/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ဆက္ႀကီးထြားမလာတဲ့-ကေလးေတြ

ဆက္ႀကီးထြားမလာတဲ့ ကေလးေတြ

Category
ကေလးမ်ားႏွင့္က်န္းမာေရး

          ကေလးေတြဆိုုတာ အေညႇာက္ေပါက္ကာစ ... အပင္ေပါက္ေလးေတြလိုပါပဲ ... သဘာဝက သတ္မွတ္သလို သူ႔အရြယ္နဲ႔သူ ဝလာ၊ ထြားလာ၊ အရပ္ထြက္လာရမွာ ျဖစ္ပါတယ္။ အၫြန္႔အေညႇာက္ေတြ တန္႔သြားၿပီး  ဆက္မႀကီးထြားေတာ့တဲ့ ခ်စ္စရာ့အရြယ္  အပင္ေပါက္ေလးေတြမွာ ဘာျပႆနာေတြမ်ား ႐ွိေနပါလိမ့္ေနာ္။

          ကေလးေတြအတြက္ စနစ္တက် သတ္မွတ္ထားတဲ့ ကိုုယ္အေလးခ်ိန္ သတ္မွတ္ဇယားဆိုတာ ႐ွိပါတယ္။ ဒီဇယားအတိုင္း လိုက္ေလ်ာညီေထြ တျဖည္းျဖည္းနဲ႔ ႀကီးထြားလာရမွာပါ။

●        သူတို႔ေတြ အစား မစားလို႔လား၊ ပထမဆံုး စစဥ္းစားရမွာက အစား စားသင့္သေလာက္ စားရဲ႕လား။

          သူေလး မႀကိဳက္တာေတြ မ်ားေနလား။

          အေဆာ့မက္ၿပီး စားဖို႔ ေမ့ေနတတ္လား။

          အစာေကြၽးတဲ့ ေမေမ၊ ေဖေဖ၊ ဖြားဖြား၊ သားသားမီးမီး စား၊ မစား တကယ္ဂ႐ုစိုက္ရဲ႕လားေပါ့။

          သူေလး ဘာႀကိဳက္လဲ အေလးဂ႐ုျပဳရမယ့္အခ်ိန္ပါပဲ။ သူေလး ထြားလာဖို႔  အစားအေသာက္ ဂ႐ုတစိုက္ ေကြၽးၾကရေအာင္ ...။

●        စားတိုင္း ေထြးထုတ္သလား၊ အန္တတ္သလား၊ မတည့္တာေတြ မ်ားေနသလား၊ စားတိုင္း ဝမ္းေလွ်ာေနတတ္သလား။

●        ဂလူတန္ (Gluten) နဲ႔ မတည့္တဲ့အစားေတြ စားမိတိုင္း ဝမ္းေလွ်ာမယ္။ အူလမ္းေၾကာင္းမွာ အနာေလးေတြ မူမမွန္တဲ့ အာ႐ံုေၾကာထံုးေတြ႐ွိတဲ့အခါ ဒီလိုေရာဂါဆန္းေတြေၾကာင့္ ကေလး ဝမ္း ခဏခဏ ေလွ်ာတာ၊ ဗိုက္နာတာေတြ ျဖစ္ေနတတ္ပါတယ္။

●        အစာအိမ္ထြက္ေပါက္က်ဥ္းေရာဂါ (Pyloric Stenosis) ေၾကာင့္ စားတိုင္း အန္ထြက္ေနတတ္ၿပီး ကေလးက တေန႔တျခား ပိန္လိုက္လာတတ္ပါတယ္။

●        မကစားႏိုင္ ငိုရင္ ျပာတတ္ၿပီး တျခားကေလးနည္းတူ လႈပ္႐ွားမႈ သိပ္မလႈပ္ႏိုင္တဲ့ ကေလးေတြဟာ သိပ္ပိန္လြန္းၿပီး ေမြးရာပါ ႏွလံုးေရာဂါ ပါေနတတ္ပါတယ္။ ဘယ္ေလာက္စားစား မဝလာေတာ့ပါဘူး။

●        မ်က္ႏွာေလးေတြ ေဖာ၊ ကိုယ္ေလးေတြ ေရာင္ေနတတ္တဲ့ ကေလးေတြဟာ ေက်ာက္ကပ္ေရာဂါ ခံစားေနရေလ့႐ွိၿပီး ပိန္လိုက္၊ ေဖာင္းလိုက္နဲ႔ ဝမလာေတာ့ပါဘူး။

Nutroplex 1

●        လည္ပင္းႀကီး ေဟာ္မုန္းလြန္ကဲမႈေရာဂါ ခံစားေနရတဲ့ ကေလးေတြဟာလည္း စားသေလာက္မဝဘဲ ၾကံဳလွီေနတတ္ပါတယ္။

●        တခ်ိဳ႕ေသာ ႐ွားပါေမြးရာပါ ေရာဂါတခ်ိဳ႕ မ်ိဳး႐ိုးဗီဇ ခ်ိဳ႕ယြင္းတဲ့ေရာဂါေတြ ပါလာခဲ့ရင္လည္း ကေလးက ထြားသင့္သေလာက္ မထြားေတာ့ဘဲ ႐ွိေနတတ္ပါတယ္။

●        ေမြးကာစမွာ ဦးေႏွာက္ေအာက္ဆီဂ်င္ နည္းပါးမႈေၾကာင့္ ဦးေႏွာက္ေရာင္ေရာဂါ ခံစားခဲ့ရသူ ကေလးေတြ ဦးေႏွာက္ထဲ ျပည္တည္တာ၊ အေျမႇးေရာင္တာ၊ ပိုးဝင္ေရာဂါ ခံစားခဲ့သူ ကေလးေတြဟာ သဘာဝအတိုင္း ဆက္လက္မႀကီးထြားေတာ့ပါဘူး။

          အထက္ပါ အေၾကာင္းရင္းေတြဟာ ရင္ေသြးေလး ဆက္မႀကီးထြားတဲ့ ဝသင့္သေလာက္ ဝမလာတဲ့ အေၾကာင္းရင္းေတြ ျဖစ္ေကာင္း ျဖစ္ေနႏိုင္ပါတယ္။ ဒီေတာ့ မိဘေတြအေနနဲ႔ ကေလးေလးကို မွန္မွန္ ကိုယ္အေလးခ်ိန္ ခ်ိန္၊ အစားကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ေကြၽးေမြးျခင္း၊ ပ႐ိုတင္းနဲ႔ အသားဓာတ္ ထပ္မံျဖည့္္စြက္ေကြၽးေမြးျခင္းေတြနဲ႔ ထြားလာေအာင္ ႀကိဳးစားၾကည့္သလို ေနာက္ကြယ္က ေရာဂါလကၡဏာေတြ ေဖာ္ျပပါ အတြင္းေရာဂါအခံေတြကိုပါ လ်စ္လ်ဴမ႐ႈမိၾကဖို႔ ဗဟုသုတ မွ်ေဝလိုက္ပါတယ္ေနာ္။

ဂ်ီီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Nutroplex 2

(Unicode)

    ကလေးတွေဆိုုတာ အညှောက်ပေါက်ကာစ ... အပင်ပေါက်လေးတွေလိုပါပဲ ... သဘာဝက သတ်မှတ်သလို သူ့အရွယ်နဲ့သူ ဝလာ၊ ထွားလာ၊ အရပ်ထွက်လာရမှာ ဖြစ်ပါတယ်။ အညွန့်အညှောက်တွေ တန့်သွားပြီး  ဆက်မကြီးထွားတော့တဲ့ ချစ်စရာ့အရွယ်  အပင်ပေါက်လေးတွေမှာ ဘာပြဿနာတွေများ ရှိနေပါလိမ့်နော်။
    ကလေးတွေအတွက် စနစ်တကျ သတ်မှတ်ထားတဲ့ ကိုုယ်အလေးချိန် သတ်မှတ်ဇယားဆိုတာ ရှိပါတယ်။ ဒီဇယားအတိုင်း လိုက်လျောညီထွေ တဖြည်းဖြည်းနဲ့ ကြီးထွားလာရမှာပါ။
●    သူတို့တွေ အစား မစားလို့လား၊ ပထမဆုံး စစဉ်းစားရမှာက အစား စားသင့်သလောက် စားရဲ့လား။
    သူလေး မကြိုက်တာတွေ များနေလား။
    အဆော့မက်ပြီး စားဖို့ မေ့နေတတ်လား။
    အစာကျွေးတဲ့ မေမေ၊ ဖေဖေ၊ ဖွားဖွား၊ သားသားမီးမီး စား၊ မစား တကယ်ဂရုစိုက်ရဲ့လားပေါ့။
    သူလေး ဘာကြိုက်လဲ အလေးဂရုပြုရမယ့်အချိန်ပါပဲ။ သူလေး ထွားလာဖို့  အစားအသောက် ဂရုတစိုက် ကျွေးကြရအောင် ...။
●    စားတိုင်း ထွေးထုတ်သလား၊ အန်တတ်သလား၊ မတည့်တာတွေ များနေသလား၊ စားတိုင်း ဝမ်းလျှောနေတတ်သလား။
●    ဂလူတန် (Gluten) နဲ့ မတည့်တဲ့အစားတွေ စားမိတိုင်း ဝမ်းလျှောမယ်။ အူလမ်းကြောင်းမှာ အနာလေးတွေ မူမမှန်တဲ့ အာရုံကြောထုံးတွေရှိတဲ့အခါ ဒီလိုရောဂါဆန်းတွေကြောင့် ကလေး ဝမ်း ခဏခဏ လျှောတာ၊ ဗိုက်နာတာတွေ ဖြစ်နေတတ်ပါတယ်။
●    အစာအိမ်ထွက်ပေါက်ကျဉ်းရောဂါ (Pyloric Stenosis) ကြောင့် စားတိုင်း အန်ထွက်နေတတ်ပြီး ကလေးက တနေ့တခြား ပိန်လိုက်လာတတ်ပါတယ်။
●    မကစားနိုင် ငိုရင် ပြာတတ်ပြီး တခြားကလေးနည်းတူ လှုပ်ရှားမှု သိပ်မလှုပ်နိုင်တဲ့ ကလေးတွေဟာ သိပ်ပိန်လွန်းပြီး မွေးရာပါ နှလုံးရောဂါ ပါနေတတ်ပါတယ်။ ဘယ်လောက်စားစား မဝလာတော့ပါဘူး။
●    မျက်နှာလေးတွေ ဖော၊ ကိုယ်လေးတွေ ရောင်နေတတ်တဲ့ ကလေးတွေဟာ ကျောက်ကပ်ရောဂါ ခံစားနေရလေ့ရှိပြီး ပိန်လိုက်၊ ဖောင်းလိုက်နဲ့ ဝမလာတော့ပါဘူး။
●    လည်ပင်းကြီး ဟော်မုန်းလွန်ကဲမှုရောဂါ ခံစားနေရတဲ့ ကလေးတွေဟာလည်း စားသလောက်မဝဘဲ ကြုံလှီနေတတ်ပါတယ်။
●    တချို့သော ရှားပါမွေးရာပါ ရောဂါတချို့ မျိုးရိုးဗီဇ ချို့ယွင်းတဲ့ရောဂါတွေ ပါလာခဲ့ရင်လည်း ကလေးက ထွားသင့်သလောက် မထွားတော့ဘဲ ရှိနေတတ်ပါတယ်။
●    မွေးကာစမှာ ဦးနှောက်အောက်ဆီဂျင် နည်းပါးမှုကြောင့် ဦးနှောက်ရောင်ရောဂါ ခံစားခဲ့ရသူ ကလေးတွေ ဦးနှောက်ထဲ ပြည်တည်တာ၊ အမြှေးရောင်တာ၊ ပိုးဝင်ရောဂါ ခံစားခဲ့သူ ကလေးတွေဟာ သဘာဝအတိုင်း ဆက်လက်မကြီးထွားတော့ပါဘူး။
    အထက်ပါ အကြောင်းရင်းတွေဟာ ရင်သွေးလေး ဆက်မကြီးထွားတဲ့ ဝသင့်သလောက် ဝမလာတဲ့ အကြောင်းရင်းတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ ကလေးလေးကို မှန်မှန် ကိုယ်အလေးချိန် ချိန်၊ အစားကို ဂရုတစိုက် စောင့်ကြည့်ကျွေးမွေးခြင်း၊ ပရိုတင်းနဲ့ အသားဓာတ် ထပ်မံဖြည့််စွက်ကျွေးမွေးခြင်းတွေနဲ့ ထွားလာအောင် ကြိုးစားကြည့်သလို နောက်ကွယ်က ရောဂါလက္ခဏာတွေ ဖော်ပြပါ အတွင်းရောဂါအခံတွေကိုပါ လျစ်လျူမရှုမိကြဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီီပီငှက် (ဆေး/မန်း) (www.drmyanmar.com)