/
news/ကေလးမ်ားႏွင့္က်န္းမာေရး/ေမြးကင္းစေလးရဲ႕တအင့္အင့္ျမည္သံ

ေမြးကင္းစေလးရဲ႕တအင့္အင့္ျမည္သံ

Category
ကေလးမ်ားႏွင့္က်န္းမာေရး

ဒါပံုမွန္​​ေရာဟုတ္​ရဲ႕လား?

 

​ေမ​ေမအသစ္​က်ပ္​ခြၽတ္​​ေလး​ေတြအတြက္​​ေတာ့ ထူးဆန္​း​ေနႏုိင္​​ေပမယ္​့ ​ေမြးကင္​းစ​ေလး​ေတြဟာ ရံဖန္​ရံခါဒီလိုတအင္​့အင္​့အသံ​ေလး​ေတြ ထြက္​တတ္​တယ္​။

က​ေလး​ေတြရဲ႕လႈပ္​ရွားမႈ​ေတြ၊ အသံ​ေလး​ေတြတိုင္​းဟာ ​ေမ​ေမ​ေဖ​ေဖ​ေတြအတြက္​ ခ်စ္​စရာျဖစ္​​ေနတတ္​​ေပမယ္​့ တစ္​အင္​့အင္​့တစ္​ဟင္​းဟင္​းအသံ​ေတြထြက္​လာရင္​​ေတ့ာ တစ္​ခုခုမ်ားျဖစ္​​ေနလားစိုးရိမ္​တတ္​ၾကတယ္​။

ဒီအသံဟာတကယ္​​ေတာ့ အစာ​ေျခရာက​ေန ထြက္​လာတာပါ။ မိခင္​နို႔ကိုက်င္​့သားရ​ေအာင္​လုပ္​​ေနခ်ိန္​မွာ ဗိ​ုက္​ထဲ​ေလ​ေတြဖိအား​ေတြျဖစ္​လာၿပီး ဒီ​ေလ​ေတြကို သက္​သာဖို႔ဘာလုပ္​ရမွနး္​မသိ​ေသးလို႔ က​ေလးမွာ ဒီလိုအသံမ်ိဳးထြက္​​ေနတာပါ။

ဒါ​ေပမယ္​့ က​ေလးအသက္​ရွဴ တိုင္​း တစ္​အင္​့အင္​့ျမည္​​ေနတယ္​ဆိုရင္​​၊ ဖ်ား​ေနတယ္​၊ မသက္​မသာျဖစ္​​ေနတယ္​ဆိုရင္​​ေတာ့ ဆရာဝန္​နဲ႔ ျပသင္​့ၿပီ​ေနာ္​။

 

ဘာ​ေၾကာင္​့တအင္​့အင္​့ျမည္​ရတာလဲ?

 

က​ေလး​ေတြရဲ႕ခႏၶာကိုယ္​ဟာ အစာ​ေတြဝမ္​း​ေတြ ​ေအာက္​ကိုိုဆင္​းသြားတဲ့အခါ တင္​ပါးဆံုကြင္​းႂကြက္​သား​ေတြ မ​ေလ်ာ့​ခ်​ေပးတတ္​​​ေသးဘူး။့ ဒီ​ေတာ့ အစာ​ေတြဝမ္​း​ေတြ ​ေအာက္​ကိ​ု​ေကာင္း​ေကာင္​းမဆင္​းနိုင္​ဘဲ ရင္​ဝမ္​းျခားႂကြက္​သားကို ျပန္​ဆန္​တက္​သြား​ေဆာင္​့ၿပီး အသံအိုးထိမိတာ​ေၾကာင္​့ တစ္​အင္​့အင္​့ျမည္​လာတာပါပဲ။

ဒါကို​ေသခ်ာလုပ္​တတ္​ဖို႔ လအနည္​းငယ္​ၾကာတတ္​တယ္​။ ဒီလိုမိ်ဳးျဖစ္​​ေလ့ရွိတာကို သိထားရင္​ အရမ္​း ႀကီးစိတ္​ပူစရာ မလိုပါဘူး။

ၿပီး​ေတာ့ က​ေလး​ေတြဟာ ဝမ္​းညႇစ္​​ေနရသလို ျဖစ္​​ေနၿပီး မ​်က္​ႏွာ​ေလး​ေတြ နီလာတတ္​ၾက​ေသးတယ္​။ မိနစ္​အ​ေတာ္​ၾကာၾကာ ဒီလိုျဖစ္​တတ္​တယ္​။

ဝမ္​းခ်ဳပ္​တာနဲ႔လည္​း မမွား​ေစခ်င္​ဘူး​ေနာ္​။ အူ​ေတြက ​ေသခ်ာအလုပ္​လုပ္​​ေန​ေပမယ္​့ ​ေအာက္​ကိုဘယ္​လိုဆင္​းရမယ္​ဆိုတာကို မသိ​ေသးတာပါ။ ​ေနာက္​ပိုင္​းတစ္​ျဖည္​းျဖည္​း အဆင္​​ေျပသြားပါလ္​မ္​့မယ္​။

Biogesic for Kids 1

ဘာ​ေဆး​ေတြကုသနည္​း​ေတြလိုမလဲ?

 

ဆရာဝန္​နဲ႔ျပၾကည့္​ၿပီး တကယ္​ပံုမွန္​ဟုတ္​မဟုတ္​ကို စစ္​​ေဆးၾကည့္​ပါ။ က​ေလးရဲ႕ဝမ္​းလႈပ္​ရွားမႈ​ေၾကာင္​့ျဖစ္​တယ္​ဆိုရင္​​ေတာ့ ဘာမွလုပ္​စရာမလိုပါဘူး။ က​ေလးဟာ သူ႔အလိုလို လုပ္​တတ္​သြားပါလိမ္​့မယ္​။

 

တစ္​ခ်ိဳ႕ဆရာဝန္​​ေတြက​ေတာ့ က​ေလးစအို​ေလး​ကို စအိုတိုင္​းသာမိုမီတာ ဒါမွမဟုတ္​ ဂြမ္​းစ​ေလးနဲ႔ ဆြ​ေပးခိုင္​း တတ္​တယ္​။ ဒီနည္​းဟာ က​ေလးဝမ္းသြားတာကို အ​ေထာက္​အကူျပဳ​ေပမယ္​့ ​ၾကာလာရင္​​ေတာ့ ​ေဘးထြက္​ဆိုးက်ိဳး​ေတြ ျဖစ္​လာတတ္​တယ္​။ ဒီနည္​းနဲ႔မလုပ္​​ေပးရင္​ ဝမ္​းမသြား​ေတာ့တာမ်ိဳး ျဖစ္​တတ္​တယ္​။

 

ဘယ္​အခ်ိန္​မွာ စိုးရိမ္​သင့္သလဲ?

 

ပံုမွန္​က​ေလးနဲ႔ ဖ်ား​ေနတဲ့က​ေလးရဲ႕ တအင္​့အင္​့သံဟာ မတူဘူး။ အသက္​ရွဴတိုင္​း တ​အင္​့အင္​့ျဖစ​္​​ေနတာ ပံုမွန္မဟုတ္​ဘူး။ အသက္​ရွဴ တစ္​ခါၿပီးတိုင္​းတစ္​အင္​့အင္​့ျဖစ္​​ေနတယ္​ဆိုရင္​ အသက္​ရွဴ ရခက္​​ေနတာပဲ ျဖစ္​ရမယ္​။

တစ္​အင္​့အင္​့ျဖစ္​​ေနၿပီး အဖ်ားရွိ​ေနတယ္​၊ ​ေနထိုင္​မ​ေကာင္​းျဖစ္​​ေနတယ္​ဆိုရင္​ ဆရာဝန္​နဲ႔ ျပၾကည့္​ပါ။ အ​ေရး​ေပၚအ​ေျခအ​ေန​ေတာင္​ ​ျဖစ္​​ေနနိုင္​တယ္​။

အသက္​ရွဴ တိုင္​းတ​အင္​့အင္​့ျဖစ္​​ေနတယ္​ဆိုတာ

• ပန္​းနာရင္​ၾကပ္​

• အဆုတ​္​​ေရာင္​

• ​ေသြးအဆိပ္​တက္​

• ဦး​ေႏွာက္​အ​ေျမႇး​ေရာင္​

• ႏွလံုးအညႇစ္​အားနည္​း​ေရာဂါ​ေတြ​​ေၾကာင္​့ ျဖစ္​နိုင္​တယ္​။

တစ္​ျခားအသက္​ရွဴ လမ္​း​ေၾကာင္​း​လကၡဏာ​ေတြ ရွိမရွိကို ၾကည့္​ဖို႔လိုတယ္​။

♦ လ်ာ​ေတြအသား​ေတြျပာ​ေနတာ

♦ ကိုယ္​အ​ေလးခ်ိန္​က်သြားတာ

♦ ဖ်ားနာတာ

♦ နံုး​ေနတာ

♦ ႏွာရွံုခ်ည္​ပြခ်ည္​ျဖစ္​​ေနတာ

♦ အသက္​ရွဴရပ္​ရပ္​သြားတာမ်ိဳးရွိရင္​ေတာ့ ေဆး႐ံု၊ ေဆးခန္း ခ်က္ခ်င္းသြားဖို႔လိုပါတယ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for Kids 2

(Unicode)

ဒါပုံမှန်ရောဟုတ်ရဲ့လား?

 

မေမေအသစ်ကျပ်ချွတ်လေးတွေအတွက်တော့ ထူးဆန်းနေနိုင်ပေမယ့် မွေးကင်းစလေးတွေဟာ ရံဖန်ရံခါဒီလိုတအင့်အင့်အသံလေးတွေ ထွက်တတ်တယ်။

ကလေးတွေရဲ့လှုပ်ရှားမှုတွေ၊ အသံလေးတွေတိုင်းဟာ မေမေဖေဖေတွေအတွက် ချစ်စရာဖြစ်နေတတ်ပေမယ့် တစ်အင့်အင့်တစ်ဟင်းဟင်းအသံတွေထွက်လာရင်တေ့ာ တစ်ခုခုများဖြစ်နေလားစိုးရိမ်တတ်ကြတယ်။

ဒီအသံဟာတကယ်တော့ အစာခြေရာကနေ ထွက်လာတာပါ။ မိခင်နို့ကိုကျင့်သားရအောင်လုပ်နေချိန်မှာ ဗိုက်ထဲလေတွေဖိအားတွေဖြစ်လာပြီး ဒီလေတွေကို သက်သာဖို့ဘာလုပ်ရမှန်းမသိသေးလို့ ကလေးမှာ ဒီလိုအသံမျိုးထွက်နေတာပါ။

ဒါပေမယ့် ကလေးအသက်ရှူ တိုင်း တစ်အင့်အင့်မြည်နေတယ်ဆိုရင်၊ ဖျားနေတယ်၊ မသက်မသာဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပြီနော်။

 

ဘာကြောင့်တအင့်အင့်မြည်ရတာလဲ?

 

ကလေးတွေရဲ့ခန္ဓာကိုယ်ဟာ အစာတွေဝမ်းတွေ အောက်ကိုဆင်းသွားတဲ့အခါ တင်ပါးဆုံကွင်းကြွက်သားတွေ မလျော့ချပေးတတ်သေးဘူး။့ ဒီတော့ အစာတွေဝမ်းတွေ အောက်ကိုကောင်းကောင်းမဆင်းနိုင်ဘဲ ရင်ဝမ်းခြားကြွက်သားကို ပြန်ဆန်တက်သွားဆောင့်ပြီး အသံအိုးထိမိတာကြောင့် တစ်အင့်အင့်မြည်လာတာပါပဲ။

ဒါကိုသေချာလုပ်တတ်ဖို့ လအနည်းငယ်ကြာတတ်တယ်။ ဒီလိုမျိုးဖြစ်လေ့ရှိတာကို သိထားရင် အရမ်း ကြီးစိတ်ပူစရာ မလိုပါဘူး။

ပြီးတော့ ကလေးတွေဟာ ဝမ်းညှစ်နေရသလို ဖြစ်နေပြီး မျက်နှာလေးတွေ နီလာတတ်ကြသေးတယ်။ မိနစ်အတော်ကြာကြာ ဒီလိုဖြစ်တတ်တယ်။

ဝမ်းချုပ်တာနဲ့လည်း မမှားစေချင်ဘူးနော်။ အူတွေက သေချာအလုပ်လုပ်နေပေမယ့် အောက်ကိုဘယ်လိုဆင်းရမယ်ဆိုတာကို မသိသေးတာပါ။ နောက်ပိုင်းတစ်ဖြည်းဖြည်း အဆင်ပြေသွားပါလ်မ့်မယ်။

 

ဘာဆေးတွေကုသနည်းတွေလိုမလဲ?

 

ဆရာဝန်နဲ့ပြကြည့်ပြီး တကယ်ပုံမှန်ဟုတ်မဟုတ်ကို စစ်ဆေးကြည့်ပါ။ ကလေးရဲ့ဝမ်းလှုပ်ရှားမှုကြောင့်ဖြစ်တယ်ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ကလေးဟာ သူ့အလိုလို လုပ်တတ်သွားပါလိမ့်မယ်။

 

တစ်ချို့ဆရာဝန်တွေကတော့ ကလေးစအိုလေးကို စအိုတိုင်းသာမိုမီတာ ဒါမှမဟုတ် ဂွမ်းစလေးနဲ့ ဆွပေးခိုင်း တတ်တယ်။ ဒီနည်းဟာ ကလေးဝမ်းသွားတာကို အထောက်အကူပြုပေမယ့် ကြာလာရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတတ်တယ်။ ဒီနည်းနဲ့မလုပ်ပေးရင် ဝမ်းမသွားတော့တာမျိုး ဖြစ်တတ်တယ်။

 

ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ?

 

ပုံမှန်ကလေးနဲ့ ဖျားနေတဲ့ကလေးရဲ့ တအင့်အင့်သံဟာ မတူဘူး။ အသက်ရှူတိုင်း တအင့်အင့်ဖြစ်နေတာ ပုံမှန်မဟုတ်ဘူး။ အသက်ရှူ တစ်ခါပြီးတိုင်းတစ်အင့်အင့်ဖြစ်နေတယ်ဆိုရင် အသက်ရှူ ရခက်နေတာပဲ ဖြစ်ရမယ်။

တစ်အင့်အင့်ဖြစ်နေပြီး အဖျားရှိနေတယ်၊ နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ အရေးပေါ်အခြေအနေတောင် ဖြစ်နေနိုင်တယ်။

အသက်ရှူ တိုင်းတအင့်အင့်ဖြစ်နေတယ်ဆိုတာ

• ပန်းနာရင်ကြပ်

• အဆုတ်ရောင်

• သွေးအဆိပ်တက်

• ဦးနှောက်အမြှေးရောင်

• နှလုံးအညှစ်အားနည်းရောဂါတွေကြောင့် ဖြစ်နိုင်တယ်။

တစ်ခြားအသက်ရှူ လမ်းကြောင်းလက္ခဏာတွေ ရှိမရှိကို ကြည့်ဖို့လိုတယ်။

♦ လျာတွေအသားတွေပြာနေတာ

♦ ကိုယ်အလေးချိန်ကျသွားတာ

♦ ဖျားနာတာ

♦ နုံးနေတာ

♦ နှာရှုံချည်ပွချည်ဖြစ်နေတာ

♦ အသက်ရှူရပ်ရပ်သွားတာမျိုးရှိရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားဖို့လိုပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)