/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ဆူညံသံေတြက-ကေလးသူငယ္ေတြေပၚဘယ္လိုဆိုးက်ိဳးသက္ေရာက္မႈေတြရွိေနသလဲ

ဆူညံသံေတြက ကေလးသူငယ္ေတြေပၚဘယ္လိုဆိုးက်ိဳးသက္ေရာက္မႈေတြရွိေနသလဲ

Category
ကေလးမ်ားႏွင့္က်န္းမာေရး

ဆူညံသံဟာလူႀကီးလူငယ္အရြယ္မေရြးဒုကၡေပးႏိုင္ပါတယ္။ အရပ္ထဲကေလာ္စပီကာအသံခ်ဲ႕စက္ေတြ၊ အလွဴမဂၤလာေဆာင္စတာေတြကလာတဲ့အသံေတြဟာ ကေလးေတြကို ေနာက္ဆက္တြဲျပႆနာႀကီးႀကီးေပးႏိုင္ပါတယိ။

ေဘးအိမ္ရဲ႕ဆူညံသံေၾကာင့္ပဲျဖစ္ျဖစ္၊ ရပ္ကြက္ေၾကာင့္ပဲျဖစ္ျဖစ္၊ ကိုယ့္မိသားစုအတြင္းမွာပဲ အသံက်ယ္က်ယ္သီခ်င္းနားေထာင္တတ္သူေတြ႐ွိရင္ပဲျဖစ္ျဖစ္ ဒီအသံေတြဟာ ႏုနယ္တဲ့ကေလးေတြရဲ႕ နားနဲ႔ဦးေႏွာက္ကိုမေကာင္းတဲ့အက်ိဴးးရလဒ္ေတြ ျဖစ္လာေစပါတယ္။

ဆူညံသံနဲ႔မျပတ္ထိေတြ႔ႀကီးျပင္းလာရတဲ့ကေလးေတြဟာ စကားအေျပာအဆိုမတိုးတက္ေတာ့ဘူး။ ဘာသာစကားသင္ယူေလ့လာႏိုင္စြမ္းေတြ တစတစေႏွာင့္ေႏွးလာတယ္။ မွတ္သားေလ့လာမႈစြမ္းရည္ေတြက်ဆင္းလာတာေတြ ေတြ႔ရပါတယ္။

ဆူညံသံဟာ အၾကားအာရံုကိုထိေစတယ္ဆိုတာေတာ့ ေတာ္ေတာ္မ်ားမ်ားသတိထားမိၿပီးျဖစ္မွာပါ။ ေလာ္စပီကာသံစက္သံေတြနဲ႔မၾကာခဏထိေတြ႔ေနရတဲ့ကေလးေတြမွာ နားအူတာမ်ိဴး၊ နားထဲမွာျမည္သံလိုမ်ိဳးၾကားေနရတာေတြ ျဖစ္လာရင္သတိသာထားပါေတာ့။ နားအၾကားအာရံုစတင္ထိခိုက္ေနပါၿပီ။

႐ုတ္တရက္ဆိုသလိုအသံအက်ယ္ႀကီးၾကားလိုက္မိၿပီး နားေတြအူထြက္သြားတာမ်ိဳး ၾကံဳဖူးၾကမွာပါ၊ အဲဒါမ်ိဳးမၾကာခဏျဖစ္ရင္ နားၾကားစြမ္းရည္က်လာပါတယ္။

Ceelin 1

ေလာ္စပီကာရဲ႕ဒဏ္အၿမဲခံရတဲ့ကေလးေတြဆို ေသြးေပါင္ေဆာင့္တက္တာမ်ိဳး၊ ဦးေႏွာက္အျပင္ႏွလံုးနဲ႔ေသြးေၾကာေတြမွာပါ ဖိအားတက္လာတာေတြ ျဖစ္ႏိုင္ပါတယ္။ မိဘေတြသတိျပဳၾကဖို႔ပါ။

ဆူညံသံကိုကာကြယ္ဖို႔ဆိုတာ အရပ္ထဲေနသူအဖို႔ နည္းနည္းေတာ့ခက္ပါတယ္။ မေ႐ွာင္ႏိုင္ဘဲ နံေဘးအိမ္ရဲ႕အသံခ်ဲ႕စက္သီခ်င္းသံ၊ စက္သံ၊ မီးစက္သံစတာေတြကို ကာလ႐ွည္ၾကာခံလာရသူေတြအမ်ားႀကီးပါ။ ကေလးေတြဆို ႐ုတ္တရက္လံုးဝမၾကားရေတာ့တာမ်ိဳးကေန တသက္လံုးနားမၾကားရတာမ်ိဳးထိ ျဖစ္သြားႏိုင္ပါတယ္။

သိပ္ဆူတဲ့ေနရာေတြကိုသြားမယ္ဆို ျဖစ္ႏိုင္ရင္ ကေလးငယ္ေတြကိုေခၚမသြားပါနဲ႔။ ဥပမာ တီးဝိုင္းေဖ်ာ္ေျဖပြဲစသည္…ဘုရားပြဲေတြကလဲအသံခ်ဲ႕စက္ေတြ သိပ္ဖြင့္တတ္ပါတယ္။ အနီးတဝိုက္မွာေနတဲ့ ကေလးေတြအတြက္ နားက်န္းမာေရးအရမ္းထိခိုက္ပါတယ္။ နားအဆို႔ သို႔မဟုတ္ အပိတ္အအုပ္ေလးေတြ ေဆာင္သင့္ပါတယ္။

ျဖစိႏိုင္ရင္ကေလးေတြရဲ႕မူရင္းအၾကားအာရံုကို စစ္သင့္ပါတယ္။ ဒီအတြက္အထူးစီမံထားတဲ့ကိရိယာေတြ႐ွိပါတယ္။ အၾကားစြမ္းရည္ကို နားႏွာေခါင္းလည္ေခ်ာင္းအထူးကုဆရာဝန္နဲ႔ လိုအပ္သလိုျပသစစ္ေဆးႏိုင္ပါတယ္။

Ceelin 2

ကေလးေတြမွာဒီလကၡဏာေလးေတြေပၚလာရင္သတိထားပါ။

♦ ေဘးကအသံတိုးတိုးေျပာရင္ျပန္ေျပာခိုင္းတာမ်ိဳး

♦ အသံအက်ယ္ႀကီးနဲ႔ေျပာေနပါလ်က္သတိမမူမိသလိုမၾကားသလိုျဖစ္ေနတာမ်ိဳး

♦ နားထဲမွာဆူညံသံျမည္သံအလိုလိုၾကားေနတတ္ၿပီး ခဏခဏနားအူတယ္လို႔ေျပာလာတဲ့ကေလးေတြဆိုရင္ နားက်န္းမာေရးကိုခ်က္ခ်င္းျပသေဆြးေႏြးသင့္ပါၿပီ။

ဂ်ီပီငွက္ ( ေဆး/ မန္း ) (www.drmyanmar.com)

(Unicode)

ဆူညံသံဟာလူကြီးလူငယ်အရွယ်မရွေးဒုက္ခပေးနိုင်ပါတယ်။ အရပ်ထဲကလော်စပီကာအသံချဲ့စက်တွေ၊ အလှူမင်္ဂလာဆောင်စတာတွေကလာတဲ့အသံတွေဟာ ကလေးတွေကို နောက်ဆက်တွဲပြဿနာကြီးကြီးပေးနိုင်ပါတယိ။

ဘေးအိမ်ရဲ့ဆူညံသံကြောင့်ပဲဖြစ်ဖြစ်၊ ရပ်ကွက်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုအတွင်းမှာပဲ အသံကျယ်ကျယ်သီချင်းနားထောင်တတ်သူတွေရှိရင်ပဲဖြစ်ဖြစ် ဒီအသံတွေဟာ နုနယ်တဲ့ကလေးတွေရဲ့ နားနဲ့ဦးနှောက်ကိုမကောင်းတဲ့အကျိူးးရလဒ်တွေ ဖြစ်လာစေပါတယ်။

ဆူညံသံနဲ့မပြတ်ထိတွေ့ကြီးပြင်းလာရတဲ့ကလေးတွေဟာ စကားအပြောအဆိုမတိုးတက်တော့ဘူး။ ဘာသာစကားသင်ယူလေ့လာနိုင်စွမ်းတွေ တစတစနှောင့်နှေးလာတယ်။ မှတ်သားလေ့လာမှုစွမ်းရည်တွေကျဆင်းလာတာတွေ တွေ့ရပါတယ်။

ဆူညံသံဟာ အကြားအာရုံကိုထိစေတယ်ဆိုတာတော့ တော်တော်များများသတိထားမိပြီးဖြစ်မှာပါ။ လော်စပီကာသံစက်သံတွေနဲ့မကြာခဏထိတွေ့နေရတဲ့ကလေးတွေမှာ နားအူတာမျိူး၊ နားထဲမှာမြည်သံလိုမျိုးကြားနေရတာတွေ ဖြစ်လာရင်သတိသာထားပါတော့။ နားအကြားအာရုံစတင်ထိခိုက်နေပါပြီ။

ရုတ်တရက်ဆိုသလိုအသံအကျယ်ကြီးကြားလိုက်မိပြီး နားတွေအူထွက်သွားတာမျိုး ကြုံဖူးကြမှာပါ၊ အဲဒါမျိုးမကြာခဏဖြစ်ရင် နားကြားစွမ်းရည်ကျလာပါတယ်။

လော်စပီကာရဲ့ဒဏ်အမြဲခံရတဲ့ကလေးတွေဆို သွေးပေါင်ဆောင့်တက်တာမျိုး၊ ဦးနှောက်အပြင်နှလုံးနဲ့သွေးကြောတွေမှာပါ ဖိအားတက်လာတာတွေ ဖြစ်နိုင်ပါတယ်။ မိဘတွေသတိပြုကြဖို့ပါ။

ဆူညံသံကိုကာကွယ်ဖို့ဆိုတာ အရပ်ထဲနေသူအဖို့ နည်းနည်းတော့ခက်ပါတယ်။ မရှောင်နိုင်ဘဲ နံဘေးအိမ်ရဲ့အသံချဲ့စက်သီချင်းသံ၊ စက်သံ၊ မီးစက်သံစတာတွေကို ကာလရှည်ကြာခံလာရသူတွေအများကြီးပါ။ ကလေးတွေဆို ရုတ်တရက်လုံးဝမကြားရတော့တာမျိုးကနေ တသက်လုံးနားမကြားရတာမျိုးထိ ဖြစ်သွားနိုင်ပါတယ်။

သိပ်ဆူတဲ့နေရာတွေကိုသွားမယ်ဆို ဖြစ်နိုင်ရင် ကလေးငယ်တွေကိုခေါ်မသွားပါနဲ့။ ဥပမာ တီးဝိုင်းဖျော်ဖြေပွဲစသည်…ဘုရားပွဲတွေကလဲအသံချဲ့စက်တွေ သိပ်ဖွင့်တတ်ပါတယ်။ အနီးတဝိုက်မှာနေတဲ့ ကလေးတွေအတွက် နားကျန်းမာရေးအရမ်းထိခိုက်ပါတယ်။ နားအဆို့ သို့မဟုတ် အပိတ်အအုပ်လေးတွေ ဆောင်သင့်ပါတယ်။

ဖြစိနိုင်ရင်ကလေးတွေရဲ့မူရင်းအကြားအာရုံကို စစ်သင့်ပါတယ်။ ဒီအတွက်အထူးစီမံထားတဲ့ကိရိယာတွေရှိပါတယ်။ အကြားစွမ်းရည်ကို နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်နဲ့ လိုအပ်သလိုပြသစစ်ဆေးနိုင်ပါတယ်။

ကလေးတွေမှာဒီလက္ခဏာလေးတွေပေါ်လာရင်သတိထားပါ။

♦ ဘေးကအသံတိုးတိုးပြောရင်ပြန်ပြောခိုင်းတာမျိုး

♦ အသံအကျယ်ကြီးနဲ့ပြောနေပါလျက်သတိမမူမိသလိုမကြားသလိုဖြစ်နေတာမျိုး

♦ နားထဲမှာဆူညံသံမြည်သံအလိုလိုကြားနေတတ်ပြီး ခဏခဏနားအူတယ်လို့ပြောလာတဲ့ကလေးတွေဆိုရင် နားကျန်းမာရေးကိုချက်ချင်းပြသဆွေးနွေးသင့်ပါပြီ။

ဂျီပီငှက် ( ဆေး/ မန်း ) (www.drmyanmar.com)