/
news/ကေလးမ်ားႏွင့္က်န္းမာေရး/သားသားမီးမီးေလးေတြကို-ဟင္းသီးဟင္းရြက္ေကၽြးရတာအရမ္းခက္ေနလား

သားသားမီးမီးေလးေတြကို ဟင္းသီးဟင္းရြက္ေကၽြးရတာအရမ္းခက္ေနလား

Category
ကေလးမ်ားႏွင့္က်န္းမာေရး

တစ္ခါတစ္ေလေတာ့လည္း ကေလးေတြကို ဟင္းသီးဟင္းရြက္စားဖုိ႔ေကၽြးရတာအရမ္းခက္ပါတယ္။ ဟင္းသီးဟင္းရြက္ေတြကလည္း ေရာဂါကိုကာကြယ္ေပးတဲ့အစာအုပ္စုထဲမွာပါျပီးေတာ့ က်န္းမာေရးအတြက္ အေရးၾကီးေတာ့မေကၽြးလို႔ကလည္းမရ ကေလးကိုေကၽြးဖို႔ကလည္းခက္နဲ႔ မိဘေတြ အတြက္ကေတာ့ တကယ္အခက္ၾကံဳရပါတယ္။

ၾသစေတ်းလ် အစားအစာဆိုင္ရာစည္းမ်ဥ္းအရ အသက္ ၈ ႏွစ္ေအာက္ကေလးတစ္ေယာက္ကတစ္ေန႔ကို ဟင္းသီးဟင္းရြက္ ၂ ခြက္ကေန ၄ခြက္ခြဲေလာက္စားသင့္တယ္လို႔ အၾကံျပဳထားပါတယ္။ ဟင္းသီးဟင္းရြက္ေကၽြးရခက္တဲ့ကေလးေတြကို ဘယ္လိုေကၽြးမလဲဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

ကေလးေတြဟင္းသီးဟင္းရြက္ၾကိဳက္ေစဖို႔အတြက္ နည္းလမ္းေကာင္းမ်ား

1.မိဘေတြကိုယ္တိုင္က စံနမူနာေကာင္းအေနနဲ႔ ဟင္းသီးဟင္းရြက္ကိုစားဖို႔လိုပါတယ္။

ကေလးေတြဆိုတာက မိဘေတြကိုအတုယူတတ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကိုဟင္းသီးဟင္းရြက္ႏွစ္သက္ေစဖို႔အေကာင္းဆံုးနည္းလမ္းတစ္ခုကေတာ့ မိဘေတြကိုယ္တိုင္ကစားျပတာပါ။ မိသားစုထမင္းဝိုင္းမွာ ဟင္းသီးဟင္းရြက္အနည္းဆံုး ၂ ခြက္ေလာက္အၿမဲပါသင့္ပါတယ္။ ဒါမွသာကေလးေတြအေနနဲ႔လည္း ဟင္းသီးဟင္းရြက္ကိုမစိမ္းဘဲနဲ႔ စားက်င့္ရျပီးၾကိဳက္သြားမွာပါ။

2.ကေလးကဟင္းသီးဟင္းရြက္မစားခ်င္လို႔ျငင္းေနရင္လည္း မိဘေတြကလက္မေလွ်ာ့လိုက္ပါနဲ႔။

ကေလးေတြကေတာ့ ဟင္းသီးဟင္းရြက္ကို စစားခ်င္းခ်င္းမွာ မၾကိဳက္ဘဲျငင္းၾကမွာပါပဲ။ ကေလးျငင္းလိုက္ရံုနဲ႔မိဘေတြက လက္မေလွ်ာ့သင့္ပါဘူး။ ထမင္းေကၽြးတဲ့အခါတိုင္းမွာ ဟင္းသီးဟင္းရြက္ကို အရသာရွိေအာင္ခ်က္ျပဳတ္ျပီးေကၽြးၾကည့္ေပးဖို႔လိုပါတယ္။ ကေလးအခ်ိဳ႕အတြက္ အစားအစာအသစ္တစ္မ်ိဳးကို လက္မခံခင္မွာ ၁၀ ၾကိမ္ေလာက္ေကၽြးၾကည့္ဖို႔လိုျပီးေတာ့ သူတို႔ၾကိဳက္သြားဖို႔အတြက္ဆိုရင္ ေနာက္ထပ္ ၁၀ ၾကိမ္ေလာက္ ထပ္ျပီးေကၽြးၾကည့္ဖို႔လိုပါသတဲ့။ ဒီေတာ့ ၾကိဳးစားျပီးေကၽြးၾကည့္မယ္ဆိုရင္ ေနာက္ဆံုးမွာ ကေလးက ဟင္းသီးဟင္းရြက္ၾကိဳက္သြားမွာပါ။

Enervon-C Kidz 1

3.ကေလးကဟင္းသီးဟင္းရြက္စားတဲ့အခါေတြမွာ ခ်ီးက်ဴးစကားဆိုေပးပါ။

ကေလးဟင္းသီးဟင္းရြက္စားတိုင္းမွာ ‘ေရႊဖရံုသီးေတြ၊ မုန္ညင္းေတြစားေနတယ္လိုက္တာ ေမ့ေမ့သမီးေလးကခ်စ္စရာေလး’ စတဲ့ခ်ီးက်ဴးစကားေလးေတြဆိုေပးမယ္ဆိုရင္ ကေလးေတြအေနနဲ႔ ေနာက္ထပ္စားခ်င္စိတ္ေပၚလာပါလိမ့္မယ္။

ဒီလိုခ်ီးက်ဴးေပးရမယ္ဆိုေပမယ့္လည္းပဲ ရည္ရြယ္ခ်က္က ကေလးကို ဟင္းသီးဟင္းရြက္ၾကိဳက္ေအာင္လုပ္ရမွာျဖစ္လို႔ ကေလးကၾကိဳက္လို႔စားတာျဖစ္ရပါမယ္။ ခ်ီးက်ဴးခံခ်င္လို႔စားတာမ်ိဳးမျဖစ္ေအာင္ သတိထားဖို႔လိုပါတယ္။ ဟင္းသီးဟင္းရြက္စားလို႔ ခ်ီးက်ဴးသလို မစားလို႔ဆိုျပီးေတာ့ အျပစ္ေပးတာမ်ိဳးေတာ့မလုပ္သင့္ပါဘူး။ ဒီလိုဒဏ္ေပးျခင္းအားျဖင့္ ကေလးက ဟင္းသီးဟင္းရြက္အေပၚမေကာင္းျမင္သြားပါလိမ့္မယ္။

ျပီးေတာ့ ဟင္းသီးဟင္းရြက္စားေအာင္ ဆုေပးဒဏ္ေပးစနစ္က်င့္သံုးလို႔မရပါဘူး။ ဥပမာ ဒီမုန္လာဥေလးစားရင္ ေရခဲမုန္႔ေကၽြးမယ္ လို႔ေျပာလိုက္ရင္ ကေလးက ဟင္းသီးဟင္းရြက္စားခ်င္တာထက္ ေရခဲမုန္႔စားခ်င္လို႔စားတာျဖစ္ျပီးေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာထက္ က်န္းမာေရးနဲ႔မညီတာေတြကိုပိုစားခ်င္စိတ္ျဖစ္ေစသလို အစားအလြန္အကၽြံလည္းစားမိေစပါတယ္။

4.ဟင္းသီးဟင္းရြက္ေတြခ်က္ျပဳတ္တဲ့ေနရာမွာ ကေလးကိုပါဝင္ေစပါ။

ကေလးအေနနဲ႔သူကိုယ္တိုင္ကိုယ္က်ပါဝင္ျပီးျပင္ဆင္ထားရတဲ့ ဟင္းသီးဟင္းရြက္ပါတဲ့အစားအစာေတြကိုပိုျပီး စားခ်င္စိတ္ရွိမွာပါ။ ဥပမာဆိုရင္ ကေလးကို ညစာအတြက္ဘာအရြက္ဝယ္မလဲကိုယ္တိုင္ေရြးဝယ္ခိုင္းတာမ်ိဳး၊ ခ်က္ျပဳတ္တဲ့အခါမွာ ဟင္းသီးဟင္းရြက္ေတြကိုေဆးခိုင္းတာ၊ လွီးျဖတ္ျပီးသားေလးေတြကိုအုိးထဲထည့္ခိုင္းတာမ်ိဳးေတြကို ပါဝင္ကူညီေစျခင္းအားျဖင့္ စားခ်င္စိတ္ကိုအေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

ကေလးက ဓားေတြလိုမ်ိဳးခၽြန္ထက္တဲ့အရာေတြကိုအႏၲကင္းကင္းကိုင္ႏိုင္တဲ့အရြယ္ေရာက္ရင္ ကူျပီးေတာ့ လွီးခိုင္းျဖတ္ခိုင္းလို႔ရပါတယ္။

5.သြားရည္စာအေနနဲ႔လည္း ဟင္းသီးဟင္းရြက္ေလးေတြကိုစားခ်င္စားဖြယ္လုပ္ေကၽြးပါ။

သြားရည္စာအေနနဲ႔ က်န္းမာေရးနဲ႔မညီတာေတြေကၽြးမယ့္အစား ဟင္းသီးဟင္းရြက္ေလးေတြကိုစားခ်င္စဖြယ္လုပ္ေကၽြးမယ္ဆိုရင္လည္း ကေလးေတြက ဗိုက္ဆာလာတဲ့အခါမွာ ဟင္းသီးဟင္းရြက္စားက်င့္ရသြားပါလိမ့္မယ္။

Enervon-C Kidz 2

6.အရသာမ်ိဳးစံု၊ အေရာင္စံုတဲ့ဟင္းသီးဟင္းရြက္ေတြကိုေကၽြးပါ။

အရသာ၊ ပံုစံ၊ အေရာင္မ်ိဳးစံုရွိတဲ့ဟင္းသီးဟင္းရြက္ေလးေတြကိုေရြးေကၽြးပါ။ ကေလးကဒီလိုဆိုရင္ပိုျပီးစိတ္ဝင္စားလာမွာပါ။ ဟင္းသီးဟင္းရြက္အသစ္တစ္ခုခုေကၽြးတဲ့အခါမွာ သူၾကိဳက္တဲ့အစားအစာနဲ႔အတူေကၽြးတဲ့အခါမွာလည္းကေလးအာရံုစိုက္မႈနည္းေစပါတယ္။ ျပီးေတာ့ အရသာရွိဖို႔လည္းလိုပါေသးတယ္။ အင္တာနက္ကေနၾကည့္ျပီးေတာ့ ဟင္းသီးဟင္းရြက္ေလးေတြကို မ်က္ႏွာပံုစံ၊ အရုပ္ပံုစံေလးေတြပံုေဖာ္ျပီးေကၽြးရင္လည္း ကေလးငယ္ေလးေတြရဲ႕ စိတ္ဝင္စားမႈကိုပိုရေစႏိုင္ပါတယ္။

7.ဟင္းသီးဟင္းရြက္ကို ကေလးၾကိဳက္တဲ့ဟင္းလ်ာထဲမွာေရာခ်က္ေကၽြးလို႔ရပါတယ္။

ဟင္းသီးဟင္းရြက္ခ်ည္းပဲေကၽြးတာမ်ိဳးမဟုတ္ဘဲနဲ႔ ဟင္းသီးဟင္းရြက္ကို ကေလးၾကိဳက္တတ္တဲ့ဟင္းထဲမွာေရာျပီးခ်က္ေကၽြးတာကလည္း နည္းတစ္မ်ိဳးပါပဲ။

ျဖစ္ႏိုင္ရင္ေတာ့လည္းကေလးက ဟင္းသီးဟင္းရြက္ကိုၾကိဳက္လာေအာင္ သူ႔ရဲ႕မူလပံုစံအတိုင္းေကၽြးတာကေတာ့အေကာင္းဆံုးပါ။

သားသားမီးမီးတို႔ ဟင္းသီးဟင္းရြက္မ်ိဳးစံုစားၿပီးေတာ့ ေရာဂါေတြကင္းစင္ၾကပါေစ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

တစ်ခါတစ်လေတော့လည်း ကလေးတွေကို ဟင်းသီးဟင်းရွက်စားဖို့ကျွေးရတာအရမ်းခက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ရောဂါကိုကာကွယ်ပေးတဲ့အစာအုပ်စုထဲမှာပါပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတော့မကျွေးလို့ကလည်းမရ ကလေးကိုကျွေးဖို့ကလည်းခက်နဲ့ မိဘတွေ အတွက်ကတော့ တကယ်အခက်ကြုံရပါတယ်။

သြစတျေးလျ အစားအစာဆိုင်ရာစည်းမျဉ်းအရ အသက် ၈ နှစ်အောက်ကလေးတစ်ယောက်ကတစ်နေ့ကို ဟင်းသီးဟင်းရွက် ၂ ခွက်ကနေ ၄ခွက်ခွဲလောက်စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ဟင်းသီးဟင်းရွက်ကျွေးရခက်တဲ့ကလေးတွေကို ဘယ်လိုကျွေးမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။

ကလေးတွေဟင်းသီးဟင်းရွက်ကြိုက်စေဖို့အတွက် နည်းလမ်းကောင်းများ

1.       မိဘတွေကိုယ်တိုင်က စံနမူနာကောင်းအနေနဲ့ ဟင်းသီးဟင်းရွက်ကိုစားဖို့လိုပါတယ်။

ကလေးတွေဆိုတာက မိဘတွေကိုအတုယူတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကိုဟင်းသီးဟင်းရွက်နှစ်သက်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မိဘတွေကိုယ်တိုင်ကစားပြတာပါ။ မိသားစုထမင်းဝိုင်းမှာ ဟင်းသီးဟင်းရွက်အနည်းဆုံး ၂ ခွက်လောက်အမြဲပါသင့်ပါတယ်။ ဒါမှသာကလေးတွေအနေနဲ့လည်း ဟင်းသီးဟင်းရွက်ကိုမစိမ်းဘဲနဲ့ စားကျင့်ရပြီးကြိုက်သွားမှာပါ။

2.       ကလေးကဟင်းသီးဟင်းရွက်မစားချင်လို့ငြင်းနေရင်လည်း မိဘတွေကလက်မလျှော့လိုက်ပါနဲ့။

ကလေးတွေကတော့ ဟင်းသီးဟင်းရွက်ကို စစားချင်းချင်းမှာ မကြိုက်ဘဲငြင်းကြမှာပါပဲ။ ကလေးငြင်းလိုက်ရုံနဲ့မိဘတွေက လက်မလျှော့သင့်ပါဘူး။ ထမင်းကျွေးတဲ့အခါတိုင်းမှာ ဟင်းသီးဟင်းရွက်ကို အရသာရှိအောင်ချက်ပြုတ်ပြီးကျွေးကြည့်ပေးဖို့လိုပါတယ်။ ကလေးအချို့အတွက် အစားအစာအသစ်တစ်မျိုးကို လက်မခံခင်မှာ ၁၀ ကြိမ်လောက်ကျွေးကြည့်ဖို့လိုပြီးတော့ သူတို့ကြိုက်သွားဖို့အတွက်ဆိုရင် နောက်ထပ် ၁၀ ကြိမ်လောက် ထပ်ပြီးကျွေးကြည့်ဖို့လိုပါသတဲ့။ ဒီတော့ ကြိုးစားပြီးကျွေးကြည့်မယ်ဆိုရင် နောက်ဆုံးမှာ ကလေးက ဟင်းသီးဟင်းရွက်ကြိုက်သွားမှာပါ။

3.       ကလေးကဟင်းသီးဟင်းရွက်စားတဲ့အခါတွေမှာ ချီးကျူးစကားဆိုပေးပါ။

ကလေးဟင်းသီးဟင်းရွက်စားတိုင်းမှာ ‘ရွှေဖရုံသီးတွေ၊ မုန်ညင်းတွေစားနေတယ်လိုက်တာ မေ့မေ့သမီးလေးကချစ်စရာလေး’ စတဲ့ချီးကျူးစကားလေးတွေဆိုပေးမယ်ဆိုရင် ကလေးတွေအနေနဲ့ နောက်ထပ်စားချင်စိတ်ပေါ်လာပါလိမ့်မယ်။

ဒီလိုချီးကျူးပေးရမယ်ဆိုပေမယ့်လည်းပဲ ရည်ရွယ်ချက်က ကလေးကို ဟင်းသီးဟင်းရွက်ကြိုက်အောင်လုပ်ရမှာဖြစ်လို့ ကလေးကကြိုက်လို့စားတာဖြစ်ရပါမယ်။ ချီးကျူးခံချင်လို့စားတာမျိုးမဖြစ်အောင် သတိထားဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်စားလို့ ချီးကျူးသလို မစားလို့ဆိုပြီးတော့ အပြစ်ပေးတာမျိုးတော့မလုပ်သင့်ပါဘူး။ ဒီလိုဒဏ်ပေးခြင်းအားဖြင့် ကလေးက ဟင်းသီးဟင်းရွက်အပေါ်မကောင်းမြင်သွားပါလိမ့်မယ်။

ပြီးတော့ ဟင်းသီးဟင်းရွက်စားအောင် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးလို့မရပါဘူး။ ဥပမာ ဒီမုန်လာဥလေးစားရင် ရေခဲမုန့်ကျွေးမယ် လို့ပြောလိုက်ရင် ကလေးက ဟင်းသီးဟင်းရွက်စားချင်တာထက် ရေခဲမုန့်စားချင်လို့စားတာဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာထက် ကျန်းမာရေးနဲ့မညီတာတွေကိုပိုစားချင်စိတ်ဖြစ်စေသလို အစားအလွန်အကျွံလည်းစားမိစေပါတယ်။

4.       ဟင်းသီးဟင်းရွက်တွေချက်ပြုတ်တဲ့နေရာမှာ ကလေးကိုပါဝင်စေပါ။

ကလေးအနေနဲ့သူကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးပြင်ဆင်ထားရတဲ့ ဟင်းသီးဟင်းရွက်ပါတဲ့အစားအစာတွေကိုပိုပြီး စားချင်စိတ်ရှိမှာပါ။ ဥပမာဆိုရင် ကလေးကို ညစာအတွက်ဘာအရွက်ဝယ်မလဲကိုယ်တိုင်ရွေးဝယ်ခိုင်းတာမျိုး၊ ချက်ပြုတ်တဲ့အခါမှာ ဟင်းသီးဟင်းရွက်တွေကိုဆေးခိုင်းတာ၊ လှီးဖြတ်ပြီးသားလေးတွေကိုအိုးထဲထည့်ခိုင်းတာမျိုးတွေကို ပါဝင်ကူညီစေခြင်းအားဖြင့် စားချင်စိတ်ကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။

ကလေးက ဓားတွေလိုမျိုးချွန်ထက်တဲ့အရာတွေကိုအန္တကင်းကင်းကိုင်နိုင်တဲ့အရွယ်ရောက်ရင် ကူပြီးတော့ လှီးခိုင်းဖြတ်ခိုင်းလို့ရပါတယ်။

5.       သွားရည်စာအနေနဲ့လည်း ဟင်းသီးဟင်းရွက်လေးတွေကိုစားချင်စားဖွယ်လုပ်ကျွေးပါ။

သွားရည်စာအနေနဲ့ ကျန်းမာရေးနဲ့မညီတာတွေကျွေးမယ့်အစား ဟင်းသီးဟင်းရွက်လေးတွေကိုစားချင်စဖွယ်လုပ်ကျွေးမယ်ဆိုရင်လည်း ကလေးတွေက ဗိုက်ဆာလာတဲ့အခါမှာ ဟင်းသီးဟင်းရွက်စားကျင့်ရသွားပါလိမ့်မယ်။

6.       အရသာမျိုးစုံ၊ အရောင်စုံတဲ့ဟင်းသီးဟင်းရွက်တွေကိုကျွေးပါ။

အရသာ၊ ပုံစံ၊ အရောင်မျိုးစုံရှိတဲ့ဟင်းသီးဟင်းရွက်လေးတွေကိုရွေးကျွေးပါ။ ကလေးကဒီလိုဆိုရင်ပိုပြီးစိတ်ဝင်စားလာမှာပါ။ ဟင်းသီးဟင်းရွက်အသစ်တစ်ခုခုကျွေးတဲ့အခါမှာ သူကြိုက်တဲ့အစားအစာနဲ့အတူကျွေးတဲ့အခါမှာလည်းကလေးအာရုံစိုက်မှုနည်းစေပါတယ်။ ပြီးတော့ အရသာရှိဖို့လည်းလိုပါသေးတယ်။ အင်တာနက်ကနေကြည့်ပြီးတော့ ဟင်းသီးဟင်းရွက်လေးတွေကို မျက်နှာပုံစံ၊ အရုပ်ပုံစံလေးတွေပုံဖော်ပြီးကျွေးရင်လည်း ကလေးငယ်လေးတွေရဲ့ စိတ်ဝင်စားမှုကိုပိုရစေနိုင်ပါတယ်။

7.       ဟင်းသီးဟင်းရွက်ကို ကလေးကြိုက်တဲ့ဟင်းလျာထဲမှာရောချက်ကျွေးလို့ရပါတယ်။

ဟင်းသီးဟင်းရွက်ချည်းပဲကျွေးတာမျိုးမဟုတ်ဘဲနဲ့ ဟင်းသီးဟင်းရွက်ကို ကလေးကြိုက်တတ်တဲ့ဟင်းထဲမှာရောပြီးချက်ကျွေးတာကလည်း နည်းတစ်မျိုးပါပဲ။

ဖြစ်နိုင်ရင်တော့လည်းကလေးက ဟင်းသီးဟင်းရွက်ကိုကြိုက်လာအောင် သူ့ရဲ့မူလပုံစံအတိုင်းကျွေးတာကတော့အကောင်းဆုံးပါ။

သားသားမီးမီးတို့ ဟင်းသီးဟင်းရွက်မျိုးစုံစားပြီးတော့ ရောဂါတွေကင်းစင်ကြပါစေ။

Dr. Mya Myo Myo Swe (www.drmyanmar.com)