/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ရက္သားအရြယ္ေလးေတြမွာ-ဦးေႏွာက္အေျမႇးေရာင္ျခင္း

ရက္သားအရြယ္ေလးေတြမွာ ဦးေႏွာက္အေျမႇးေရာင္ျခင္း

Category
ကေလးမ်ားႏွင့္က်န္းမာေရး

        ရက္သားအရြယ္သားငယ္ေလး ဦးေႏွာက္အေျမႇးေရာင္တာကို ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရတဲ့ မိခင္တေယာက္ရဲ႕ အေတြ႔အႀကံဳေလးကို ေဖာ္ျပေပးလုိက္ပါတယ္။

        ေမရီတေယာက္ ေမြးခါနီး ႏွစ္ပတ္အလိုမွာ ေကာက္ခါငင္ကာ ဖ်ားပါေတာ့တယ္။ ေသြးနည္းနည္းဆင္းလာၿပီး ခ်မ္းတုန္သလိုျဖစ္လာတဲ့အတြက္ ေဆးရံုတက္ေရာက္ကုသခဲ့ရပါတယ္။ ေသြးအေျဖအရ Group B strep လို႔ေခၚတဲ့ ဘက္တီးရီယားပိုးတမ်ိဳးကူးစက္ခံေနရတာကို သိခဲ့ရပါတယ္။

        သားေလး ဂ်က္ကိုေမြးေတာ့ ခြဲေမြးတာပါ။ ကေလးကလည္း က်န္းက်န္းမာမာထြားထြားေလးပါ။ ေမရီလည္း အေတာ္ေလး အေမာေတြေျပခဲ့ရပါေပါ့။ 

        သားေလးကို တစိမ့္စိမ္ၾကည့္ရင္း ေလာကက သိပ္သာယာပါလားလို႔ေတြးမိတယ္။ ေမြးခါနီးက်မွ သူမဖ်ားၿပီးေနမေကာင္းျဖစ္ခဲ့တာကို နည္းနည္းေတာ့ စိတ္ထင့္ေနမိတယ္။ တကယ္ေတာ့ သူမတေလ်ွာက္လံုးစိတ္ထဲမွာ ႀကိဳသိေနမိသလိုပဲ။ သားေလးကို ေရာဂါကူးမွာမ်ားလား။ သူမက အေတြးကို ေခါင္းထဲကထုတ္ပစ္ဖို႔ႀကိဳးစားေပမယ့္ ဘယ္လိုအျမစ္တြယ္ေနမွန္းမသိဘူး။ စိတ္ေတြေလးေနတယ္။

Biogesic for Kids 1

        ေမြးၿပီးႏွစ္ပတ္ေလာက္အၾကာ သားေလးက နည္းနည္းအခ်ိဳးေျပာင္းလာတယ္။ သူ႔ရဲ႕ငိုသံကမူမမွန္ဘူး။ ႏို႔ေကာင္းေကာင္းမစို႔ဘူး။ လံုးဝေပ်ာ့ဖတ္သြားသလိုပဲ။ တခုခုကိုနာက်င္လို႔ ငိုေနသလိုျဖစ္ေနတယ္။

        သူမဟာ သားကိုခ်က္ခ်င္းေဆးရံုျပခဲ့တယ္။ ခါး႐ိုးျခင္ဆီေဖာက္စစ္ရမယ္တဲ့။ သားမွာတကယ္ပဲ ဦးေႏွာက္အေျမႇးေရာင္ေရာဂါျဖစ္ေနပါၿပီ။ ႏွစ္ပတ္ခန္႔ေဆးရံုတက္ေရာက္ၿပီး ထိုးေဆးနဲ႔ ကုသမႈယူခဲ့ရပါတယ္။ သားေလးရဲ႕ ႏုနယ္တဲ့ကိုယ္မွာ အပ္ေပါက္ရာေတြ ညိဳမည္းစြဲလို႔။

        ေဆးရံုကဆင္းလာေတာ့ ရက္သားနဲ႔ ဦးေႏွာက္အေျမႇးေရာင္ပိုးဝင္တဲ့သားအတြက္ ေနာင္ပိုင္း စိတ္ပိုင္းခ်ိဳ႕တဲ့မွာ ညဏ္ရည္နည္းပါး ဆက္လက္မႀကီးထြားမွာေတြကို အလြန္စိတ္ပူခဲ့ၾကပါတယ္။  

        သားေလးဟာစကားေျပာေတာ့ နည္းနည္းေနာက္က်ပါတယ္။ ဒါေပမယ့္ အခုထိေတာ့ေကာင္းေကာင္းက်န္းမာၿပီး ခ်စ္စရာ သြက္လက္ေပ်ာ္ရႊင္ေနတဲ့ကေလးပါ။ ကေလးငိုသံေျပာင္းေနကတည္းက ခ်က္ခ်င္းေဆးရံုတင္ကုသမႈယူခဲ့တဲ့မိခင္ရဲ႕ လက္ဦးမႈေၾကာင့္ ဦးေႏွာက္အေျမႇးေရာင္ေပမယ့္ ျမန္ျမန္ေစာေစာကုသႏိုင္ခဲ့ၿပီး က်န္းမာလာတာျဖစ္ပါတယ္။

        ၃လ ေအာက္ကေလးေတြ အဖ်ား႐ွိတယ္ ကိုယ္သိပ္ပူေနရင္ ငိုုသံမူမမွန္ဘူးဆိုု၇င္ အိမ္မွာကိုယ့္ဘာသာ မျပဳစုပါနဲ႔။ ကေလးအထူးကုဆရာဝန္နဲ႔ ျပသၿပီး လိုအပ္သလို ကုသဖို႔လိုအပ္ပါတယ္။ သိပ္ငယ္ေလ စိုးရိမ္ရေလပါပဲ။

Biogesic for Kids 2

        ကိုယ္ပူလာတယ္ အဖ်ား႐ွိလာတယ္ဆိုတာ ခႏၶာကိုယ္ထဲကို ဘက္တီးရီးယား ဗိုင္းရပ္စ္ေတြဝင္ေရာက္လာတဲ့ အခါ ခႏၶာကိုယ္ရဲ႕သဘာဝကာကြယ္ေရး က စတင္တိုက္ထုတ္ေနရင္း အပူထြက္လာတာျဖစ္ပါတယ္။ ဖ်ားေနတယ္ဆိုရင္ ေသခ်ာတာကေတာ့ ကိုယ့္ကေလးရဲ႕ ခႏၶာကိုယ္ကိုယ္ခံအားစနစ္က ႀကိဳး ႀကိဳးစားစားအလုပ္လုပ္ေနၿပီေနာ္။

♦ အပူဆက္တိုက္ႀကီးရင္

♦ တက္ရင္

♦ ကေလးက ေပ်ာ့ေနရင္

♦ အစာမဝင္ရင္

♦ ဆက္တိုက္အန္ရင္

♦ ကိုယ္ေပၚမွာအစက္အေျပာက္ေတြ အကြက္ေတြထလာရင္

        ေဖာ္ျပပါ စိုးရိမ္လကၡဏာေတြကို သိ႐ွိထားမွ သားသားမီးမီး က်န္းမာေရးအတြက္ အေကာင္းဆံုးျပဳစုကုသမႈကိုေပးႏိုင္မွာျဖစ္ပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

(Unicode)

        ရက်သားအရွယ်သားငယ်လေး ဦးနှောက်အမြှေးရောင်တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိခင်တယောက်ရဲ့ အတွေ့အကြုံလေးကို ဖော်ပြပေးလိုက်ပါတယ်။

        မေရီတယောက် မွေးခါနီး နှစ်ပတ်အလိုမှာ ကောက်ခါငင်ကာ ဖျားပါတော့တယ်။ သွေးနည်းနည်းဆင်းလာပြီး ချမ်းတုန်သလိုဖြစ်လာတဲ့အတွက် ဆေးရုံတက်ရောက်ကုသခဲ့ရပါတယ်။ သွေးအဖြေအရ Group B strep လို့ခေါ်တဲ့ ဘက်တီးရီယားပိုးတမျိုးကူးစက်ခံနေရတာကို သိခဲ့ရပါတယ်။

        သားလေး ဂျက်ကိုမွေးတော့ ခွဲမွေးတာပါ။ ကလေးကလည်း ကျန်းကျန်းမာမာထွားထွားလေးပါ။ မေရီလည်း အတော်လေး အမောတွေပြေခဲ့ရပါပေါ့။

        သားလေးကို တစိမ့်စိမ်ကြည့်ရင်း လောကက သိပ်သာယာပါလားလို့တွေးမိတယ်။ မွေးခါနီးကျမှ သူမဖျားပြီးနေမကောင်းဖြစ်ခဲ့တာကို နည်းနည်းတော့ စိတ်ထင့်နေမိတယ်။ တကယ်တော့ သူမတလျှောက်လုံးစိတ်ထဲမှာ ကြိုသိနေမိသလိုပဲ။ သားလေးကို ရောဂါကူးမှာများလား။ သူမက အတွေးကို ခေါင်းထဲကထုတ်ပစ်ဖို့ကြိုးစားပေမယ့် ဘယ်လိုအမြစ်တွယ်နေမှန်းမသိဘူး။ စိတ်တွေလေးနေတယ်။

        မွေးပြီးနှစ်ပတ်လောက်အကြာ သားလေးက နည်းနည်းအချိုးပြောင်းလာတယ်။ သူ့ရဲ့ငိုသံကမူမမှန်ဘူး။ နို့ကောင်းကောင်းမစို့ဘူး။ လုံးဝပျော့ဖတ်သွားသလိုပဲ။ တခုခုကိုနာကျင်လို့ ငိုနေသလိုဖြစ်နေတယ်။

        သူမဟာ သားကိုချက်ချင်းဆေးရုံပြခဲ့တယ်။ ခါးရိုးခြင်ဆီဖောက်စစ်ရမယ်တဲ့။ သားမှာတကယ်ပဲ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နေပါပြီ။ နှစ်ပတ်ခန့်ဆေးရုံတက်ရောက်ပြီး ထိုးဆေးနဲ့ ကုသမှုယူခဲ့ရပါတယ်။ သားလေးရဲ့ နုနယ်တဲ့ကိုယ်မှာ အပ်ပေါက်ရာတွေ ညိုမည်းစွဲလို့။

        ဆေးရုံကဆင်းလာတော့ ရက်သားနဲ့ ဦးနှောက်အမြှေးရောင်ပိုးဝင်တဲ့သားအတွက် နောင်ပိုင်း စိတ်ပိုင်းချို့တဲ့မှာ ညဏ်ရည်နည်းပါး ဆက်လက်မကြီးထွားမှာတွေကို အလွန်စိတ်ပူခဲ့ကြပါတယ်။ 

        သားလေးဟာစကားပြောတော့ နည်းနည်းနောက်ကျပါတယ်။ ဒါပေမယ့် အခုထိတော့ကောင်းကောင်းကျန်းမာပြီး ချစ်စရာ သွက်လက်ပျော်ရွှင်နေတဲ့ကလေးပါ။ ကလေးငိုသံပြောင်းနေကတည်းက ချက်ချင်းဆေးရုံတင်ကုသမှုယူခဲ့တဲ့မိခင်ရဲ့ လက်ဦးမှုကြောင့် ဦးနှောက်အမြှေးရောင်ပေမယ့် မြန်မြန်စောစောကုသနိုင်ခဲ့ပြီး ကျန်းမာလာတာဖြစ်ပါတယ်။

        ၃လ အောက်ကလေးတွေ အဖျားရှိတယ် ကိုယ်သိပ်ပူနေရင် ငိုသံမူမမှန်ဘူးဆို၇င် အိမ်မှာကိုယ့်ဘာသာ မပြုစုပါနဲ့။ ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး လိုအပ်သလို ကုသဖို့လိုအပ်ပါတယ်။ သိပ်ငယ်လေ စိုးရိမ်ရလေပါပဲ။

        ကိုယ်ပူလာတယ် အဖျားရှိလာတယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယား ဗိုင်းရပ်စ်တွေဝင်ရောက်လာတဲ့ အခါ ခန္ဓာကိုယ်ရဲ့သဘာဝကာကွယ်ရေး က စတင်တိုက်ထုတ်နေရင်း အပူထွက်လာတာဖြစ်ပါတယ်။ ဖျားနေတယ်ဆိုရင် သေချာတာကတော့ ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်ကိုယ်ခံအားစနစ်က ကြိုး ကြိုးစားစားအလုပ်လုပ်နေပြီနော်။

♦ အပူဆက်တိုက်ကြီးရင်

♦ တက်ရင်

♦ ကလေးက ပျော့နေရင်

♦ အစာမဝင်ရင်

♦ ဆက်တိုက်အန်ရင်

♦ ကိုယ်ပေါ်မှာအစက်အပြောက်တွေ အကွက်တွေထလာရင်

ဖော်ပြပါ စိုးရိမ်လက္ခဏာတွေကို သိရှိထားမှ သားသားမီးမီး ကျန်းမာရေးအတွက် အကောင်းဆုံးပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။

 ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)