/
news/က်န္းမာေရး-ဆိုင္ရာဗဟုသုတမ်ား/က်န္းမာလွပေစဖို႔အတြက္-ဗီတာမင္-c-ရဲ႕အက်ိဳးေက်းဇူး-၅-ခ်က္

က်န္းမာလွပေစဖို႔အတြက္ ဗီတာမင္ C ရဲ႕အက်ိဳးေက်းဇူး ၅ ခ်က္

Category
က်န္းမာေရး ဆိုင္ရာဗဟုသုတမ်ား

ဗီတာမင္ C က ကိုယ္ခံစြမ္းအားကိုေကာင္းေစၿပီးအေရျပားလွပတင္းရင္းေစဖို႔အတြက္ လိုအပ္တဲ့အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳးပါ။ သူက ေရမွာေပ်ာ္ဝင္တဲ့ဗီတာမင္ျဖစ္တဲ့အတြက္ ခႏၶာကိုယ္မွာသိုေလွာင္သိမ္းဆည္းထားလို႔မရပါဘူး။

ဒါေၾကာင့္ေန႔တိုင္းစားေပးဖို႔လိုပါတယ္။ ဗီတာမင္ C ကိုေန႔တိုင္းလံုေလာက္စြာစားေပးမယ္ဆိုရင္ ဆံပင္၊လက္သည္းေျခသည္းေတြနဲ႔ အသားအေရအတြက္ ေအာက္ပါအက်ိဳးေက်းဇူးေတြကိုေပးစြမ္းႏိုင္ပါတယ္။

1.ကိုယ္ခံစြမ္းအားတက္ကာ အားအင္ျပည့္ဝေနေစပါတယ္။

ဗီတာမင္ C က ကိုယ္ခံစြမ္းအားကို ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ထဲေရာဂါပိုးမႊားေတြ အလြယ္တကူ၀င္ေရာက္ႏိုင္တာကို ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ သံဓာတ္စုပ္ယူမႈကို အားေကာင္းေစပါတယ္။ သံဓာတ္ကေတာ့ တစ္ကိုယ္လံုးလွပေစဖို႔အတြက္ အားေပးပါတယ္။ ခႏၶာကိုယ္ထဲမွာ သိုေလွာင္ထားတဲ့ သံဓာတ္ေတြကုန္ဆံုးသြားပါက ေသြးအားနည္းၿပီးေတာ့ ပင္ပန္းႏြမ္းနယ္၊ အားနည္းျခင္းေတြကို ျဖစ္ေစပါတယ္။

2.ဆံသားေတြကိုက်န္းမာေစတယ္။

ဆံသားေတြက်န္းမာသန္စြမ္းေစဖို႔အတြက္ ဗီတာမင္ C က ထိေရာက္မႈအရွိဆံုးေသာ အာဟာရဓာတ္ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဆံသားအတြက္ ကန္စြန္းဥ မက်က္တက်က္ျပဳတ္ထားတာတစ္လံုး၊ gooseberries ခြက္တစ္ဝက္၊ စေတာ္ဘယ္ရီ ၃ လံုး၊ ပန္းငရုတ္ပြအနီတစ္ဝက္၊ ကို ေၾကတဲ့အထိေရာေမႊပါ။ ၿပီးေတာ့ ဦးေရျပားနဲ႔ဆံပင္ေတြေပၚမွာလိမ္းေပးၿပီး ၁၅-၂၅ မိနစ္ေလာက္ထားေပးပါ။ ၿပီးရင္ ေရေႏြးေႏြးနဲ႕ေဆးခ်ပါ။

Vicee 1

3.လက္သည္းေျခသည္းေတြ ႀကီးထြားမႈကိုအားေပးတယ္။

ဗီတာမင္ C က အေရျပားေတြ၊ connective tissue ေတြ၊ အရိုးေတြနဲ႕ ေသြးေၾကာနံရံေတြကို သန္မာေစျခင္းအားျဖင့္ လက္သည္းေတြရဲ႕သန္မာမႈကိုအားေကာင္းေစပါတယ္။

4.လက္သည္းပန္းကံုးမလန္ေအာင္ကာကြယ္ေပးတယ္။

ဗီတာမင္ C က လက္သည္းေတြကို သန္မာေစၿပီးေတာ့ ရွည္ဖို႔အားေပးတဲ့အတြက္ လက္သည္းပန္းကံုးမလန္ေအာင္လည္းကာကြယ္ေပးပါေသးတယ္။ ဗီတာမင္ C က လက္သည္းေတြ က်န္းမာသန္စြမ္းဖို႔အေကာင္းဆံုးေသာ နည္းျဖစ္လို႔ အခ်ဥ္ဓာတ္ရွိတဲ့အသီးေတြကို မၾကာခဏစားေပးပါ။

5.အိုမင္းရင့္ေရာ္တဲ့လကၡဏာေတြကိုေလ်ာ့နည္းေစတယ္။

ေလ့လာမႈအရ ဗီတာမင္ C ပါတဲ့အစားအစာေတြကိုစားတဲ့သက္လတ္ပိုင္းအရြယ္အမ်ိဳးသမီးေတြမွာ အေရးအေၾကာင္းေတြေလ်ာ့နည္းၿပီးေတာ့ အသားအရည္ေျခာက္ေသြ႕မႈကိုလည္း နည္းေစပါတယ္။ ဗီတာမင္ C က ဓာတ္တိုးပစၥည္း (free radical) ေတြေၾကာင့္ပ်က္စီးၿပီးေတာ့ျဖစ္ေပၚလာတဲ့ အိုမင္းရင့္ေရာ္တဲ့လကၡဏာေတြကိုေႏွးေကြးေစတယ္လို႔ ကၽြမ္းက်င္သူေတြကဆိုပါတယ္။

ဗီတာမင္ C ၾကြယ္ဝတဲ့ မ်က္ႏွာေပါင္းတင္ mask ေလးရဖို႔ဆိုရင္ ကီဝီသီးတစ္လံုး၊ သေဘၤာသီး ခြက္တစ္ဝက္ကိုေရာေမႊၿပီးေတာ့ မ်က္ႏွာမွာလိမ္းေပးပါ။ ၁၅-၂၀ မိနစ္ေလာက္ၾကာရင္ ေရေအးနဲ႕ေဆးခ်ေပးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Vicee 2

(Unicode)

ဗီတာမင် C က ကိုယ်ခံစွမ်းအားကိုကောင်းစေပြီးအရေပြားလှပတင်းရင်းစေဖို့အတွက် လိုအပ်တဲ့အင်တီအောက်ဆီးဒင့် တစ်မျိုးပါ။ သူက ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာသိုလှောင်သိမ်းဆည်းထားလို့မရပါဘူး။

ဒါကြောင့်နေ့တိုင်းစားပေးဖို့လိုပါတယ်။ ဗီတာမင် C ကိုနေ့တိုင်းလုံလောက်စွာစားပေးမယ်ဆိုရင် ဆံပင်၊လက်သည်းခြေသည်းတွေနဲ့ အသားအရေအတွက် အောက်ပါအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်ပါတယ်။

1.ကိုယ်ခံစွမ်းအားတက်ကာ အားအင်ပြည့်ဝနေစေပါတယ်...ဗီတာမင် C က ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲရောဂါပိုးမွှားတွေအလွယ်တကူဝင်ရောက်နိုင်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံဓာတ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။ သံဓာတ်ကတော့ တစ်ကိုယ်လုံးလှပစေဖို့အတွက် အားပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာသိုလှောင်ထားတဲ့ သံဓာတ်တွေကုန်ဆုံးသွားပါက သွေးအားနည်းပြီးတော့ ပင်ပန်းနွမ်းနယ်၊ အားနည်းခြင်းတွေကိုဖြစ်စေပါတယ်။

2.ဆံသားတွေကိုကျန်းမာစေတယ်...ဆံသားတွေကျန်းမာသန်စွမ်းစေဖို့အတွက် ဗီတာမင် C က ထိရောက်မှုအရှိဆုံးသော အာဟာရဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆံသားအတွက် ကန်စွန်းဥ မကျက်တကျက်ပြုတ်ထားတာတစ်လုံး၊ gooseberries ခွက်တစ်ဝက်၊ စတော်ဘယ်ရီ ၃ လုံး၊ ပန်းငရုတ်ပွအနီတစ်ဝက်၊ ကို ကြေတဲ့အထိရောမွှေပါ။ ပြီးတော့ ဦးရေပြားနဲ့ဆံပင်တွေပေါ်မှာလိမ်းပေးပြီး ၁၅-၂၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ဆေးချပါ။

3.လက်သည်းခြေသည်းတွေ ကြီးထွားမှုကိုအားပေးတယ်...ဗီတာမင် C က အရေပြားတွေ၊ connective tissue တွေ၊ အရိုးတွေနဲ့ သွေးကြောနံရံတွေကို သန်မာစေခြင်းအားဖြင့် လက်သည်းတွေရဲ့သန်မာမှုကိုအားကောင်းစေပါတယ်။

4.လက်သည်းပန်းကုံးမလန်အောင်ကာကွယ်ပေးတယ်...ဗီတာမင် C က လက်သည်းတွေကို သန်မာစေပြီးတော့ ရှည်ဖို့အားပေးတဲ့အတွက် လက်သည်းပန်းကုံးမလန်အောင်လည်းကာကွယ်ပေးပါသေးတယ်။ ဗီတာမင် C က လက်သည်းတွေကျန်းမာသန်စွမ်းဖို့အကောင်းဆုံးသော နည်းဖြစ်လို့ အချဉ်ဓာတ်ရှိတဲ့အသီးတွေကိုမကြာခဏစားပေးပါ။

5.အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကိုလျော့နည်းစေတယ်...လေ့လာမှုအရ ဗီတာမင် C ပါတဲ့အစားအစာတွေကိုစားတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေမှာ အရေးအကြောင်းတွေလျော့နည်းပြီးတော့ အသားအရည်ခြောက်သွေ့မှုကိုလည်း နည်းစေပါတယ်။ ဗီတာမင် C က ဓာတ်တိုးပစ္စည်း (free radical) တွေကြောင့်ပျက်စီးပြီးတော့ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်တဲ့လက္ခဏာတွေကိုနှေးကွေးစေတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

ဗီတာမင် C ကြွယ်ဝတဲ့ မျက်နှာပေါင်းတင် mask လေးရဖို့ဆိုရင် ကီဝီသီးတစ်လုံး၊ သင်္ဘောသီး ခွက်တစ်ဝက်ကိုရောမွှေပြီးတော့ မျက်နှာမှာလိမ်းပေးပါ။ ၁၅-၂၀ မိနစ်လောက်ကြာရင် ရေအေးနဲ့ဆေးချပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)