/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ေမေမတို႔သိသင့္သမွ်-ေမြးကင္းစကေလးေလးတိုု႔အေၾကာင္း

ေမေမတို႔သိသင့္သမွ် ေမြးကင္းစကေလးေလးတိုု႔အေၾကာင္း

Category
ကေလးမ်ားႏွင့္က်န္းမာေရး

♦ ဗိုက္ဆာေနတဲ့ ေဘဘီေဘးက လက္ကေလးေတြ ဆုပ္ေနတတ္ၿပီး ဗိုက္ဝတဲ့ကေလးကေတာ့ လက္ကေလးေတြျဖန္႔ခ်ည္ဆုပ္ခ်ည္ လုပ္ေနတတ္ပါတယ္။ ေျခေထာက္ေလးေတြနဲ႔ ကန္ေနတတ္တာက ကေလးက စိတ္လက္ၾကည္သာၿပီး ေဆာ့ကစားေနတတ္တာကိုျပသပါတယ္။

 

♦ ေမြးကင္းစေလးေတြကို တစ္ရက္ကို ၈ ႀကိမ္ကေန ၁၂ ႀကိမ္အထိ ႏို႔တိုက္ပါ။ ၂ နာရီ ၾကားတခါတိုက္ပါ။ 

 

♦ သူေလးကို ႏႈိးတိုက္ရမယ္ဆိုရင္ ေမးေစ့ေလးကိုပြတ္ေပးပါ။ လႈပ္မႏႈိးပါနဲ႔၊ အသာေလးတင္ပါးေလးကို ပုတ္ႏႈိးလို႔ရပါတယ္။

 

♦ ေဘဘီေလးေတြကို ခ်ိဳလိမ္မေပးပါနဲ႔။ ဗိုက္ထဲကို ေလေတြဝင္သြားၿပီး ႏို႔ေတာ္ရံုမစို႔ႏိုင္ေတာ့ပါဘူး။

Ceelin Plus 1

♦ ေမြးကင္းစေလးကိုေရခ်ိဴးေပးတဲ့အခါ ႏူးညံ့တဲ့ တဘက္ေလးနဲ႔ေရဆြတ္သုတ္ေပးပါ။

 

♦ ႏို္႔မတိုက္ခင္ေရေႏြးအိတ္ကပ္တာ ရင္ဘတ္နားမွာ ေရေႏြးဝတ္ေလးအုပ္ေပးတာေတြက ႏို႔ေခ်ာင္းပြင့္ေစၿပီး ႏို႔ပိုထြက္ေစပါတယ္။

 

♦  သီခ်င္းေအးေအးေလးေတြ ဖြင့္ၿပီးေခ်ာ့သိပ္ပါ။

 

♦ ကေလးရဲ႕ေစာင္ေမြ႔ရာေတြကို ေသခ်ာခါခက္သန္႔႐ွင္းပါ။ ကေလးလိုး႐ွင္းေတြ ဆီေတြကေတာင္ ကေလးေလးရဲ႕ႏုနယ္တဲ့အသားအေရကို ထိခိုက္ပြန္းပဲ့ေစပါတယ္။ အနီဖတ္လန္တာ ေရာင္တာအကြက္ထတာေတြ ႐ွိ၊ မ႐ွိစစ္ေဆးပါ။

 

♦ မိခင္လက္ညႇိဳးေလးကို အဝတ္ႏုႏုေလးပတ္ၿပီး သူေလးရဲ႕ သြားဖံုးေတြကိုပြတ္တိုက္ သန္႔႐ွင္းေပးပါ။

 

♦ သူတို႔မအိပ္ခ်င္ေသးရင္ေတာင္ အိပ္ရာထဲမွာထားပါ။ သူ႔ဘာသာအိပ္ေပ်ာ္ဖို႔ အေလ့အက်င့္လုပ္ေပးရေအာင္။

 

♦ ကေလးေအာက္ကို ေသးခံသားေရျပားေလးေတြ ခံခင္းၿပီးမွ အေပၚက ေမြ႔ရာခင္း ထပ္ခင္းပါ။ ေမြ႔ရာ ခဏခဏမလဲရေတာ့ဘူးေပါ့။

 

♦ တခ်ိဳ႕ကေလးေလးေတြက မ်က္ေတာင္မပါမ်က္ခံုးမ႐ွိနဲ႔ ေမြးလာၾကပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ထင္းလာတတ္ပါတယ္။

 

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Ceelin Plus 2

(Unicode)

♦ ဗိုက်ဆာနေတဲ့ ဘေဘီဘေးက လက်ကလေးတွေ ဆုပ်နေတတ်ပြီး ဗိုက်ဝတဲ့ကလေးကတော့ လက်ကလေးတွေဖြန့်ချည်ဆုပ်ချည် လုပ်နေတတ်ပါတယ်။ ခြေထောက်လေးတွေနဲ့ ကန်နေတတ်တာက ကလေးက စိတ်လက်ကြည်သာပြီး ဆော့ကစားနေတတ်တာကိုပြသပါတယ်။

 

♦ မွေးကင်းစလေးတွေကို တစ်ရက်ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိ နို့တိုက်ပါ။ ၂ နာရီ ကြားတခါတိုက်ပါ။

 

♦ သူလေးကို နှိုးတိုက်ရမယ်ဆိုရင် မေးစေ့လေးကိုပွတ်ပေးပါ။ လှုပ်မနှိုးပါနဲ့၊ အသာလေးတင်ပါးလေးကို ပုတ်နှိုးလို့ရပါတယ်။

 

♦ ဘေဘီလေးတွေကို ချိုလိမ်မပေးပါနဲ့။ ဗိုက်ထဲကို လေတွေဝင်သွားပြီး နို့တော်ရုံမစို့နိုင်တော့ပါဘူး။

 

♦ မွေးကင်းစလေးကိုရေချိူးပေးတဲ့အခါ နူးညံ့တဲ့ တဘက်လေးနဲ့ရေဆွတ်သုတ်ပေးပါ။

 

♦ နို့်မတိုက်ခင်ရေနွေးအိတ်ကပ်တာ ရင်ဘတ်နားမှာ ရေနွေးဝတ်လေးအုပ်ပေးတာတွေက နို့ချောင်းပွင့်စေပြီး နို့ပိုထွက်စေပါတယ်။

 

♦  သီချင်းအေးအေးလေးတွေ ဖွင့်ပြီးချော့သိပ်ပါ။

 

♦ ကလေးရဲ့စောင်မွေ့ရာတွေကို သေချာခါခက်သန့်ရှင်းပါ။ ကလေးလိုးရှင်းတွေ ဆီတွေကတောင် ကလေးလေးရဲ့နုနယ်တဲ့အသားအရေကို ထိခိုက်ပွန်းပဲ့စေပါတယ်။ အနီဖတ်လန်တာ ရောင်တာအကွက်ထတာတွေ ရှိ၊ မရှိစစ်ဆေးပါ။

 

♦ မိခင်လက်ညှိုးလေးကို အဝတ်နုနုလေးပတ်ပြီး သူလေးရဲ့ သွားဖုံးတွေကိုပွတ်တိုက် သန့်ရှင်းပေးပါ။

 

♦ သူတို့မအိပ်ချင်သေးရင်တောင် အိပ်ရာထဲမှာထားပါ။ သူ့ဘာသာအိပ်ပျော်ဖို့ အလေ့အကျင့်လုပ်ပေးရအောင်။

 

♦ ကလေးအောက်ကို သေးခံသားရေပြားလေးတွေ ခံခင်းပြီးမှ အပေါ်က မွေ့ရာခင်း ထပ်ခင်းပါ။ မွေ့ရာ ခဏခဏမလဲရတော့ဘူးပေါ့။

 

♦ တချို့ကလေးလေးတွေက မျက်တောင်မပါမျက်ခုံးမရှိနဲ့ မွေးလာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ထင်းလာတတ်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)