ခံရခ်ိန္ကေန ေရာဂါလကၡဏာေပၚခ်ိန္ထိဟာ ၂ ပတ္ကေန ၃ ပတ္ေလာက္ထိ ရွိတတ္ၿပီး အနီကြက္ေတြမေပၚခင္ ၁ ပတ္ေလာက္ကေန ေပ်ာက္သြားၿပီး အနည္းဆံုး ၄ ရက္ေလာက္အတြင္းမွာ ကိုယ့္ဆီကေန သူမ်ားကို ကူးစက္ႏိုင္တယ္။

          အေကာင္းဆံုးကေတာ့ ကေလးေတြကို ကာကြယ္ေဆး ထိုးေပးထားလိုက္ေပါ့။

 

>>    ဘာေၾကာင့္မ်ား ဂ်ဳိက္သိုး ျဖစ္ရပါလိမ့္?

          အခ်င္းခ်င္း ထိေတြ႕ရာ၊ ႏွာေခ်ေခ်ာင္းဆိုးရာကေန ကူးစက္တတ္တဲ့ ဂ်ိဳက္သိုးဗိုင္းရပ္စ္ rubella virus ေၾကာင့္ ျဖစ္တတ္တယ္။ တစ္ခါေပါက္ဖူးရင္ တစ္သက္တာ ခုခံအား ရရွိသြားပါလိမ့္မယ္။

          ဂ်ဳိက္သိုး မျဖစ္ရေအာင္ က်န္းမာေရးဌာနက ထိုးေပးတဲ့ ဝက္သက္၊ ဂ်ိဳက္သိုး၊ ပါးခ်ိတ္ေရာင္ ကာကြယ္ေဆး ထိုးေပးသင့္တယ္ေနာ္။

Biogesic for Kids 1

>>    ေမြးရာပါဂ်ိဳက္သိုးေရာဂါစု

          အရင္က ဂ်ဳိက္သိုး မျဖစ္ဖူး၊ ဂ်ိဳက္သိုးကာကြယ္ေဆး မထိုးဖူးသူ ကိုယ္ဝန္ေဆာင္တစ္ေယာက္မွာ ဂ်ိဳက္သိုးပိုး ကူးစက္ခံရခဲ့ရင္ ဒီဗိုင္းရပ္စ္ပိုးဟာ မေမြးရေသးတဲ့ ဗိုက္ထဲက ကေလးဆီကိုပါ ကူးစက္ပ်ံ႕ႏိုင္တယ္။

          ဒီလိုကူးစက္သြားတဲ့အခါ ကေလးရဲ႕ဖြံ႕ၿဖိဳးမႈကို ဖ်က္ဆီးၿပီးေတာ့ ကေလးမွာ ေမြးရာပါ ဂ်ိဳက္သိုးေရာဂါစုလို႔ေခၚတဲ့ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ အမ်ားအျပား ျဖစ္လာပါလိမ့္မယ္။

          ဒီလို ကေလးကို ကူးစက္ႏိုင္ေျခနဲ႔ ျဖစ္လာနိုင္တဲ့ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြဟာ ကူးစက္ခံရခ်ိန္ အေမ့ရဲ႕ ကိုယ္ဝန္အႏုအရင့္ေပၚ မူတည္ေနတယ္။ ကိုယ္ဝန္ႏုေလေလ ပိုဆိုးေလေလပါပဲ။

          ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္လို႔ဆိုရာမွာ အၾကားအာ႐ံုနဲ႔ အျမင္အာ႐ံု ခ်ိဳ႕ယြင္းခ်က္ေတြ၊ ဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးတာေတြနဲ႔ တျခားျပႆနာေတြ ျဖစ္လာႏိုင္တယ္။

          မိခင္မွာ ကိုယ္ဝန္ေဆာင္ကာလ ပထမ ၁၀ ပတ္အတြင္း ဂ်ိဳက္သိုး ကူးစက္ခံရရင္ ဗိုက္ထဲက ကေလး ၁၀ ေယာက္မွာ ၉ ေယာက္ေလာက္မွာ ေမြးရာပါ ဂ်ိဳက္သိုးေရာဂါစုျဖစ္ၿပီး ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေလးေတြ ပါလာတတ္ပါတယ္။ ကိုယ္ဝန္အပတ္ ၂၀ ေနာက္ပိုင္းမွာကူးရင္ေတာ့ ေမြးရာပါ ဂ်ိဳက္သိုးေရာဂါစု ျဖစ္ႏိုင္ေျခ မရွိသေလာက္ကို နည္းသြားပါၿပီ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for Kids 2

(Unicode)

    ဝက်သက်၊ ဂျိုက်သိုး၊ ရေကျောက်ဆိုတာတွေဟာ ကလေးရှိတဲ့ မေမေတို့တိုင်းအတွက် စိတ်ညစ်စရာရောဂါတွေပါပဲနော်။ ဒါတင်မကသေးဘူး။ ကိုယ်ဝန်ဆောင်မေမေတွေအတွက်လည်း ဂျိုက်သိုးဆိုတာ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒီတော့ ဒီဆောင်းပါးလေးမှာ မေမေတို့ မသိမဖြစ် သိသင့်တဲ့ ဂျိုက်သိုးရောဂါအကြောင်းလေး ဆွေးနွေးပေးထားပါတယ်။
    ဂျိုက်သိုးဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်ရောဂါပိုး အပျော့စားတစ်မျိုးပါ။ ဖြစ်ပြီဆိုရင် ကလေးမှာ အဖျားလေး တငွေ့ငွေ့ ၃၈°C လောက် ဖျားလေ့ရှိတယ်။
    ဂျိုက်သိုးရဲ့ တခြားလက္ခဏာတွေကတော့ အနီရောင် အစက်အစက်တွေ ပေါ်လာတာ၊ အကျိတ်တွေ ရောင်လာတာ၊ အအေးမိသလို ငွေ့ငွေ့လေးဖျား၊ ခေါင်းကိုက်ပြီး နှာရည် တောက်တောက်ကျတာတွေ ဖြစ်တတ်တယ်။
    ဂျိုက်သိုး ကူးစက်ခံရချိန်ကနေ ရောဂါလက္ခဏာပေါ်ချိန်ထိဟာ ၂ ပတ်ကနေ ၃ ပတ်လောက်ထိ ရှိတတ်ပြီး အနီကွက်တွေမပေါ်ခင် ၁ ပတ်လောက်ကနေ ပျောက်သွားပြီး အနည်းဆုံး ၄ ရက်လောက်အတွင်းမှာ ကိုယ့်ဆီကနေ သူများကို ကူးစက်နိုင်တယ်။
    အကောင်းဆုံးကတော့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးထားလိုက်ပေါ့။

>>    ဘာကြောင့်များ ဂျိုက်သိုး ဖြစ်ရပါလိမ့်?
    အချင်းချင်း ထိတွေ့ရာ၊ နှာချေချောင်းဆိုးရာကနေ ကူးစက်တတ်တဲ့ ဂျိုက်သိုးဗိုင်းရပ်စ် rubella virus ကြောင့် ဖြစ်တတ်တယ်။ တစ်ခါပေါက်ဖူးရင် တစ်သက်တာ ခုခံအား ရရှိသွားပါလိမ့်မယ်။
    ဂျိုက်သိုး မဖြစ်ရအောင် ကျန်းမာရေးဌာနက ထိုးပေးတဲ့ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေး ထိုးပေးသင့်တယ်နော်။

>>    မွေးရာပါဂျိုက်သိုးရောဂါစု
    အရင်က ဂျိုက်သိုး မဖြစ်ဖူး၊ ဂျိုက်သိုးကာကွယ်ဆေး မထိုးဖူးသူ ကိုယ်ဝန်ဆောင်တစ်ယောက်မှာ ဂျိုက်သိုးပိုး ကူးစက်ခံရခဲ့ရင် ဒီဗိုင်းရပ်စ်ပိုးဟာ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးဆီကိုပါ ကူးစက်ပျံ့နိုင်တယ်။
    ဒီလိုကူးစက်သွားတဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးမှုကို ဖျက်ဆီးပြီးတော့ ကလေးမှာ မွေးရာပါ ဂျိုက်သိုးရောဂါစုလို့ခေါ်တဲ့ မွေးရာပါချို့ယွင်းချက် အများအပြား ဖြစ်လာပါလိမ့်မယ်။
    ဒီလို ကလေးကို ကူးစက်နိုင်ခြေနဲ့ ဖြစ်လာနိုင်တဲ့ မွေးရာပါချို့ယွင်းချက်တွေဟာ ကူးစက်ခံရချိန် အမေ့ရဲ့ ကိုယ်ဝန်အနုအရင့်ပေါ် မူတည်နေတယ်။ ကိုယ်ဝန်နုလေလေ ပိုဆိုးလေလေပါပဲ။
    မွေးရာပါ ချို့ယွင်းချက်လို့ဆိုရာမှာ အကြားအာရုံနဲ့ အမြင်အာရုံ ချို့ယွင်းချက်တွေ၊ ဖွံ့ဖြိုးမှု နှောင့်နှေးတာတွေနဲ့ တခြားပြဿနာတွေ ဖြစ်လာနိုင်တယ်။
    မိခင်မှာ ကိုယ်ဝန်ဆောင်ကာလ ပထမ ၁၀ ပတ်အတွင်း ဂျိုက်သိုး ကူးစက်ခံရရင် ဗိုက်ထဲက ကလေး ၁၀ ယောက်မှာ ၉ ယောက်လောက်မှာ မွေးရာပါ ဂျိုက်သိုးရောဂါစုဖြစ်ပြီး မွေးရာပါ ချို့ယွင်းချက်လေးတွေ ပါလာတတ်ပါတယ်။ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းမှာကူးရင်တော့ မွေးရာပါ ဂျိုက်သိုးရောဂါစု ဖြစ်နိုင်ခြေ မရှိသလောက်ကို နည်းသွားပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)