/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ဟယ္-ကေလးလွ်ာမွာ-အကြက္ႀကီး

" ဟယ္ ... ကေလးလွ်ာမွာ အကြက္ႀကီး "

Category
ကေလးမ်ားႏွင့္က်န္းမာေရး

          တစ္ရက္ ကေလးေလးတစ္ေယာက္ အေမကို သူ သြားတိုက္ထားတာ ေျပာင္ေၾကာင္း၊ ေတာ္ေၾကာင္း ႂကြားခ်င္လြန္းလို႔ လွ်ာေလးထုတ္ၿပီး အေျပးေလးလာျပတယ္။ ႐ုတ္တရက္ႀကီး အေမ လန္႔သြားတယ္။ " ဟယ္ ... ကေလးလွ်ာမွာ အကြက္ႀကီး "

          ဒီလို ကေလးေတြမွာ လွ်ာအကြက္ေတြ ျဖစ္တတ္တာကို geographic tongue လွ်ာေျမပံုကြက္လို႔ ေခၚတယ္။ နီနီရဲၿပီး ေရာင္ေနသလို ျဖစ္ေနေပမယ့္ တကယ္တမ္းေတာ့ ေမေမတို႔ စိုးရိမ္စရာမလိုဘူးေနာ္။

          ကေလးေတြမွာ ျဖစ္တတ္တဲ့ လွ်ာေျမပံုကြက္ ဘာေၾကာင့္ျဖစ္လဲ သိခ်င္ေနၾကမွာေပါ့။ အခုပဲ ေျပာျပလိုက္မယ္ေနာ္။

          ပထမဆံုး ေျပာခ်င္တာက မလန္႔သြားၾကပါနဲ႔လို႔။ လွ်ာေရာင္ေနေပမယ့္ ကေလးကို မထိခိုက္တတ္ပါဘူး။

          ကေလးေတြရဲ႕လွ်ာေပၚမွာ ဆံပင္ေမြး ႏုႏုမွ်င္မွ်င္ေလးေတြလိုမ်ိဳး ျဖစ္ေနတဲ့ ပန္းႏုေရာင္အဖတ္ကေလးေတြ ရွိတယ္ေလ။ လွ်ာေျမပံုကြက္ျဖစ္တဲ့အခါ ဒီအဖတ္ကေလးေတြ ေပ်ာက္သြားၿပီး လွ်ာေပၚမွာ နီနီရဲရဲအကြက္ ျပင္လိုက္ႀကီးေတြ ျဖစ္လာတယ္။

          ဒီအနာေတြဟာ တစ္ေနရာမွာ ေပ်ာက္သြားလိုက္၊ ေနာက္တစ္ေနရာမွာ ျပန္ေပၚလာလိုက္ ျဖစ္တတ္လို႔ လွ်ာေျမပံုကြက္ဆိုတဲ့ နာမည္ရလာတာေပါ့။

          ႐ုတ္တရက္ ျမင္လိုက္ရရင္ေတာ့ ေဖေဖေမေမတို႔ လန္႔သြားၾကမွာ အမွန္ပဲ။ ဒါေပမဲ့ ကေလးအတြက္ ေဘးမျဖစ္ေစႏိုင္တဲ့အတြက္ မစိုးရိမ္နဲ႔ေနာ္။

          ေရာဂါပိုးမႊားဝင္တာ၊ ကင္ဆာ ေျပာင္းႏိုင္တာလည္း မရွိဘူး။ နည္းနည္း ကသိကေအာင့္ျဖစ္တာေလးနဲ႔ ခ်ဥ္ခ်ဥ္၊ ငန္ငန္၊ စပ္စပ္ေတြစားရင္ အရသာ ပိုျပင္းလာတာေလးေလာက္ပါပဲ။

          ခုေလာက္ဆို ဒီလွ်ာေျမပံုကြက္ေတြ ဘာေၾကာင့္ျဖစ္တာလဲဆိုတာ ေမးခ်င္ေနၾကၿပီမလား။ စိတ္မေကာင္းစရာ တစ္ခုကေတာ့ ဘာေၾကာင့္ျဖစ္မွန္း ခုထိ ေသခ်ာမသိၾကေသးတာပါပဲ။ မိသားစုမ်ိဳး႐ိုးစဥ္ဆက္ ျဖစ္တတ္တယ္ဆိုတာေလာက္သာ သိပါေသးတယ္။ Healthline ဂ်ာနယ္မွာေတာ့ ဗီတာမင္ဘီ ခ်ိဳ႕တဲ့တာေၾကာင့္လုိ႔ ေျပာေပမယ့္ ေသခ်ာတိက်တဲ့ သက္ေသသကာယေတာ့ မေတြ႕ရဘူး။

Biogesic for Kids 1

>>    ကေလးေတြမွာ ဘယ္လိုခံစားၾကရလဲဆိုတာ ေျပာျပပါဦးမယ္။

●        လွ်ာေပၚမွာ ေျမပံုလိုအကြက္ေတြ ေပၚလာမယ္။

●        ဒီအကြက္ေတြဟာ ေန႔တိုင္း ေ႐ြ႕ေနမယ္။

●        အေရာင္ အ႐ြယ္အစားမတူတဲ့ နီနီေခ်ာေခ်ာအကြက္ေလးေတြ ေတြ႕ရမယ္။

●        တခ်ဳိ႕ကေလးေတြမွာ စူးခနဲ စူးခနဲ နာတတ္မယ္။

          ဆရာဝန္ေတြအဖို႔ေတာ့ ၾကည့္လိုက္တာနဲ႔ တန္းသိတာေပါ့။ ဘာစစ္ေဆးမႈမွေတာင္ မလိုတတ္ဘူး။

          ဘာေဆးမွလည္း ေသာက္စရာမလိုဘူး။ ကေလးရဲ႕ အရသာခံႏုိင္စြမ္းကိုလည္း မထိခိုက္ႏိုင္ဘူးဆိုေတာ့ ေမေမ၊ ေဖေဖတို႔ စိတ္ေအးေလာက္ၿပီေပါ့။ တခ်ိဳ႕ကေလးေတြက ပူခနဲ ခံစားခ်က္ရတတ္တယ္လို႔ သိရေပမယ့္ ေတာ္ေတာ္ရွားရွားပါးပါးပါ။

          ကေလး ေတာ္ေတာ္ ေနမထိ၊ ထိုင္မသာျဖစ္ေနရင္ နည္းနည္းသက္သာေအာင္ Antihistamine ဂ်ယ္လ္နဲ႔ စတီး႐ြိဳက္ ပါးစပ္ေဆးရည္ေလးေတြ သံုးေပးႏိုင္တယ္။

 

>>    ဘယ္ေတာ့ ဆရာဝန္ျပရမလဲ ဆိုတာလည္း သိထားသင့္တာေပါ့။

          ၁၀ ရက္ထက္ ပိုၾကာေနၿပီဆိုရင္ ေမေမ၊ ေဖေဖတို႔ မေပါ့ပါန႔ဲေတာ့။ ဒါတင္မကဘူး။ ကေလးမွာ -

●        အသက္ရွဴရခက္လာတာ

●        လွ်ာႀကီး ေရာင္လာတာ

●        စကားေျပာရ၊ အစာ ဝါးရ၊ မ်ိဳရ ခက္လာတာ

          ေတြ ရွိရင္ေတာ့ ဆရာဝန္ကိုသာ ေျပးၿပီးျပၾကပါေတာ့။

          မျဖစ္ခင္ ကာကြယ္ေပးတာက သားသားမီးမီးေတြအတြက္ေရာ ေဖေဖေမေမတို႔အတြက္ပါ အေကာင္းဆံုးနည္းလမ္းပါပဲ။

          ကေလး ဒီလိုခဏခဏျဖစ္တတ္ရင္ ပူပူစပ္စပ္၊ ခ်ဥ္ခ်ဥ္ငံငံေတြ ေရွာင္ေပးေနာ္။ ၿပီးရင္ ကေလးကို ဘယ္လို ဗီတာမင္ေတြ၊ အားေဆးေတြ တိုက္ရမလဲဆုိတာပါ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္ပါ။    ကေလးရဲ႕သြားတိုက္ေဆးကို သဘာဝပစၥည္းေတြနဲ လုပ္ထားတဲ့အမ်ိဳးအစားေတြ ေျပာင္းသံုးၾကည့္တာလည္း မမွားဘူး။

          ကေလးေတြမွာ ဘာကုသမႈမွေတာင္ မလိုဘဲ သူ႔အလိုလိုပဲ ေပ်ာက္သြားတတ္ၾကတယ္။ စိုးရိမ္စရာလည္း မရွိဘူး။ ဒါေပမဲ့ လနဲ႔ခ်ီ ၾကာတတ္သလို ျပန္ျပန္လည္းျဖစ္တတ္တယ္။ ဒါေၾကာင့္ လွ်ာထိခိုက္ေစႏိုင္တာ မွန္သမွ် ေရွာင္ေပး႐ံုနဲ႔တင္ လံုေလာက္တယ္ဆိုတာ သတင္းေကာင္းေလး ေပးလိုက္ပါတယ္ေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for Kids 2

(Unicode)

    တစ်ရက် ကလေးလေးတစ်ယောက် အမေကို သူ သွားတိုက်ထားတာ ပြောင်ကြောင်း၊ တော်ကြောင်း ကြွားချင်လွန်းလို့ လျှာလေးထုတ်ပြီး အပြေးလေးလာပြတယ်။ ရုတ်တရက်ကြီး အမေ လန့်သွားတယ်။ " ဟယ် ... ကလေးလျှာမှာ အကွက်ကြီး "
    ဒီလို ကလေးတွေမှာ လျှာအကွက်တွေ ဖြစ်တတ်တာကို geographic tongue လျှာမြေပုံကွက်လို့ ခေါ်တယ်။ နီနီရဲပြီး ရောင်နေသလို ဖြစ်နေပေမယ့် တကယ်တမ်းတော့ မေမေတို့ စိုးရိမ်စရာမလိုဘူးနော်။
    ကလေးတွေမှာ ဖြစ်တတ်တဲ့ လျှာမြေပုံကွက် ဘာကြောင့်ဖြစ်လဲ သိချင်နေကြမှာပေါ့။ အခုပဲ ပြောပြလိုက်မယ်နော်။
    ပထမဆုံး ပြောချင်တာက မလန့်သွားကြပါနဲ့လို့။ လျှာရောင်နေပေမယ့် ကလေးကို မထိခိုက်တတ်ပါဘူး။
    ကလေးတွေရဲ့လျှာပေါ်မှာ ဆံပင်မွေး နုနုမျှင်မျှင်လေးတွေလိုမျိုး ဖြစ်နေတဲ့ ပန်းနုရောင်အဖတ်ကလေးတွေ ရှိတယ်လေ။ လျှာမြေပုံကွက်ဖြစ်တဲ့အခါ ဒီအဖတ်ကလေးတွေ ပျောက်သွားပြီး လျှာပေါ်မှာ နီနီရဲရဲအကွက် ပြင်လိုက်ကြီးတွေ ဖြစ်လာတယ်။
    ဒီအနာတွေဟာ တစ်နေရာမှာ ပျောက်သွားလိုက်၊ နောက်တစ်နေရာမှာ ပြန်ပေါ်လာလိုက် ဖြစ်တတ်လို့ လျှာမြေပုံကွက်ဆိုတဲ့ နာမည်ရလာတာပေါ့။
    ရုတ်တရက် မြင်လိုက်ရရင်တော့ ဖေဖေမေမေတို့ လန့်သွားကြမှာ အမှန်ပဲ။ ဒါပေမဲ့ ကလေးအတွက် ဘေးမဖြစ်စေနိုင်တဲ့အတွက် မစိုးရိမ်နဲ့နော်။
    ရောဂါပိုးမွှားဝင်တာ၊ ကင်ဆာ ပြောင်းနိုင်တာလည်း မရှိဘူး။ နည်းနည်း ကသိကအောင့်ဖြစ်တာလေးနဲ့ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်တွေစားရင် အရသာ ပိုပြင်းလာတာလေးလောက်ပါပဲ။
    ခုလောက်ဆို ဒီလျှာမြေပုံကွက်တွေ ဘာကြောင့်ဖြစ်တာလဲဆိုတာ မေးချင်နေကြပြီမလား။ စိတ်မကောင်းစရာ တစ်ခုကတော့ ဘာကြောင့်ဖြစ်မှန်း ခုထိ သေချာမသိကြသေးတာပါပဲ။ မိသားစုမျိုးရိုးစဉ်ဆက် ဖြစ်တတ်တယ်ဆိုတာလောက်သာ သိပါသေးတယ်။ Healthline ဂျာနယ်မှာတော့ ဗီတာမင်ဘီ ချို့တဲ့တာကြောင့်လို့ ပြောပေမယ့် သေချာတိကျတဲ့ သက်သေသကာယတော့ မတွေ့ရဘူး။

>>    ကလေးတွေမှာ ဘယ်လိုခံစားကြရလဲဆိုတာ ပြောပြပါဦးမယ်။
●    လျှာပေါ်မှာ မြေပုံလိုအကွက်တွေ ပေါ်လာမယ်။
●    ဒီအကွက်တွေဟာ နေ့တိုင်း ရွေ့နေမယ်။
●    အရောင် အရွယ်အစားမတူတဲ့ နီနီချောချောအကွက်လေးတွေ တွေ့ရမယ်။
●    တချို့ကလေးတွေမှာ စူးခနဲ စူးခနဲ နာတတ်မယ်။
    ဆရာဝန်တွေအဖို့တော့ ကြည့်လိုက်တာနဲ့ တန်းသိတာပေါ့။ ဘာစစ်ဆေးမှုမှတောင် မလိုတတ်ဘူး။
    ဘာဆေးမှလည်း သောက်စရာမလိုဘူး။ ကလေးရဲ့ အရသာခံနိုင်စွမ်းကိုလည်း မထိခိုက်နိုင်ဘူးဆိုတော့ မေမေ၊ ဖေဖေတို့ စိတ်အေးလောက်ပြီပေါ့။ တချို့ကလေးတွေက ပူခနဲ ခံစားချက်ရတတ်တယ်လို့ သိရပေမယ့် တော်တော်ရှားရှားပါးပါးပါ။
    ကလေး တော်တော် နေမထိ၊ ထိုင်မသာဖြစ်နေရင် နည်းနည်းသက်သာအောင် Antihistamine ဂျယ်လ်နဲ့ စတီးရွိုက် ပါးစပ်ဆေးရည်လေးတွေ သုံးပေးနိုင်တယ်။

>>    ဘယ်တော့ ဆရာဝန်ပြရမလဲ ဆိုတာလည်း သိထားသင့်တာပေါ့။
    ၁၀ ရက်ထက် ပိုကြာနေပြီဆိုရင် မေမေ၊ ဖေဖေတို့ မပေါ့ပါနဲ့တော့။ ဒါတင်မကဘူး။ ကလေးမှာ -
●    အသက်ရှူရခက်လာတာ
●    လျှာကြီး ရောင်လာတာ
●    စကားပြောရ၊ အစာ ဝါးရ၊ မျိုရ ခက်လာတာ
    တွေ ရှိရင်တော့ ဆရာဝန်ကိုသာ ပြေးပြီးပြကြပါတော့။
    မဖြစ်ခင် ကာကွယ်ပေးတာက သားသားမီးမီးတွေအတွက်ရော ဖေဖေမေမေတို့အတွက်ပါ အကောင်းဆုံးနည်းလမ်းပါပဲ။
    ကလေး ဒီလိုခဏခဏဖြစ်တတ်ရင် ပူပူစပ်စပ်၊ ချဉ်ချဉ်ငံငံတွေ ရှောင်ပေးနော်။ ပြီးရင် ကလေးကို ဘယ်လို ဗီတာမင်တွေ၊ အားဆေးတွေ တိုက်ရမလဲဆိုတာပါ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။     ကလေးရဲ့သွားတိုက်ဆေးကို သဘာဝပစ္စည်းတွေနဲ လုပ်ထားတဲ့အမျိုးအစားတွေ ပြောင်းသုံးကြည့်တာလည်း မမှားဘူး။
    ကလေးတွေမှာ ဘာကုသမှုမှတောင် မလိုဘဲ သူ့အလိုလိုပဲ ပျောက်သွားတတ်ကြတယ်။ စိုးရိမ်စရာလည်း မရှိဘူး။ ဒါပေမဲ့ လနဲ့ချီ ကြာတတ်သလို ပြန်ပြန်လည်းဖြစ်တတ်တယ်။ ဒါကြောင့် လျှာထိခိုက်စေနိုင်တာ မှန်သမျှ ရှောင်ပေးရုံနဲ့တင် လုံလောက်တယ်ဆိုတာ သတင်းကောင်းလေး ပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)